Showing posts with label လှဖိုးခေါင်စခန်း. Show all posts
Showing posts with label လှဖိုးခေါင်စခန်း. Show all posts

Tuesday, March 12, 2019

ရခိုင်မြောက်ပိုင်း၌ ဒုက္ခသည်များ ပြန်လာရေး အလား အလာ မှေးမှိန်နေဆဲ

Frontier MYANMAR
Tuesday, March 12, 2019
လှဖိုးခေါင်စခန်းမှ ပျက်စီးစပြုနေပြီဖြစ်သည့် နေအိမ်တန်းလျားများကို ပြီးခဲ့သည့်နှစ်အောက် တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

နိုင်ငံသားဖြစ်ခွင့် အာမခံချက်နှင့်ပတ်သက်၍ အာမခံချက်မရှိဘဲ လုံခြုံရေးအတွက်လည်း စိတ်ပူနေကြသဖြင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် နေရပ်ပြန်လာကြမည့် အလားအလာမှေးမှိန်နေဆဲဖြစ်သည်။

ဆုမြတ်မွန် ရေးသားသည်။

Monday, March 4, 2019

မောင်တောဒေသရှိ လှဖိုးခေါင်စခန်း၊ ကြိမ်ချောင်း၊ ဂုပ္ပိလမ်းနှင့် ကြိမ်ချောင်းတောင်ရွာစခန်းများ ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး


နေပြည်တော်  မတ်  ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့်  ရခိုင်ပြည်နယ်လမ်းပန်းဆက် သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် မောင်တောဒေသရှိ ပြန်လည် ဝင်ရောက်လာသူများ လက်ခံရာတွင်ကြားစခန်းအဖြစ် ဆောင် ရွက်မည့် လှဖိုးခေါင်စခန်း၌ ဖေဖော်ဝါရီ ၂၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော  အဆောက် အဦများအား မတ် ၂ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမိုးပျက် စီး သာ  အဆောက်အဦ နှစ်လုံး၊ ဘေးအကာနှင့် တံခါးရွက်ပျက်စီးမှု ၁၃၄ လုံးနှင့် အိမ်သာများ ပျက်စီးမှု  ၆၆ လုံး စုစုပေါင်း  ၂ဝ၂ လုံး  ပျက်စီးခဲ့ရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့က ပြန်လည်ပြင်ဆင်မည့်အစီအစဉ်များကို အသေးစိတ် မှာကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */