Monday, March 18, 2019

ARSA အဖွဲ့တိုက်ခိုက်မှုဆက်စပ်ဖြစ်ရပ်တွေကို စုံစမ်း ဖို့ တပ်မတော် ခုံရုံးဖွဲ့စည်း

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-18  
ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်ရပ်တွေကို စစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက် ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အ စီ ရင်ခံပြုစုခဲ့ရာမှာ စစ်ဥပဒေချုပ်ရုံး အပါအဝင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ HRW၊ နိုင်ငံတ ကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အချက်အလက်တွေကို ပြန်လည်စိစစ်ဖို့ အကြံပြုတာတွေရှိခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ် ဖြစ်စဉ် အပေါ် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းလိုက်ပြီး ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာ စတင်စစ်ဆေး ဆောင်ရွက် မှာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အဖွဲ့ဟာ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကျော်ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေ့ ၁ ရက်ထဲမှာပင် တပ်မတော်၊ နယ်ခြားစောင့် ရဲတပ် ဖွဲ့ဝင်တွေနဲ့ ၃၈ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လဝကဝန်ထမ်း ၁ ဦး စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့ကြောင်းလည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဒေသခံအရပ်သား ၁၃၀ ဦးကိုလည်း ARSA အဖွဲ့က သတ်ခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန် ထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကတော့ ARSA အဖွဲ့ဟာ ဟိန္ဒူကျေးရွာတွေကို တိုက်ခိုက်ပြီး ကလေး သူငယ်တွေ အပါအဝင် လူပေါင်း ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စာရင်းတွေကွာဟမှုရှိနေတဲ့အပြင် ရခိုင်ပြည်နယ်ဖြစ် စဉ် အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြစ်တင်ပြော ဆိုတာတွေ ရှိနေတဲ့ကိစ္စဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီနေ့ ညနေ ၆ နာရီကျော်အထိ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */