ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူ ၁၇ ယောက် ရှိခဲ့ပြီး မနေ့တုန်းကလည်း ၄၀ ကျော် ပြန်လည် ရောက်ရှိလာခဲ့ကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုနောက်ဆုံး ဝင်လာသူတွေနဲ့ပါဆိုရင် ကိုယ့်ဆန္ဒအလျောက် ပြန်လည်ရောက်ရှိလာသူ ၄၀၀ ကျော် အထိရှိသွားပြီလို့လည်း ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီ အိုအေသတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာက ဖိအားပေး ပြောဆိုနေချိန်မှာပဲ ကိုယ့်သ ဘော နဲ့ကိုယ် ပြန်လာသူ ၄၀၀ ကျော်အထိ ရှိသွားပြီဖြစ်ကြောင်း မြန်မာတာဝန်ရှိသူတွေက ပြောဆိုလိုက် တာပါ။
ဒီကနေ့မှာလည်း တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းကနေ အိမ်ထောင်စု ၄စုပါတဲ့ မိသားစုဝင် ၁၇ ဦးကို သေချာစိစစ်ပြီး ပြန်လည်လက်ခံခဲ့တယ်လို့ အဲဒီစခန်းက (လဝက) ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုး ဟန်က ပြောပါတယ်။
“ဟုတ်ကဲ့ဗျ။ ဒီနေ့ကတော့ ကျတော်တို့ UEHRD က ပြစ်မှုကင်းရှင်းတယ်။ ဒီမှာနေထိုင်တယ်ဆိုတာကို ကျတော်တို့အထောက်အထားနဲ့တကွ ဒါစိစစ်ပြီးတော့မှ ခွင့်ပြုလို့ ကျတော်တို့ ဒီနေ့မှာ ပြန်လည်လက် ခံခြင်း ဖြစ်ပါတယ်ခင်ဗျ ဟုတ်။”
ဒီကနေ့မှာလည်း တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းကနေ အိမ်ထောင်စု ၄စုပါတဲ့ မိသားစုဝင် ၁၇ ဦးကို သေချာစိစစ်ပြီး ပြန်လည်လက်ခံခဲ့တယ်လို့ အဲဒီစခန်းက (လဝက) ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုး ဟန်က ပြောပါတယ်။
“ဟုတ်ကဲ့ဗျ။ ဒီနေ့ကတော့ ကျတော်တို့ UEHRD က ပြစ်မှုကင်းရှင်းတယ်။ ဒီမှာနေထိုင်တယ်ဆိုတာကို ကျတော်တို့အထောက်အထားနဲ့တကွ ဒါစိစစ်ပြီးတော့မှ ခွင့်ပြုလို့ ကျတော်တို့ ဒီနေ့မှာ ပြန်လည်လက် ခံခြင်း ဖြစ်ပါတယ်ခင်ဗျ ဟုတ်။”
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံဖို့အတွက်တောင် ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတို့ကို ထားရှိပြီး လှဖိုးခေါင်ကြားစခန်းကနေ တဆင့် သူတို့ကို ပြန်လည် နေရာချထားပေးတာပါ။
ပြန်လည်ဝင်ရောက်လာသူ အများစုက သူတို့ရဲ့ ဆွေမျိုးနီးစပ်အိမ်တွေမှာ နေတဲ့သူ ရှိသလို အရင်က သူတို့ နေခဲ့တဲ့ ရွာထဲမှာပဲ ပြန်နေသူတွေလည်း ရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါ တယ်။
“လောလောဆယ်မှာ လူက နည်းနေတယ်။ နည်းနေတဲ့အတွက် နိုင်ငံတော်က နေရာသွားချပေးထားရင် သတ် မှတ်ထားတဲ့နေရာနဲ့ သူတို့ရဲ့အရင်ရွာမှာ ပြန်နေကြတာလေ။ သတ်မှတ်နေရာ သွားချ၊ သွား ဆောက်ပေးရင်အိမ်ထောင်စု နှစ်စု၊ သုံးစုဆိုတော့ သူတို့အတွက် လုံခြုံရေး အားနည်းနေသေးလို့ အခု လောလောဆယ် လတ်တ လောကတော့ သူတို့က သူတို့ဆွေမျိုးနီးစပ် အိမ်တွေမှာပဲ နေတယ်လေ။”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဒုက္ခသည် လက်တဆုပ်စာလောက် ပြန်တာဟာ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ တိုးတက်မှုရှိလာပြီလို့ မပြောနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင် ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဘင်္ဂလား ဒေ့ရှ် လွှတ် တော်ကို ပြောဆိုခဲ့ဖူးပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက တရားဝင်အသိအမှတ်ပြု လက်မခံထားပေမယ့် ဒုက္ခသည် တွေ နေရပ်ပြန်နိုင်ရေးအတွက်ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂ တို့နဲ့လည်း သီးခြားနားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုး သဘောတူထားပါတယ်။ ဒါပေမဲ့လည်း နေရပ်ပြန်မယ့် ဒုက္ခသည်တွေ ကြားမှာ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန်ရေးအစီအစဉ်တွေ လက်တွေ့ အကောင် အထည် မဖော်နိုင်သေးဘဲ ဖြစ်နေပါတယ်ရှင်။
No comments:
Post a Comment