" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 1, 2020

ဂူတာပြင်ကိစ္စ အရေးယူခံရသူတွေရဲ့ပြစ်ဒဏ်တွေကို ထုတ် ပြောဖို့မရှိကြောင်း တပ်မတော် ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဇွန် ၂၀၂၀
တာပြင်ဖြစ်စဉ်ကို တစ်နှစ်ကျော်အကြာ စစ်ဆေးအပြီးမှာ ခုလိုအရေးယူတဲ့အကြောင်း ထုတ်ပြန်တာဖြစ်

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အဓိက တာဝန်ရှိသူ အရာရှိကြီးတစ်ဦးအပါအဝင် သုံးဦးကို စစ်တရားရုံးကနေ ပြစ်ဒဏ်တွေချမှတ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အေပီသတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ ရဲ့ စစ်ရေးဆောင် ရွက် ချက်တွေကြောင့် ဂူတာပြင်က ရွာသား ၄ဝဝ ခန့် သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက်ဒုက္ခသည် တွေ ရဲ့ ထွက်ဆိုချက်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ဂူတာပြင် ရုပ်အ လောင်းတွေ ကို တပ်မတော်က ဖျောက်ဖျက်ဖို့ စီစဉ်ခဲ့တယ်လို့လည်း ပါရှိပါတယ်။

ဒါတွေကို တပ်မတော်က ပယ်ချထားပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အာ ဆာအဖွဲ့နဲ့ ပူးပေါင်းပြီး ရွာသားတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်နှိမ်နင်းတာ သာဖြစ် တယ် လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးသာရှိပြီး အားလုံးဟာလည်း အကြမ်းဖက်သမားနဲ့ ဆက်နွှယ်သူတွေ ဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။




ဂူတာပြင်မှာ ရွာသားလေးရာလောက်သေဆုံးတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

ဒီလို ဂူတာပြင်မှာ လူသေအလောင်းအများအပြားတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့က စလို့ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စစ်တရားရုံးနဲ့ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်မှာ စစ်ဆေးမှုတွေအားလုံးပြီးဆုံးခဲ့ပြီး ဒီဇွန်လအတွင်းမှာတော့ အဓိ က တာဝန်ရှိသူ အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့ အခြားအဆင့်စစ်သည်တစ်ဦးတို့ကို ပြစ်မှုပြစ်ဒဏ် တွေကျခံဖို့ စစ်တရားရုံးက အမိန့်ချခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အကြမ်းဖက်သမားနဲ့ဆက်နွှယ်တယ်ဆိုတဲ့ လူ ၁၉ ဦးသေဆုံးမှုကို ဘာကြောင့် တပ်မတော်က အခုလိုအရေး ယူရသလဲလို့ မေးတဲ့အခါမှာတော့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက-

"မြေပြင်မှာဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေက အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမာခံရွာ သားတွေနဲ့ပူးပေါင်းပြီး အင်အားသုံးပြီး ဝိုင်းဝန်းခြိမ်းခြောက်တိုက်ခိုက်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း အကြမ်းဖက်သမားတွေကို ခုခံတိုက်ခိုက် ထိန်းသိမ်းပစ်ခတ်မှု တွေပြု လုပ်ခဲ့ရတယ်။ အဲဒီလိုပစ်ခတ်တဲ့အခါမှာ ညွှန်ကြားချက်တွေကို လိုက်နာ ဖို့ ပျက်ကွက်ခဲ့တာရှိတယ်။ ဒါကလည်း ညွှန်ကြားချက်ကို ချိုးဖောက်ဖို့ intention နဲ့ဆောင်ရွက်ခဲ့တာမဟုတ်ဘူး။ အခြေအနေအချိန် အခါနဲ့ ဝိုင်းဝန်းခြိမ်းခြောက်တိုက် ခိုက်ခဲ့တာ ကြောင့် ဖြစ်တယ်။ "လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

"အဓိကကတော့ တပ်မတော်က ညွှန်ကြားထားတဲ့ စစ်ဆင်ရေးညွှန်ကြားချက်တွေရှိတယ်။ ပစ်ခတ်မှုလုပ်တဲ့ အခါ ဘယ်လိုပဲလုပ်သင့်တယ်၊ ဘယ်လိုပဲလုပ်ရမယ်ဆိုတာရှိတယ်။ အဲဒီညွှန်ကြားချက်ကို ချိုးဖောက်ခဲ့ တယ် ဆို တာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဒါကြောင့် ကျွန်တော်တို့ ကအပြစ်ပေးတာဖြစ်ပါတယ်"လို့ သူကပြောပါတယ်။

ဒါကြောင့် အခု အရေးယူခံရတဲ့သုံးဦးရဲ့ ရာထူးအဆင့်နဲ့ ပြစ်ဒဏ်တွေကိုမေးတဲ့အခါ ထုတ်ဖော်ပြောကြား ဖို့ မရှိဘူးလို့ သူက အခုလိုပြောပါတယ်။

