Saturday, February 10, 2024

Bangladeshis fret over unconfirmed return of Rohingya militant Nabi Hossain amid Myanmar conflict

bdnews24.com
Golam Mortuja Antu
Published : 9 Feb 2024, 


After the arrest of 23 armed Rohingya trespassers, locals speculate the ethnic Muslims are involved in the ongoing fighting in Myanmar

The arrest of 23 armed Rohingya trespassers has fuelled speculation that the ethnic Muslims have engaged in the ongoing conflict between the Myanmar military and various rebel factions.

စစ်ကောင်စီတပ်တွေ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်းစစ်မျက်နှာ

မိုးမခ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ 


ပေါက်တော၊ ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ မြို့တွေ နဲ့ အဆိုပါ မြို့တွေရှိတဲ့ နေရာဒေသတွေမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေ၊ စကခ လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်တွေ၊ ဗျူဟာအရ အချက်အချာကျပြီး မြေပြင်အနေအထားအရ အပေါ်စီးရတဲ့ ဗျူဟာကုန်းလို စစ်စခန်းတွေကို လွန်ခဲ့တဲ့ ၂ လကျော်အတွင်း Arakan Army, AA က တခုပြီးတခု၊ တမြို့ပြီး တမြို့ သိမ်းယူခဲ့တာ သတင်းတွေထဲ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ တပ်သားတွေ လက်နက်ရောင်းချခဲ့တယ်လို့ အေအေပြော

BBC 

၉ ဖေဖော်ဝါရီ ၂၀၂၄

  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းက စစ်ကောင်စီရဲ့ တောင်ပြိုလက်ယာ၊ တောင်ပြိုလက်ဝဲ စခန်းတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် အေအေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လက်နက်တွေကို နယ်စပ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေဆီကို ရောင်းချဖို့ ညှိနှိုင်းထားခဲ့ကြတယ်ဆိုပြီးတော့လည်း ပြောဆိုနေပါတယ်။ ကိုနန္ဒက ပြောပြပေးမှာပါ။

 

Link: Here

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ လူ့အခွင့်အရေး ပြစ်မှုနောက်ကြောင်း စစ်ဆေးဖို့ Fortify Right တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ ဖေဖော်ဝါရီ၊ ၂၀၂၄ 

BANGLADESH-MYANMAR-CONFLICT

 ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ လူ့အခွင့်အရေး ပြစ်မှုနောက်ကြောင်း စစ်ဆေးဖို့ Fortify Right တိုက်တွန်း

အင်ဒိုနီးရှား ရွေးကောက်ပွဲ - ရိုဟင်ဂျာဒုက္ခသည်တွေကို အမုန်းပွားစေတဲ့ ကောလာဟလတွေ

BBC
၁၀ ဖေဖော်ဝါရီ ၂၀၂၄

ရိုဟင်ဂျာတွေကို ကျောင်းသားတွေ တိုက်ခိုက်ခဲ့တာက အွန်လိုင်းက သတင်းအမှားတွေကြောင့်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်တုန်းက ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဝတ်ပြုဆုတောင်းနေတဲ့ ခန်းမတစ်ခုရဲ့ မြေအောက်ထပ်ထဲကို လူအုပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

Thursday, February 8, 2024

Arakan Army captures two junta battalions in Rakhine state

Benar News
RFA Burmese
2024.02.08

The Arakan Army displays weapons seized after the capture of the Myanmar army’s Light Infantry Battalion 379 in Minbya township, Jan. 30, 2024.AA Info Desk

Arakan Army insurgents have captured two key military units in western Myanmar’s Rakhine state, giving the group effective control of Minbya township and putting it in a position to challenge junta control of the state capital Sittwe, according to an ethnic rebel alliance and regional sources.

Japan Court Finds Rohingya Ethnicity Grounds for Refugee Status

HUMAN RIGHTS WATCH
Teppei Kasai
Program Officer, Asia Division
February 8, 2024 

Asylum Seekers Still Risk Being Returned Home to Harm

Rohingya asylum seekers disembark from their boat upon landing in Ulee Madon, North Aceh, Indonesia, November 16, 2023. © 2023 Rahmat Mirza/AP Photo

The Nagoya High Court last month ordered the Japanese government to grant refugee status to an ethnic Rohingya asylum seeker from Myanmar. A lower court had previously ruled that 44-year-old Khin Maung Soe was a Rohingya, but that his ethnicity was an insufficient basis for considering him a refugee. The high court found that because the Myanmar military had “committed ethnic cleansing against the Rohingya” since the February 2021 military coup, there “exists objective fact to feel fear of persecution.”

တောင်ပြိုစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ရိုဟင်ဂျာတပ်ဖွဲ့တချို့နဲ့ ပူးပေါင်းခုခံခဲ့ဟု AA ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၄ 

၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဖေဖော်ဝါရီ (၇) ရက် (ဗုဒ္ဓဟူးနေ့) က သတင်းထုတ်ပြန်ပါတယ်။

ထွက်ပြေးရင် လက်နက်တွေရောင်းဖို့ နယ်ခြားစောင့်တပ် နဲ့ ARA ကြိုညှိခဲ့တယ်လို့ သုံ့ပန်းတွေထွက်ဆို

BBC
၈ ဖေဖော်ဝါရီ ၂၀၂၄

ARA တပ်စခန်းထဲက နေ တာကာ ဆယ်သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန် သိမ်းမိခဲ့

ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို (လက်ဝဲ - လက်ယာ) ဗျူဟာစခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တို့ ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းတွေကို ဖေဖော်ဝါရီ ၈ ရက် မှာ သတင်းထုတ်ပြန်လာပါတယ်။

Wednesday, February 7, 2024

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံး AA သိမ်းပိုက်

Myanmar Now
စထွန်းအောင်
February 7, 2024
မင်းပြားမြို့ တိုက်ပွဲတွင် တပ်မမှူး အပါအဝင် စစ်သား ၁၀၀ ကျော်နှင့် တပ်မိသားစုဝင်များ၊ စစ်ကောင်စီအရပ်ဘက်အရာရှိများ AA ထံ လက်နက်ချခဲ့ကြသည်။

တိုက်ပွဲများပြင်းထန်နေသည့် နိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် အာဏာသိမ်းစစ်တပ်၏ တပ်ရင်းစခန်းအားလုံးကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့(ဖေဖော်ဝါရီ ၆) တွင် အတည်ပြုသည်။

ရခိုင်မှာ AA သိမ်းပိုက်တဲ့ မြို့နှစ်မြို့နဲ့ စစ်ကောင်စီတပ်ရင်း ကိုးရင်းအထိရှိလာ

RFA
RFA Burmese
2024.02.07
 

စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ထားစဥ်။ AA Info Desk 
 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့က စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်း ခမရ (၃၇၉)၊ (၃၈၀)နဲ့ (၅၄၁) စတဲ့ တပ်ရင်းသုံးရင်းလုံးကို ဖေဖော်ဝါရီလ ၆ ရက် မနေ့မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့ညကထုတ်ပြန်ပါတယ်။

တောင်ပြို(လက်ဝဲ) (လက်ယာ) စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် အောင်မြင်စွာသိမ်းပိုက်

Narinjara News
ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄

(လက်နက်ခဲယမ်းအများအပြားနှင့် နယ်ခြားစောင့်တပ် အလောင်းအများအပြားနှင့် ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့ သိမ်းဆည်းရမိ)

ရက္ခိုင့်တပ်တော် ( AA)သည် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

ရိုဟင်ဂျာတွေကို ထပ်မံလက်ခံမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

RFA
RFA Burmese
2024.02.07

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ထပ်မံလက်ခံတော့မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။

ဒုက္ခသည်စခန်းထဲ အသတ်ခံရမှာကို စိုးရိမ်နေရတဲ့ ရိုဟင်ဂျာတွေ -

BBC
February 6, 2024

မြန်မာပြည်မှာ ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ကာပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေထဲမှာလည်း ဘေးကင်းလုံခြုံမှု မရကြပါဘူး။ ပြီးခဲ့တဲ့ နှစ်‌အနည်းငယ်အတွင်း ARSA အဖွဲ့ အပါအဝင်လက် နက်ကိုင်ဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် စခန်းထဲက ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ အသတ်ခံကြရတဲ့သူတွေထဲ လူ့အခွင့်အရေးလှုပ်ရှားသူ‌တွေ၊ ရပ်ရွာအကျိုး ဆောင်သူတွေ ပါဝင်ပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားသူ‌တွေ အဓမ္မအကျင့်ခံရတယ် ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂ UNHCR ဟာ ဒုက္ခသည်တွေကိုအကာအကွယ်ပေးဖို့ တာဝန်ရှိပေမဲ့ သူတို့ကို အကာအကွယ်မပေးဘူးလို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ် #ဒုက္ခသည် Link : Here

AA နှင့် တိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် ရှိလာ

Myanmar Now
February 6, 2024


ဖေဖော်ဝါရီ ၃ ရက်မှ စတင်သော နယ်ခြားစောင့်ရဲစခန်း ၂ ခုကို တိုက်ခိုက်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထွက်ပြေးသွားကြပြီး စခန်းတစ်ခုကို AA က သိမ်းယူထားပြီး ကျန်စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းအနီးရှိ တောင်ပြို (လက်ဝဲ) နယ် ခြားစောင့်ရဲစခန်းမှ နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထွက်ပြေးလာသောကြောင့် စုစုပေါင်း ၂၂၄ ဦး ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတစ်ရပ်တွင် ယနေ့ ဖော်ပြထားသည်။

မလေး ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသူများကြောင့် လူတွေ့ခွင့်ပိတ်ပင်လာ

CNI
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတစ်ခု၌ မြန်မာ အပါအဝင် လူပေါင်း ၁၀၀ ကျော် ထွက်ပြေးသွားသည့် ဖြစ်စဉ်ကြောင့် အချို့ လ.ဝ.က ထိန်းသိမ်းရေးစခန်းများတွင် လူတွေ့ခွင့်များ ပိတ်ပင်လာကြောင်း မလေးရှားမှာ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပြစ်တင်ရှုတ်ချ

ဧရာဝတီ
by Muktadir Rashid
7 February 2024

မြန်မာ့အရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် အရေးကြီးကြောင်း အင်ဒိုနီးရှား ပြော

RFA
RFA Burmese
2024.02.07

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ Reuters


မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အဆက်မပြတ်သွားစေဖို့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ပုံစံသစ်က အလွန်အရေးကြီးတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ က ပြောကြောင်း အင်ဒိုနီးရှား Antara သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းတွင် ၁ လအတွင်း ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ

DVB
February 7, 2024

ဧရာဝတီတိုင်းမှာ ဇန်နဝါရီလအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော်အထိ စစ်တပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေး

VOA
နန်းလောင်ဝ်
၀၇ ဖေဖော်ဝါရီ၊ ၂၀၂၄ 

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာကြတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ (အရပ်ဝတ်နဲ့ ထိုင်နေသူများ) ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် (ရပ်နေသူများ) က စောင့်ကြည့်နေကြပုံ။ (ဖေဖေါ်ဝါရီ ၅၊ ၂၀၂၄)
 

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲပြင်းထန်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်အတွင်း က နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက ဘင်္ဂလားဒေ့ရ်ှဘက်ကို ထပ်မံထွက်ပြေးလာတယ်လို့ သိရပါတယ်။ ခုအချိန်အထိဆိုရင် မြန်မာနိုင်ငံဘက်ကနေ နယ်ခြားစောင့်တပ် ဖွဲ့နဲ့ မိသားစုဝင် ၂၂၉ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခိုဝင်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */