" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 30, 2020

ဂူတာပြင်အမှု စစ်တရားရုံး စစ်အရာရှိသုံးဦးကို အရေးယူ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
30 ဇွန်၊ 2020
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံရသည်ကို ကြည့်ရှုနေသူတချို့။ (စက်တင်ဘာ ၀၄၊ ၂၀၁၇) 

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်တရားရုံးက စီရင်ဆုံး ဖြတ် ခဲ့တာနဲ့ ပတ်သက်လို့ အကဲခတ်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဘယ်လို တုံ့ပြန်ထားသလဲ ဆိုတာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ရဲ့နောက်ဆက်တွဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေထဲ ဒေသတွင်းက ရိုဟင်ဂျာမူဆလင် တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံ အမှုရင်ဆိုင်နေရချိန်မှာပဲ- အခုလိုမျိူး တပ်မတော်ရဲ့စစ်တရားရုံး စီရင်ချက်ကို ဒီ ကနေ့ ဇွန်လ ၃၀ ရက်နေ့ရက်စွဲနဲ့ စစ်တပ်ဘက်က ထုတ်ပြန်လိုက်တာပါ။

စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲ အဓိကပါရှိတာကတော့- ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူ တာပြင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့အမှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးက ၂၀၂၀ ပြည့်နှ စ် ဧပြီ ၂၀ ရက်နေ့မှာ စစ်ဆေးမှုပြီးစီးခဲ့ပြီး စစ်တရားရုံး (Court-Martial) ကနေ အရာရှိကြီးတဦး၊ အရာရှိတဦး အခြားအဆင့်စစ်သည်တဦးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးတော့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အရာရှိကြီးတဦး၊ အရာရှိတဦး နဲ့ အခြားအဆင့်စစ် သည် တဦးလို့သာဖေါ်ပြပြီး သူတို့ရဲ့ အမည် ရာထူးအဆင့်အတိအကျ တပ်ရင်းတပ်ဖွဲ့နဲ့ ဘယ်လိုပြစ်ဒဏ်တွေ ဆို တာ ထုတ်ပြန်ချက်မှာ အတိအကျ မဖော်ပြထားပါဘူး။


ဆက်ပြီးတော့လည်း မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ ဆက်စစ်ဆေးဆောင်ရွက် သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန် ပါတယ်။ ဒီဂူတာပြင်အမှုကို စစ်တရားရုံးက ဘယ်လိုစီရင်ခဲ့သလဲဆိုတာနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့မှု အသေးစိတ် ကိုတော့ နောက်ပိုင်းမှ ထုတ်ပြန်ပေးသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်တာပါ။

ဒီထုတ်ပြန်ချက်အပေါ် စစ်တပ်ဘက်က ဂူတာပြင် ဖြစ်စဉ်အပေါ် အသိအမှတ်ပြုမှု တခုအဖြစ်ကြိုဆိုပြီး ကျူး လွန်ခဲ့သူတွေကို အမှန်တကယ် ပြစ်ဒဏ်စီရင်မှုတွေ ချမှတ်မှသာ နစ်နာသူတွေအတွက် စစ်မှန်တဲ့ တရားမျှ တမှုတွေ ရမှာဖြစ်ပါတယ်လို့ ရခိုင်ပြည်နယ်အရေး ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ဗွီအိုအေကိုပြောပါတယ်။


SEE ALSO:
ဂူတာပြင်တရားခွင် ပွင့်လင်းမြင်သာမှုရှိဟု တပ်မတော်ပြောဆို 


"တစ်အချက်ကတော့ အခြေအနေမှန်ကို အသိအမှတ်ပြုတယ်ဆိုတဲ့ အ ရိပ်အယောင်တွေ့ရတဲ့အတွက် ကျ နော်ကြိုဆိုပါတယ် ဒီကိစ္စဟာ။ နှစ်အချက်ကတော့ တစုံတရာ အရေး ယူဆောင်ရွက်မှုတွေ လုပ်နေပြီ။ ပထမ စုံစမ်းစစ်ဆေးမယ် (Court of Inquiry) နဲ့ စုံစမ်းစစ်ဆေးတယ်။ ပြီး တော့ အမှုတည်ဆောက်လောက် အောင် ခိုင်မာသောအထောက်အထားတွေ့တဲ့အတွက် Court-Martial လုပ်ပြီ Court-Martial လုပ်ပြီးတဲ့ တတိယ အဆင့်က တော့ Sentence လုပ်ပြီး အပြစ်ချလိုက်ပြီဆိုတော့-ဒီလို ကိစ္စရပ်တွေဟာ ဖြစ်ခဲ့တယ်ဆို တာကို မ ငြင်းဘူးဆိုတဲ့ အခြေခံသဘောတရားလေးသည် ပြဿနာတွေဖြေ  ရှင်းရေးအတွက် ဒါဟာ လမ်းစလေးတခု ဖြစ်သွားတဲ့အ တွက် ကျနော်ကြိုဆိုပါတယ်။ သို့သော်လည်းပဲ တ ချိန်တည်းပါပဲ ဟိုတခေါက်ကလိုတော့ အ ရေးယူပေးပြီးတော့မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်တယ်ဆို ရင်လည်း ပိုဆိုးသွားနိုင်တယ်။ ဒါတွေကို အ ရေးယူမှုလုပ်နေပြီဆိုတာပြသလိုက်တဲ့ Signal တခုဖြစ်လို့ အား လုံးအတွက် ထိရောက်မယ်လို့ ကျနော် ထင်ပါတယ်။"

စစ်တပ်ဘက်က ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင်တွေအပါအဝင် ဒေသခံတွေအပေါ် လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်ခဲ့တာတွေခံခဲ့ရတဲ့ နစ်နာခဲ့ရသူတွေနဲ့ မိသားစုတွေအပေါ် တ ရားမျှတမှုရဖို့ ဒီလိုအဖြစ်မျိုး နောက်နောင်-မဖြစ်စေရပါဘူးဆိုတဲ့ ကတိစကားနဲ့ လက်တွေ့ကျတဲ့ လုပ်ရပ် တွေကိုပြသပါလို့ မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့ ကိုလှထွန်းက ပြောပါ တယ်။

"အစတုန်းက သူတို့က ဒီလိုမျိုးအရပ်သားတွေကို သတ်တာဖြတ်တာ မရှိဘူးလို့ပြောတယ်။ နောက်ကျတော့ ဖြစ်ခဲ့တယ် ကျူးလွန်သူတွေကို အရေးယူတယ်လို့ပြောတယ်။ ဒါပေမဲ့ ဟိုတလောက အင်းဒင်ဖြစ်စဉ်ကို ကျ နော်တို့ ပြန်ကြည့်ဖို့လိုတယ်။ အဲ့တုန်းကလည်း ဒီလိုပဲစစ်ဆေးပြီးတော့ အရေးယူခဲ့တာတွေရှိတယ် ဒါပေမဲ့ လို့ နောက်ပိုင်းမှာ သူတို့တရားခံလို့သတ်မှတ်ပြီး ထောင်ချခဲ့တဲ့လူတွေကိုပြန်လွှတ်ပေးခဲ့တယ်။ ဆိုတော့ ဒါ တွေကို ကျနော်တို့က တရားမျှတယ်လို့ ယူဆလို့မရဘူး ခံစားလို့မရဘူး။

ဒီလိုအရပ်သားတွေအပေါ်မှာ နောက်နောင် ဒီလိုမျိုး မဖြစ်အောင် ကျူးလွန်မှုတွေ မရှိအောင် ဥပဒေတွေ တိ တိကျကျရှိလာဖို့ လိုတယ်။ သူတို့လုပ်ချင်သလိုလုပ်နေတာတွေကို သွားပြီးတိုင်တန်းဖို့နေရာ လည်းလို တယ်။ သူတို့က အဲ့လိုနေရာမျိုးတွေ လုပ်ပေးဖို့လိုတယ်။ ကျနော်တို့ဘက်က ဒီလိုမျိုး မတရားအသတ်ခံခဲ့ရ တာတွေ ကျနော်တို့အမျိုးတွေကို ကျနော်တို့လူမျိုးတွေကို သတ်ခဲ့တာတွေအပေါ် ကလဲ့စားချေချင်စိတ် လည်း မရှိဘူး။ ဒါပေမဲ့ ဒီလိုအသတ်ခံရတဲ့ မိသားစုဝင်တွေကို ပိုပြီးကျေနပ်စေမယ့်လုပ်ရပ်က ဒီလိုမျိုးနောက် နောင် မဖြစ်စေရဘူးလို့ စစ် တပ်ဘက်က ပြောလာရင် ကျနော်တို့က ကျေနပ်တယ်။"

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြား အသက်ဘေးက လွတ်အောင် ပြေးခဲ့ရတဲ့ သိန်းချီတဲ့ဒုက္ခသည် တွေထဲ က တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည် ဦးအောင်မြိုင်ကလည်း ဒီလိုစစ်တပ်ရဲ့ ကျူးလွန်သူတွေအပေါ် အရေးယူတယ်ဆိုတဲ့ ထုတ် ပြန် ချက်ကတော့-တကယ်ကျူးလွန်ခံရသူတွေအတွက် စစ်မှန်တဲ့ တရားစီရင်ချက်တခု မဟုတ်ဘူးလို့ ပြော ပါတယ်။

"တကယ်တမ်း သူတို့အရေးယူခဲ့မယ်ဆိုရင် အစကတည်းကနေ ဒီပြဿနာတောင် ဖြစ်စရာအကြောင်း မရှိ ဘူး။ တရားမျှတမှုမရှိလို့ ဒီလိုအခြေအနေအထိကို ရောက်သွားတာ ကျနော်တို့ လူမျိုးအချင်းချင်း ရခိုင် ရှိ တယ် မြိုရှိတယ် သက်ရှိတယ် ဒိုင်းနက်ရှိတယ် နောက် ရိုဟင်ဂျာရှိတယ် အစကတည်းက ညီအကိုတွေလို ခေတ်အဆက် ဆက်က ကျနော်တို့တွေ အတူတကွနေထိုင်လာခဲ့ကြတာ။ ဒီလိုနေခဲ့တာကို ရခိုင်မှာ လာပြီး တပ်မတော်ရဲ့ လုပ် ဆောင်ချက်တွေကြောင့် ပွင့်လင်းမြင်သာမှုမရှိပဲ တရားမျှတမှု မရှိလို့ နောက် လူမျိုးတခု နဲ့တခုကြား ပြဿနာဖြစ်အောင် လုပ်ပေးလို့ ရခိုင်ပြည်နယ်ဟာ ဒီအခြေအနေထိကို ရောက်သွားတာ။ တပ်မ တော်နဲ့ စစ်တပ်နဲ့ ဖြစ်ရင် ဘယ်သူ့ကိုမဆို မတရားနှိပ်စက်တာ ရှိတယ်၊ သတ်ပစ်တာရှိတယ်။ အခုဆိုလည်း ရခိုင်ပြည်နယ်တခုလုံးမှာ သူတို့က လူသားကို လူသားလို့ကို မမြင်ဘူး။"

ICJ ဆုံးဖြတ်ချက် တပ်မတော် လေးစားလိုက်နာဖို့ ဗြိတိန်ဝန်ကြီးနဲ့ သံတမန်တွေ တိုက်တွန်း

လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံးအထိ ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့- ဒီလိုစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတ ကာဖိအားကြောင့်လို့ ရိုဟင်ဂျာအရေး စောင့်ကြည့်လေ့လာအကဲခတ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းကလည်း အခုလိုရှု့မြင်ပါတယ်။

"ဒီလို ခုံရုံးတင်ပြီးဆိုကတည်းက တခုခုတော့ သူတို့အဖြေပေးရတော့မယ်လေ Pressure ကလည်း များလာ ပြီ။ လေတပ်ကလူတွေလည်း သိသွားတာပေါ့၊ သူတို့ရမ်းချင်တိုင်း ရမ်းလို့မရတော့ဘူးဆိုတာ သိသွားလိမ့်မယ်။ စစ် တပ်က ထင်တိုင်းကြဲခဲ့တာ နှစ်ပေါင်း နည်းတာမှမဟုတ်ပဲ။ အခုက ဘင်္ဂလားဒေ့ရှ်နဲ့ နီးလို့ ဒါမျိုး တွေ သတင်းတွေ ပေါ်တာ ရှမ်း ကချင် ကရင်မှာဖြစ်ခဲ့တာတွေ ဘယ်လောက်ကြမ်းတုန်း ဒါတွေက မပေါ်ဘူး လေ။ နိုင်ငံရေးအရဆိုရင် သူတို့ထွက်ပေါက်ရှာရပြီ။ အရင်တုန်းကဆို ဟိုလိုလိုဒီလိုလို တပ်မှူးတွေကိုဖြုတ်တာ အနားပေးတာ ဒါပဲရှိတာ။ အခုက Court-Martial ဆိုတာကို လုပ်ရပြီ အရုပ်ဆိုးတာက အလောင်းတွေ ဖော်ပြီး တွေ့မှာ အရေး ယူပြတာ အရင်တုန်းက အရေးမယူဘူး။ အခုမှ အလောင်းတွေ တွေ့မှ ပြောမယ်ဆို အရိုး တောင်ဆွေးနေပြီ ဒါမှ အရေးယူတာ မဖြစ်မနေ တွန်းအားကြောင့်သာ အရေးယူရတာ ဆိုတော့ နစ်နာတဲ့သူ တွေကို Public ကို ချမပြဘူး။ ဒါပေမဲ့ အရေးယူပြီး ကျနော်တို့ အထက်ကတပ်မှူးကြီးတွေလည်းမသိဘူး နေ ပြည်တော်က ခေါင်းဆောင်ကြီးတွေလည်း မသိဘူး၊ ဒီလူတွေ မှားတာဆိုပြီး ပုံချမယ် ဒါက ထုံးစံအတိုင်းပဲ။"

ဂူတာပြင် အမှုဟာ တပ်မတော်က ဒုတိယအကြိမ် ကိုင်တွယ်လာတဲ့ အမှုဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် ဧပြီလအ တွင်းကတော့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို သတ်ဖြတ်ခဲ့ တဲ့အမှု ကို တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ဖူးပါတယ်။ အဲဒီအမှုမှာ အရာရှိနဲ့ အခြားအဆင့် စစ် သည် ၇ ဦးကို တပ်မတော်က ထုတ်ပယ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမယ့် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့တယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ရှိခဲ့တယ်ဆိုရင် သတင်းပေးတိုင်ကြားနိုင်တယ်၊ သူတို့စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုထားပြီး ဒီဂူတာပြင်အမှုပြီးရင် မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာအမှုတွေကိုလည်း ဆက်စစ်ဆေးမယ်လို့ ထုတ်ပြန်တဲ့တပ်မတော် ရဲ့ကြေညာချက်အပေါ်မှာတော့ အကဲခတ်တွေဘက်က သတိကြီးစွာနဲ့ စောင့်ကြည့် နေ ကြ ဆဲဖြစ်ပါတယ်။

  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */