VOA
ဗွီအိုအေ (မြန်မာဌာန)21 ဒီဇင်ဘာ၊ 2019
မဆုမွန်
အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းလိုက်ပါတယ်။ ၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာ ဘာသာရေးလွတ်လပ်ခွင့် စနစ်တကျ ချိုးဖောက်နေတယ်၊ ဆက်လက်ချိုးဖောက်မှုတွေကိုလည်း လက်ပိုက်ကြည့်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသားတိုင်း ကိုးကွယ်ယုံကြည်ရာ လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံဥပဒေပါ အခွင့်အရေးတွေကို ပေးလိုက်မယ်ဆိုရင် ဒီစိုးရိမ်ချက်တွေ လျော့ပါးသွားနိုင်မယ်လို့ ငြိမ်းချမ်းရေးအတွက် အဓိကဦးဆောင် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းမေတ္တာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religion for Peace) အဖွဲ့ဝင်လည်းဖြစ် အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးလည်းဖြစ်တဲ့ ဦးအေးလွင်က အကြံပြုပါတယ်။
“ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ အဆင့်ဆင့်၊ ၄၇ ကြည့်မလား၊ ၇၄ ကြည့်မလား၊ ၂၀၀၈ ဆိုတာကြီးကိုပဲ ကြည့်မလား၊ အားလုံး လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ ရှိပါတယ်။ သို့သော်လည်း အဲဒီ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ မြေပြင်မှာ လက်တွေ့ အကောင်အထည် ပေါ်လာဖို့အတွက်က မြေပြင်မှာ ကျနော်တို့ လုပ်ဖို့ကိစ္စရပ်တွေ အများကြီး ရှိသေးတယ်။ အဲဒါတွေကို ထိထိရောက်ရောက် စေတနာပါပါ လက်တွေ့ကျကျလေး ပြုပြင်ပြောင်းလဲပြီးတော့ တကယ်တမ်း ဘာသာပေါင်းစုံကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဥပဒေအရ ပေးထားတဲ့အတိုင်း ကျနော်တို့ ဘာမှ အထူးပိုပြီး မလိုအပ်ပါဘူး။ ဥပဒေက ပေးထားတဲ့အတိုင်းလေးပဲ စေတနာမှန်မှန်လေး လုပ်ပြလိုက်မယ် ဆိုရင်ကို ပြည်တွင်းပြည်ပမှာ အများကြီး အကျိုးတွေ ရလာပါမယ်။”
မြန်မာနိုင်ငံတွင်း အထူးသဖြင့် ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားဒေသတွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင် ရာ ဆောင်ရွက်ချက်တွေကို ပိုပြီးတော့မှ အလေးထား ဆောင်ရွက်သင့်တယ်လို့လည်း ကချင်နှစ်ခြင်းခရစ်ယာန်များ အဖွဲ့ချုပ်က ဒေါက်တာခလမ်ဆမ်ဆွမ်ကလည်း ပြောပါတယ်။
“ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေးလွတ်လပ်ခွင့် ဆိုတာတော့ ပါပေမယ့်လည်း၊ လွတ်လပ်ခွင့် ဆိုတဲ့နေရာမှာ ကိုးကွယ်ခွင့်က နည်းနည်း လိုသေးတယ်လို့ မြင်တယ်။ အထူးသဖြင့် ကျနော်တို့ ခရစ်ယာန်ပိုင်းမှာ မြို့တွေထဲမှာတော့ ပြောစရာမလိုပေမယ့်လည်း နယ်ဘက်မှာတွေကျတော့ နည်းနည်း ပြောစရာတွေ ရှိပါတယ်။”
မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်မှုအပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရပိုင်းအနေနဲ့ သာသနာရေးဝန်ကြီးဌာန အပါအဝင် အစိုးရယန္တရားအတွင်း ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဆောင်ရွက်ချက်တွေကို ကိုးကွယ်ရာဘာသာ မခွဲခြားဘဲ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတွေ မလုပ်ဖို့လည်း Syenergy လူမှုသဟဇာတဖော်ဆောင်မှုအဖွဲ့ ဦးဆောင်သူ ကိုသက်ဆွေဝင်းကလည်း တိုက်တွန်းပါတယ်။
“ဖြစ်နေတဲ့ဟာကို သူတို့ ထင်ဟပ်ပြီးတော့ ထည့်ပေးတာပဲလေ။ မြန်မာနိုင်ငံသားတွေထဲမှာလည်း စိုးရိမ်မှုရှိတယ်။ အထူးသဖြင့် ဒီဘာသာရေး လူနည်းစုတွေပေါ့၊ မွတ်စလင် အပါအဝင် ခရစ်ယာန်တွေရော သူတို့ဆီမှာလည်း ဖိနှိပ်ခံရမှုတွေက ဆက်တိုက် အစိုးရ Structure ပိုင်းအရ ဖိနှိပ်နေတာမျိုးတွေလည်း ရှိတုန်းပဲ။ ပိုဆိုးလာတာက အစိုးရကနေပြီးတော့ လူနည်းစု ဘာသာဝင်တွေကို သွားပြီးတော့ ထောက်ပံ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံတွေ ဟိုတလောက တက်လာတာမျိုးတွေ။ ဗလီတွေသွားတယ်၊ Church တွေသွားတယ်၊ ဘုရားကျောင်းတွေ သွားတယ်ဆိုတဲ့ ဟာမျိုးတွေ တက်လာတယ်။ အဲဒီဟာ စစ်မှန်တဲ့ အပြောင်းအလဲလို ဟာမျိုးဆိုရင်တော့ ကျနော်တို့ဆီမှာ နောက်ပိုင်း ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြဿနာမျိုးတွေ ဖြစ်ဖို့ကတော့ နည်းမှာပေါ့၊ အစိုးရကနေ ဖိနှိပ်တာမျိုးတွေကတော့ နည်းမှာပေါ့။ သို့သော် တကယ်တမ်း အဲဒီလိုဟာမျိုးတွေက ဟန်ပြသွားခဲ့တာ ဖြစ်ပြီးတော့ နိုင်ငံရေးအရ အသုံးချတာမျိုးဆိုရင် တိုင်းပြည်အတွက် ပိုပြီး ပြဿနာတွေ ဖြစ်လာနိုင်ချေ ရှိသေးတယ်။
“အဲတော့ ဒါမျိုး စာရင်းထဲမှာ ထည့်ထားတဲ့ကိစ္စက ကျနော်တို့လည်း စိတ်ပူတဲ့ကိစ္စ၊ တကမ္ဘာလုံးကလည်း စိတ်ပူမှာပဲ။ ပြည်တွင်းထဲမှာရှိတဲ့ ပြည်သူတွေ အများစုကလည်း ပိုပြီး စိတ်ပူကြမှာပဲ။ ရွေးကောက်ပွဲလည်း နီးလာပြီ။ ဒါက လည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုး ဖြစ်နေတော့ ဒါမျိုး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဝိုင်းပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ လိုသေးတယ် ဆိုတဲ့ဟာကို Alarm ပေးလိုက်တဲ့ ပုံစံမျိုးပါပဲ။ ပြီးတဲ့အခါ အစိုးရရဲ့ ယန္တရားဖြစ်တဲ့ သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာနဆိုတာ ဖြစ်သင့်တာက သာသနာအားလုံးအတွက် အလုပ် လုပ်တဲ့ ဝန်ကြီးဌာန ဖြစ်ရမယ်ဆိုတာ၊ အခုဟာက တဘာသာတည်းကို ပိုပြီးတော့ Favour ပေးတဲ့ပုံစံမျိုးပေါ့၊ ပိုပြီးတော့ အလေးပေးတဲ့ ပုံစံမျိုးတွေလည်း တွေ့ရတယ်။ အစိုးရ ယန္တရားကနေ တွန်းပို့နေတဲ့ ပုံစံမျိုးပေါ့၊ အဲဒီတခုတည်းကိုပဲ အစိုးရနေပြီးတော့ Favour ပေးတယ်ပေါ့။ ပြီးတော့ အဲဒီဘာသာမဟုတ်တဲ့ တခြားဘာသာတွေကျတော့ ပိုပြီးတော့ ခက်ခဲအောင်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးတွေက ဒါကတော့ လက်ရှိဖြစ်တဲ့ ပြဿနာတွေပါ။ ဒါမျိုး ပြဿနာေွကို ကျနော်တို့ အစိုးရတွေကို တွေ့တဲ့အခါ ပြောဖြစ်တယ်။ ဝိုင်းပြီး လုပ်ဆောင်နေတဲ့ အခါတွေမှာ ပြောဖြစ်တယ်။ သို့သော် အခုထိ ဘာမှ ပြောင်းလဲလာတာတွေ မရှိသေးပါဘူး။”
အမေရိကန်တို့ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာထဲ ကမ္ဘာတဝှမ်း ဘယ်နေရာမှာမဆို လူတိုင်းဟာ ကိုယ်ယုံကြည် ကိုးကွယ်တဲ့အတိုင်း လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်းလည်း ဖော်ပြထားသလို အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို သူတို့လုပ်ရပ်အတွက် တာဝန်ခံအောင် အမေရိကန်က ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဒီဇင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေအပြင် ဘာသာရေးအရနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာအစိုးရ စစ်တပ်ခေါင်းဆောင် ၄ ယောက်ကို မကြာသေးခင်က အမေရိကန်ဘက်က ဒဏ်ခတ်အရေးယူခဲ့တာကို အဲဒီအစီရင်ခံစာထဲ ဥပမာပေးထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

Link : Here
 
No comments:
Post a Comment