" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 29, 2019

ICJ တွင် တရားစွဲဆိုမှုအပေါ် သွားရောက်ဖြေရှင်းမည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆုံးဖြတ်ချက်နှင့် ဂူတာပြင်ဖြစ် စဉ် နှင့်ပတ်သက်၍ ခုံရုံးတွင်စစ်ဆေးမည့် တပ်မတော် ထုတ်ပြန်ချက်အပေါ် ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြ

ELEVEN 
29 NOVEMBER 2019
ကိုရွှေသိန်း


မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုအားသွားရောက် ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်နှင့် ဂူတာပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ခုံရုံးတွင် စစ်ဆေးမည့် တပ်မတော်ထုတ်ပြန်ချက်အပေါ်လည်း ချီးကျူး ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Maruyama က ပြောကြားသည်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်တွင် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းသော နေအိမ်များ တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်လာစဉ် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာခုံရုံး အဲဒီလိုတက်ဖို့ဆုံးဖြတ် လိုက်တာ အောင်မြင်အောင် ဆုတောင်းနေပါတယ်။အင်မတန်မှ တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်လို့ ယူဆပါတယ်။ ချီးကျူးနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Maruyama က ပြောကြားသည်။

ဆက်လက်၍ ဂျပန်သံအမတ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် သူကိုယ်တိုင် မြန်မာအစိုးရ ရပ်တည်ချက်ကို ရှင်းပြမယ်ဆိုတော့ အင်မတန်မှ ကောင်းပါတယ်။ အဲဒါကို ရှင်းပြပြီးတော့ နိုင်ငံတကာက နားလည်မှုရရှိဖို့ မျှော်လင့်နေပါတယ်ခင်ဗျ” ဟု ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်က ထုတ်ပြန်ခဲ့သော ကြေညာချက်သည်လည်း အရေးကြီးသော ကြေညာချက်၊ ဆုံးဖြတ်ချက်များဖြစ်ကြောင်း ဂျပန်သံ အမတ်ကြီးက ပြောကြားသည်။

“ဂူတာပြင်ကျေးရွာကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်ခုံရုံးမှာ စစ်ဆေးမယ်ဆိုတယ်။နောက်တစ်ခုကတော့ စစ်ဆေးရေးအဖွဲ့ နောက်ဆုံးအစီရင်ခံစာ ထွက်လိုက်ပြီးတော့ တပ်မတော်နဲ့ပတ်သက်ပြီး ပါတယ်ဆိုရင် အဲဒါတွေထပ်ပြီးတော့ စစ်ဆေးမယ်လို့ ကြေညာချက်ထုတ်ပါတယ်။ အရေးကြီးတဲ့ ကြေညာချက်၊ ဆုံးဖြတ် ချက်လို့မြင်ပါတယ်။ ကြိုဆိုပါတယ်။ ချီးကျူးပါတယ်” ဟု ဂျပန်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့သည်။


ဂူတာပြင် နောက်ဆုံးအစီရင်ခံစာ ထွက်လာသည့်အပေါ် လက်တွေ့ကျကျ စစ်ဆေးပြီး အမှန်တကယ် လူ့ အခွင့်အရေးချိုးဖောက်ပါက ပြင်းပြင်းထန်ထန် အရေးယူရန်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */