VOA
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ၁၀၀,၀၀၀ ကျော်ကို စခန်းတွေထဲ ဆက် ထိန်းသိမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့က မြန် မာအစိုးရ အနေနဲ့ ဒီရိုဟင်ဂျာ ၁၃၀,၀၀၀ ကို နေချင်စရာမရှိတဲ့ ရခိုင်ပြည်နယ်က စခန်းတွေထဲ ဆက်ထိန်းထားတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့ကြောင့်မို့ မြန်မာမွတ်ဆလင်အသိုင်းအဝိုင်းအတွက် လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခရှိမှုတွေ ပြန်ဖော်ဆောင်နိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတကာအနေနဲ့ ဖိအားပေးသင့်တယ်လို့ ဒီ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆက်တောင်းဆိုလိုက်ပါတယ်။ ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robinson ကလည်း မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်တွေ စခန်းထဲမှာ ထိုင်ပြီး ဆွေးမြေ့သွားအောင်လုပ်နေတာဖြစ်တယ်ဆိုပြီး၊ အခုလိုဆက်ဝေဖန်လိုက်ပါတယ်။
“လက်တွေ့မှာ ပြနေတာက မြန်မာအစိုးရအနေနဲ့ ပြည်ထောင်စုအဆင့်မှာရော၊ ပြည်နယ်အဆင့်မှာရော၊ လုံခြုံ ရေး တပ်တပ်ဖွဲ့တွေအဆင့်မှာပါ အထောက်အထားအရ တွေ့ရှိထားတဲ့ လက်ရှိ လူမျိုးရေးခွဲခြား၊ ဖိနှိပ်ချုပ်ချယ် တဲ့ နိုင်ငံတကာပြစ်မှုတွေကို ပြောင်းလဲဖို့ နိုင်ငံရေး အာသီသမရှိသေးပါဘူး။” လို့ ပြောသွားတာပါ။
စာမျက်နှာ ၁၆၅ မျက်နှာပါတဲ့ ဒီအဖွဲ့ ထုတ်ပြန်ချက်ထဲမှာပဲ ရခိုင်ပြည်နယ်ထဲက ထိန်းသိမ်းရေးစခန်း ၂၄ ခုမှာ၊ ခုလို တင်းတင်းကြပ်ကြပ်ထားတာကြောင့် ရိုဟင်ဂျာတွေရဲ့ အခြေခံအသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေတယ် လို့ ဆက်ဝေဖန်ထားပါတယ်။
မြန်မာအစိုးရအနေနဲ့တော့ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံထားခြင်း မရှိပါဘူး။

Link : Here
No comments:
Post a Comment