ဧရာဝတီ
ဆလိုင်းသန့်စင်
24 June 2020
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် မြင်းကကွင်းကျေးရွာသို့ တရားမဝင် ဝင်ရောက်လာသည့်ရခိုင် ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင် ၁၆ ဦးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သ တင်း ရရှိသည်။
ဆလိုင်းသန့်စင်
24 June 2020
မြောင်းမြမြို့နယ်၌ ဖမ်းဆီးရမိသည့် မွတ်စလင်များ / ဘိုဘို / မြောင်းမြ
မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက “ကျနော်တို့ သတင်း ရရခြင်း ကွင်းဆင်း စစ်ဆေး မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ပြည်သူတွေရဲ့လူမှုဘ၀ လုံခြုံရေးနဲ့ ကျန်းမာရေး လုံခြုံမှုအတွက် ချက်ခြင်း သွား ရောက်စစ်ဆေးခဲ့ရာမှာ သူတို့ကို မြင်းကကွင်းကျေးရွာ လယ်တဲတခုမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီကို ပြောသည်။
ဖမ်းဆီးရမိသည့် ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်စလင် ၁၆ ဦးတွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေးငယ် ကျား ၁ ဦးနှင့် မ ၁ ဦးတို့ ပါဝင်ပြီး မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့က ၎င်းတို့ မူလနေထိုင်သည့်ဒေသ၊ မြောင်းမြမြို့နယ်သို့ ဝင်ရောက် လာသည့် လမ်းကြောင်းများကို စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များမှာ ရေလမ်းခရီးကို အသုံးပြု၍ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ် မြို့ နယ်ရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ကမ်းခြေဒေသများ၊ ငပုတောမြို့နယ်ရှိ ငရုတ်ကောင်း ကမ်း ခြေဒေသ၊ ဟိုင်းကြီး ကျွန်းမြို့၊ သာပေါင်းမြို့စသည့် ဒေသများမှ ဝင်ရောက်လေ့ ရှိသည်။
ထို့ပြင် ကုန်းလမ်း ခရီးဖြင့်လည်း ပုသိမ်- မုံရွာလမ်းမှတဆင့် ကြံခင်း၊ ငါးသိုင်းချောင်း၊ ညောင်တုန်းမြို့များကို ဖြတ်၍ မြန် မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ခိုးဝင်ရန် ကြိုးပမ်းလေ့ ရှိသော်လည်း မြောင်းမြမြို့ နယ်မှ တဆင့် ဝင်ရောက် ရန် ကြိုးပမ်းမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
မြောင်းမြမြို့ခံ ကိုဘိုဘိုက “မြောင်းမြမှာ အရင်တုန်းက ဘင်္ဂါလီတွေ ဖမ်းမိတယ်ဆိုတာ မရှိခဲ့ဘူး။ ဒါက ပထ မဆုံးပဲ။ မိတဲ့နေ ရာက မြောင်းမြ- ငပုတော- လပွတ္တာ နယ်စပ် ဖြစ်တယ်။ ပင်လယ်ကနေဆိုရင် လပွတ္တာမြို့ နယ် အောက်ပိုင်းကနေ ရေ ကြောင်းနဲ့ ဝင်လာလို့ ရတယ်။ ဒေသခံတွေကတော့ ဒေသလုံခြုံရေးနဲ့ ကျန်းမာ ရေးအရ ဒီလူတွေမှာ ကိုဗစ်ရောဂါ ပါလာမှာ လား စိုးရိမ်နေကြတယ်။ တာဝန်ရှိသူတွေကတော့ သူတို့ကို ဘုန်းကြီးကျောင်းမှာ သီးသန့် ကွာရန်တင်းထားပြီး စောင့်ကြည့် နေတယ်” ဟု ပြောသည်။
ထို့ပြင် ပုသိမ်မြို့နယ်အတွင်းသို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၀ ဖေဖော်ဝါရီလများတွင် ပင်လယ်ရေ ကြောင်းမှတဆင့် ရခိုင် မြောက်ပိုင်းနေ မွတ်စလင် ၁၂၈ ဦး တရားမဝင် ဝင်ရောက်လာသည့်အတွက် ပုသိမ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး ဌာ နက တရားလို ပြုလုပ်၍ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကူးစက် မြန် ကိုရိုနာရောဂါ ဖြစ်ပွားခဲ့သည့်နောက် ဧပြီလ ၈ ရက်တွင် ၎င်းတို့ အား လုံးကို အမှုပိတ်သိမ်း၍ ရခိုင်ပြည် နယ်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
Link : Here
No comments:
Post a Comment