VOA
"ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ လူကုန်ကူးနေတဲ့ ကွန်ယက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက် မှုတွေကို တွေ့ရှိခဲ့ရတာကြောင့် အရေးယူဖို့ စီစဉ်နေကြောင်းနဲ့ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အ လက်တွေကိုလည်း ထိုင်းဝန်ကြီးချုပ်ထံ အစီရင်ခံ တင်ပြထားကြောင်း" မနေ့တုန်းက ဘန်ကောက်မြို့တော်က လူမှောင်ခိုမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရဲချုပ်က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ကန်ချနဘူရီခရိုင်မှာ လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး စုံစမ်းဖော်ထုတ်ရာက အာဏာပိုင်တွေနဲ့ ပတ်သက်မှုတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်တုန်းကပဲ ဘန်ကောက်မြို့ တော် မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေသူတချို့ အပါအဝင် တရားမဝင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၂၀ ကို စစ် ဆေးတွေ့ရှိခဲ့ရာက လူမှောင်ခိုမှုတွေကို ထိုင်းအာဏာပိုင်တွေ ဆက်လက် ရှာဖွေဖော်ထုတ်နေတာလည်း ဖြစ်ပါ တယ်။ ရိုဟင်ဂျာတွေကို လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး ဘန်ကောက်မြို့မှာရော နယ်စပ်ဒေသမှာပါ နောက် ဆက် တွဲ မြန်မာနိုင်ငံသား ၁၀ ဦးထက် မနည်းကို ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း ထိုင်းဒုရဲချုပ်ကပြောပါတယ်။
Link : Here
ဗွီအိုအေ (မြန်မာဌာန)
မအေးအေးမာ
15 ဇန္နဝါရီ၊ 2021
မအေးအေးမာ
15 ဇန္နဝါရီ၊ 2021
ကိုဗစ်ကာလအတွင်း ကမ်းချနဘူရီခရိုင်မှာ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ် - ဇန်နဝါရီ ၁၄၊ ၂၀၂၁)
ထိုင်း-မြန်မာနယ်စပ်မှာ မကြာသေးခင်တုန်းက လူမှောင်ခိုမှုတွေနဲ့ ဆက်နွယ်ပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ အပါ အဝင် အာဏာပိုင် ၃၃ ယောက်ကို အရေးယူသွားမယ့်အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်တဲ့ သ တင်း ကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်း ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ ကမ်ချဘူရီခရိုင် လူမှောင်ခိုမှုတွေမှာ ထိုင်းအာဏာပိုင်တွေ ပါဝင် ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အရေးယူမယ့်အကြောင်း ပြောဆိုလိုက်တာပါ။ လူမှောင်ခိုမှု တွေနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့ဝင် ၂၀ အပါအဝင် ထိုင်းအာဏာပိုင် ၃၃ ယောက်ကို အရေးယူမှာ ဖြစ်ကြောင်း လည်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် နယုံစပ် ကစ်တီစဖတ် က ပြောပါတယ်။
"ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ လူကုန်ကူးနေတဲ့ ကွန်ယက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက် မှုတွေကို တွေ့ရှိခဲ့ရတာကြောင့် အရေးယူဖို့ စီစဉ်နေကြောင်းနဲ့ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အ လက်တွေကိုလည်း ထိုင်းဝန်ကြီးချုပ်ထံ အစီရင်ခံ တင်ပြထားကြောင်း" မနေ့တုန်းက ဘန်ကောက်မြို့တော်က လူမှောင်ခိုမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရဲချုပ်က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ကန်ချနဘူရီခရိုင်မှာ လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး စုံစမ်းဖော်ထုတ်ရာက အာဏာပိုင်တွေနဲ့ ပတ်သက်မှုတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်တုန်းကပဲ ဘန်ကောက်မြို့ တော် မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေသူတချို့ အပါအဝင် တရားမဝင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၂၀ ကို စစ် ဆေးတွေ့ရှိခဲ့ရာက လူမှောင်ခိုမှုတွေကို ထိုင်းအာဏာပိုင်တွေ ဆက်လက် ရှာဖွေဖော်ထုတ်နေတာလည်း ဖြစ်ပါ တယ်။ ရိုဟင်ဂျာတွေကို လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး ဘန်ကောက်မြို့မှာရော နယ်စပ်ဒေသမှာပါ နောက် ဆက် တွဲ မြန်မာနိုင်ငံသား ၁၀ ဦးထက် မနည်းကို ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း ထိုင်းဒုရဲချုပ်ကပြောပါတယ်။
SEE ALSO:
ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ် သမားရေး လှုပ်ရှားသူဦးမင်းဦးက လည်း အခုလိုပြောပြပါတယ်။
"အထူးစုံစမ်းရေးအဖွဲ့က စစ်နေတာပေါ့... ၃၃ ယောက်လို့ ပြောတယ်။ လူမှောင်ခိုမှုနဲ့ ဆက်စပ်နေတဲ့အုပ် စုပေါ့ နော်။ တခြား သက်ဆိုင်ရာအာဏာပိုင်တွေ... မြို့နယ်အာဏာပိုင်တွေ ပါတယ်။ အဲဒီ အယောက် ၃၀ ကျော် ထဲမှာ အဓိက ကျူးလွန်သူတွေက ဘယ်နှစ်ယောက်လဲ။ ဒါမျိုးတွေ အဓိကစုံစမ်းနေတယ်။ တရားမဝင် လူမှောင် ခိုသွင်းတဲ့သူတွေ အကူညီပေးတဲ့သူတွေ လူမှောင်ခိုမှုမှာ ဆက်စပ်နေတဲ့သူတွေကို စစ်တာ ဟိုတလောကပဲ ဘန်ကောက်ကို ရိုဟင်ဂျာ ၂ သုတ် ရောက်လာသေးတယ်။ ဒီကိစ္စတွေက သူတို့မပါဘဲ ဘယ်လို့မှ မဖြစ်နိုင်တာ လေ။"
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင် ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက် စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါ တယ်။

No comments:
Post a Comment