" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 26, 2019

ဂူတာပြင်ဖြစ်စဉ်အတွက် တပ်မတော်အရာရှိအချို့ကို စစ် တရားရုံးဖြင့် စတင်စစ်ဆေး

မဇ္ဈိမ
By စိုးသူအောင်
26 November 2019

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။              ။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာဖြစ်စဉ်တွင် ပြစ်မှုကျူးလွန် သည်ဟု ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စစ်တရားရုံး ( Court-Martial) ဖြင့် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်စစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။
တပ်မတော် ဥပဒေများအရ ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ခုံရုံးမှတင်ပြချက်အရ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သောကြောင့် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှသတင်း ထုတ်ပြန်ခဲ့သည်။

“ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းနဲ့ပတ်သက်ပြီး လိုက်နာရမယ့်ဟာတွေရှိတယ်။ အဲ့ဒါကို လိုက်နာမှုအားနည်း တယ် ဆိုပြီး ပြန်စစ်ဆေးတာဖြစ်တယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကဆိုသည်။

ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်းစစ်တရားရုံးချုပ် ( Summary General Court-Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေ ခံတပ်၌ စတင်စစ်ဆေးခြင်းဟုလည်း သိရှိရသည်။

“အရာရှိ၊ အခြားအဆင့် စစ်သည်များကိုစစ်ဆေးသွားမှာဖြစ်ပါတယ်။ အရာရှိအဆင့်လည်းပါ ပါတယ်။ အခြား အဆင့်လည်းပါ ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးသည့်လူဦးရေအတိအကျကိုမူ တရားရုံးလုပ်ထုံးလုပ်နည်းများအရ ထုတ်ပြော၍ မ ရ သေးကြောင်း စစ်ဆေးပြီးသည့် အချိန်မှသာ ထုတ်ပြန်ပြောဆိုမည် ဟု ၎င်းကဆိုသည်။

ပုံမှန်အားဖြင့် စစ်တရားရုံး ( Court-Martial) မှအမှုစစ်ဆေးခြင်း၊ အမိန့်ချမှတ်ခြင်းများသည် အကြောင်းအရာ ပေါ်မူတည်၍ အရပ်သား တရားရုံးများ၏စစ်ဆေးချိန်ထက် ပိုမိုမြန်ဆန်လေ့ရှိကြောင်း တပ်မတော် ဘက်မှ သိ ရသည်။

စစ်တရားရုံး ( Court-Martial) တွင်စစ်ဆေးပုံမှာ အရပ်သားတရားရုံးများကဲ့သို့ တူညီမှုရှိပြီး နှစ်ဖက် ရှေ့နေ များ (တရားခံဘက်အရာအရှိ၊ တရားလိုဘက်အရာအရှိ) တို့မှ အပြန်အလှန် ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဟု သိရသည်။

ထို့အပြင် စစ်ဆေးပြီးချိန်တွင် စစ်ဥပဒေဌာနများမှ ဥပဒေနှင့်ပတ်သက်၍ မာစတာဘွဲ့ရထားသည့် (အနိမ့်ဆုံး အ ဆင့်) ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိကြသည့် စစ်ဥပဒေအရာရှိ များ၏ ဥပဒေပိုင်းဆိုင် ရာအကြံပေးမှု များကို လည်း ရယူရသေးသည်ဟု တပ်မတော်ဘက်မှသိရသည်။

နောက်ဆုံးအဆင့်တွင် စွပ်စွဲခံရသူနှင့် တရားလိုဘက်တို့မှ နှစ်ဖက် အပြန်အလှန်လျှောက်လဲချက်တင်ကာမှ စစ်တရားရုံး တရားသူကြီးမှ အမိန့်ချမှတ်ခြင်းဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကဆိုသည်။

“အခေါ်အဝေါ်တွေကွာခြားတာရှိမယ်။ သူ့လုပ်ထုံးလုပ်နည်းကတော့မကွာခြားပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ယခုစစ်ဆေးချက်သည် အစိုးရဘက်မှ နယ်မြေဆင်း၍ စုံစမ်းစစ်ဆေးချက်များအပေါ် မူတည် ၍ တပ်မတော်ဘက်မှထပ် မံစစ်ဆေးတွေ့ရှိချက်များအရ တရားရုံတင်ခြင်း ဟုလည်း သိရသည်။ စစ်တရား ရုံး ( Court-Martial) သည်သေဒဏ်အထိချမှတ်နိုင်သည့် တရားရုံးဖြစ်သော်လည်း မည်သည့် အမှုဖြင့် တပ်မ aတာ် အရာရှိအချို့နှင့် အခြားအဆင့်များကို စစ်ဆေးနေသည်ကိုမူဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

ဂူတာပြင်ရွာတွင် တပ်မတော်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် အလောင်းများ အစုလိုက် မြှုပ်ထား သော နေရာငါးခုရှိကြောင်း အေပီ သတင်းဌာနက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း များမှ အသက်ရှင် ကျန် သူ များကို မေးမြန်းကာ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ သတင်းဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်မှ အသက်ရှင် လွတ်မြောက်သူ နိုအာကာဒါဆိုသူ၏ ပြောပြချက်အရ ၎င်းအပါအဝင် အခြားဘင်္ဂါလီ ၁၄ ဦးသည်ခြင်းလုံးပြိုင်ရန် ရွေးချယ်ခံရပြီးနောက် ပစ်ခတ်မှုစတင်ခဲ့ကြောင်း ဆိုသည်။ ပစ်ခတ်မှုအပြီး ကာဒါ နှင့် အခြားအသင်းဖော် နှစ်ဦးသာ အသက်ရှင်ခဲ့သည်ဟု ၎င်းကပြောကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ အေပီသတင်းဌာန၏ ရေးသားမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ချက်အရ မှန်ကန်မှုမရှိကြောင်း အစိုးရဘက်မှ ထုတ်ပြန်ကြေငြာခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်တွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများက တုတ်၊ဓား၊ ဂျင်ကလိများ၊ လက်နက် ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံကာ ကွယ်ပစ် ခတ်ခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၉ ယောက်သေဆုံးခဲ့ကြောင်းဆိုသည်။

အဆိုပါ အလောင်းများကို စနစ်တကျ မြှုပ်နှံသဂြိုလ်ခဲ့ပြီး ညောင်ချောင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း အ မှတ်စဉ် ၅/ ၂၀၁၇၊ အကြမ်း ဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း စိစစ် တွေ့ရှိရသည်ဟု အစိုးရမှထုတ်ပြန်ခဲ့သည်။

ဂူတာပြင်ကျေးရွာသည် ဘူးသီးတောင်မြို့နှင့် ညောင်ချောင်း ကျေးရွာသွားလမ်းတွင် တည်ရှိပြီး ၂၀၁၈ ခုနှစ်ဖေ ဖော်ဝါရီလက လူဦးရေ ၈၀၀ ကျော်  နေထိုင်ခဲ့သည်။ အဆိုပါကျေးရွာများတွင်ရခိုင်မျိုးနွယ်စုဝင် ဒိုင်း နက်လူမျိုးများ လည်းနေ ထိုင်ပြီး ၎င်းကျေးရွာ အနီးတွင် ငှက်ပျောချောင်းကျေးရွာ၊ တိုင်းရင်းသားကျေး ရွာ များနှင့် အခြားရိုဟင်ဂျာကျေးရွာများ တည်ရှိကြောင်း သိရသည်။

ထို့အပြင် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာဖြစ်စဉ်တွင်လည်း လူသတ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်တွေ့ရှိချက်ကြောင့် တပ်မတော်အရာရှိနှင့် စစ်သည် စုစုပေါင်း ၇ ဦးတို့ကို တပ်မတော်မှနေ၍ ပြစ် ဒဏ် အသီးသီးချမှတ်ခဲ့ဖူးသည်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */