By မင်းအောင်ခိုင်
31 October 2019
ငါးခူရ စခန်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူများ / Myanmar Embassy Dhaka
ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများထဲမှ အမျိုးသား ၊ အမျိုးသမီး စုစု ပေါင်း ၄၆ ဦးသည် မောင်တောမြို့နယ်သို့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက မိမိဆန္ဒအလျှောက် ပြန်လည် ဝင်ရောက် လာကြောင်း သတင်း ရရှိသည်။
အဆိုပါ နေရပ်စွန့်ခွာသူ ၄၆ ဦးသည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းဘက်မှ ၄၂ ဦးနှင့် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းဘက်မှ ၄ ဦး တို့ ဖြစ်ပြီး တရားဝင် အကြောင်းကြားကာ ပြန်လည် ဝင်ရောက်လာ ခြင်း ဖြစ်ကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။