Wednesday, September 15, 2021

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ရွေးချယ်မယ့် Credentials Committee သစ် ဖွဲ့စည်း

VOA
ဗွီအိုအေမြန်မာပိုင်း
သိင်္ဂီထိုက်
15 စက်တင်ဘာ၊ 2021 

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို စစ်ကောင်စီဘက်က အစားထိုးခန့်အပ်လို တဲ့ ကိစ္စ အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို အင်္ဂါနေ့မှာ စတင်ပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်နေရာ တွေကို အဆုံးအဖြတ်ပေးမယ့် Credentials ကော်မတီ အဖွဲ့ဝင်တွေကိုလည်း အင်္ဂါနေ့မှာဘဲ ခန့်အပ်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။ 
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှု အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ် လက်ခံရေး အဆုံးအဖြတ်ပေးရမယ့် ကုလသမဂ္ဂရဲ့ Credentialsကော် မတီသစ်ကို အင်္ဂါနေ့မှာ ကြေညာပါတယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌ Abdulla Shahid က အခုလို ကြေညာသွားပါတယ်။

" ၇၆ ကြိမ်မြောက် အထွေထွေ ညီလာခံ အတွက် Credentials ကော်မတီမှာ ဘဟားမား၊ ဘူတန်၊ ချီလီ၊ တရုတ်၊ နမ်မီးဘီးယား၊ ရုရှား၊ ဆီရီယာလီယွန်း၊ ဆွီဒင်နဲ့ အမေရိကန် နိုင်ငံတွေ ပါဝင်ပါမယ်။ "

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာလ ၂၇ ရက်နေ့ မိန့်ခွန်းပြောမယ့်စာရင်းမှာ တော့ မြန်မာ၊ ဂီနီနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ သံအမတ်ကြီးအဖြစ် လက်ရှိ တာဝန်ယူနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်း ပြောဖို့ ရှိမရှိ ဆိုတာကတော့ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။ မြန်မာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂမှာ အတိအလင်း မိန့်ခွန်း ပြောခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို အာဏာသိမ်း စစ်ကောင်စီဘက်က စစ်သံမှူးနဲ့အစားထိုး ဖို့ ကုလသမဂ္ဂမှာ တင်ပြထားတာပါ။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အခု ရွေးချယ်လိုက်တဲ့ Credential ကော် မ တီ အနေနဲ့ ဒီသီတင်းပတ် အတွင်းမှာတော့ ဆွေးနွေးနိုင်ဖွယ် မရှိဘူးလို့လည်း သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံ နည်းတူ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ခန့်ထားရေး ဆုံးဖြတ်ရမယ့် တ ခြား နိုင်ငံတွေလည်း ရှိနေပါတယ်။ အာဖဂန်နဲ့ ဂီနီတို့ ဖြစ်ပါတယ်။ အာဖဂန်ရဲ့ တာလီဘန် အုပ်ချုပ်ရေး အဖွဲ့သစ်ဘက်ကလည်း အရင် အစိုးရရဲ့ သံအမတ်ကြီးရဲ့ နေရာ အစားထိုးဖို့ တင်သွင်းတာ မရှိသေးသလို လတ်တလော စစ်အာဏာသိမ်းထားတဲ့ ဂီနီ နိုင်ငံဘက်ကလည်း မတင်သေးပါဘူး။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကတော့ မြန်မာ့ အရေး အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေနဲ့ ပတ်သက် ပြီး အဖွဲ့ဝင် နိုင်ငံတွေကြား မဲခွဲပြီး မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေတာပါ။ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkia က ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြား ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

" ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်မှု ရှိရပါမယ်။ ဒီ အဖွဲ့ကြီး နှစ်ခုဟာ ဆက် စပ်နေပါတယ်။ အဖွဲ့ကြီး ၂ ခုလုံး အတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ခရီးရောက်နိုင်ပါတယ်။ အဖွဲ့ကြီး ၂ ခု တို့ ဆန့်ကျင်ဘက် ဖြစ်နေမယ်ဆိုရင်တော့ အဖွဲ့အစည်းတွင်း ကွဲပြားသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ကုလ သမဂ္ဂ အထွေ ထွေ ညီလာခံနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကြားမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုး ရလဒ်တွေ ရှိပြီး လက်ရှိမှာ အပြည့်အ၀ အသုံးမချနိုင်သေးပါဘူး။ ဥပမာ ပြောရရင် အထွေထွေ ညီလာခံက မြန်မာ၊ ဆီးရီးယားနဲ့ ပါလက် စ တိုင်း အရေးတို့ကို ဆောင်ရွက်မှုဟာ လုံခြုံရေးကောင်စီကို ထောက်ခံမှုဖြစ်ပါ တယ်။ "

စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်တဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ကမ ္ဘာ့ ရေးရာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း တိုက်တွန်းသွားပါတယ်။

" နိုင်ငံရေးနဲ့ အယူဝါဒ ဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်လိုမှုတွေက လူမှုရေး မတည်မငြိမ်မှု၊ မယုံကြည်မှု၊ အကြမ်းဖက် ဝါဒနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို လှုံ့ဆော်ပေးနေပါတယ်။ ဒါပေမယ့်လည်း ဒီ အခက်အခဲတွေ၊ ကွဲပြားမှု တွေ ကို ပြုပြင်နိုင်ပါတယ်။ "

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ် အစည်းအဝေးတွေကို ကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ AP သတင်းအေဂျင်စီက ဖော်ပြထားချက် အရတော့ အမေရိကန် သမ္မတ Joe Biden၊ ဂျော်ဒန် ဘုရင် Abdullah ၊ ဘရာဇီလ်းနဲ့ ဗင်နီဇွဲလား သမ္မတတွေ၊ နောက် ဂျပန်၊ အိန္ဒိယနဲ့ ဗြိတိန် ဝန်ကြီးချုပ်တို့လည်း ညီလာခံမှာ တက် ရောက် မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */