Sunday, November 3, 2019

၁၆ နိုင်ငံစီးပွားမဟာမိတ် RCEP အဖွဲ့အလားအလာနဲ့ မြန်မာ နိုင်ငံ

RFA
လွတ်လပ်တဲ့အာရှအသံ
နေရိန်ကျော်
2019-11-02

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ နိုဝင်ဘာ ၂ ရက်နေ့ ကျင်းပတဲ့ ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခမှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office 
 
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က နိုဝင်ဘာလ ၂ ရက် စနေနေ့မှာ စတင်ကျင်းပနေပါတယ်။

ညီလာခံကို အာဆီယံအသင်းဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေတက်ရောက်ကြပြီး မြန်မာနိုင်ငံကနိုင်ငံတောအ တိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါတယ်။

ညီလာခံမှာ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ် ရေး တွေ ဆွေးနွေးကြပါတယ်။

အာဆီယံဆယ်နိုင်ငံမှာ လူဦးရေ သန်းခြောက်ရာ့ငါးဆယ်နီးပါး နေထိုင်ကြပြီး၊ နောက်ငါးနှစ်မှာ GDP စုစု ပေါင်းထုတ်ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၄ ဒဿမ ၇ ထရီလီယံဖိုးရောက်အောင် ရည်မှန်းထား တဲ့အ တွက် ကမ္ဘာမှာ စတုတ ္ထစီးပွားရေးအင်အားကြီးဒေသ ဖြစ်နေပါတယ်။

အဲဒီထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က - “မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမယ့်လည်း သတိရှိရှိနဲ့ အကောင်းမြင်ဝါဒကို ဆုပ်ကိုင်နိုင်ဆဲဖြစ်ပါတယ်။ အ ဆွေ တော်တို့သိတဲ့အတိုင်း၊ မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတွေကို တစ်ပြိုင်နက်ထဲ ကြုံတွေ့ နေပါ တယ်။ ဒီကူးပြောင်းမှုတွေဟာ စတုတ္ထမြောက် စက်မှုအသွင်ကူးပြောင်းမှုတွေနဲ့ အလားတူ နိုင်ငံရဲ့ နိုင် ငံရေး၊ လူမှု-စီးပွားရေးကဏ္ဍတွေအပေါ် သက်ရောက်နေပါတယ်” လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါ့အပြင် “နည်းပညာရဲ့ တိုးတက်ပြောင်းလဲမှုတွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း မျက်နှာသာ မ ပေးခဲ့ပါဘူး” လို့ပြောဆိုလိုက်သလို၊ “မြန်မာနိုင်ငံကိုလာရောက်မယ့် အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို ပိုပြီးဝန် ဆောင်မှုပေးနိုင်ဖို့ မိမိတို့ရဲ့ မူဝါဒပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အခြေခံ အဆာက်အဦတွေကို မြှင့်တင်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိပါတယ်” လို့ပြောဆိုလိုက်ပါတယ်။

အာဆီယံခေါင်းဆောင်တွေထဲမှာ အသက်အရွယ်နဲ့ ဝါအရအကြီးဆုံးဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီ ယာက - အာဆီယံဟာ အတော့်ကို ကြီးမားတဲ့ဈေးကွက်ကြီးဖြစ်တယ်၊ ဒါကြောင့် တရုတ်နဲ့ အမေရိကန်ဖြစ် နေတဲ့ ကုန်သွယ်ရေးစစ်ပွဲထဲကို ဝင်မပါချင်ဘူး၊ အမေရိကန် သမ္မတ ထရမ့်ရဲ့ အမျိုးသား ကိုယ်ကျိုးကြည့် ဝါဒ ကို ရင်ဆိုင်နိုင်ဖို့ အာဆီယံအသင်းတစ်ခုလုံးက တစ်သံတည်းထွက် သင့်တယ်၊ ဒီအခြေအနေမှာအသင်း ဝင်နိုင်ငံတစ်နိုင်ငံက သူ့တယောက်တည်း လျှောက်မယ်ဆိုရင် အနိုင်ကျင့်ခံရလိမ့်မယ်လို့ ဆော်သြပြောဆို လိုက်ပါတယ်။

အာဆီယံအသင်းရဲ့ စီးပွားရေးအကြံပေးကောင်စီ ဥက္ကဋ္ဌ Arin Jira က - ကမ္ဘာ့စီးပွားရေးကို အကြပ်အတည်း ဖြစ်စေမယ့် ကုန်သွယ်ရေးစစ်ပွဲကိုဆန့်ကျင်ပြီး၊ ကမ္ဘာ့ကုန်သွယ်မှုငြိမ်းချမ်းရေး အတွက် စုပေါင်းတိုက်တွန်း တောင်း ဆိုကြ ဖို့ ပြောပါတယ်။

အာဆီယံ ဆယ်နိုင်ငံနဲ့ တခြား ခြောက်နိုင်ငံဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယနဲ့ နယူးဇီးလန်တို့ဟာ RCEP ဆိုတဲ့ ဒေသတွင်းစီးပွားရေးမဟာမိတ်အဖြစ် ရပ်တည်ဖို့ ညှိနှိုင်းဆောင်ရွက်နေ တာ ခုနှစ်နှစ်ရှိပြီဖြစ်တဲ့အတွက် အဆုံးသတ် သဘောတူညီချက်တွေရဖို့ကိုလည်း နိုင်ငံ့ခေါင်းဆောင်တွေက မျှော်လင့်ထားကြပါတယ်။ ဒီအဖွဲ့ဖြစ်ပေါ်လာဖို့ တရုတ်အစိုးရက နောက်ကနေ အဓိကကျောထောက် နောက် ခံပြုနေပါတယ်။

တကယ်လို့ RCEP ရဲ့ နောက်ဆုံးပိတ် သဘောတူညီချက်ရပြီဆိုရင် ၁၆ နိုင်ငံပေါင်းလူဦးရေ သန်းသုံးထောင့် လေးရာရှိတဲ့အတွက် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဖြစ်သလို၊ GDP တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၂ ထရီလီယံခွဲဖိုး ရှိမှာဖြစ်ပါတယ်။ အဲဒီပမာဏဟာ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု GDP တန်ဖိုးရဲ့ သုံးပုံတစ် ပုံရှိပါတယ်။

ဒါပေမဲ့ အဲဒီလို ၁၆ နိုင်ငံပေါင်းမယ့် RCEP စီးပွားရေးမဟာမိတ်အဖွဲ့ ပေါ်လာဖို့ ဒီနှစ်မှာ မသေချာ သေးဘူးလို့လည်း သိရပါတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယရဲ့ တောင်းဆိုမှုအသစ်ကြောင့်ပါ။ အိန္ဒိယ ဝန်ကြီးချုပ် နရင် ဒြာမိုဒီက - RCEP အဖွဲ့ဖြစ်ပေါ်လာဖို့ ညှိနှိုင်းဆောင်ရွက်ချက်တွေမှာ သူ့အနေနဲ့ သဘောတူပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ RCEP သဘောတူညီချက်အရ တရုတ်ရဲ့ ဈေးပေါတဲ့ကုန် ပစ္စည်းတွေက သူတို့ဈေးကွက်ထဲမှာ လွှမ်းမိုး နေရာယူသွားမှာကို စိုးရိမ်နေတဲ့အတွက် သူတို့အတွက် အကျိုးရှိမယ့်ကိစ္စပါ ထည့်သွင်းဖို့တောင်းဆို နေ တာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲလာမယ့် ဒေသတွင်းအခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးမရသေးတဲ့ မြန်မာ နိုင်ငံအနေနဲ့တော့ စစ်စရိတ်ထောင်းတဲ့အပြင် နည်းပညာအားနည်းမှု၊ မတည်ငြိမ်မှု၊ အကန့် အသတ်ကြီးမှု တွေကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ဖို့ ခက်ခဲနေဦးမှာဖြစ်ပြီး၊ ဒေသတွင်းမှာထွက်ပေါ် လာမယ့် အခွင့်အ လမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်မှာလားဆိုတာကတော့ လုပ်ပိုင်ခွင့်အာဏာရှိ ထားတဲ့ ခေါင်းဆောင်တွေ အပေါ်မှာ မူတည်နေတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */