" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 28, 2022

ဘူးသီးတောင် ဂူတာပြင်ကျေးရွာအနီး တိုက်ပွဲအပြင်းအထန် ဖြစ်၊ မူဆလင်လူကြီးတစ်ဦးကျည်စထိမှန်ဒဏ်ရာရ

နိရဉ္စရာ
အောက်တိုဘာ ၂၈/၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်နှင့် ဂူတာပြင်ကျေးရွာ နှစ်ရွာအကြားတွင် ရက္ခိုင့်တပ် တော်(AA ) နှင့် မြန်မာ့စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေက ၁ နာရီခန့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသ ခံမူဆလင်အမျိုးသားတစ်ဦးတွင်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

အနီးအနားရှိ ဒေသခံတစ်ဦးက “ တိုက်ပွဲက ည ၅ နာရီလောက်မှာ ကျောက်စာတိုင်နဲ့ ဂူတာပြင်ရွာအကြားမှာ ၁ နာရီလောက် အပြင်းအထန်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲပြီးသွားပေမယ့် သရက်တောင်ရွာ၊ ဘုရားကုန်းမှာ တပ်စွဲ ထား တဲ့ စစ်တပ်ကနေ နေရာအများကို လက်နက်ကြီးနဲ့ လှမ်းပစ်တော့ အဲဒီမှာမူဆလင်ကျေးရွာ လူကြီးတစ်ဦးမှာ ထိ ခိုက်ဒဏ်ရာ ရရှိသွားပါတယ်”ဟု ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူမှာ ဖိုးခေါင်ချောင်းအုပ်စု၊ ဖိုးခေါင် ချောင်း (မူ ဆ လင်)ကျေးရွာမှ အသက်(၆၃)နှစ်အရွယ် ဦးကာလူ (ခ) နိုရူဆလင် ဖြစ်သည်။

 သူသည် ယမန်နေ့အောက်တိုဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခန့်တွင် ဖိုးခေါင်ချောင်းကျေးရွာမှ စိမ်းညှင်းပြားရွာ ဖက်သို့ ဘာသာရေးတရားပွဲသို့ သွားစဥ် သရက်တောင်ရွာ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စ ခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်စဉ် ကျည်စထိမှန် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု စိမ်းညှင်းပြားကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

"သရက်တောင်ရွာဘုရားကုန်းမှာတပ်စွဲထားတဲ့ စခန်းက လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ဒီကနေ ကျည်စထိတာလို့ သိရတယ်။ မနေ့က ဂူတာပြင်နဲ့ ကျောက်စာတိုင်ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ အဲ့ဒါလက်နက်ကြီးနဲ့ အဘက် ဘက် ကို လှမ်းပစ်တာ။ မနေ့ညကလည်း တစ်ညလုံးပစ်တယ်" ဟု ၎င်းက ပြောသည်။ 

ကျည်စများသည် ဦးကာလူ (ခ) နိုရူဆလင်တွင် သူ၏ ဘယ်ခြေထောက်နှင့် ခန္ဓာကိုယ် အနှံ့တွင် ထိမှန်သွားခဲ့ပြီး ၎င်းအား စိမ်းညှင်းပြားရွာသားများက စိမ်းညှင်းပြားကျေးရွာရှိ ဗလီကြီးသို့ ယူဆောင်၍ ယင်းမှတဆင့် ဘူးသီး တောင်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။ 

ယမန်နေ့ညနေ ၅ နာရီခန့်က ကျောက်စာတိုင်ကျေးရွာနှင့် ဂူတာပြင်ကျေးရွာအနီး ရက္ခိုင့်တပ်တော်(AA)နှင့် မြန် မာ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့၍ စစ်တပ်ကအထိနာ၍ သရက်တောင်ရွာဘုရားကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် အနီးအနားဝန်းကျင်သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပုံရသည်ဟု ဒေသခံများက ပြောသည်။ 

ယင်းအပြင် ယမန်နေ့ ညအချိန်၌လည်း သရက်တောင်ရွာဘုရားကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တစ်ညလုံးပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်၊ နေ့လယ် ၁၁နာရီခန့်ကလည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားကျေး ရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် မူဆလင်အမျိုးသားတစ်ဦး လက်နက်ကြီးကျည် စထိမှန် ၍ သေဆုံးသွားခဲ့သည်။(NN-12)

Tags: စစ်ရေး#ကျေးလက်နေပြည်သူ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */