Monday, December 23, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်များ နေရပ်ပြန်လို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဒီဇင်ဘာ၊ 2019 
စုစု
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ဟိန္ဒူဒုက္ခသည် အမျိုးသမီးများ 
 
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေကနေ နေရပ်ရင်း ပြန်ချင်ကြောင်း ပြောနေကြတဲ့ ဟိန္ဒူဘာသာ ဝင် ဒုက္ခသည်တွေကို သူတို့ရဲ့ လုံခြုံရေး အတွက် သီးသန့်လုံခြုံရေးချထားတယ်လို့ မကြာသေးခင်ကမှ အဲဒီ ဒုက္ခသည်စခန်း တွေကို သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်း ပေးပို့ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် အ ဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားဒုက္ခသည်စခန်းမှာ ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို သွားရောက်ရှင်းပြတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ ရောက်ရှိနေသူတွေထဲက ဟိန္ဒူဘာသာဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပြီး သူတို့ကို လုံခြုံရေး အခြေအနေကြောင့် သီးသန့်ထားရှိတယ်လို့ အဲဒီခရီးစဉ်ကို ဦးဆောင်တဲ့ ဦးချမ်းအေးက ပြော ပါတယ်။

“သူတို့ (ဟိန္ဒူ)ကတော့ အပြင်တွေဘာတွေ ထွက်လို့မရဘူး။ ဘာလို့လည်းဆိုတော့ သူတို့လုံခြုံမှုလည်း ပါ မှာပေါ့နော်။ အဲဒါကြောင့် သူတို့ကိုတော့ သီးသန့်ထားတယ်။ ဒါပေမယ့် လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် ဘက် က စီစဉ်ဆောက်ရွက်ပေးထားတယ်။ ပေးထားတော့ သူတို့အနေနဲ့ ခိုးထွက်ပြီးတော့ ပြန်လာလို့ လည်း မရဘူး။ ကျန်တဲ့မွတ်ဆလင်တွေကတော့ လူဦးရေလည်းများတယ်။ သူတို့ အဲလိုပဲခိုးထွက်ပြီးတော့ ပြန်လာတဲ့သူ 
တွေ ရှိတာပေါ့လေ။ သူတို့ (ဟိန္ဒူ)ကျတော့ ထွက်ရင်လည်း သူတို့ဘာသူတို့ထွက်ရင်လည်း အန္တရာယ် ရှိ တယ်။”

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံ နေရာချ ထား ရေးလုပ်ငန်းစဉ်တွေကို ၂၀၁၈ခုနှစ် နှစ်စပိုင်းကတည်းက စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် တရားဝင်ပြန်လည်ဝင် ရောက် လာသူ အခုချိန်ထိ တဦးတယောက်မှ မရှိသေးပါဘူး။ ဒါပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံ ထဲပြန်ဝင်လာသူကတော့ ၄၀၀ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ပြန်လာသူ အားလုံးဟာ မွတ်ဆလင်ဘာ သာ ဝင်တွေ ဖြစ်ပြီး သူတို့ အားလုံး အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက ပြောပါတယ်။

“(အခုပြန်ရောက်နေတဲ့ ၄၀၀ကျော်က) မွတ်ဆလင်တွေပါခင်ဗျ။ ဟိန္ဒူမပါသေးဘူး။ (နေရပ်စွန့်ခွာသူတွေ) သူတို့လာရင်တော့ ကိုယ်ကတော့ တခါတည်းစီစဉ်ရတာကို အကုန်လုံးကို။ သူတို့လာရင် အကုန်လုံး Ready ပဲ။ လာတဲ့သူတွေမှန်သမျှ အကုန်လုံးအဆင်ပြေအောင် ဆောင်ရွက်ထားပါတယ်။”

မြန်မာကိုယ်စားလှယ် အဖွဲ့က ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မြန်မာအစိုးရဘက်က လိုက်လျောမှုတွေ လုပ် နေကြောင်းနဲ့ နေရပ်စွန့်ခွာသူတွေကို ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မှတ်ပုံတင်ထုတ်ပေးနေ သ လို၊ NVC ကဒ်မှာ လူမျိုးဘာသာကို ဖြုတ်ပေးထားတဲ့ အကြောင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံချိန်မှာ ရှင်းပြခဲ့ ပေ မယ့် ဒုက္ခသည်အများစုက နေရပ်ပြန်ရေး လက်မခံ ကြပါဘူး။

ဒါပေမယ့် ကော့ဘဇားဒုက္ခသည်စခန်းမှာ လုံခြုံရေးအရ စောင့်ကြပ်ကြည့်ရှုခံထားရတဲ့ ဟိန္ဒူဘာသာဝင်တွေ နဲ့ တွေ့ဆုံချိန်မှာတော့ သူတို့တွေ နေရပ်ပြန်ချင်ကြောင်း မြန်မာအစိုးရထံ တောင်းဆိုခဲ့ပါတယ်။ အဲဒီထဲက ဟိန္ဒူဘာသာဝင် ၄၀၀ကျော်က သူတို့ရဲ့အချက်အလက်တွေကို မြန်မာအစိုးရထံ ပေးပို့ထားပြီး အဲဒီစာရင်း တွေကို စစ်ဆေးနေတာ ဖြစ်ပြီး အခုဆို တဝက်လောက်ပြီးနေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင် ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက အခုလိုပြောပါတယ်။

“အဲလိုစစ်ပြီးပြီဆိုတာနဲ့ ကျနော်တို့က လက်ခံလို့ရပြီ။ ဒါပေမယ့် လူကအပြည့်အစုံ ကျနော်တို့စစ်ဖို့ လိုတယ်။ နောက်ပြီးတော့ မှန်မှန်ကန်ကန် အချက်အလက်တွေပါမှ။ တချို့ကျတော့ တကယ်တမ်းလည်း ရခိုင်ပြည် နယ် မှာ နေခဲ့ဖူးတာပဲ။ ဒါပေမယ့် သူတို့ဖြည့်တာတွေက မပြည့်မစုံဆိုတော့ ကျနော်တို့က ဒီဘက်မှာစစ်တာ မတွေ့ဘူးတွေ ဘာတွေဖြစ်နေတာပေါ့နော်။ အဲဒါကြောင့်မို့ အဲဒါတွေကိုလည်း ပြည့်ပြည့်စုံစုံစစ်ဖို့ ကျနော် တို့ဆောင်ရွက်သွားဖို့ ရှိတယ်။”

ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေက ပြန်လာဖို့ဆန္ဒပြင်းပြနေပေမယ့် သူတို့ကို အ သက် အန္တရာယ် ခြိမ်းခြောက်တဲ့ သောင်းကျန်းသူ တချို့ရှိတယ်လို့ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေနဲ့ ဖုန်း အဆက်အသွယ်ရှိတဲ့ မောင်တောမြို့နယ်က ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနိမောလ်က အခုလို ပြောပါတယ်။

“အခု သူတို့နေနေတဲ့နေရာမှာတော့ လုံခြုံရေးကောင်းကောင်းရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့က အရမ်းလာချင်တယ်။ ကျနော်တို့ ပြန်သွားမယ် ဘာညာပြောတဲ့အခါကျတော့ သူတို့(သောင်းကျန်းသူတွေ) ခြိမ်းခြောက်တာတို့ ဘာတို့ရှိတယ်လို့ ပြောတယ်။ သူတို့ဘက်က ကြားသိရသလောက်ပါ။”

အခုလ ၂၁ရက်နေ့တုန်းကလည်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကနေ ကိုယ့်အစီအစဉ် နဲ့ ကိုယ်ပြန်လာသူ ၇ဦးပါဝင်တဲ့ မွတ်ဆလင်ဘာသာဝင် အိမ်ထောင်စုတစုကို လက်ခံခဲ့ပါတယ်။

ကော့ဘဇားဒုက္ခသည်စခန်းက နေရပ်စွန့်ခွာသူတွေကို တွေ့ဆုံခဲ့တဲ့ နှစ်ရက်အတွင်း ဒုက္ခသည်တွေနေ ရပ် ပြန်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုတစုံတရာ မရရှိခဲ့ဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုဦးဆောင်တဲ့ ဦးချမ်းအေးက ပြောထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံရတဲ့အကြောင်း ရင်းကိုလည်း ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအသုံးအနှုန်းကို လက်မခံပေမယ့်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်ကိုတော့ မြန်မာအစိုးရက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းတွေ နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */