VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဒီဇင်ဘာ၊ 2019 ဇော်ဝင်းလှိုင်
အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်း
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီး ရှား အစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက် ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း လည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
















