ဘီဘီစီမြန်မာပိုင်း
2019-12-15
သူ့လက်ထက်မှာ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းက လူနည်းစုတွေအတွက် လူများစုတွေက ရပ်တည်ပေးဖို့လိုတယ်လို့ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုးဘားမားက ပြောကြားလိုက်ပါတယ်။
သမ္မတဟောင်းအိုးဘားမားရဲ့အိုဘားမားဖောင်ဒေးရှင်းက ပြုလုပ်တဲ့ အာရှပစိဖိတ်ဒေသတွင်း လူငယ်ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ အထွေထွေ မိန့်ခွန်းပြောကြားစဉ် အခုလို မြန်မာ့အရေးမေးမြန်းမှုတွေအပေါ် သူက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းထားပြီး တရားရုံးအမိန့်ချမယ့်ရက်ကို နှစ်နိုင်ငံ စောင့်ဆိုင်းနေတဲ့အချိန် ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ ၁၄ ရက်ထိ ကျင်းပခဲ့တဲ့ အဲဒီလူငယ်ခေါင်း ဆောင်တွေတွေ့ဆုံပွဲကို မြန်မာနိုင်ငံက တိုင်းရင်း သားလူငယ်တွေအပါအဝင် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် အသိုင်း အဝိုင်း စတဲ့ နယ်ပယ်စုံက လူငယ်ခေါင်းဆောင် ၁၄ ဦး တက်ရောက်ခွင့်ရခဲ့ ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်မှာ သမ္မတအိုဘားမားဟာ လူငယ်ခေါင်းဆောင်တွေကို အထွေထွေမိန့်ခွန်းတစ်ရပ် ပြောခဲ့ပြီး တက်ရောက်လာတဲ့မြန်မာလူငယ်တွေက အိုင်စီဂျေအရေးအပေါ် သူ့မှတ်ချက်ကို မေးမြန်းတဲ့အခါမှာ သူက အခုလိုပြောကြားခဲ့ပါတယ်လို့ ဒီမေးခွန်းကိုမေးမြန်းခဲ့တဲ့ လူငယ်ခေါင်းဆောင် မသဉ္ဇာရွှန်းလဲ့ရည်က ဘီဘီစီကို ပြောပါတယ်။
"ကျွန်မတို့က အိုင်စီဂျေကိစ္စမေးတာပေါ့။ သူကတော့ ဒါနဲ့ပတ်သက်လို့ လူနည်းစုလူငယ်တွေကို လူများစုလူငယ်တွေ၊ Power Position မှာ ရှိနေတဲ့လူငယ်တွေက တကယ့်ကို ထိခိုက်ခံစားနေရတဲ့ Minority Group (လူနည်းစု) တွေအတွက်ကို ရပ်တည်ပေးဖို့လိုတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက် ရပ်တည်ပေးတဲ့ ဗမာလူမျိုးတွေ အများကြီး လိုအပ်တယ်ဆိုတာကို ထည့်သွင်းပြောသွားတာ တွေ့ရ တယ်။ သူက အင်ဒိုနီးရှား နဲ့ဂျပန်ကိုဥပမာပေးသွားတယ်။ ကိုယ့်နိုင်ငံတွင်းမှာ ရှိနေတဲ့ လူနည်းစုတွေကို ရပ်တည်ပေးတဲ့လူများစုတွေ ရှိလာဖို့က အရမ်းအရေးကြီးတယ်။ အဲဒီ အတွက် ဒီခေါင်းဆောင်တွေပေါ်မှာ တာဝန်ရှိတယ်လို့ပြောသွားတယ်" လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
အိုဘားမားဖောင်ဒေးရှင်းဟာ မြန်မာအပါအဝင် အာရှပစိဖိတ်မှာရှိတဲ့ နိုင်ငံ ၃၃ နိုင်ငံက အသက်လေးဆယ် အောက် လူငယ်ခေါင်းဆောင် အယောက် ၂၀၀ ကို ဒီအစီအစဉ်အတွက် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ဒီငါးရက်တာဆွေးနွေးပွဲမှာ လူငယ်ခေါင်းဆောင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့လက်ရှိပြဿနာတွေ၊ ပုဂ္ဂိုလ် ရေးဆိုင်ရာအခြေအနေတွေ၊ စီးပွားရေး၊ လူမှု ရေး၊ နိုင်ငံရေး စတဲ့နောက်ခံအကြောင်းအရာအစုံကို သုံးသပ်ခဲ့ပြီး ဒီအပေါ်မှာ ခေါင်းဆောင်မှုအရည်အသွေးပိုတက်လာအောင် သမ္မတ အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ရှယ်အိုဘားမားတို့က သူတို့ရဲ့ လက်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

- မြန်မာကို ဂမ်ဘီယာက ICJ မှာ စွပ်စွဲထားမှု ဖြစ်စဉ် အချိန်ပြဇယား
- အိုင်စီဂျေမှာ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပခြင်းအားဖြင့် တပ်မတော်နဲ့ရင်ကြားစေ့ရေး အထောက်အကူပြုလား
အမေရိကန်သမ္မတဟောင်းအိုဘားမားဟာ မြန်မာ့သမိုင်းမှာ ပထမဆုံး လာရောက်တဲ့ အမေရိကန် သမ္မတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ နိုဝင်ဘာ ၁၉ မှာ ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်ဟာ ခြောက်နာရီသာ ကြာမြင့်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လာရောက်တာဖြစ်ပြီး သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါ တယ်။
အဲဒီနောက် ၂၀၁၄ အာဆီယံထိပ်သီးအစည်းအဝေးတွေကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်မှာလည်း အာဆီယံအမေရိကန် ထိပ်သီး အစည်း အဝေးတက်ရောက်ဖို့ ဒုတိယအကြိမ် လာရောက်ခဲ့ပါတယ်။
သူဟာ ခရီးစဉ်နှစ်ကြိမ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်း ပွဲ ပြု လုပ်ခဲ့သလို ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအနိုင်ရပြီး ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာချိန်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ် ကြားခဲ့ပါတယ်။
အိုဘားမားဟာ မြန်မာပြည်လာတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရန်ကုန်နေအိမ်မှာပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီအမေရိကန်ခရီးစဉ်အပြီးမှာပဲ သမ္မတ အိုဘားမားက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှား ပေးခဲ့ပါတယ်။
လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေကို သီးသန့်ထား ပိတ်ဆို့အရေးယူမှုတွေ စတင်လာပါတယ်။
- အိုင်စီဂျေမှာ မြန်မာရှေ့နေ့တွေ အဓိက လျှောက်လဲသွားတဲ့ အချက်တွေ
- ဂမ်ဘီယာဘက်က မြန်မာရှေ့နေ့တွေ မငြင်းခဲ့တဲ့ အချက်တွေနဲ့ ပြန်လည်ချေပ
အိုဘားမားဟာ မြန်မာခရီးစဉ်တွေမှာ အရပ်ဖက်အဖွဲ့တွေ၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့လည်း တွေ့လေ့ရှိပါတယ်။
အိုင်စီဂျေမှာ မြန်မာဂမ်ဘီယာနှစ်နိုင်ငံ လျှောက်လဲချက်တွေအပေါ် ရှုထောင့်အမျိုးမျိုးက ဝေဖန်သုံး သပ်တာတွေရှိနေပြီး ဒါနဲ့ပတ်သက်လို့ အစိုးရကတော့ အိုင်စီဂျေ ခရီးစဉ်အပြီး သတင်းစာရှင်း လင်းပွဲပြုလုပ်တာမရှိသေးပါဘူး။
အပြီးသတ်လျှောက်လဲချက်တွေအပြီးမှာ မြန်မာက အမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဂမ်ဘီယာတောင်းဆိုတဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်တွေမချမှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားပါတယ်။
ဂမ်ဘီယာကတော့ မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့၊ သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့အပါအဝင် အချက်ခြောက်ချက် တောင်းဆိုထားပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့ကို သွားရောက်သတင်းယူခဲ့တဲ့ဘီဘီစီသတင်းထောက်ရဲ့ အိုင်စီဂျေတရားသူကြီးတွေနဲ့မေးမြန်းချက်အရတော့ လာမယ့်နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ အမိန့်ချဖွယ်ရှိတယ်လို့ ဆိုပါတယ်။
Link : Here

No comments:
Post a Comment