လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2021-01-15
ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ မွတ်စလင်အပြင် တခြားတိုင်းရင်းသားလူနည်းစုအားလုံး အတူယှဉ်တွဲ နေထိုင်ရေး အတွက် အွန်လိုင်းဆွေးနွေးပွဲတခုကို လာမယ့် တနင်္လာနေ့ ကျင်းပဖို့ရှိပါတယ်။
ငြိမ်းချမ်းတဲ့ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်က စတင်ကာ ဆူပူမငြိမ်မသက်မှုတွေဖြစ်ခဲ့ပြီးနောက် မွတ်စလင် ရိုဟင်ဂျာ ၁ သန်း နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံရတဲ့ အခြေအနေအထိ ရောက်ရှိသွားခဲ့ပါတယ်။ ရခိုင် ပြည် နယ်မှာ ကျန်ရှိတဲ့ မွတ်စလင်တချို့လည်း လွတ်လပ်စွာသွားလာခွင့်မရပဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ဒီပြဿနာကို အဖြေရှာဖို့ ပြည်တွင်းပြည်ပ ကြိုးစားမှုတွေကလည်း အခု အ ချိန် အထိ ထင်ထင်ရှားရှား အောင်မြင်မှု မရရှိသေးပါဘူး။ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းရဲ့ အမြင်ကို အရင်ဆုံးတင်ပြချင်ပါတယ်။
“အဓိက ကတော့ ဘာသာရေးကြောင့်လဲ မဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်လူမျိုးတွေက မွတ်စလင်ဆိုပြီး နှိပ် ကွပ်တာလဲ မရှိပါဘူး။ ကျနော်တို့နဲ့ ချစ်ချစ်ခင်ခင် နေခဲ့ကြတာပါပဲ။ ရေရှည်မှာကျတော့ အစိုးရရဲ့ ပေါ်လစီ က မပြတ်သားတာလည်း ပါတယ်ပေါ့နော်။ ရခိုင်ပြည်နယ်မှာတော့ သူတို့နေခွင့်ရတယ်။ ဒါပေမယ့် ပြည်မကို ကျတော့ လာခွင့်မပေးဘူးပေါ့။ ပြီးတော့ နိုင်ငံရေးကစားတာတွေ ရှိတယ်။ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စ အ မတ်ဝင် အရွေးခံရတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်မှာ သူတို့ဟာ ရခိုင်လူမျိုးတွေနဲ့ သီးခြားနေလိုတယ်ဆိုတဲ့ကိစ္စ စိတ် ဝမ်းကွဲမှုတွေ သူတို့ဘက်က လုပ်ခဲ့တာတွေ ရှိတာပေါ့။”
မွတ်စလင်တွေရဲ့ လူဦးရေပေါက်ဖွားမှုနှုန်း အဆမတန်များပြားတဲ့ ပြဿနာကိုလည်း ရခိုင်လူမျိုးတွေက အထူး စိုးရိမ်နေကြတယ်လို့ ဦးဖေသန်း ကပြောပါတယ်။
“ကျနော်တို့ ရခိုင်ပြည်နယ်မှာ လူ သုံးသန်းလောက် ရှိတဲ့အချိန်မှာ သူတို့က ၁ သန်းလောက် ဖြစ်လာတယ်။နောက် ၁ဝ နှစ်၊ နှစ် ၂ဝ လောက် ဆိုရင် သူတို့ဘက်က ရခိုင်ဦးရေကို ကျော်သွားတော့မှာပေါ။ အဲလို မွတ်စ လင်တွေက လွှမ်းမိုးသွားရင် နောက်ပိုင်းမှာ ဂျီဟတ်စစ်ပွဲတွေကို ဆင်နွှဲလာနိုင်တယ်ဆိုတဲ့ အယူအဆတွေ လည်း ရှိတယ်။ ကိုယ့်ရဲ့ ရခိုင်ပြည်နယ်ရဲ့ အဓိက လူမျိုးတမျိုး က အနည်းစုဖြစ်သွားမှာလဲ စိုးရိမ်တယ်။ ဒီ လူ ဦးရေ ထိန်းချုပ်မှု ဥပဒေလဲ ရှိပါတယ်။ ဒါပေမဲ့ အစိုးရက အကောင်အထည် မဖော်နိုင်ဘူးပေါ့နော်။ ရှေ့ လျှောက်ပြီးတော့ ဘယ်လို နေထိုင်သွားရင်ဖြစ်မလဲ။ အစိုးရကလည်းပဲ ပေါ်လစီနဲ့ပေါ့နော် သူတို့ကို နိုင်ငံ သားဆိုရင်လဲ နိုင်ငံသား၊ ဧည့်နိုင်ငံသားဆိုရင်လဲ ဧည့်နိုင်ငံသား အဲလို ပြတ်ပြတ်သားသား လုပ်ပေးဖို့ လို တယ်။ နိုင်ငံသားဆိုရင်လည်း တနိုင်ငံလုံးကို သွားနိုင်တဲ့ အဆင့်ပေါ့နော်၊ ကျနော်တို့ ရခိုင်ပြည်နယ်မှာပဲ ပိတ်လှောင်ထားပြီးတော့ ရခိုင်လူမျိုးတွေနဲ့ ထိပ်တိုက်တွေ့စေတဲ့ အလုပ်မျိုးပေါ့နော် အစိုးရမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ မွတ်စလင်ခေါင်းဆောင်တွေရော ရခိုင်ခေါင်းဆောင်တွေရော ဒီပေါ်မှာ ပွင့်ပွင်းလင်းလင်း တယောက်ရဲ့စိုးရိမ်မှုနဲ့ တယောက်ရဲ့စိုးရိမ်မှု ညှိနှိုင်းပြီးတော့ သွားမယ်ဆိုရင် ပဋိပက္ခတွေ ချုပ်ငြိမ်းသွား မယ် လို့ သုံးသပ်ပါတယ်။”
လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ရခိုင်ပြည်နယ်မှာ သူတို့ ရိုဟင်ဂျာမွတ်စ လင်တွေနဲ့ တခြားတိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြတာပါ။ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာ မရှိပါဘူးလို့ ပြောပါတယ်။
“၂ဝ၁၂ တို့ ဘာတို့ ဖြစ်ခဲ့တယ်ဆိုတာကလည်း စစ်တပ်က ဖန်တီးပေးလိုက်တဲ့ ပြဿနာလို့ ယူဆတယ်။ ကျ နော်တု့ိ အနေနဲ့ ရခိုင်တိုင်းရင်းသား ညီအစ်ကိုတွေ တခြားတိုင်းရင်းသား လူနည်းစု ညီအစ်ကိုတွေနဲ့ ကျနော်တို့ ရှေ့ဆက်ပြီး လက်တွဲနိုင်မှာပါ။ ကျနော်တို့လိုအပ်တာက တယောက်နဲ့တယောက် အပြန်အလှန်နား လည်မှု Trust Relationship ယုံကြည်မှုတည်ဆောက်ပြီးတော့ ကျနော်တို့ ရှေ့ဆက်သွားလို့ရမယ်လို့ မျှော် လင့်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရိုဟင်ဂျာတွေရော ရခိုင်တွေရော တခြားလူနည်းစုတွေ ရော ဒီစစ်တပ်ရဲ့ ရက်စက်မှုပေါင်းစုံကို ခံနေရတာ။ ဒီနေရာမှာ အစိုးရကလည်း ရိုဟင်ဂျာ ရခိုင် နဲ့ တခြားလူ နည်းစုတွေ နား လည်မှုတည် ဆောက်နိုင်အောင် လုပ်ပေးနိုင်ရင်၊ ကျနော်တို့ ရခိုင်ပြည်နယ်မှာပေါ့နော် ရခိုင် ရိုဟင်ဂျာ တခြားလူနည်းစုအားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ် ခင်ဗျ”
ရခိုင်ပြည်နယ်မှာ လူမျိုးဘာသာ မတူကွဲပြားတဲ့ အသိုင်းအဝန်းတွေ အတူတကွ ပြန်လည်ယှဉ်တွဲ နေထိုင်ရေး အတွက် သက်ဆိုင်ရာတွေက ဘယ်လို အဖြေရှာကြမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment