" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 25, 2019

လူသေအလောင်းအများအပြားတွေ့ရတဲ့ဆိုတဲ့ ဂူတာပြင် ဖြစ်စဉ်က ပြစ်မှုကျူးလွန်သူအချို့ကို စစ်တရားရုံးမှာ စတင် စစ်ဆေးတော့မယ်

B B C
ဘီဘီစီ မြန်မာပိုင်း
25နိုဝင်ဘာ2019

ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို မနက်ဖန် (နိုဝင်ဘာ ၂၆ ရက်နေ့)ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အေပီသတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လ အတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေ ကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင် အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခ သည်တွေရဲ့ ထွက်ဆိုချက်တွေ ရှိတယ်လို့ ပါဝင်ပါတယ်။

ဒီလိုလူတွေအစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရကြောင်း သက်သေအထောက်အထားတွေ ရရှိထားတယ် ဆိုပြီး အေပီ သတင်းဌာနက ပြောလာ ခဲ့တဲ့အပေါ် ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူးက ဒီသတင်းတွေ အပေါ်မှန် ကန်မှုရှိမရှိစုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဘီဘီစီကိုပြောထားပါတယ်။

   တပ်မတော် အက်ဥပဒေ နည်းဥပဒေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်ဟာ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်သင့်တယ်လို့ တင်ပြခဲ့တဲ့ ထင်မြင်ယူဆချက်တွေအရ စစ်ဖက်တရားစီရင်ရေး လုပ်ငန်းစဉ်များနဲ့ ဆောင်ရွက်လျှက်ရှိတယ်။ အဲ့လို ဆောင်ရွက် တဲ့ နေရာမှာ ပြစ်မှုကျူးလွန်တယ်လို့ ကနဦးတွေ့ရှိရသူများအပေါ်မှာ ရုံးထိုင်စစ်ဆေးခြင်းကို မနက်ဖြန် စတင်စစ် ဆေးဆောင်ရွက်မှာဖြစ်ပါတယ်။''လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

တပ်မတော်အနေနဲ့လည်း အစိုးရဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE နဲ့ ပူးပေါင်း ပြီးဆောင်ရွက်နေပြီး ICOE ရဲ့အစီရင်ခံစာထွက်လာတဲ့အခါမှာလည်း တပ်မတော်သားတွေက ပြစ် မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်မှုရှိရင် ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ဆက်လက် ပြောပြပါတယ်။

လူအများအပြား အသတ်ခံရတယ်ဆိုတဲ့ ဂူတာပြင်ဖြစ်စဉ်မှာကျူးလွန်ခဲ့သူတွေနဲ့ပတ်သက်ပြီး တပ်ဘက်ကို မေး မြန်းရာမှာတော့ ကျူးလွန်သူအရေအတွက်ကို အတိအကျထုတ်ပြောတာမျိုးမရှိပါဘူး။


'' စစ်ဖက်တရားရုံးရဲ့တရားစီရင်ရေးပြီးသွားတဲ့အခါမှာတော့ ထုတ်ပြန်သွားမှာပါ။ အခုလောလောဆယ် ကျွန် တော်ပြောနိုင်တာကတော့ ပြစ်မှုကျူးလွန်သူလို့ ကနဦးတွေ့ရှိသူများအပေါ်မှာဆောင်ရွက် သွားမှာဖြစ် ပါ တယ်။ အဲထဲမှာ အရာရှိအဆင့်နဲ့ အခြားအဆင့်ဆင့် စစ်သည်တွေပါဝင်ပါတယ်။''လို့ ဗိုလ်မှူးချုပ်ဇော် မင်း ထွန်းကပြောပါတယ်။

ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အေပီသတင်းဌာနကဖော်ပြခဲ့တဲ့ထဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြတဲ့ ဂူတာပြင် ရုပ်အလောင်းတွေဟာ ဖျောက်ဖျက်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ရခိုင်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အလောင်း ၁ဝ လောင်းတွေ့ ရှိခဲ့တဲ့ အပေါ် အစိုးရ စစ်သားတွေ ပါဝင်ပတ်သက်မှု ရှိကြောင်း တပ်မတော်ဘက်က ပထမဆုံး အကြိမ် အသိအ မှတ်ပြု ပြောဆိုခဲ့သလို ကျူးလွန်သူတွေကို အရေးယူတာတွေလည်းရှိခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */