လွတ်လပ်တဲ့အာရှအသံ ( RFA )
21 ဒီဇင်္ဘာလ2019
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားကို သွားရောက် ခဲ့စဉ် အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
21 ဒီဇင်္ဘာလ2019
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံခဲ့စဉ်
Photo: MOI Webportal Myanmar
Photo: MOI Webportal Myanmar
အဲဒီတွေ့ဆုံမှုမှာ ဥပဒေနဲ့အညီ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနေကြောင်း၊ လုံခြုံရေးအစီအမံတွေ အပါအဝင် တရားစီရင်ရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ မြန်မာအစိုးရက အားထုတ်ကြိုးပမ်းနေကြောင်းနဲ့ သက်သေခံကတ်ပြား တစ်စုံတစ်ရာ မရှိသူတွေအနေနဲ့ NVC ကတ်ကိုင် ဆောင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်း ဝန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့စ်ဘဇားကိုသွားပြီး နေရပ်စွန့်ခွာသွားသူတွေနဲ့ တွေ့ ဆုံခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ကြိမ်သွားရောက်မှုဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment