မောင်တော
၃၀ ဇန်နဝါရီ၂၀၂၀
ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံ ခြုံ ရေး ဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။ ထို့နောက် လူဝင်မှုကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ် မှတ် တမ်း တင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ်ထောင်စုကိုးစုရှိ အသက် ၁၀ နှစ်အထက် အမျိုးသား ၁၀ ဦး၊ အမျိုး သမီး ငါးဦး ပေါင်း ၁၅ ဦးတို့အား NVCard ထုတ်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက် ပံ့ပစ္စည်းများပေးအပ်ကာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့သည်။
ထောက်ပံ့ပေးအပ်ခဲ့ ဆက်လက်၍ ငါးခူရပြန်လည်လက်ခံရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်သာမြ က လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင်စခန်း တာဝန် ခံ ညွှန်ကြား ရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း/လက်ခံ ဆောင်ရွက်ကြ ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု ကိုးစု၊ လူဦးရေ ၂၆ ဦးတို့သည် ယခင်နေရပ်မောင်တောမြို့နယ် ဒါးကြီးစား၊ ပဒင်း၊ ဒုညောင်ပင်ကြီး၊ ပေါင်းဇား၊ သရက်အုပ်၊ ရွက်ညိုတောင်၊ မြို့ဦး၊ ရေခပ်ချောင်းခွ ဆုံ ရွာ တို့မှဖြစ်ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် စခန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ဦးဇော်ဇော်ဆန်း( ခရိုင်ပြန်/ဆက်)
Link : Here
No comments:
Post a Comment