Masum Billah, bdnews24.com
Published: 25 Aug 2019
HUMAN
RIGHTS
WATCH
|
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအတွက် လူမှောင်ခိုဂိုဏ်းတွေရဲ့ အန္တရာယ် ရှိ နေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM က သတိပေးလိုက်တယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြပါတယ်။
မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်လဲ ဆိုတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေး ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က အခြေအနေတွေက အဆင်သင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ အခု သီ တင်းပတ်ကစပြီး ဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း၊ ဒုက္ခသည် တွေ တစ်ယောက်မှ ပြန်လာခြင်းမရှိတဲ့နောက် ကုလသမဂ္ဂဘက်က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒုက္ခ သည်တွေကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အ၀ မရမချင်း မြန်မာနိုင်ငံကို မပြန်ဘူးလို့ ပြော ပါ တယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်း ပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်