" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

ရိုဟင်ဂျာတွေကို ထပ်မံလက်ခံမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

RFA
RFA Burmese
2024.02.07

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ထပ်မံလက်ခံတော့မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေဟာ သူတို့နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး နိုင်ငံတကာ အကူအညီကလည်း သိသိသာသာလျော့သွားတဲ့အတွက် ဘယ်လောက်ကြာကြာ ထောက်ပံ့နိုင်မလဲဆိုတာမသိကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနဲ့ လမ်းတံတားများ ဝန်ကြီးက သတင်းထောက်တွေကို ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောပါတယ်။

ရှိနှင့်ပြီးသား သန်းနဲ့ချီတဲ့ ရိုဟင်ဂျာ အမြောက်အများကို ထောက်ပံ့နေတာကပဲ သူ့နိုင်ငံလုံခြုံရေးကို ထိပါးတဲ့အတွက် ထပ်လက်မခံတာလို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကလည်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင်ကူညီပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအထိ စာရင်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ခိုလှုံနေတယ်လို့ ဆိုပါတယ်။

အဲဒီထဲက အများစုဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */