" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 25, 2020

အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး လက်မ ခံ ဟု မြန်မာပြော

ဧရာဝတီ

By ဇူးဇူး
24 June 2020  

နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လူ့အခွင့်အရေးကောင်စီတွင် ပြောဆို လိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ပြုလုပ်သော လူ့အခွင့်အရေးကောင်စီ၏ (၄၃) ကြိမ်မြောက် ပုံမှန်အစည်း အ ဝေးတွင် ဥရောပ သမဂ္ဂ (EU) မှ တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုအား မြန်မာနိုင်ငံက လက်မခံဘဲ ပယ်ချခဲ့ ရာတွင် ထိုကဲ့သို့ ထည့်သွင်းပြော ဆိုခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မိုးထွန်းက “နိုင်ငံတနိုင်ငံအပေါ် ဦးတည်ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်တာမျိုး ရှောင်ရှားရမှာဖြစ် ပြီး နိုင်ငံတနိုင်ငံအပေါ် ဦးတည်သတ်မှတ်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေဟာ မြေပြင်အခြေ အနေ တိုးတက်ကောင်းမွန်လာရေး ကို အားပေးရာမရောက်ဘဲ ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်” ဟု ကန့်ကွက် ပြောဆိုခဲ့သည်။

EU ၏ ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် လက်တွေ့အမှန်တရားကို ထင်ဟပ်မှုမရှိ သကဲ့သို့ မိမိတို့ ရင်ဆိုင် နေရသည့်  စိန်ခေါ် မှုများကို ကျော်လွှားရန် အဖြေရှာရန် အထောက်အပံ့ မဖြစ်ကြောင်း၊ နိုင်ငံတကာ အ သိုင်း အဝန်း အနေဖြင့် မြန်မာနိုင်ငံ အပေါ် အဟန့်အတားများ ပြုလုပ်မည့်အစား လက်ကမ်းကူညီမှု ပြုလုပ် သင့်ကြောင်း ၎င်းက ပြောကြားသည်။

EU ၏ ဆုံးဖြတ်ချက် အဆိုမူကြမ်းတွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေး အပါအဝင်လူ့အခွင့်အရေးအခြေအနေ များ တိုး တက်မှု မရှိသေးကြောင်း၊ တရားစီရင်မှုအပိုင်း အားနည်းနေသေးကြောင်း၊ အထူးသဖြင့် ရခိုင်နှင့် ချင်းပြည် နယ်တို့အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေပြီး ထိုကိစ္စများအား စုံ စမ်း စစ်ချိန်၌လည်း အခက်အခဲများ ရှိနေကြောင်း စ သည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဖိနှိပ်မှုများကို ဖြေရှင်းရန် ရည်ရွယ်ပြီး တရား မျှတမှုနှင့် တာဝန်ခံမှု ရရှိရေးကို တောင်းဆိုထားကြောင်း မူကြမ်းကို ဦးဆောင်ရေး ဆွဲ ခဲ့သည့် ဥရောပသမဂ္ဂကိုယ်စား ခရိုအေးရှားနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Vesna Batisciko က ညီလာခံတွင် ပြောကြားခဲ့ကြောင်း VOA သတင်းဌာန မြန်မာပိုင်းတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးဟူသည် နိုင်ငံတနိုင်ငံ၊ အချုပ်အခြာအာဏာတခု၊ ဘာသာလူမျိုးရေးတခု၏အောက်၌ သီး သန့် ဆိုခြင်းမျိုး မ ရှိတော့ဘဲ လူသားအားလုံးသည် ကမ္ဘာ့ရွာကြီးတွင် ကမ္ဘာ့လူသားများ ဖြစ်သွားရာ လူတ ယောက်အပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းသည် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်ခြင်းသာဖြစ်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင် မျိုးမင်းက ရှင်းပြသည်။

၎င်းက “ဒါက ဝင်ရောက်စွက်ဖက်မှုလား။ အမှန်တကယ် ချိုးဖောက်မှုဖြစ်လို့ လူသားအရေးအတွက် လုပ် ဆောင်တာလား။ အဲဒီနှစ် ခုကိုတော့ ရှင်းရှင်းလင်းလင်းမြင်ဖို့ လိုအပ်တယ်။ အချုပ်အခြာအာဏာဆိုပြီး ဘာ လုပ်လုပ် အ ကုန်တားဆီးတဲ့ ပုံစံက ခေတ် လည်း မမီတော့သလို ဘယ်လိုမှ ဒီတိုင်းတားဆီးနိုင်တော့မှာ မ ဟုတ်ပါဘူး” ဟု ထောက်ပြသည်။

ဆက်လက်၍ ၎င်းက အထူးလုပ်ထုံးလုပ်နည်းအရ စုံစမ်းပြီးလုပ်ဆောင်မှုမျိုး(Special Procedure) ကို နိုင်ငံ အ တော်များ များက လက်မခံကြသော်လည်း မြန်မာနိုင်ငံ၏ အခြေအနေသည် လူ့အခွင့်အရေးနှင့် ပတ်သက် ၍ တိုးတက်လာမှုမရှိခြင်း၊ ရခိုင် အပါအဝင် တိုင်းရင်းသားဒေသ လက်နက်ကိုင် ပဋိပက္ခများအကြား ဖြစ်ပွား နေသည့် ကိစ္စများသည် အထူးအာရုံစိုက် ပြီး လုပ်ဆောင်ရမည့် ကိစ္စမျိုးဖြစ်နေခြင်းတို့ကြောင့် တချို့စုံစမ်းစစ် ဆေးရေး လုပ်ငန်းစဉ်များ ဆက်လက်ရှိရန် လိုအပ်နေ သေးသည်ဟု ဆိုသည်။

ဦးအောင်မျိုးမင်းက “ကျနော်တို့ အရင်အစိုးရပုံစံအတိုင်းပဲ ဖြစ်နေတာ တွေ့နေရတယ်။ နိုင်ငံတကာက ဝင် ရောက်ပြီး ဒီလို မျိုးလုပ်ဆောင်မှုကို မဟုတ်ပါဘူးဆိုပြီး ငြင်းဆန်မှု ဖြစ်တယ်။ မဟုတ်ပါဘူးလို့ ကမ္ဘာမှာ ငြင်း ဆန်နေပေမယ့် တကယ် ဖြစ်နေတဲ့ဟာကိုတော့ ငြင်းလို့မရဘူးထင်တယ်။ အဲဒါမျိုးလုပ်ဆောင်ခြင်းက ပိုမိုပြီး တော့ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေတယ်” ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ နောက်ဆုံး အစီ ရင်ခံစာအရ ပြစ် မှု ကျူးလွန်သူများကို အရေးယူရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်း တာဝန်ခံမှု၊ တာဝန်ယူမှု လုပ်ငန်း စဉ် ဆောင်ရွက်နေမှုကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ကြောင်း လူ့အခွင့် အရေးကောင်စီ၏ အစည်းအဝေးတွင် ဦးကျော်မိုး ထွန်းက ပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်တွင်းရှိ ရာဇဝတ်မှု ကျူးလွန်ခြင်းများကိုပင် ထိ ရောက်သည့် အရေးယူမှုမျိုး မရှိသေးရာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ပါသည်ဟု စွပ်စွဲခံရသည့် ကိစ္စမျိုး၌ တရားဥပဒေအရ အရေးယူနိုင်ရေး များစွာအခက်အခဲ ရှိနေအုံးမည်ဟု လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

ရခိုင်အမျိုးသားပါတီ (ANP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ၎င်းအနေဖြင့် နိုင်ငံတကာသို့ ပေါက် ရောက်သွားသည့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မှတ်ချက်မပေးချင်သော်လည်း ပြည်ထောင်စုသား ရခိုင်လူမျိုးတို့၏ ဆင်းရဲဒုက္ခရောက် နေသည့် ပကတိအနေအထားပေါ် အစိုးရက လျစ်လျူရှုထားမှုများအား ပြောဆိုသည်။

တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားများ သေကြေ၊ ထိခိုက်နေ ရခြင်း၊ ဖမ်း ဆီးအချုပ်နှောင်ခံ၊ ညှဉ်းပန်းအနှိပ်စက်ခံရခြင်းများ၊ အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား ထိရောက်သည့် ကူညီဆောင် ရွက်မှုများ မပြုနိုင်ခြင်း၊ ကူညီဆောင်ရွက်မှု ပြုသည့်နေရာတွင်လည်း အတား အဆီး၊ အကန့်အသတ်များ အပါအဝင် တနှစ် ကျော်လာသည့် အချိန်အတွင်း တိုက်ပွဲများကို လျှော့ချနိုင် သည့် အနေအထား မရှိခြင်းတို့ကို ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်သည့် EU က တင်သွင်းခဲ့သော ဆုံးဖြတ်ချက် အား မြန်မာက ပယ်ချခဲ့သော်လည်း လူ့အခွင့် အရေးကောင်စီတွင် မဲခွဲခဲ့ရာ၌ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၈ မဲနှင့် ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂယန္တရားအရ တနေရာတည်းတွင် ပြီးသွားမည် မဟုတ်ဘဲ တခုနှင့်တခု ချိတ်ဆက်မှု ရှိသည့်အ တွက် နိုင်ငံ့ခေါင်း ဆောင်များအနေဖြင့် အမြော်မြင်ရှိရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ယခုထက် ပိုမို ကြီး မားသည့် နောက်ထပ် နိုင်ငံတ ကာ ဖိအားများ၊ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများ ရှိနိုင်မည်ကို သဘောပေါက်စေချင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက သတိပေး ပြောဆိုသည်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */