B B C
ဘီဘီစီ မြန်မာပိုင်း
၀၃ နိုဝင်္ဘာ ၂၀၁၉
ဘီဘီစီ မြန်မာပိုင်း
၀၃ နိုဝင်္ဘာ ၂၀၁၉
၃၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ထိပ်သီး အစည်း အဝေးနဲ့ ဆက်စပ်အစည်း အဝေးတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပနေပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးတွေ အပြင် တခြား ဆက်စပ် အစည်း အဝေးတွေ ဖြစ်တဲ့ အာဆီ ယံ-ကုလသမဂ္ဂ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစည်းအဝေးတွေကိုလည်း ကျင်းပပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်လည်း တက် ရောက်နေပါတယ်။
အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးကို လာရောက်တဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတား ရက်စ်က ရိုဟင်ဂျာအရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖြေရှင်းပေးဖို့ တိုက်ရိုက် မေတ္တာရပ်ခံ လိုက်ပါ တယ်။

နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ အညီ ဒုက္ခသည်တွေ သူတို့ရဲ့သဘောဆန္ဒနဲ့ သိက္ခာရှိရှိ ပြန် လာနိုင်ဖို့ အထောက်အကူ ပြုမယ့် အခြေအနေကို ဖန်တီးပေးဖို့ လိုပါတယ်" လို့ မစ္စတာ ဂူတားရက်စ်က ပြောပါတယ်။
ဒီအရေးနဲ့ ပတ်သက်ပြီး တစုံတရာ အရေးယူဆောင်ရွက်မှု မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကုလ သမဂ္ဂက ဝေဖန်ပါတယ်။
ဒီအစည်းအဝေးမှာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက်ကို အာဆီယံနဲ့ ဒေသတွင်း ခေါင်း ဆောင်တွေအကြား အပြီးသတ် သဘောတူညီဖို့က နှောင့်နှေး နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
တရုတ်က ထောက်ခံထားတဲ့ ဒေသတခုလုံး အကျုံးဝင်တဲ့ စီးပွားရေး လက်တွဲဖက် (RCEP)ဆိုပြီး အမည်ပေး ထားတဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်ကို နောက်ဆုံး အချိန်မှာ အိန္ဒိယက သဘောမတူခဲ့လို့ နှောင့်နှေး မှုတွေ ဖြစ်ခဲ့တယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းမှာ ရေးပါတယ်။

ဒီသဘောတူညီချက်ကို ထောက်ခံရင် နိုင်ငံရဲ့ ထုတ်လုပ်မှု သွင်းကုန်တွေတိုးပြီး စိုက်ပျိုးရေး ကဏ္ဍအပေါ်မှာ အကျိုး သက်ရောက်မှု ရှိလာနိုင်တဲ့ အပေါ် စိုးရိမ် ပူပန်လို့ အိန္ဒိယက မထောက်ခံတာလို့လည်း ဆိုပါတယ်။
ဒါ့အပြင် တရုတ်နဲ့ ဗီယက်နမ်အကြားတောင်တရုတ်ပင်လယ် အရေး ကိစ္စနဲ့ ပတ်သက်ပြီး မပြေလည် မှုတွေ ရှိနေပေမယ့် ဒီအစည်းအဝေးမှာ တရုတ်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပါတယ်။
နှစ်ဖက်စလုံးက ရေကြောင်းဆိုင်ရာ ကိစ္စတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဖန်တီး ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါ တယ်။

အာဆီယံအစည်းအဝေးမှာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ဘာပြောလဲ။
နိုဝင်ဘာ ၂ ရက်နေ့က အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး မိန့်ခွန်းမှာ ဒေါ်အောင် ဆန်းစုကြည်က မြန်မာ့ စီးပွားရေးဟာ တိုးတက်နှုန်း ၆ ကနေ ၇ ရာခိုင်နှုန်းနဲ့ နှစ်စဉ် ထိန်းသိမ်းထားနိုင်ပြီး ဒီနှုန်းဟာ အာရှမှာ အမြန်ဆုံး တိုးတက် မှုနှုန်း ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ ကောင်းမွန်တဲ့ စီးပွားရေးအခြေအနေကို အသုံးပြုပြီး ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေ၊ တီထွင်ကြံဆမှု သုတေသနလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ ဒစ်ဂျစ် တယ်စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ပေးပေးတာ ကတ ဆင့် လူစွမ်းအား အရင်း အမြစ်ဖွံဖြိုးရေး ဆောင်ရွက်ဖို့ကို သံန္နိဋ္ဌာန်ချထားတယ်လို့လည်း သူက ပြောပါ တယ်။
ဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်း ရှင်ဖြစ်တဲ့ ဉာဏ်ကြီး ရှင် ကော်ဖီလုပ်ငန်း တည်ထောင်သူ ဦးငွေထွန်းက ဒေါ်အောင် ဆန်းစုကြည်မှာ တိကျတဲ့ အစီအစဉ်တွေ ရှိ နေတာကြောင့် အခုလို ရဲရဲဝံ့ဝံ့ ပြောရဲတာ ဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်စင်ကာပူတုန်းကလည်း တက်ဖြစ်တယ်၊ ဘန်ကောက်မှာလည်း တက် ဖြစ်တယ်၊ ဘန်ကောက်မှာ ပိုပြီးတော့ ကျွန်တော်ထင်တယ် အစီအစဉ်က ကောင်း လာတယ်၊ ခိုင်မာလာ တယ်၊ အဲဒီအတွက် ပိုပြီး ဖြစ် နိုင်ချေရှိတယ်လို့ ထင်တယ်၊ နောက်တခုက အက်ဖ်ဒီအိုင် (နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု)ကို လုပ်ကြတဲ့ နေရာမှာ တချို့နိုင်ငံတွေက ရီဆို့စ် (အရင်းအမြစ်)ကိုပဲ အဓိကထား စဉ်စားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစု ကြည် ပြောသွားတာက ရီဆို့စ်တင်မဟုတ်ဘဲနဲ့ လူ့စွမ်းအား အရင်းအမြစ်ကိုပါပိုပြီးစဉ်းစားဖို့ ဆိုတာလေး ထည့်ပြောသွားတာ သိရပါတယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ရခိုင်အရေး ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအပေါ် ဖိအားပေးမှုတွေ ရှိနေတဲ့ အတွက် အရှေ့တောင် အာရှအပါအဝင် အာဆီယံရဲ့ ဆွေးနွေးဘက် ထိပ်သီး နိုင်ငံတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံ မလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။
"ရင်းနှီးမြုပ်နှံတဲ့သူတွေနဲ့ တော်တော်များများ စကားပြော ဖြစ်တယ်၊ ရင်းနှီးမြုပ်နှံ တဲ့သူတွေကို ကျွန်တော် ရှင်းပြတာက မြန်မာနိုင်ငံက ဒီတနေရာထဲမှာ ဖြစ်နေတာ မဟုတ်ဘူး၊ ကျန်တဲ့ ကိစ္စတွေ အများကြီး ပြုပြင် ပြောင်းလဲဖို့ လိုသေးတယ်၊ ရခိုင် ကိစ္စကြောင့် ဆက်ပြီးတော့မသွားဘဲ လုပ်မယ်ဆိုရင် ပိုပြီးဆိုးတဲ့ အခြေ အနေ တခုကို ဖြစ်နိုင်တယ်၊ အဲတော့ ကျွန်တော်တို့မှာ ရွေးစရာက ပိုပြီးဆိုးတဲ့ အခြေ အနေတခုကို သွားမ လား၊ ပြုပြင်ပြောင်းလဲမှုကို လက်ခံမလား" လို့ ဦးငွေထွန်းက ပြောပါတယ်။

Link : Here
No comments:
Post a Comment