2020.06.25
■ အင်ဒိုနီးရှားနိုင်ငံမြောက်ဘက် အစွန်ဆုံး အာချေးပြည်နယ်အတွင်း ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အင်ဒိုနီးရှား ရေလုပ်သားတွေက ဆာလောင်နေတဲ့ ရိုဟင်ဂျာ ၉၄ ဦးပါတဲ့ သစ်သားစက်လှေတစီးကို တွေ့ရှိ ခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောတယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထား ပါတယ်။
ဒီလှေကို ကမ်းခြေက လေးမိုင်အကွာမှာ ရေလုပ်သား သုံးဦးက တွေ့ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာလှေပေါ်ပါသူ တွေဟာ အင်ဒိုနီးရှားလှေကို တွေ့တဲ့အခါ အော်ဟစ်အကူအညီတောင်းခဲ့ပါသလို့ တချို့လှေပေါ်က ခုန်ချပြီး တံငါလှေထံကို ရေကူးလာသူတွေရှိတယ်လို့ ရဲမင်းကြီး မိုဟာမက် ဂျမေးလ်က ပြောပါတယ်။
သူတို့လှေဟာ ကမ်းဘက်ကိုလာစဉ်မှာ စက်လည်းရပ်သွားပါတယ်။ လှေပေါ်မှာ အမျိုးသမီး ၄၉ ဦး၊ အမျိုး သား ၁၅ ဦးနဲ့ ကလေး ၃ဝ ဦးပါပြီး သူတို့ကို အစားအစာနဲ့ ရေတွေ ပေးထားသလို ဒေသခံတွေက အဝတ် အထည်တွေပေးပါတယ်။
လက်ရှိမှာ သူတို့ဟာ လှေပေါ်မှာသာရှိနေကြပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို စောင့်နေတယ်လို့ ရဲမင်းကြီးက ပြောပါတယ်။
FB
No comments:
Post a Comment