"စစ်သည်တွေက ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ဒီနိုင်ငံမှာ သာမန်ထက် ခက်ခဲစွာနဲ့ စွန့်လွှတ် စွန့်စားမှုတွေ နဲ့ ထမ်းဆောင်နေရတာဖြစ်တယ်။ စစ်သည်တွေစိတ်ထဲမှာ ဥပဒေကိုချိုးဖောက်ရင် အရေးယူခံရမယ်ဆို တာ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာက သွေးထိုးလှုံ့ဆော်မှုတွေအမြဲတမ်းရှိတယ်။ စစ်သည်တွေစိတ် ထဲမှာ တာ ဝန်လည်း ထမ်းဆောင်ရသေးတယ်။ အရေးယူလည်းခံရသေးတယ်ဆိုတဲ့ လွဲမှားတဲ့စိတ်တွေ ဖြစ် မ သွားဖို့အရေး ကြီးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ရဲဘော်ရဲဘက်စိတ်၊ စစ်ဆင်ရေးတာဝန် ထမ်း ဆောင် လိုစိတ်တွေကို မထိခိုက်ဖို့လိုတယ်။ ဒါတွေလိုအပ်တာကြောင့် ကျွန်တော်တို့က မထုတ်ပြန်တာဖြစ် တယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

 ဂူတာပြင် ဖြစ်စဉ်က ပြစ်မှုကျူးလွန်သူအချို့ကို စစ်တရားရုံးမှာ စတင်စစ်ဆေးရိုဟင်ဂျာ ၆၇၀၀ အသတ် ခံရ တယ်လို့ MSF ကဆိုဒီလို မထုတ်ပြန်တာဟာ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေနဲ့ ကြုံလာရနိုင်ပြီး ဒါကို တပ် မ တော်အနေနဲ့ ဘယ်လိုစဉ်းစားထားလဲဆိုတဲ့အပေါ် သူက မစဉ်းစားထားကြောင်းနဲ့ မြန်မာနိုင်ငံလို လက် နက် ကိုင်ပဋိပက္ခတွေရှိပြီး ဘယ်တပ်မတော်မဆို စစ်ဆင်ရေးတာဝန်ထမ်းဆောင်လိုစိတ်ပေါ်အခြေခံပြီး ဆောင်ရွက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တပ်မတော်သားတွေကိုအရေးယူတဲ့ဖြစ်စဉ်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ပုံရိပ်က တော်တော်ဆိုးဆိုးရွားရွားဖြစ်နေပါတယ်။ ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေကလည်း ဘယ်လိုမှ ဖုံးဖိလို့မရဘူးလေ။ အဲဒီတော့ ဒါတွေကိုအသိအမှတ်ပြုပြီးတော့စုံစမ်းတယ်။ စစ်ဆေးတယ်။ အရေးယူ တယ် ဆိုတော့ အားလုံးအတွက်ကောင်းသောခြေလှမ်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ် အဲဒီလိုမတရားမှုခံ ထားရ တဲ့ ကိစ္စတွေကိုလည်းအရေးယူဆောင်ရွယ်မယ်ဆိုရင် အခြေအနေက တော်တော်လေးကောင်း လာမယ် ထင် ပါတယ်။ တစ်ခုပဲ စိုးရိမ်တာက အဲဒီလိုအရေးယူဆောင်ရွက်ပြီးတော့ ဟိုတစ်ခေါက်ကလို လွတ်ငြိမ်း ချမ်း သာခွင့်နဲ့ ပြန်လွှတ်လိုက်တယ်ဆိုရင်လည်း ဒါဟာ ပုံရိပ်က ကောင်းမလိုလိုနဲ့ ပြန်ပြီးဆိုးသွားနိုင် စရာရှိ ပါတယ်" လို့ ဦးအေးလွင်ကပြောပါတယ်။

ရခိုင်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း အင်းဒင်ကျေးရွာမှာ ရုပ်အလောင်း ၁ဝ လောင်းတွေ့ ရှိခဲ့တဲ့အပေါ် အစိုး ရ စစ်သားတွေ ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်က ပထမဆုံး အကြိမ် အသိအမှတ်ပြု ပြောဆို ခဲ့ သလို ကျူးလွန်သူတွေကို အရေးယူတာရှိခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ဒီလူတွေကို လွတ်ငြိမ်းချမ်း သာ ခွင့်နဲ့ပြန်လွှတ် ပေးခဲ့လို့ဝေဖန်တာတွေရှိခဲ့ပါတယ်။

အင်းဒင်ကိစ္စမှာ ကျူးလွန်သူတွေကို လွှတ်ပေးလိုက်တာမဟုတ်ဘဲ ထိုက်သင့်တဲ့ပြစ်ဒဏ်ချ မှတ်ပြီးသားဖြစ် ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့်ဆင့်သုံးသပ်တင်ပြပြီးမှ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာသာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ဒါ့အပြင် မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာမှာ ရွာသားတွေသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ်မှာ စုံစမ်းစစ်ဆေးရေး ခုံရုံး အဆင့်ဖွဲ့ပြီး စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */