" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 12, 2020

ဂူတာပြင်သတ်ဖြတ်မှုအစိုးရထုတ်ပြန်ချက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့ ကန့်ကွက်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-12
ဂူတာပြင်သတ်ဖြတ်မှုကို ဘူးသီးတောင်တပ်ရင်းက စစ်တရားရုံးမှာ ၂၀၁၉ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကြားနာစဉ်၊ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာ အေ ရ အတွက်ကို မြန်မာအစိုးရက အပြည့်အစုံ တင်ပြခြင်းမရှိဘူးလို့ ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ် ခု က ဝေဖန်လိုက်ပါတယ်။

တပ်မတော်ရဲ့စစ်ဆင်ရေးအတွင်း ဂူတာပြင်ရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာအရေတွက် ၂၅ဝ နီးပါးရှိ ခဲ့ ပေမယ့် အစိုးရရဲ့အစီရင်ခံစာမှာ အကြမ်းဖက်သမား ၁၉ ယောက်ကို သုတ်သင်ခဲ့တယ်လို့ ဖော်ပြထားတဲ့ အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သြဂုတ်လ ၁၂ ရက် ဒီကနေ့ ရက်စွဲနဲ့ ဘင်္ဂလားဒေ့ရှ်အခြေ စိုက် ရိုဟင်ဂျာလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (ARSPH) က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

၂ဝ၁၇ သြဂုတ်လ ၂၇ နဲ့ ၂၈ ရက်နေ့က ဂူတာပြင်ရွာမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ၂၄၃ယောက် သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ (ARSPH) ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါ တယ်။ သေ ဆုံး သူတွေရဲ့ မိသားစုဝင်တွေနဲ့ အသက်ဘေးက လွတ်မြောက်လာသူတွေဆီကနေ အချက် အ လက်တွေကို စုဆောင်းနေတယ်လို့လည်း ဆိုပါတယ်။

ဂူတာပြင်ရွာ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အရာရှိ နှစ်ဦးနဲ့ စစ်သည် တစ်ဦးကို ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းတာကြောင့် အရေးယူခဲ့ကြောင်း ဇွန်လ ၃ဝ ရက်နေ့မှာ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသလို၊ တပ်မတော်ရဲ့ စစ်ခုံရုံးဖွဲ့ တရားစီရင်မှုဟာလည်း ပွင့်လင်းမြင်သာ မှု မရှိဘူးဆိုပြီး ပြည်တွင်း၊ ပြည်ပက ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */