Thursday, January 23, 2020

ရိုဟင်ဂျာအရေး မြန်မာနိုင်ငံအပေါ် ICJ ကြားဖြတ်အမိန့် ချမှတ်

လွတ်လပ်တဲ့အာရှအသံ( RFA ) 
ကျော်မင်းထွန်း
2020-01-23
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
(Photo: REUTERS/Eva Plevier)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ် ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ... မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင် ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။ 
 
အဲဒီလေးချက်ကတော့... (၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ် ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင် ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊ (၂) စစ်တပ် (သို့မဟုတ်) ပုံမှန်မ ဟုတ်တဲ့ စစ်ဘက်ဆိုင်ရအဖွဲ့ အစည်းတွေက ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံး သတ်ဖြတ် မှု ကျူးလွန်ရန် ပူးပေါင်းကြံ စည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု... စတာ တွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့၊ (၃) လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ခဲ့တယ်လို့ စွပ် စွဲခံထား ရတဲ့နေရာဒေသတွေက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအ တိုင်း ကာကွယ်ထိန်းသိမ်းထားဖို့၊ (၄)ဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက် ကဆောင် ရွက် ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့... တို့ ဖြစ်ပါတယ်။


 
ဒီအချက်တွေဟာ ကုလသမဂ္ဂ သဘောတူစာချုပ်တွေနဲ့အညီ တရားဥပဒေအရ မဖြစ်မနေ လိုက်နာ ဆောင် ရွက် ရ မယ့်ကိစ္စတွေ ဖြစ်တယ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ကြားဖြတ်အရေးယူမှု အမိန့် ချမှတ်ပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တောင်း ဆို ထားတဲ့ အမှုကို ဒီနေ့ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ တရားရုံးမှာ ဒေသစံတော်ချိန် မနက် ၁ဝ နာရီမှာ တရားရုံးရဲ့ သဘာပ တိ တရားသူကြီးဖြစ်တဲ့ အဗ္ဗဒူကာဝီ အာမက်ယူစွတ်က... မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအ နေ ဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာရှိနေတယ်လို့ တရားရုံးတော်က ယူဆကြောင်း အမိန့်စာ ဖတ်ကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တစ်နာရီကြာတဲ့ ဒီဆုံးဖြတ်ချက် ဖတ်ကြားရာမှာ မြန်မာဘက်က တင်ပြထားတဲ့... အမှုကိုပယ်ချပေးဖို့၊ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့် မချမှတ်ဖို့... ဆိုတဲ့လျှောက်ထားချက်နှစ်ချက်ကို ပယ်ချရတဲ့အကြောင်း တွေကို ပြောကြားပြီး ဂမ်ဘီယာဘက်က တောင်းဆိုချက် အားလုံးကိုလည်း မချမှတ်နိုင်ကြောင်း ပြောကြား  ခဲ့ပါတယ်။

မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်တွေကို ဆုံးဖြတ်ရာမှာ ထည့် သွင်း စဉ်း စားခဲ့တယ်လို့လည်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့... ICJ က အခုလိုဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် "အဖိနှိပ်ခံ ရိုဟင်ဂျာ လူမျိးစုတွေအတွက် အောင်ပွဲ" တစ်ခုအဖြစ် ကြိုဆိုလိုက်ကြပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */