Tuesday, November 11, 2025

၁၉၄၀ နှစ်များ မြန်မာတွင် လူမျိုးရေးနိုင်ငံရေး ပေါ်ပေါက်လာပုံ - ကရင်များနှင့် သခင်သမိုင်းပုံ

၁၉၄၀ နှစ်များ မြန်မာတွင် လူမျိုးရေးနိုင်ငံရေး ပေါ်ပေါက်လာပုံ - ကရင်များနှင့် သခင်သမိုင်းပုံ



သခင် ဆိုသည်မှာ တို့ဗမာအစည်းအရုံး၏ အဖွဲ့ဝင်များဖြစ်ပြီး ၁၉၃ဝ ပြည့်လွန်နှစ်များအတွင်း နိုင်ငံရေး" တတိယမျိုးဆက်' များ အဖြစ် အမျိုးသားရေးဝါဒီများ၏ နိုင်ငံရေးစုဖွဲ့မှုဖြစ်ပြီး အဆုံးသတ်အားဖြင့် မြန်မာနိုင်ငံအား လွတ် လပ်ရေး ဆောင်ကြဉ်း ပေးနိုင်ခဲ့သူများ ဖြစ်ပါသည်။ သခင်ရှုထောင့်မှ ရေးသား ထားသော သမိုင်းများသည် မြန် မာနိုင်ငံ၏ ဇာစ်မြစ်များကို ဖြေရှင်းဖော်ပြကာ ပြည်သူများကို စည်းလုံး ညီညွတ်စေခဲ့သည်။ သို့ရာတွင် ဤသမိုင်းရေးသားမှုသည် သခင်တို့၏ လုပ်ဆောင်ချက်များကိုသာ အကြွင်းမဲ့မှန်ကန်မှု ဖြစ်စေကာ အချို့သော ပြည်သူလူထု အစိတ်အပိုင်းများ ကို ဖယ်ကျဉ်ခြင်း၊ အပယ်ခံ ဖြစ်စေခြင်းများကို လည်း ဖြစ်စေခဲ့ပြီး သခင်တို့၏ ကျရှုံးမှုများကိုလည်း ဖုံးကွယ် ထားပေသည်။ ဖုံးကွယ်ထားခြင်း ခံရသည့် မြန်မာ့သမိုင်း၏ အရေးကြီးသည့်အစိတ်အပိုင်းတရပ်မှာ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြဿနာများနှင့် နိုင်ငံရေး သမိုင်းပင် ဖြစ်သည်။ ကိုလိုနီခေတ်သမိုင်းပညာရှင်များမှ စတင်ခဲ့သော အစောပိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် သုတေသနများသည် သခင် ရှုထောင့် သမိုင်းပုံ နှင့် ဆက်စပ်နေခဲ့သည်။ ဤစာတမ်းသည် ထိုသမိုင်းရေးအမြင် နှစ်ခုကြောင့် ဖုံးကွယ်ထားခြင်းခံရသည့် ၁၉၄၇ ခုနှစ် လူမျိုးရေး နိုင်ငံရေး၏ အစကို လေ့လာဖော်ပြမည်။ ထိုကာလတွင် အဓိက နိုင်ငံရေးလှုပ်ရှားသူများမှာ ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး နှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်) မှ သခင်များနှင့် ခရစ်ယာန် ကရင်များဖြစ် သည်။ သခင်များသည် လူမျိုးပေါင်းစုံ ပါဝင်သည့် အုပ်စုများကို ၎င်းတို့လိုလားသည့် စနစ်ပုံစံအတိုင်း လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ပေါင်းစည်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ကရင်များအဖို့မူ ၁၉၄ဝ ပြည့်နှစ်များ တွင် သခင်များနှင့် ပူးပေါင်းမှုနှင့် ပဋိပက္ခဖြစ်မှုတို့ကို အခြေခံ၍ ညီညွတ်သောကရင် အဖြစ် ပေါင်းစည်းရန် ဆောင်ရွက်ခဲ့ကြ ပေသည်။ ရခိုင်၊ မွန်၊ ရှမ်း၊ ရိုဟင်ဂျာကဲ့သို့ အခြားသော လူမျိုးစုများ အတွက်လည်း ၁၉၄၇ ခုနှစ်သည် လူမျိုးရေးနိုင်ငံရေး၏ အစဖြစ်ခဲ့သည်။

သော့ချက်စာလုံးများ

ဗမာ, မြန်မာ, ကရင်, ရခိုင်, သခင်, လူမျိုး, သမိုင်းရေးနည်းပုံ, မြောင်းမြအရေးအခင်း, ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ။


နိဒါန်း

မြန်မာ့နိုင်ငံရေးတွင် ပါဝင်သူများက လွတ်လပ်သောမြန်မာနိုင်ငံကို တိုင်းရင်းသားလူမျိုးစုများအား အခြေခံကာ ဖွဲ့ စည်းရမည်ဟု နားလည် သဘောပေါက်ခဲ့ကြသည့် ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးစတင်ခဲ့သည်။ ၁၉၃၀ ခုနှစ်များ မတိုင်မီအထိ ကိုလိုနီနိုင်ငံရေးသည် တိုင်းရင်းသားလူမျိုးစု အပေါ် ဗဟိုပြုမှု မရှိခဲ့ပါ။ ဤစာတမ်းမှာ လူမျိုး (ethnicity)သည် မြန်မာ့နိုင်ငံရေး၏ အရေးပါသော အချက်တစ်ခုအဖြစ် ပေါ်ထွက် လာပုံကို လိုက်လံရှာဖွေခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူမျိုး (ethnicity) နှင့် လူမျိုးရေးနိုင်ငံရေး (ethnic politics) ကို မြန်မာ နိုင်ငံ၏ သမိုင်းနောက်ခံတွင် ချထားရန် လိုအပ်ပြီး၊ ၎င်းနားလည်မှုကို နှောင့်နှေးစေသော သမိုင်းအရ အခက်အခဲနှစ်ခုကို လေ့လာပါမည်။

လူမျိုးအမည်များ၊ ကိုယ်စားပြုမှုများ နှင့် လူမျိုး အမျိုးအစား ခွဲမှုများသည် သမိုင်းရှေးခေတ်ကတည်းက မြန်မာ နိုင်ငံတွင် ရှိခဲ့ပါသည်။ Cham (ချမ်) ကမ္ပည်းကျောက်စာတစ်ချပ်တွင် ဒေသခံ လူမျိုးစု အမည် တစ်ခုမဟုတ်သည့် မြန်မာ (သို့မဟုတ်) မရမ္မာ ဟု အခေါ်အဝေါ် ပထမဆုံးဖော်ပြချက်ကို တွေ့ရသည်။ ပုဂံ ကျောက်စာများတွင် မြန်မာ နှင့် ကုလား စသည့် ဘုရားကျွန်များ ဖော်ပြရာ၌ ခွဲခြားဖော်ပြမှုများရှိပြီး အင်းဝခေတ်တွင် ဧချင်းကဗျာ အမျိုးအစား ဖော်ပြရာ၌ ရခိုင်မင်းသမီး ဧချင်း ဟု ဧချင်းကဗျာ အမျိုးအစား ဖော်ပြမှုရှိသည်။ ၁၆ ရာစုမှ စ၍ မြန်မာ့ရာဇဝင် အမျိုးအစားများ ၂၀ ကျော်ရှိခဲ့ပြီး ထိုရာဇဝင်များတွင် မြန်မာ ဟူသောအမည်ကို တွင်တွင် အသုံးပြုသည်ကို တွေ့ရသည်။ သို့သော်အဆိုပါ နာမည်များ သည် မြန်မာရာဇဝင်ကျမ်းများ 1 ဟု ယခု ခေါ်ဝေါ်ရည်ညွှန်းကြသည့် ပမာ ဏရောက်အောင် အဓိက အမှတ်သရုပ်အနေကို မရောက်ကြပါ။ ကမ္ဘာပေါ်ရှိလူသားတို့ကို လူမျိုး အမျိုးအစားများ ခွဲခြားခြင်း နှင့် ယင်းဆိုင်ရာ သဘောတရားများသည်လည်း ရှည်ကြာသော သမိုင်းရှိပါသည်။ မြန်မာသမိုင်းဆိုင်ရာ ဂျပန်သမိုင်း ပညာရှင် Ito က ၁၆ ရာစုမှ ၁၉ ရာစု ကာလအတွင်း ရေးသားခဲ့သော သမိုင်းဆိုင်ရာမှတ်တမ်း ၁၃ ခုတွင် ပါဝင်သော လူမျိုး တစ်ရာ့တစ်ပါး အကြောင်းကို လေ့လာပြီး လူမျိုးအမျိုးအစားသည် ဘုရင့်အုပ်ချုပ်မှု၏ တရားဝင်ဖြစ်ကြောင်း ဖော်ပြရန် အထောက်အထား တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု ကောက်ချက်ချသည် (Ito 2015)။ ရှေးခေတ်မှ မှတ်တမ်း အထောက်အထားများတွင် ဖော်ပြထားရှိသည့် မြန်မာ နာမည်နှင့် လူမျိုးအမျိုးအစား အမည်များသည် အဓိကအားဖြင့် ဘုရင့်အာဏာစက်နှင့် ပတ်သက်သော အကြောင်း အရာများတွင် ဖော်ပြလေ့ရှိခဲ့သည်။

Lieberman သည် ၁၀ ရာစု ပုဂံခေတ်မှ ၁၉ ရာစု ကုန်းဘောင် ခေတ်အထိ မြန်မာနိုင်ငံ၏ ခေတ်ဟောင်းသမိုင်းတွင် လူမျိုးနှင့် ပတ်သက်သည့် အကြောင်းအရာအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆွေးနွေးခဲ့သည်။ သူ၏ စိတ်ဝင်စားမှုမှာ ယူရေး ရှားတိုက်၏ အစွန်အဖျားတွင်ရှိ နိုင်ငံတည်ထောင်သော လူ့အဖွဲ့အစည်းများ၏ နှစ်တစ်ထောင်ကြာသော နိုင်ငံများ ပေါ်ထွန်းလာခြင်းဆိုင်ရာ နှိုင်းယှဉ် သမိုင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နိုင်ငံတော်ဗဟိုပြု စဉ်းစားချက်မှလာသော အများအားဖြင့် စံပြုသတ်မှတ် ထားသော လူမျိုးရေးဆိုင်ရာဘုံ သဘောတရားတစ်ခုကို အသုံးပြုသည် (Lieberman 2003)။ မြန်မာနိုင်ငံ၏ သမိုင်းပကတိနှင့်နီးစပ်သော လူမျိုးရေးသဘောကို ၎င်း၏ ၁၉၇၈ ခုနှစ်ရေး ၁၈ ရာစုလယ် ဗမာ-မွန် လူမျိုးရေးပဋိပက္ခ အကြောင်းဆောင်းပါးတွင် ပိုမိုကောင်းမွန်စွာ ဆွေးနွေးထားသည်။ သူက "ယဉ်ကျေးမှုဆိုင်ရာ အထူးသဖြင့် လူမျိုးရေး၊ ဝိသေသ လက္ခဏာနှင့် နိုင်ငံရေးသစ္စာစောင့်သိမှုကြား ဆက်နွယ်မှုမှာ လုံးဝပြည့်စုံမှုမရှိ” ဟု မှတ်ချက်ပေးပြီး ၁၈ ရာစုအတွင်း လူမျိုးနွယ်စုကြီးအဖြစ် ပေါင်းစည်းမှုမရှိခြင်း နှင့် လူမျိုးစုနယ်မြေ သိမ်းပိုက်စိုးမိုးမှု မရှိခြင်းစသည့် လူမျိုးရေး ပဋိပက္ခများကို မှန်ကန်စွာ ထောက်ပြပြောဆိုပြီး ၁၉၄၇ ခုနှစ်နောက်ပိုင်း လူမျိုးရေး နိုင်ငံရေးကို နှိုင်းယှဉ်ပြသသည် (Lieberman 1978:480–481)။ ၁၈ ရာစုတွင် လူမျိုးရေးကွဲပြားမှုများကို လူမှုရေးနှင့် ဥပဒေကြောင်း အင်စတီကျူးရှင်းများနှင့် ထောက်ပင့်ထားခြင်း မရှိပါ။ ထို့ကြောင့် စစ် ပွဲကြောင့် ဖြစ်ပေါ်လာသော လူမျိုးရေး ခံစားချက်များကို ရှေးခေတ်တွင် လူမျိုးဆိုင်ရာသစ္စာခံမှုကို ဖော်ပြရန် မတောင်းဆိုကြသည့် ဘုရင်များ၏ ငြိမ်းချမ်းစွာ အုပ်ချုပ်မှု အောက်တွင် အလျင်အမြန် မေ့လျော့ခဲ့ကြသည်။

ကုန်းဘောင်ခေတ် ၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစု အစောပိုင်းမှ မင်းမိန့်များနှင့် ကမ္ပည်း ကျောက်စာများတွင် ရွှေပြည်တော် နှင့် မင်းနိုင်ငံရှိ သီးခြားအစိတ်အပိုင်းများကို သုနပရန္တ၊ တမ္မဒီပ၊ ကမ္ဘောဇ၊ သရေခေတ္တရာ စသည့် နယ်ပယ်များ ကိုသာ ဖော်ပြရန် အစဉ်အလာအတိုင်း ဖော်ပြရိုးရှိပြီး မြန်မာဟု မင်းနိုင်ငံကို ရည်ညွှန်းလေ့မရှိပါ (Watanabe 1996) ကုမ္ပဏီထံသို့ အလောင်းဘုရား ပေးပို့သော စာတွင် သူ့ကိုယ်သူ တမ္မဒီပ၊ သုနပ ရန္တ၊ ရာမညဒေသနှင့် ကမ္ဘောဇတို့၏ ထီးဆောင်း ဘုရင်ဟု ခေါ်ဆိုခဲ့သည်။ ရာစုတစ်စုကြာပြီးနောက် ဆယ့်ကိုးရာစု အလယ်ပိုင်းတွင် မြန်မာနိုင်ငံ နှင့် မြန်မာမင်း ဟူ၍ ပြင်ပမှ ခေါ်ဝေါ်ခြင်း စတင်တွင်လာခဲ့သည်။ ဤအတောအတွင်း မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ပထမဆုံး ကိုလိုနီပြုခြင်း ဖြစ်ပျက်ခဲ့သည်။ ဧရာဝတီမြစ်ဝှမ်းတွင် “၁၈ ရာစုနှောင်းပိုင်းတွင် အင်းဝမင်းနိုင်ငံတော်၏ အဓိကနယ်မြေဧရိယာတွင် ဘုံစကား၊ ဘုံဘာသာသာသနာ၊ ဘုံဥပဒေရေးရာနှင့် နိုင်ငံရေးစံနှုန်းများနှင့် အဖွဲ့အစည်းများ အမျိုးမျိုးနှင့် အများလက်ခံသော သမိုင်း အရေးအသားများ တည်ရှိနေခဲ့သည်” (Thant Myint-U 2001:83–89) ကုန်းဘောင်မင်းဆက်က ဧရာဝတီမြစ်ဝှမ်းရှိ လူမျိုးစုမျိုးစုံကို သိမ်းပိုက်အောင်နိုင်ပြီး ပေါင်းစည်းခဲ့သည်။ ဘုရင်အား တရားဝင်အုပ်စိုးသူ အဖြစ် ဆောင်ကြဉ်းပေးခဲ့သည့် ချင်းတွင်း မြစ်ကြေမှ ပညာရှိကဝိများက ဖော်ပြပါ လက်တွေ့ အခြေအနေကို ထင်ဟပ်ရန် ပါဝင်မှုရှိသည့် သီးသန့်မဟုတ်သည့် ဗမာလူမျိုး အမျိုးအစား တစ်ခုကို ဖန်တီးခဲ့ကြသည် (Charney 2006:143)။ အင်္ဂလိပ်တို့နှင့် စစ်ပွဲများနှင့် အပြန် အလှန် ဆက်ဆံခြင်းမှတဆင့် “လူမျိုး ၊ အမျိုး” နှင့် အခြား မြန်မာ စာလုံးများ၏ နိုင်ငံရေးကဏ္ဍရှိ အဓိပ္ပါယ်များ ပြောင်းလဲလာခဲ့သည် (Candier 2019)။ သို့သော် ဤအမြင်များသည် မင်းနှင့် နန်းတော်ဘက်မှ ရှုမြင်သုံးသပ်မှုဖြစ်ပြီး ၁၉ ရာစု အကုန်တွင် ကွယ်ပျောက်သွားသည်။ လူမျိုးရေး သဘောသည် မြန်မာနိုင်ငံ၌ မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် လူထုကြား အခြေခံ သဘောထားအဖြစ် ရရှိခဲ့သနည်း။

မြန်မာလယ်သမားများအကြား လူမျိုးရေးသဘောတရားများနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်း အနည်းငယ်မျှသာရှိသည်။ ထိုအချင်းအရာများကို ၁၈၈၀ မှ ၁၉၃၀ ခုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့် တောင်သူလယ်သမားများ၏ တော်လှန်ရေး အရေးတော်ပုံ လှိုင်းကြီး သုံးလှိုင်းကာလမှ ကြွေးကြော်သံများ အသွင်ပြောင်းလဲမှုများနှင့် လူထုအများကြိုက် သီချင်းဂီတများတွင် ရှာဖွေကြည့်နိုင်ပါသည်။ ၁၈၈၈ ခုနှစ် ဦးသူရိယ ၏ ထကြွဆန္ဒပြမှုကာလတွင် လယ်သမားများထံသို့ ထုတ်ပြန်သော ကြေညာချက်၏ အင်္ဂလိပ်ဘာသာပြန်ဆိုမှုတွင် ကိုလိုနီ နယ်ချဲ့သမားကို “မိစ္ဆာဒိဋ္ဌိ ရန်သူများ” ဟု ရည်ညွှန်းခဲ့ပြီး၊ လယ်သမားများကို “လက်နက်ကိုင်စွဲထားသည့် သစ္စာရှိကျေးတော်မျိုး ကျွန်တော်မျိုးများ” ဟု ခေါ်ဆိုခဲ့သည် (P (Pu) 1888:327–2)။ ထိုလယ်သမားများအား သုံးနှုန်းခေါ်ဆိုချက်တွင် ၎င်းတို့အား အမျိုးသားရေး သို့မဟုတ် လူမျိုးရေး ဆိုင်ရာ နှင့် အခြား သဘောများ မပါရှိပါ။ သို့သော် ၁၉၁၂ ခုနှစ် မြင်းမူ ပုန်ကန်မှုမှ ပေါ်ထွက်လာသော မောင်သန့် ၏ သီချင်းတွင် မြန်မာ ဆိုသည့် အသုံးအနှုန်း ပေါ်ထွက်လာခဲ့ပြီး၊ ၁၉၃၀ ခုနှစ်များက ဆရာစံ သူပုန်ကြီး အတွင်း “စစ်သည်တော်သီချင်း” တွင် မြန်မာ လူမျိုး အတွေးအခေါ်သည် အဓိက အမှတ်သရုပ် လက္ခဏာအဖြစ် ထင်ရှားပေါ်ထွက်လာသည် (Ito 1985, 1994)။ ၂၀ရာစုသို့ ရောက်သော အခါမူ သာသနာ ကို ကာကွယ်သူ မင်း ကို ပျောက်ဆုံးပြီးဖြစ်သော မြန်မာနိုင်ငံတွင် လူမျိုး တရားသည် လယ်သမားများ၏ စိတ်ထဲတွင် အချုပ်အခြာ အာဏာနှင့် ဆက်စပ်သော တစုံတရာအဖြစ် ပေါ်ထွန်း လာခဲ့သည်။ သို့သော် ထိုသဘောတရားသည် အမြစ်တွယ်ပြီး လူမှုဘဝနှင့် နိုင်ငံရေး၏ အဓိကမူဘောင် ဖြစ်လာရန် ရာစုဝက်အချိန် လိုအပ်ခဲ့သည်။ နေဝင်းခေတ် (တော်လှန်ရေး ကောင်စီ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်) မှ သမိုင်း ဆရာများသည် ၁၉ ရာစု လယ်သမား အမျိုးသားရေးလှုပ်ရှားမှုကို ရိုးရှင်းသော သမိုင်းအဖြစ် ဖော်ပြခဲ့ကြပြီး ၁၉၁၀ ခုနှစ်များမှ စတင်သော အမျိုးသားရေးလှုပ်ရှားမှု မျိုးဆက်သုံးဆက်နှင့် ချိတ်ဆက်ခဲ့သည်။ သို့သော် ဤသည်မှာ ပိုမိုရှုပ်ထွေးသော သမိုင်းဖြစ်စဉ် ဖြစ်နေခဲ့ပါသည်။ ဥပမာအားဖြင့် Turner က သာသနာကို ကာကွယ်ပေးသူ သာသနာ့ဒါယကာမင်း ပျောက်ဆုံး သွားသော သူများသည် လူမှုဖွဲ့စည်းပုံအသစ်များကို စတင်ခဲ့ကြပြီး၊ ကိုယ်ကျင့်စာရိတ္တအခြေခံ လူ့အသိုင်းအဝိုင်းအသစ်တစ်ခု ပေါ်ထွက် လာခဲ့သည်ဟု လေ့လာမှုပြုခဲ့သည် (Turner 2014)။ ဝိုင်အမ်ဘီအေ နှင့် ဂျီစီဘီအေ တို့သည်လည်း ကော်စမိုပိုလီတန် (ကျယ်ပြန့်ပွင့်လင်းသော) လူထုလှုပ်ရှားမှုများ အဖြစ်ရှိခဲ့ပြီး၊ လူမျိုးရေးဘက်သို့ ရွေ့လျားခြင်း မရှိသေးဘဲ အင်္ဂလိပ်ကို ဆန့်ကျင်သော သဘောကိုကားအထင်အရှား တွေ့ရသည်။

ဗြိတိသျှကိုလိုနီမူဝါဒများက မြန်မာ့လူအဖွဲ့အစည်းတွင် လူမျိုးရေးခွဲခြားမှုများ ဖန်တီးခဲ့ကြသည်ဟု ယေဘုယျယူဆချက် ရှိသည်။ သို့သော် အမှန်တကယ် လူမျိုးရေးနိုးကြားလာမှုကို သုံးသပ်မည်ဆိုလျှင် ယင်းသဘောထားသည် မှန်ကန်မှုမရှိနိုင်ပါ။ ဗြိတိသျှများသည် ၁၈၂၆ ခုနှစ် ရခိုင်ကို သိမ်းပြီးချိန်မှစ၍ မြန်မာ့လူအဖွဲ့အစည်းအပေါ် လူမျိုးဆိုင်ရာညွှန်းကိန်းများကို ပို့ချ အသုံးပြုခဲ့သည်။ သို့သော် ယင်းက သာမန်လူထု၏ ကမ္ဘာ့အမြင် အပေါ် အရေးကြီးသော သက်ရောက်မှု မရှိခဲ့ပါ။ Benedict Anderson (2016:169) ရေးသားသလို ကိုလိုနီ သန်းခေါင် စာရင်းနှင့် သတင်းစာဂေဇက်ကို အားကိုးသည့် ပညာရှင်များက အစပြု၍ "power of the grid" သီအိုရီ ထွက်ပေါ်လာပြီး လူ မျိုးရေးသဘောတရားကို ပမာဏပြု ဖြစ်ပေါ်လာစေသည်ဟု ယူဆချက် ရှိသော်လည်း လယ်သမားများအနေဖြင့် ထိုကဲ့သို့သော ကိုလိုနီအယူအဆများအပေါ် အထူး ဂရုပြုခြင်း မရှိလှပါ။ သို့မဟုတ် ဤအယူအဆသည် Robert Taylor (1982) နှင့် နောက်ပိုင်းတွင် Prasse-Freeman (2023) (နှင့် ခေတ်ဟောင်း သမိုင်း၌ Michael Aung-Thwin) က ထောက်ပြဖော်ပြခဲ့သော ဖြစ်ပေါ်ထွန်းလာမှု reification arguments အငြင်းအခုံများ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤစာတမ်းကမူ အုပ်ချုပ်သူများနှင့် လေ့လာစောင့်ကြည့်သူများ၏ လူမျိုးရေးဆိုင်ရာ ဖြစ်ပေါ်ထွန်း လာမှု အယူအဆအစား ၁၉၄၇ ခုနှစ် လူမျိုးရေးနိုင်ငံရေး၏ အစက စ၍ ဒေသဆိုင်ရာ အစုအဖွဲ့များနှင့် လူပုဂ္ဂိုလ်များ၏ အသံများနှင့် လုပ်ဆောင်မှုများကို လေ့လာသည်။ ဒေသခံအသံများက ကရင် ခရစ်ယာန်များသည် ထူးခြားသည့်အခြေ အနေရှိကြောင်း ပြောပြ ကြပါလိမ့်မည်။ သူတို့သည် ၁၉ ရာစုအစောပိုင်း လောက်ကပင် လူမျိုးရေး နိုးကြားလာသော အသိုင်း အဝိုင်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ကရင်များနှင့် သခင်များသည် ၁၉၄၇ ခုနှစ်၏ လူမျိုးရေး နိုင်ငံရေးတွင် အဓိက ပါဝင်သူများဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ဤဆောင်းပါးသည် မင်းအုပ်ချုပ်မှု ပျောက်ကွယ်ပြီးနောက် ၂၀ ရာစုအစောပိုင်း လူမျိုးရေးကဏ္ဍ အဓိကကျလာသည့်အချိန်မှ စတင်၍ ၁၉၄၀ ခုနှစ်များအတွင်း နိုင်ငံရေးဖြစ်စဉ်တွင် မြန်မာနိုင်ငံ လူမျိုးရေးဆိုင်ရာအစုအဖွဲ့ (အေဂျင်စီ)များ မည်သို့ အကောင်အထည် ပေါ်လာခဲ့သည်ကို စူးစမ်းလေ့လာထားပါသည်။ ဤဖြစ်စဉ်အတွင်း လူမျိုးရေး သဘောတရားသည် လူထုအခြေပြု၊ အခြေခံနိုင်ငံရေးယူနစ်၊ လူမှုရေးနှင့် ဥပဒေရေးဆိုင်ရာ အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံတွင် ပေါ်ထွက်လာခဲ့သည်။

ဤဖြစ်စဉ်ကို လေ့လာရန် မြန်မာနိုင်ငံ၏ သမိုင်းထဲတွင် လူမျိုးရေးသဘောတရားကို နားလည်ခြင်းကို နှောင့်နှေးစေသော သမိုင်းဆိုင်ရာ အကန့်အသတ်နှစ်ခုကို စစ်ဆေးရမည်ဖြစ်သည်။ ယင်းတို့မှာ ကိုလိုနီ အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားသည့် သမိုင်းရေးနည်းမှ ကြည့်သည့် ရှုထောင့်နှင့် ဗမာ အမျိုးသားရေး သမိုင်းပုံတို့ဖြစ်ကြသည်။ ထိုနှစ်ခုစလုံးသည် အစကတည်းကပင် သမိုင်းကို လူမျိုးရေး အမြင်မှ စတင်ကြည့်သောကြောင့် ၁၉ ရာစုအဆုံးမှ ၂ဝ ရာစုအလယ်ပိုင်းအထိ လူမျိုး သည် အချုပ်အခြာ အာဏာသဘောဆောင်လာခြင်းနှင့် လူမျိုးရေး နိုင်ငံရေး တည်ထောင်ခြင်းတို့၏ အခြေခံပြောင်းလဲမှုများကို ဖုံးကွယ် ထားသည်။ ခရစ်ယာန် ကရင်များနှင့် ပတ်သက်သည့် လူမျိုးရေး ဗဟုသုတ ဖွဲ့စည်းဖြစ်ပေါ်မှုတွင် အင်္ဂလိပ်ဘာသာစကား၏ အကန့်အသတ်နှင့် လွတ်လပ်ပြီးနောက် သခင်တို့၏ သမိုင်းပုံ ကျယ်ပြန့်လာမှု ဖြစ်စဉ်ရှိ ဗမာ့အမျိုးသားရေး သမိုင်းဆိုင်ရာ အကန့်အသတ်ကို လေ့လာဆန်းစစ်မည်ဖြစ်သည်။

ဤဆောင်းပါးသည် ပထမဦးစွာ အင်္ဂလိပ်ဘာသာ၏ စစ်ထုတ် ကန့်သတ်မှု၊ ကရင် လူမျိုးရေး ဗဟုသုတဖွဲ့စည်းမှုနှင့် ဗုဒ္ဓဘာသာ ကရင်များ၏ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံနှင့် မတူကွဲပြားသည့် ခရစ်ယာန်ကရင်တို့၏ မိမိကိုယ်ကိုယ် ရှုမြင်ပုံ အနေအထားကို လေ့လာပါသည်။ ၄င်းနောက် ၁၉၃၀ ခုနှစ်များအထိ လူမျိုးရေး သဘောတရား မပါရှိသော နိုင်ငံရေး အခြေအနေကိုလည်း လေ့လာပါသည်။ ထို့နောက် ၁၉၄၇ ခုနှစ်၏ ခရစ်ယာန် ကရင်နှင့် ဗမာအမျိုးသားရေးသမားများ၏ လူမျိုးရေး နိုင်ငံရေးကဏ္ဍကို သုတေသန ပြုထားပြီး ဂျပန်အုပ်ချုပ်ရေး အောက်ရှိ သူတို့၏ လူမျိုးရေး အတွေ့အကြုံများကိုလည်း လေ့လာသည်။ နောက်ဆုံးတွင် လွတ်လပ်ရေးရပြီးနောက် အပြည့်အဝ စတင်သော လူမျိုးရေး နိုင်ငံရေးကဏ္ဍနှင့် လွတ်လပ်ရေးရပြီးနောက် သခင်တို့၏ သမိုင်းအမြင် ဖွံ့ဖြိုး တိုးတက်မှုကို လေ့လာဆန်းစစ် ထားသည်။

ကိုလိုနီခေတ် မြန်မာ

ခေတ်ပြိုင် အင်္ဂလိပ်ဘာသာ ရင်းမြစ်အထောက်အထားများကို အသုံးပြု၍ ကိုလိုနီခေတ် မြန်မာနိုင်ငံကို ပြန်လည်သုံးသပ်မည် ဆိုပါက ကိုလိုနီခေတ်မြန်မာနိုင်ငံသည် လူမျိုးရေး အခြေပြု အသိုင်းအဝိုင်း တစ်ခုဖြစ်ကြောင်း ပြသနိုင်သည်။ သို့သော် အချိန် အများစုတွင် လူမျိုးရေးသည် လူတို့၏ ဘဝနှင့် လူမှုရေး၊ နိုင်ငံရေး၏ အခြေခံသဘော တရား သို့မဟုတ် အစိတ်အပိုင်း အနေနှင့် ရှိမနေခဲ့ပါ။ ဤအနေအထားကို ကရင် ခရစ်ယာန်နှင့် ကရင် ဗုဒ္ဓဘာ သာ လူမျိုးရေး နိုးကြားမှုနှင့် နှိုင်းယှဉ် သုံးသပ်မည်ဖြစ်ပြီး ထို့နောက် ၁၉၃၀ ခုနှစ်များအထိကျိုးကြောင်းဆန်စွာ နိုင်ငံရေး လုပ်ဆောင်ချက် ကို လေ့လာပါမည်။

ခရစ်ယာန် ကရင်

ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် စာရွက်စာတမ်းများ မှတ်တမ်းများ ရေးသားပြုစုခြင်း စတင်သည့် ကာလမှ စ၍ မြန်မာ့လူအဖွဲ့အစည်းကို လူမျိုးရေး လိုက်၍ ခွဲခြား ဖော်ပြခြင်းဟူသော အလေ့အထ ဖြစ်လာခဲ့သည်။ ဤအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာပေများအား ဖတ်ရှုသူများသည် လူမျိုးတိုင်း တွင် တစ်ခုနှင့်တစ်ခု ကွဲပြားပြီး တသမတ်တည်းရှိသော လူမျိုးရေး အသိစိတ်ရှိသည်ဟု မှားယွင်းစွာ မှတ်ယူနိုင်သည်။ လူမျိုးရေးအမြင်၏ ထင်ရှားသော ဥပမာမှာ ၁၈၇၂ ခုနှစ်မှ စတင်၍ ဆယ်စုနှစ်တစ်ကြိမ် ကောက်ယူခဲ့သော သန်းခေါင် စာရင်းများ ဖြစ်သည်။ ၂၀ရာစု အစောပိုင်းတွင် လူမျိုး နှင့် ဘာသာစကားသည် အခြေခံကျသည့် ယူနစ်များဖြစ်လာခဲ့ပြီး ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းတွင် နိုင်ငံအတွင်း မူလ တိုင်းရင်း ၁၅ လူမျိုးစုနှင့် စုစုပေါင်း လူမျိုးအမျိုးအစား ၁၃၇ မျိုးကို စံပြုလာခဲ့သည်။ ဗြိတိသျှဗမာ၏ ခရိုင်စဉ်အလိုက် ပေါင်းချုပ်ဖော်ပြချက်ဖြစ်သည့် ဂေဇက် စာအုပ်တွင် မြေပြင် ထွက်ပစ္စည်းများ၊ သမိုင်းနှင့် နေထိုင်သူများကို လူမျိုးရေးနှင့် ဘာသာရေးအရ ဖော်ပြချက်များ ဖော်ပြပါရှိသည်။ အရေးအပါဆုံး ဖော်ပြချက်မှာ ကိုလိုနီခေတ် သမိုင်း ပညာရှင်များသည် သမိုင်းကို လူမျိုးစုအရ ရေးသားခဲ့ခြင်း ဖြစ်သည်။ ဤအလေ့အထကို ရခိုင်နှင့် အောက်မြန်မာပြည်တွင် စုဆောင်းရရှိခဲ့သော မြန်မာဘာသာနှင့် ရေး သားထားသော အထောက် အထားများ ၊ မင်းတုန်းမင်း ပေးအပ်ခဲ့သော ရာဇဝင် မှတ်တမ်းများအား အသုံးပြု၍ ကိုလိုနီ အုပ်ချုပ်ရေးအရာရှိနှင့် သမိုင်းပညာရှင် Arthur Phayre သည် စတင်လုပ်ဆောင်ခဲ့သည် (Phayre 1883)။ နောက်ပိုင်း ကိုလိုနီသမိုင်းဆရာများဖြစ်သည့် Harvey (1925) အပါအဝင် မြန်မာသမိုင်းများသည်လည်း လူမျိုးရေးလိုက်၍ ရေးသားခဲ့ကြသည်။ ၁၉၁၀ ခုနှစ်တွင် John Furnivalli Gordon Luce နှင့် ဖေမောင်တင်တို့၏ ဦးဆောင်မှုဖြင့် စတင်ခဲ့သော မြန်မာနိုင်ငံသုတေသနအသင်းသည် သူတို့၏ ဂျာနယ်တွင် လူမျိုးစုများနှင့် စပ်လျဉ်းသည့် သုတေသနများ အစုံအလင် ထုတ်ဝေခဲ့သည်။ အများကိုးကားကြသည့် စာအုပ် John Cady ၏ A History of Modern Burma (1958) သည်လည်း လူမျိုးရေးအခြေပြု ရေးသား ထားသော သုတေသနဖြစ်ပြီး ခရစ်ယာန်ကရင်များနှင့် နီးစပ်သော ၄င်း၏ ဆက်ဆံရေးကြောင့် ကရင်တို့၏ နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် အထူးအသေးစိတ်ဖော်ပြထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မှတ်တမ်းများတွင် အများဆုံး ဖော်ပြထားသော လူမျိုးစုမှာ ကရင်များဖြစ်သည်။ ဗြိတိသျှနှင့် အမေရိကန်တို့သည် ခရစ်ယာန်ဖြစ်လာသော ကရင်များနှင့် ဆက်ဆံမှုမှတဆင့် သူတို့၏ လူမျိုးရေး အသိပညာအခြေခံကို တည်ဆောက်ခဲ့သည်။ ၁၈၁၃ ခုနှစ် Adoniram Judson က စတင်ခဲ့သော နှစ်ခြင်းခရစ်ယာန် သာသနာပြု မစ်ရှင်သည် စကောနှင့် ပိုးကရင်စကား ပြောသူများ အကြား အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ကနဦးကပင် အမေရိကန် သာသနာပြုများသည် ကရင်တို့ကို ခရစ်ယာန် ဘာသာနှင့် ဆက်စပ်သော လူမျိုးတစ်စုအဖြစ် ထင်မြင် ယူဆခဲ့သည်။ ကရင်များအား ခရစ်ယာန်သာသနာပြု Francis Mason က ၁၈၃၃ ခုနှစ်တွင် တနင်္သာရီပြည်နယ် အုပ်ချုပ်ရေး အရာရှိ N. D. Maingyi ထံ ပျောက်ဆုံးနေသော ဣသရေလလူမျိုး အချို့ကို တွေ့ရှိပြီဖြစ်ကြောင်း စာတစ်စောင်တွင် ဖော်ပြခဲ့သည် (Mason 1834:328–93)။ ဟေဗြဲလူမျိုးအစမှ ဆင်းသက်လာ သည်ဆိုသည့် အယူအဆသည် ယင်းအပေါ် သံသယ ရှိသော မနုဿဗေဒ ပညာရှင်များ ပေါ်ထွက်မလာမီအထိ နှစ်ခြင်း ဘုရားကျောင်းများ အကြား လက်ခံကြသည်။ စကောစာလုံးကို Jonathan Wade က ၁၈၃၂ ခုနှစ်တွင် ဖန်တီးခဲ့ပြီး ပိုးစာရေးထုံးကို D. L. Brayton က ၁၈၅၂ ခုနှစ်တွင် ထူထောင်ခဲ့သည်။ အစပိုင်းတွင် ဤကရင်အုပ်စု နှစ်စုသည် တစ်ခုတည်းသော လူမျိုးစု (ကရင်) ဟုတ်မဟုတ် ဆိုသည့် အငြင်းအခုံများ ရှိခဲ့သော်လည်း ယခုအခါတွင် ကရင်လူမျိုးစုကြီး နှစ်စုကို ဘာသာစကားအရ ရှင်းလင်းစွာ ခွဲခြားထားနိုင်ပြီ ဖြစ်သည် (Womack 2005)။ ပထမဆုံး စနစ်တကျ ရေးသားထားသော မနုဿရေးရာ လေ့လာချက် စာအုပ်မှာ Mason ၏ သဘာဝ သမိုင်းစာအုပ် ဖြစ်သော Burmah, its People and Natural Production (1860) Marshall ၏ သက်ရောက်မှု ဩဇာရှိသော စာအုပ်ဖြစ်သည့် The Karen People of Burma: A Study in Anthropology and Ethnology (1922) သည် ကရင်ကို သီးခြား လူမျိုးစုအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုမှု ရရှိစေခဲ့သည်။ ၁၉ ရာစုအတွင်း ကရင်တို့အပေါ် ဗြိတိသျှ ရေးသားချက်များသည် အမေရိကန် သာသနာပြုများ၏ အသိပညာ ဗဟုသုတများမှ မှီငြိမ်း McMahon 1876; Smeaton 1887) ကရင်လူမျိုးရေး အသိပညာဗဟုသုတထဲသို့ ဗြိတိသျှတို့ ထည့်သွင်း ပေးခဲ့သော အရေးပါသော အစိတ်အပိုင်းတခုမှာ သန်းခေါင်စာရင်း မှတ်တမ်းများဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းတွင် ကရင် လူမျိုးများသည် ဗမာလူမျိုးများပြီးလျှင် လူဦးရေ ၁.၃၇ သန်း သို့မဟုတ် စုစုပေါင်း လူဦးရေ ၉ ရာခိုင်နှုန်း ရှိသည့် မြန်မာတွင် လူဦးရေ အကြီးဆုံး လူနည်းစုလူမျိုးအဖြစ် သတ်မှတ်ခဲ့သည် (Ikeda 2012a)

ဒုတိယအနေဖြင့် ခရစ်ယာန်ကရင်များ ကိုယ်တိုင် သူတို့၏ လူမျိုးရေးနိုးကြားမှုကို တိုးမြင့် ဖော်ဆောင်ခဲ့ပြီး လူမျိုးဆိုင်ရာ ပြင်ပအမှတ်လက္ခဏာများကို ထူထောင်လာခဲ့ကြသည်။ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပြီးနောက် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ နှစ်ခြင်း ခရစ်ယာန် အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံတွင် အနိုးကြား အတက်ကြွဆုံး ဖြစ်လာခဲ့ပြီး ကရင်သည် ဘုရားကျောင်းမှာရော စာသင် ကျောင်းမှာပါ ခရစ်ယာန်မျိုးနွယ် အဖြစ် အတည်ပြုခဲ့သည် (Shwe Wa 1963) ကရင်လူမျိုး၏ သီးခြား ဝိသေသလက္ခဏာရှိမှုကို ဖော်ပြသော စာအုပ်များ များစွာ ထွက်ပေါ်လာခဲ့ပြီး၊ ယင်းတို့တွင် The Thesaurus of Karen Knowledge (Wade & Sau Kau-Too 1847-50)1 1840 ပြည့်နှစ်များတွင် စကောဘာသာဖြင့် ပြုစုခဲ့သော ပထမဆုံး ကရင်အဘိဓာန်၊ ၁၂ဝ နှစ်ကြာ နေဝင်းခေတ်အထိ ထုတ်ဝေခဲ့သော လစဉ်မဂ္ဂဇင်း Morning Star နှင့် စောအောင်လှ ၏ ကရင် သမိုင်းစာအုပ် A History of Karen (1939) တို့ ပါဝင်သည်။ ခရစ်ယာန်ကရင်များသည် ၁၈၈၁ ခုနှစ်တွင် Karen National Association (Fujimura 2020) အဆိုပါအဖွဲ့၏ ဥက္ကဌ အဖြစ် Theodore Than Bya သည် စကောဘာသာဖြင့် ကရင်များအား ဗမာက ဖိနှိပ်ညှင်းပန်းမှုကို ဖော်ပြသော စာအုပ်သုံးအုပ် ထုတ်ဝေခဲ့သည်။ ခရစ်ယာန် ကရင်များအနက် အစိုးရ ဥပဒေပြုကောင်စီ၏ ပထမဆုံး အဖွဲ့ဝင်များ ဖြစ်သော San C. Po နှင့် Sydney Loo Nee တို့ကို မွေးထုတ်ပေးခဲ့ပြီး ၁၉၂၃ ခုနှစ်အပြီး ဒိုင်အာခီစနစ် အောက်တွင် ပထမဆုံး ကိုလိုနီပါလီမန်တွင် ကရင်တို့အတွက် စုစုပေါင်း ၁၃၀ နေရာအနက်က လူမျိုးရေးအခြေခံ ၅ နေရာ ခွဲဝေပေးခဲ့သည် (Ikeda 2012a)

မြန်မာကိုလိုနီခေတ်အတွင်း "ကရင်" အကြောင်း လေ့လာ စူးစမ်းသော တဆင့်ခံ သုတေသနများ အနက်အများစုသည် အထက်ဖော်ပြပါ ခရစ်ယာန်စာပေနှစ်မျိုးကို အခြေခံထားသည်။ Martin Smith ၏ ကရင်လက်နက်ကိုင်တော်လှန်ရေးအကြောင်း ကျယ်ပြန့်စွာ လေ့လာချက်၌ ကိုလိုနီခေတ်အကြောင်း ဖော်ပြရာတွင် ဖော်ပြပါ ခရစ်ယာန်စာပေများကို အခြေခံထားသည် (Smith 1999) Mikael Gravers လူမျိုးရေး အမျိုးသားရေးဝါဒ အယူအဆကို ဗမာအမျိုးသားရေး နှင့် နှိုင်းယှဉ်ပြီး ဆွေးနွေးရာတွင် ကရင်ခရစ်ယာန် အထောက်အထား ရင်းမြစ်များအမျိုးမျိုးကို အသုံးပြုပြီး (Gravers 1999) Ardeth Maung Thawnghmung ၏ နိုင်ငံရေးမပါသော “အခြားကရင်” (နိုင်ငံရေးသမားများနှင့် အစိုးရ ဆန့်ကျင် လက်နက်ကိုင်အဖွဲ့များက ယင်းကိုကိုယ်စားပြုသည်) အကြောင်း သုတေသနသည် Cady ၏ နိုင်ငံရေးသမိုင်းကို အခြေခံပြီး ကိုလိုနီခေတ် ကရင်များဆိုင်ရာ ခရစ်ယာန် အထောက်အထားများ အသိပညာအပေါ် အခြေပြုထားသည် (Thawnghmung 2012)။ ကရင်တို့ကို အများအားဖြင့် လူမျိုးဆိုင်ရာ အမျိုးသားရေးဝါဒ၊ ခွဲထွက်ရေးလှုပ်ရှားမှု သို့မဟုတ် ဖိနှိပ်ခံ လူနည်းစုများ၏ ဥပမာများအဖြစ် မကြာခဏ ဖော်ပြခဲ့ကြသည် (ဥပမာ၊ Steinberg 1982; Rajah 1990; Brown 1994)။ ဤတဆင့်ခံ သုတေသနများတွင် ထင်ရှားစွာ ပျက်ကွက် နေသောအရာမှာ ဗုဒ္ဓဘာသာကရင်များ အကြောင်း လေ့လာချက် ဖြစ်သည်။ ကိုလိုနီခေတ် အတွင်း ဗုဒ္ဓဘာသာကရင်တို့သည် မည်သူများ ဖြစ်နေခဲ့ပါသနည်း။2

ဗုဒ္ဓဘာသာ ကရင်

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကရင်များအနက် အများစု ဖြစ်သော ၇၆.၇၄ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး၊ ခရစ်ယာန်များသည် ၁၅.၉၉ ရာခိုင်နှုန်း ဖြစ်ကြသည်။ ယနေ့တွင် ဗုဒ္ဓဘာသာဝင် ကရင်များနှင့် ပတ်သက်သည့် စာအုပ်များစွာ ထုတ်ဝေထားပြီး၊ အများအားဖြင့် မြန်မာဘာသာဖြင့် ရေးသားထား သော်လည်း ၁၉၆၀ ခုနှစ်များမတိုင်မီက ထုတ်ဝေ ထားသော စာအုပ်များ မရှိသလောက်ဖြစ်သည် (ဥပမာ၊ Zagara 1966; Loung Khin 1965; Lin Myat Kyaw 1970; 1980; Thin Naung 1978, 1981, 1984) ဗုဒ္ဓဘာသာကရင်များအပေါ် 32 သုံးသပ်ခြင်းအားဖြင့် ကိုလိုနီခေတ် ကရင်များနှင့် မြန်မာ့ကိုလိုနီလူမှုရေး အဖွဲ့အစည်း၏ လူမျိုးရေးအခြေအနေကို အသစ်သောရှုထောင့်မှ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ကိုလိုနီခေတ်အတွင်း ကရင်နာမည်သုံးစွဲခေါ်ဝေါ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓဘာသာနှင့် ဆက်စပ်သော အဖွဲ့အစည်းများ ရှိခဲ့သော်လည်း၊ ဗုဒ္ဓဘာသာနှင့် လူမျိုးရေးကို ပေါင်းစည်းသည့် ကိုယ်တိုင် ထုတ်ဖော်ပြသမှုမျိုး မရှိသလောက် ဖြစ်ကြသည်။ ဥပမာအားဖြင့် ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားအနီး ကရင်ပိဋကတ်တိုက်ကျောင်းသည် ရန်ကုန်ရှိ သက်တမ်းအရင့်ဆုံး ကရင်ဘုန်းတော်ကြီး ကျောင်းဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ သို့သော် ထိုကျောင်း၏ သမိုင်းစာအုပ် (Kayin Pariyatti Kyaungtaik n.d.) တွင် မည်သည့်လူမျိုးမှ ဖော်ပြမထားပါ။ ယနေ့တွင် ဗုဒ္ဓဘာသာဝင် ပိုးကရင်များ၏ အခြေစိုက်နေထိုင်ရာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ကရင် ပြည်နယ်၏ ဘားအံဒေသကို ပိုးကရင် သံဃာ့သမဂ္ဂအဖွဲ့ ဗဟိုပြုရာ နေရာဟု ယူဆကြသည် (Womack 2005:127)။ ၁၈ ရာစု ပိုးကရင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး Pu Ta Maik နှင့် သူဖန်တီးခဲ့သော အရှေ့ပိုင်း ပိုးစာရေးနည်းစနစ်ကိုလည်း မကြာခဏ ကိုးကား ဖော်ပြလေ့ရှိကြသည်။ ၁၈၅၀ ခုနှစ်တွင် ဇွဲကပင် တောင်တော် အောက်ခြေတွင် တည်ထောင်ခဲ့သော ရေတံခွန် ကျောင်းသည် ဤစာရေးနည်းကို ပျံ့နှံ့စေခဲ့သော ဌာန ဖြစ်သည်။ ၁၉၆၀ ခုနှစ်များတွင် ဦးဖုန်းမြင့်က အဆိုပါဒေသတွင် သုတေသန ပြုခဲ့ပြီး ပိုးကရင်ပေစာ ၇၅ စောင်ကို စုဆောင်းခဲ့သည်။ ၎င်းသည် ဗုဒ္ဓဘာသာ ပိုးကရင် ပေစာများ သမိုင်း (Hpoun Myint 1975) အမည်ဖြင့် ထုတ်ဝေခဲ့ပြီး၊ ယင်းတွင် ကရင် လူမျိုးရေးဆိုင်ရာ ဗုဒ္ဓဘာသာ စတင်တည်ထောင်မှုကို ဖော်ပြ၍ ယင်းကို ဒေသတွင်း အပြိုင် နှစ်ခြင်းခရစ်ယာန် သာသနာပြုလှုပ်ရှားမှုများကို နှိုင်းယှဉ် သုံးသပ်ထားသည်။ သို့သော် ယင်းပေစာများတွင် လူမျိုးရေး အားဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြဌာန်းမှု အထောက်အထား မရှိကြောင်း ကောက်ချက်ချခဲ့ပြီး အဆိုပါပေစာများကို ေနောက်ပိုင်းတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ Pu Ta Maik တီတွင်ခဲ့သည့် ပိုးကရင်အက္ခရာများမှာ ပိုးကရင်စကားပြောသူများကို မြန်မာနှင့် ပါဠိဘာသာ အဓိက သုံးစွဲပြောဆိုကြသည့် ခေတ်ရေစီးကြောင်း ဗုဒ္ဓဘာသာ အစဉ်အလာထဲသို့ ဖိတ်ခေါ်ရန် ရည်ရွယ်၍ ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိပါသည်။ ၂၀ ရာစုအလယ်ပိုင်းတွင်ပင် ပိုးနှင့် စကောကရင် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများမှာ ခရစ်ယာန်များနှင့် နှိုင်းယှဉ်နိုင်လောက်သည့် လူမျိုးရေးအသိစိတ် မဖွံ့ဖြိုးခဲ့ကြပါ။ ဤဒေသသည် ၁၉၅ဝ ပြည့်နှစ်များနောက်ပိုင်း ဗမာ့အမျိုးသားရေးဝါဒနှင့် စစ်အာဏာရှင်စနစ်အပေါ် တိုက်ပွဲ ဝင်ခဲ့သော ကရင် ပုန်ကန်သူများ၏ နေထိုင်ရာဒေသ ဖြစ်လာသည် နှင့်အမျှ Pu Ta Maik နှင့် ပိုးကရင်ဗုဒ္ဓဘာသာ သမိုင်းကို အမျိုးသားရေးဆန်ဆန် ဖွင့်ဆိုခြင်းများလည်း ပိုမို မြင်သာလာခဲ့ ပါသည်။

သို့သော် ၁၉၂၉ နှင့် ၁၉၃၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ စာရေးဆရာများက ထုတ်ဝေခဲ့သော ကရင်သမိုင်း စာအုပ် နှစ်အုပ်တွင် ထူးခြားသည့် လူမျိုးရေးဆိုင်ရာ ရပ်တည်ချက်များ ပါဝင်သည်။ အထူးသဖြင့် မြန်မာဘာသာဖြင့် ဦးပညာ ရေးသား ထားသော ကရင်ရာဇဝင် (၁၉၂၉) ဖြစ်သည်။3 ၎င်းသည် မြန်မာ့ ရာဇဝင် ရေးနည်းရေးဟန် ကို ဆက်လက် အသုံးပြုထား သော်လည်း အကြောင်းအရာမှာ ခေတ်သစ်စာတမ်း ဖြစ်ပြီး လူမျိုးရေးအခြေခံ ဇာတ်ကောင်များ ပါဝင်သည်။ ထိုစာအုပ် အလိုအရ လူမျိုး သည် ဘုရင်စနစ် သို့မဟုတ် ဘာသာရေး အယူအဆထက် ပိုမို အခြေခံ ကျသော ဖော်ပြချက်တစ်ရပ် ဖြစ်သည်။ လူမျိုးတိုင်းတွင် ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက် ပေးသော ဘုရင်တစ်ပါးရှိရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ ဤအယူအဆ စဉ်းစားပုံသည် ရှေးခေတ် မြန်မာ့ ရာဇဝင်များတွင် မဖြစ်နိုင်ခဲ့သော အချက်ဖြစ်သည်။ ရှေးမြန်မာရာဇဝင်များက လူမျိုးရေးနှင့် စပ်လျဉ်းလာလျှင် ခပ်မဆိတ်သာ နေကြလေ့ရှိသည်။ စာရေးသူနှစ်ဦး၏ အဓိက အခိုင်အမာပြောဆိုချက်မှာ ကရင်များ တရားဝင် ဗုဒ္ဓဘာသာလူမျိုးဖြစ်သည်။ သမိုင်းဦးကပင် မြန်မာဒေသ ဗုဒ္ဓဘာသာလောက၌ ဗုဒ္ဓဘာသာ သာသနာ့ ဒါယကာ ဘုရင်များ ရှိခဲ့သော တရားဝင် ဗုဒ္ဓဘာသာလူမျိုး ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုသို့ လူမျိုးရေး အခိုင်အမာ ပြောဆိုချက်များကို ၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များတွင် ပြုခဲ့ရခြင်း၏ အကြောင်းရင်းများကို ထိုစာများရေးသားချိန်ကာလ လူမှုဘဝ အခြေအနေတွင် ရှာဖွေတွေ့ရှိနိုင်သည် (Ikeda 2009, 2012b)။

ဦးပညာ၏ စာအုပ်အဆုံးတွင် သူ့ကို စာရေးရန် တွန်းအား ဖြစ်စေခဲ့သော အကြောင်းအရာအပိုင်းကို ပြန်လည် ဖော်ပြ ထားသည်။ ထိုအကြောင်းအရာမှာ "ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့် စတင်ခဲ့" ပြီး ကရင်လူမျိုးတွင် ဘုရင်မင်းဆက် မရှိကြောင်း သတင်းစာများတွင် အငြင်းပွားမှုက စတင်ခဲ့ခြင်း ဖြစ်သည် (ပညာ ၁၉၂၉:၁၇၇-၇၈)။ ဤအငြင်းပွားမှုမှာ ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာအထိ မြန်မာနေ့စဉ် သတင်းစာ သူရိယ ၏ ပေးစာကဏ္ဍတွင် သာမန်ပြည်သူများက ကရင်တို့သည် လူရိုင်းများ ဟုတ်မဟုတ် မေးမြန်းမှုမှ စတင်ခဲ့သည့် အငြင်းပွားမှုဖြစ်သည်။ ဦးစွာ စတင်သူမှာ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ဖော်ပြပါရှိသော ရန်ကုန်မြို့ဇာတိ “နန်းစိန်ကြည်” ခေါ် အမျိုးသမီးတဦး၏ ရေးသားချက်ဖြစ်သည်။ သူက ရုပ်ရှင်တစ်ခု၌ စစချင်းကပင် "ကရင်လူမျိုးကို လူရိုင်းနှင့် နိမ့်ကျသော လူမျိုးဟု ရှက်စရာဖြစ် အောင် သရုပ်ဖော်ထားသည်ဟု တိုင်ကြားခဲ့သည်။ မေလအထိ စာ စုစုပေါင်း ၃၅ စောင် စာများနှင့် ဆောင်းပါးများကို သတင်းစာတွင် အပြန်အလှန် ပြင်းထန်စွာ ရေးသား အငြင်းပွားခဲ့ကြခြင်းမှာ ဦးပညာ၏ စာအုပ် ထုတ်ဝေချိန်အထိပင် ဖြစ်သည်။ ဤ အငြင်းပွားမှု အစပိုင်းတွင် ကရင်များ၏ ပုံရိပ်ကို အဓိကအားဖြင့် ခရစ်ယာန်လူမျိုးအဖြစ် သတ်မှတ်ထားသည်။ ထိုနေရာ၌ မြန်မာ့လူဘောင်လောက အမြင်ကလည်း လူ့အဖွဲ့အစည်းသည် လူမျိုး တည်းဟူသော အခြေခံယူနစ်များဖြင့် ဖွဲ့စည်းထားသည် ဆိုသည့် အမြင်ကို လက်ခံထားသည်။ ၁၉၂၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် “ကရင်အမျိုးသမီးတဦး” အမည်ဖြင့် သူရိယတွင် ဆောင်းပါးရှင်တစ်ဦးက Pu Paik San တစ်ခါပြောဖူးသည့် စကား "ကုလားသခင်၊ ကရင်ဘုရား၊ မြန်မာအလကား” ဟူသော အသုံးအနှုန်းကို ကိုးကားခဲ့သည်။“4 ဤအငြင်းပွားမှုတွင် ဗမာ ဘက်က ကရင်များကို ခရစ်ယာန် ဘာသာဝင်များအဖြစ် စိတ်ကူး ပုံဖော် ထင်မြင်ကြပြီး ခရစ်ယာန်ဘာသာအပေါ် မလိုလားရန်လိုမှု ရှိကြသည်ကို တွေ့မြင်ရသည်။ အဓိကအားဖြင့် ဤအငြင်းပွားမှု၌ လူရိုင်းဖြစ်သည် မဟုတ်သည်ကို သတ်မှတ်ရာတွင် အတိတ်က ဗုဒ္ဓဘာသာ ဘုရင်မင်းဆက်ရှိမရှိကို အခြေခံသတ်မှတ်ရမည် ဆိုသည့် အကြောင်းအရာအပေါ် မူတည် ဆွေးနွေးခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် ကရင်များအတွက် မြန်မာ့လူ့ဘောင်လောက၌ ယဉ်ကျေး သောလူမျိုး ဖြစ်ခြင်း ဆိုသည်မှာ ဗုဒ္ဓဘာသာဘုရင်မင်းဆက်ရှိခြင်း မရှိခြင်းအပေါ် မူတည်နေသည်။ ဗုဒ္ဓဘာသာဝင် ကရင်များ၏ လူမျိုးအမည်ပေးပုံနှင့် လူမျိုးရေး အမြင်များသည် ခရစ်ယာန်ကရင်များ၏ အမြင်နှင့် အတိတ်က အလွန် ကွာခြားသည် (Ikeda 2014)

ကရင်သမိုင်းစာအုပ် နှစ်အုပ်နှင့် ရုပ်ရှင်အငြင်းပွားမှုတို့တွင် အထင်အရှား တွေ့မြင်ရသည့်အတိုင်း ၁၉၃၀ ပြည့်နှစ်များအထိ ဗုဒ္ဓဘာသာ ကရင်များ၏ လူမျိုးရေး နိုးကြားမှုသည် ကရင် အမည်နှင့် ခရစ်ယာန်ဖြစ်မှု ကို ချိတ်ဆက်ရန် ကြိုးပမ်းမှုမဟုတ်ဘဲ ယင်းအစား ဗုဒ္ဓဘာသာ မျိုးရိုးအစဉ်အလာနှင့် ပြည့်စုံသော မြန်မာ့ဗုဒ္ဓဘာသာ လောကတွင် ဆက်ခံမှုရှိသော လူမျိုးတစ်မျိုး အဖြစ် ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်းထုတ်ဖော် သက်သေပြသည့်အဖြစ်သာ ဖြစ်ပေသည်။ ထို့အပြင် ဦးပညာနှင့် ဦးစောကဲ့သို့ ဘုန်းတော်ကြီးများနှင့် စာရေးဆရာများမှာ မြို့နေ စာတတ်ပေတတ်များ ဖြစ်ကြသည်။ သို့တစေ ကျေးလက် ဒေသများတွင် နေထိုင်ကြသော အများစု “၇၆.၇၄ ရာခိုင်နှုန်း" သော ဗုဒ္ဓဘာသာများကမူ ဤလူမျိုးရေးအဆိုကို ခပ်မဆိတ်သာ သဘောထားကြသည်။ အလေးမထားကြပေ။ တိုင်းတပါး အင်္ဂလိပ် အုပ်ချုပ်နေသော မြန်မာနိုင်ငံ၏ အခြေအနေတွင် ပြည်သူလူထုကြီး အဖို့ လူမျိုးရေး နိုးကြားမှုမှာ အထူးထင်ရှားမရှိသည့် အနေအထားတွင် ရှိနေသည်။ သို့သော် ခရစ်ယာန်ကရင်များမှာမူ ဤဒေသ၏ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍအခင်းအကျင်းတွင် ထူးခြားသော အနေအထား ရှိနေသူများ ဖြစ်ကြသည်။

၁၉၄၀ နှစ်များမတိုင်မီ နိုင်ငံရေး

၁၉၃ဝ ပြည့်နှစ်များအထိ နိုင်ငံရေးတွင် လူမျိုးရေးအရေးကို ပြန်လည် သုံးသပ်ပါက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာပေ သုတေသနများ၏ လူမျိုးရေး စဉ်ဆက်မပြတ် စိုးရိမ်နေမှုများ၊ အရိပ် ထိုးလွှမ်းမိုးနေမှုများ၊ “ကရင်” လူမျိုးများအကြား ခရစ်ယာန်များ၏ ခြွင်းချက်အနေ ထူးခြားမူနှင့် ဗုဒ္ဓဘာသာဝင်များ အကြား လူမျိုးရေး နိုးကြားမှုမရှိခြင်းတို့ကို ထင်ရှားစွာ မြင်ရမည်ဖြစ်ပြီး ယခင်က သတိမမူမိသော အကြောင်း အချက်အလက်သစ်များ တွေ့ရှိလာရသည်။ ထိုအရာများကို အောင်မြင်စွာ လေ့လာနိုင်ရန် အင်္ဂလိပ်ဘာသာ အထောက်အထား ရင်းမြစ်များ၏ အကန့်အသတ်များ၏ နောက်ခံ အခြေအနေကို လေ့လာရမည် ဖြစ်သည့်အပြင် နောင်ပိုင်းတွင် ဗမာ အမျိုးသားရေး သမိုင်းရေးသားမှုက ဖန်တီးထားသည့် သမိုင်းပုံရိပ်ကိုလည်း သုံးသပ်ရန် လိုအပ်သည်။ ဗမာ အမျိုးသားရေးနှင့် စပ်လျဉ်းပြီး ရေးသားလေ့လာသော ဗမာ အထောက်အထား ရင်းမြစ်များ သည်လည်း အင်္ဂလိပ်ဘာသာ အထောက်အထား ရင်းမြစ်များ နည်းတူ ပုံသေကားကျ၊ လှေနံဓားထစ် သမိုင်းအမြင်ကို တင်ပြလိုသည်ကို တွေ့ရမည်။ ဤသမိုင်းအမြင်၌ အစဉ်အလာအားဖြင့် ဝိုင်အမ်ဘီအေ (YMBA) ဖြင့် စတင်ပြီး ဂျီစီဘီအေ အသင်းချုပ်ကြီး (GCBA) နှင့် တို့ဗမာအစည်းအရုံး အထိ နောက်ဆုံးရောက်သည့် အဖြစ်အပျက်များအဖြစ် ဖော်ပြ လေ့ရှိသည်။ သို့သော် ဤမျိုးဆက်ပြောင်းလဲမှု ပြောဆိုချက်သည် သခင်သမိုင်း ရေးသားမှု၏ အမြင်မှ ဖန်တီးထားခြင်းဖြစ်ပြီး ဤ ပြောဆိုချက်၌ လူမျိုးရေး အသိုင်းအဝိုင်းသည် အစဉ်အဆက် တည်ရှိပြီး ဖြစ်ကြောင်းကို ခိုင်မာစွာ ယူဆထားသည်။

၁၉၂၀ နှစ်များမတိုင်မီ နိုင်ငံရေးလှုပ်ရှားမှုများသည် မြန်မာ ကိုလိုနီခေတ် ကော်စမိုပိုလီတန် (ကျယ်ပြန့်ပွင့်လင်းသော) လူအဖွဲ့အစည်း၏ အခြေအနေကို ထင်ဟပ်နေသည်။ လွန်ခဲ့သော ရာစုနှစ်၏ အဆုံးပိုင်းတွင် အလျင်အမြန် တိုးတက်လာသော အိန္ဒိယလူဦးရေသည် ကုန်သွယ်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေ ရေးရာတို့တွင် ထင်ရှားလာခဲ့သော်လည်း ဗမာအမျိုးသားရေး ဝါဒမှ ဖယ်ရှားလိုသည့် အကြောင်းကိစ္စ ဖြစ်မလာသေးပါ။ ခုနှစ်တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ခဲ့သည့် ရန်ကုန် တက္ကသိုလ်တွင် အိန္ဒိယ၊ တရုတ်၊ မွတ်စလင်နှင့် ခရစ်ယာန် ကျောင်းသားများ ရှိသည်။ အိန္ဒိယ အုပ်ချုပ်ရေး အိုင်စီအက်စ် ဌာနတွင် မြန်မာ၊ အိန္ဒိယနှင့် ရခိုင်ဝန်ထမ်းများ ပါဝင်ကြသည်။ ၂ဝ ရာစုအစပိုင်းတွင် လူမျိုးရေး သို့မဟုတ် ဘာသာရေး ကွာခြားမှုများသည် အရေးကြီးသော ကဏ္ဍမဟုတ်ပါ။ ဂျီစီဘီအေ (GCBA) သည် ကိုလိုနီပါလီမန်တွင် အိန္ဒိယ၊ တရုတ်၊ ယူရေးရှန်းနှင့် ခရစ်ယာန်ကရင် ကိုယ်စားလှယ်များ အတူ အမတ်နေရာများကို ရရှိခဲ့သည်။ ဂျီစီဘီအေသည် အများစု ဖြစ်သော်လည်း ဥပဒေပြုမှုများ အောင်မြင်ရန်အတွက် လူနည်းစုများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ခဲ့သည်။ ၎င်းတို့က ကိုလိုနီ လူ့အဖွဲ့အစည်းသည် မတူကွဲပြားသည့် လူ့အဖွဲ့အစည်း ဖြစ်သည်ဟု ယူဆထားကြသည်။ အကောင်းဆုံး ဥပမာမှာ ၁၉၃၇ ခုနှစ်တွင် မြန်မာ၏ ပထမဆုံး ဝန်ကြီးချုပ်နှင့် ဂျပန်အုပ်ချုပ်ရေးကာလ အတွင်း အဓိပတိ၊ နိုင်ငံအကြီးအကဲ အဖြစ် ရပ်တည်ခဲ့သော ဒေါက်တာ ဘမော် ဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိစာအုပ် (1968) တွင် ဂျပန်အုပ်ချုပ်ရေး မတိုင်မီနှင့် ဂျပန်ခေတ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာနိုင်ငံ၏ မတူကွဲပြားလူမျိုးစုံမှုကို အသေးစိတ် ဖော်ပြထားသည်။ 

ကော်စမိုပိုလီတန် (ကျယ်ပြန့်ပွင့်လင်းသော) နိုင်ငံရေး လှုပ်ရှားမှုများမှသည် လူမျိုးရေးအခြေခံ နိုင်ငံရေးလှုပ်ရှားမှုများသို့ ပြောင်းလဲမှုကို သခင်သမိုင်းအမြင်က ဖုံးကွယ်ထားသော်လည်း ရခိုင်ကိစ္စတွင်မူ အထင်အရှား မြင်ရသည်။ ယနေ့ ရခိုင် လူမျိုးတို့ သည် ၁၈ ရာစုအထိ လွတ်လပ်သော မြောက်ဦးဘုရင် နိုင်ငံ၏ လွတ်လပ်သည့် အချုပ်အခြာအပေါ် အခြေခံသည့် လူမျိုးရေး အမျိုးသားရေးဝါဒကို ထိန်းသိမ်းထားကြသည်။ သို့သော် ၂၀ ရာစု အစပိုင်းတွင် ရခိုင်ပြည်မှာ ကိုလိုနီခေတ် မြန်မာပြည်၏ အစိတ်အပိုင်းဖြစ်ပြီး ရခိုင်လူဦးရေ အများအပြားသည် ရခိုင်ပြင်ပတွင် နေထိုင်နေကြသည်။ ၁၉၂၀ ခုနှစ် ပထမ ကျောင်းသား သပိတ်တွင် ရွှေတိဂုံဘုရား၌ သစ္စာဆို ကတိပြုခဲ့သော ကျောင်းသား ၁၁ ဦးအနက် နှစ်ဦးသည် ရခိုင်ကျောင်းသားများ ဖြစ်ကြသည်။ တစ်ဦးမှာ နောက်တွင် ပထမဆုံး သပိတ် ကျောင်းသားအဖြစ် ချီးကျူးခံရသော ဗုဒ္ဓဘာသာကျောင်းသား ဘဦး ဖြစ်ပြီး နောက်တစ်ဦးမှာ မွတ်စလင်တစ်ဦးဖြစ်သူ ဘရှင် ဖြစ်သည်။ 5 ပထမဆုံးကျောင်းသားသမဂ္ဂဖြစ်သော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ (RUSU) ကို ၁၉၃၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့ရာ၊ ယာယီဥက္ကဋ္ဌအဖြစ် ကျော်ခင်၊ ပထမဥက္ကဋ္ဌအဖြစ် ထွန်းစိန်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် စံဖော်အောင် တို့ ခန့်အပ်ခံ ခဲ့ရသည်။ ထိုသူများအားလုံး ရခိုင်များဖြစ်ပြီး၊ ထွန်းစိန်မှာ မွတ်စလင်ဖြစ်သည်။ ရခိုင်ဒေသတွင် အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပိုမိုနီးသော ရခိုင်တောင်ပိုင်းဒေသတွင် တို့ဗမာအစည်း အရုံးအဖွဲ့ခွဲများနှင့် အဖွဲ့ဝင်များ များစွာ ရှိခဲ့သည်။ လူမျိုးရေးနှင့် ဘာသာရေး ကွာခြားမှုများ ၏ အရေးမပါလှသော အဖြစ်ကို ၁၉၃၀ ပြည့်နှစ်များအထိ ရခိုင်ဒေသ ဒေသခံ နိုင်ငံရေး ပါတီများ ဖွဲ့စည်းရာတွင်လည်း တွေ့မြင်ရသည်။ ၁၉၃၅ ခုနှစ်တွင် တည်ထောင်ခဲ့သော အာရကန်ပါတီကို ကိုလိုနီပါလီမန်ရှိရခိုင်အမတ်များ အများစုဖြင့် ဖွဲ့စည်းထားပြီး ထွန်းအောင်ကျော်၊ အောင်ဇံဝေ၊ ဦးမောင်မောင်ထွန်းအောင်ကျော်၊ ဆာပေါ်ထွန်း တို့အပြင်၊ နောက်ပိုင်း ရိုဟင်ဂျာ လှုပ်ရှားမှုခေါင်းဆောင် ဖြစ်လာသော ဆူလ်တန်အဟ်မဒ်နှင့် တမီလ်နွယ်ဖွား မွတ်စလင် လုပ်ငန်းရှင်ကြီး ဂူနီမာရကန် တို့ပါဝင်သည်။

သခင်လှုပ်ရှားမှုသည် ယခင်မျိုးဆက်မှ အမျိုးနှင့် ဘာသာရေး ကန့်သတ်ချက်များမရှိသော ကော်စမိုပိုလီတန် (ကျယ်ပြန့် ပွင့်လင်းသော) နိုင်ငံရေးလှုပ်ရှားမှု သဘောသဘာဝကို ဆက်ခံခဲ့သော်လည်း လူမျိုးရေးကွဲပြားမှု အလားအလာများလည်း ၁၉၃၀ နှောင်းပိုင်းနှစ်များ သခင်များ ပိုမို ကျော်ကြား လာသည့် အချိန်တွင် ပေါ်ပေါက်လာသည်။ သခင်များသည် ပါလီမန်ပြင်ပတွင် အဓိကလှုပ်ရှားရန် ရွေးချယ်ခဲ့ပြီး မြန်မာ အများစုကို လှုံဆော်သိမ်းသွင်းရန် ရည်ရွယ်ထားသည်။ အစမှစ၍ သခင်များနှင့် ခရစ်ယာန်ကရင်များ အကြား နိုင်ငံရေးဆက်ဆံရေး မရှိသ လောက်ဖြစ်သည်။ ရခိုင်တို့သည် “လူမျိုး” အနည်းစုများ အနက် သခင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အများဆုံး ဖြစ်ကြသည်။ သခင်များနှင့် အခြားပူးပေါင်းဆောင်ရွက်သူများတွင် အိန္ဒိယလူမျိုးများ၊ ရှမ်း၊ မွန်နှင့် မွတ်စလင်များ ပါဝင်သည်။ ၎င်းတို့၏ ပါဝင်မှုမှာ မဟာဗျူဟာကျ စီမံကိန်းစဉ် မဟုတ်ဘဲ အောင်ဆန်းနှင့် အခြားသခင်များနှင့် ရင်းနှီးမိသော ပုဂ္ဂိုလ်ရေး ဆက်ဆံရေးအပေါ် မူတည်သည်။ သခင်သမိုင်းရေးပုံအရ "ဗမာ" ဟူသောအသုံးအနှုန်းကို လူနည်းစုလူမျိုးပေါင်းစုံ ပါဝင်သော ကျယ်ပြန့်သည့် မြန်မာအဓိပ္ပါယ်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ခဲ့သည် ဟုဆိုသည်။ သို့သော် သခင်များက တိကျ သေချာသော လူမျိုးရေးဖွဲ့စည်းပုံ ဒီဇိုင်းအပေါ် အခြေခံပြီး စည်းရုံး လှုပ် ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဆိုသည့် သက်သေ အထောက်အထား မရှိပါ။ အမှန်အားဖြင့် ၎င်းတို့၏ နိုင်ငံရေး မဟာဗျူဟာတွင် လူမျိုးရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်တန်ချေကို လုံလုံလောက်လောက် ထည့်သွင်းမစဉ်း စားခဲ့သည့် သဘော ရှိခဲ့သည်။ တို့ဗမာအစည်းအရုံး သခင်များသည် ပါလီမန်ရှိ GCBA လက်အောက်ခံ အမျိုးသားရေးဝါဒီများကို “သူတို့ဗမာများ” ဟု စွပ်စွဲကာ သပိတ်မှောက်ခြင်းများနှင့် ဆန္ဒ ပြခြင်းများ ပြုလုပ်ခဲ့သည်။ “ကျွန်ုပ်တို့” နှင့် “သူတို့” ဟု ခွဲခြားသည့် နိုင်ငံရေးဗျူဟာကို ၁၉၃၀ ပြည့်နှစ်များတွင် စတင်ပေါ်ပေါက် လာသော အိန္ဒိယဆန့်ကျင်သော စိတ်နေစိတ်ထားနှင့်တွဲဖက်၍ အသုံးပြုခဲ့သည်။ ထို့ကြောင့် “သူတို့ဘက်မှ အိန္ဒိယများ" သည် ကိုလိုနီလူ့အဖွဲ့အစည်းတွင် လျင်မြန်စွာ ကြဉ်ဖယ်ခံရသည်။ မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်သော အိန္ဒိယ ချစ်တီးအုပ်စုသည် လွယ်လင့်တကူ ဝေဖန်ခံသည့် ပစ်မှတ် ဖြစ်လာခဲ့သည်။ ထိုနည်းတူ ကရင်တို့၏ “ခရစ်ယာန် အဖြစ် ပုံပေါ်မှုက ကရင်ကို “သူတို့ဘက်မှ လူမျိုး” အဖြစ် ပုံပေါ်လာစေခဲ့သည်။ သခင်များက ကရင်တို့ကို ဖယ်ကြဉ်ရန် စနစ်တကျ တိုက်ရိုက် ပစ်မှတ်မထားခဲ့သော်လည်း ယင်း အခြေအနေကို တားမြစ်ရန် သိမြင်မှုနှင့် အတွေ့အကြုံ အလုံအလောက် မရှိခဲ့ပါ။ တို့ဗမာအစည်းအရုံး သခင်များသည် ဗြိတိသျှ (နောက်ပိုင်းတွင် ဂျပန်) ရန်သူအပေါ် အာရုံစိုက် နေရခြင်းကြောင့် ၎င်းတို့၏ ကွဲပြားမှု မူဝါဒ၏ အကျိုးဆက် များကို မသိရှိခဲ့ပါ။ ဤအဖြစ်က ၁၉၄၀ နှင့် ၁၉၅၀ နှစ်များတွင် လူမျိုးရေး ကွဲပြားမှုများနှင့် ပဋိပက္ခများ ဖြစ်စေခဲ့သည်။

၁၉၄ဝ ပြည့်နှစ်များ၏ လူမျိုးစုနိုင်ငံရေး

မြန်မာ့သမိုင်းတွင် ၁၉၄ဝ ပြည့်နှစ်များကို သခင်များ၏ အောင်မြင်မှုများအဖြစ် အစဉ်အဆက် မှတ်တမ်း တင်ကြပါသည်။ သူတို့က ဆယ်စုနှစ်၏ ပထမငါးနှစ်တွင် ဗြိတိသျှ ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ခဲ့ပြီး ဒုတိ ယငါးနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပါသည်။ သခင်များကို အဓိကဇာတ်ဆောင်အဖြစ် မြင်သည့် ဤဇာတ်ကြောင်းတွင် ၁၉၄ ခုနှစ်တွင် စတင်သည့် မြန်မာ့သမိုင်းတွင် အရေးပါသည့် ဖြစ်ရပ်တစ်ခုဖြစ်သည့် လူမျိုးစု နိုင်ငံရေး၏ ဇာတ်ကြောင်းအစမှာ မမြင်သာပါ။ သို့သော် ၁၉၄၀ ပြည့်နှစ် များတွင် ကရင်လူမျိုးများ၏ အမြင်တွင် ယင်းမှာ သိသာ ထင်ရှားသော အစဖြစ်ပြီး ၁၉၄၂ ခုနှစ် မြောင်းမြ အရေးအခင်းသည် အရေးကြီးသော အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။

မြောင်းမြ အရေးအခင်း

မြောင်းမြအရေးအခင်းသည် ကရင်နှင့်ဗမာ လူမျိုးများအကြား ဖြစ်ပွားသည့် ပထမဆုံး ကြီးမားသော လူမျိုးရေးပဋိပက္ခဖြစ်ပြီး၊ ၁၉၄၂ ခုနှစ် မတ်လမှ ဇွန်လအတွင်း အစိုးရအာဏာ မသက်ရောက်သည့် ကာလ၌ ဖြစ်ပွားခဲ့သည်။ ဤကာလသည် ဗြိတိသျှများ မြန်မာနိုင်ငံမှ ဆုတ်ခွာပြီး ဂျပန်တပ်များ စစ်အုပ်ချုပ်ရေး မစတင်မီ ကာလဖြစ်သည်။ မြစ်ဝကျွန်းပေါ် အလယ်ပိုင်း မြောင်းမြခရိုင်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ဗမာ့ လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ရောက်ရှိလာခဲ့သည်။ ဘီအိုင်အေ တပ်ဖွဲ့သည် မြန်မာတစ်နိုင်ငံလုံးမှ လူငယ်များကို စုဆောင်းပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာစဉ်အတွင်း အလျင် အမြန် ကြီးထွားလာခဲ့သော်လည်း လက်နက် အပြည့်အဝ မရှိကြသဖြင့် ဗြိတိသျှလိုလားသော ကရင်များတွင် လက်နက်များ ကျန်ရှိနေသည်ဟု ယုံကြည်ပြီး ရှာဖွေခဲ့ခြင်းမှ စတင်ခြင်း ဖြစ်သည်။ ပဋိပက္ခများမှာ ဧပြီလအစောပိုင်းတွင် စတင်ခဲ့ပြီး ဗမာစစ်ဘေး ဒုက္ခသည်များက မြို့ပြဒေသများတွင် ခိုလှုံကာ ကရင်များက ကျေးလက်ဒေသများတွင် ခံတပ်များ ဆောက်ခဲ့ကြသည်။ ပဋိပက္ခများသည် ဇွန်လဝန်းကျင်အထိဆက်လက်ဖြစ်ပွားခဲ့ပြီး အိမ်မဲ၊ ဝါးခယ်မ၊ နှင့် မြောင်းမြ တို့မှ မြောက်ဘက်ရှိ မြို့နယ်သုံးခုတွင် အထူးပြင်းထန်ခဲ့သည်။ ယင်းတွင် ရွာပေါင်း ၂ဝဝဝ ကျော်အနက် ၁၅ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်း ခန့်သည် တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ တဝက်ကျော်သည် နေရပ်စွန့်ခွာရကာ လူ ၅၀၀၀ ခန့် (Ikeda 2005, 2007, 2012c)။

အဆိုပါ အရေးအခင်းနှင့် ဆက်စပ်သော အဖြစ်အပျက်များကို ပုံမှန်အားဖြင့် ကရင်ဘက်တွင် ကြုံတွေ့ရသည့် ထိခိုက်မှုများကို ဦးစားပေးပြီး မှတ်တမ်းတင်ထားပြီး သခင်များ၏ စစ်ပြီးနောက် မှတ်တမ်းများ တွင်လည်း ယင်းသို့တွေ့ရပါသည် (ဥပမာ - Lwin 1969)။ အိမ်မဲမြို့နယ် မြောက်ပိုင်းတွင် တိုက်ခိုက်မှုများမှာ ဧပြီလအစောပိုင်းတွင် စတင်ခဲ့ပြီး ကာကွယ်ရေးကို ပိုးကရင် ရွာသူကြီး ရွှေထွန်းကြာ က ဦးစီးဆောင်ရွက်ခဲ့ပါသည်။ မေလတွင် ပဋိပက္ခ များ ပြင်းထန်လာခဲ့ပြီး မေလဒုတိယပိုင်းတွင် အဆိုးရွားဆုံး ဖြစ်လာပါသည်။ မေလ ၂၆ ရက်တွင် မြောင်းမြမြို့ရှိ ကရင်နှစ်ခြင်း ခရစ်ယာန်ဖြစ်သည့် ရွှေဒဂုံ ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးခဲ့ကြပြီး ယခင် တရားရေးဝန်ကြီး စောဖေသာ၏ မိသားစုအပါအဝင် လူများ (ဥပမာ - Morrison 1947; Ba Maw 1968; Lwin 1969) σε ၃၁ ရက်တွင် ၀ါးခယ်မ မြို့နယ်ရှိ ပိုးကရင် ကက်သလစ်ရွာ ကနာဇိုကုန်းနှင့် ပိုးကရင် နှစ်ခြင်းခရစ်ယာန်ရွာ သာယာကုန်း တို့ကို ဘီအိုင်အေက မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းအမိန့်ကို ဗိုလ်မှူးကြီး ကေအိဂျိ ဆုဇူကိ (ဗိုလ်မိုးကြိုး) က ပေးခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူ၏ လက်အောက်စစ်သား တိုယိုဂျိ ခိမတ အသတ်ခံရသည့် သတင်း ရရှိသည့်အတွက်ကြောင့် ဖြစ်သည် (ဥပမာ - Maung Maung 1969) မီးရှို့ပြီးနောက် ဆုဇူကိသည် အနီးအနားရှိ ရွာမှ ကရင်နှင့် အိန္ဒိယလူမျိုး ၁၅၀၀ ဦးခန့်ကို စုစည်းကာ သူ၏ အမိန့်ကို မလိုက်နာပါက ကနဇိုကုန်းရွာလို ဖြစ်မည်ဟု ခြိမ်းခြောက်ခဲ့သည် (ဇွန် ၆၊ မြစ်ဝကျွန်းပေါ်ဓားတစင်း The Delta News၊ Moo Khu 1962)။ ပဋိပက္ခအပြင်းထန် ဆုံးကာလတွင် မြောင်းမြထောင်တွင် ဖမ်းဆီးထားသော ကရင် ၂၀ ကို ဗမာရွာများ တိုက်ခိုက်ခံရတိုင်း ထုတ်ယူ သတ်ဖြတ်ခဲ့သည်ဟု ဆိုသည် (Ba Maw 1968)။ ဇွန်လလယ်ပိုင်းတွင် ဂျပန်တပ်များ ဒေသသို့ ရောက်ရှိပြီးနောက် ပဋိပက္ခများ လျော့ပါးသွားသည်။

ဤအရေးအခင်းနှင့် ပတ်သက်သည့် ကိုးကားချက်များ များစွာ ရှိသော်လည်း Guyot ၏ လေ့လာချက်သည် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အပြည့်အစုံဆုံးသော လေ့လာမှု တစ်ခု ဖြစ်ပါသည်။ Guyot တ ဤဖြစ်ရပ်၏ သမိုင်းကြောင်းအရ အရေးပါမှုကို ဖွင့်ဆိုရာတွင် ဗမာအမျိုးသားဝါဒ သမိုင်းအမြင်မှ တဆင့် ဖော်ပြထားခြင်း ဖြစ်ပြီး ကရင်များသည် ကိုလိုနီခေတ်မှစ၍ အင်္ဂလိပ် လိုလားသူများ ဖြစ်ကြောင်းနှင့် ဗမာများနှင့် ရန်ဖက် ဆက်ဆံရေးရှိနေကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ရာ မြောင်းမြ ဖြစ်ရပ်သည် ကိုလိုနီခေတ်အတွင်း ပေါက်ဖွားလာခဲ့သော လူမျိုးရေး မုန်းတီးမှုရဲ့ ပေါက်ကွဲခြင်းဟု သူမက ရှုမြင်သည် (Guyot 1978)။ သို့သော် Guyot သည် ဗုဒ္ဓဘာသာ ကရင်များ၏ ပြင်းထန်သော လူမျိုးရေး အတွေ့အကြုံများ၊ သခင်များက ကရင်များကို လှေနံဓားထစ် နားလည်ထားမှုများ နှင့် လွတ်လပ်ရေး ရပြီးနောက် သခင်များရေးသည့် သမိုင်းတွင် ဤဖြစ်ရပ်သည် အဘယ့်ကြောင့် ဆတ်ဆတ်ထိမခံ ပြောမရသည့် ကိစ္စ ဖြစ်လာရခြင်း အကြောင်းအရင်းများကို မဆွေးနွေးထားပါ။

ပထမတစ်ချက်မှာ မြောင်းမြအရေးအခင်းသည် ကရင်များ အတွက် ၎င်းတို့အကြား အတွင်းပိုင်း ကွဲပြားမှုများကို ကျော်လွန်ပြီး ဗမာ သခင်များကို ရန်သူအဖြစ် ကြုံတွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သန်းခေါင်စာရင်းတွင် ကရင်များကို ပြင်ပ သတ်မှတ်ချက်ဖြင့် အားလုံးကို ကရင်အဖြစ် အတူတူသတ်မှတ် ထားသော်လည်း ကရင်များမှာ လူမျိုးရေး နိုးကြားမှုတွင် အထူးသဖြင့် တော်တော်ကွဲပြားကြသည်။ မြောင်းမြခရိုင်တွင် ဘာသာရေးလွှမ်းမိုးမှုကြောင့် ကရင်လူမျိုးရေးစိတ် ပြင်းပြခဲ့သော နှစ်ခြင်းခရစ်ယာန်များမှာ ပိုးနှင့် စကောကရင်များ အပါအဝင် ၁၆ ရာခိုင်နှုန်း သာ ရှိခဲ့သည် (၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း)။ အများစုဖြစ်သည့် ၇၉ ရာခိုင်နှုန်း ခန့်မှာ ဗုဒ္ဓဘာသာဝင် ပိုးကရင်နှင့် စကောကရင်များ ဖြစ်ကြပြီး အချို့ရွာများတွင် ပိုးကရင် ဗုဒ္ဓဘာသာဝင်များမှာ အနီးအနားရှိ ဗမာဗုဒ္ဓ ဘာသာဝင်များနှင့် ဆက်ဆံမှုကြောင့် ပိုးဘာသာစကားကို မပြောတတ် ဖြစ်သွားပြီ ဖြစ်သည်။ ရွှေထွန်းကြာ သည် သခင်များ ရောက်လာချိန်တွင် ပထမဆုံး ကြိုဆိုခဲ့သည့် ပိုးကရင် တစ်ဦးဖြစ်သည် (၂၀၀၃ ခုနှစ် တွေ့ဆုံ မေး မြန်းချက်များ)။ ကရင်ခရစ်ယာန်များအနက် ကက်သလစ်နှင့် အင်္ဂလိကန်များလည်း ရှိကြသော်လည်း ၎င်းတို့၏ ဘာ သာရေး ဆောင်ရွက်မှုအား ဗမာစာဖြင့် ဆောင်ရွက်ကြပြီး နှစ်ခြင်း ခရစ်ယာန်များကဲ့သို့ ကရင်လူမျိုးရေးစိတ် ပြင်း ထန်ကြသူများ မဟုတ်ကြပေ။ ထို့ပြင် အနာဂတ်တွင် ပွင့်တော်မူမည့် ဗုဒ္ဓဘုရားကို ကိုးကွယ်သည့် ဗြဟ္မစိုရ် အယူဝါဒဝင်များလည်း ရှိသည်။ ဤသို့ ကွဲပြားသည့် ကရင်များသည် လူဦးရေ၏ ၇၂ ရာခိုင်နှုန်း ဖြစ်သည့် ဗမာများ ၊ ရွေ့ပြောင်းအခြေချနေထိုင်သူ အိန္ဒိယလူမျိုးများနှင့် ရောနှော နေထိုင်ကြသည်။ ကျေးလက်ဒေသများတွင် ရွာများသည် အနှံ့အပြား ပျံ့နှံ့နေပြီး မြို့ပြဒေသများတွင် လူမျိုးအလိုက်၊ အုပ်စုအလိုက်နှင့် ဘာသာအလိုက် ရပ်ကွက်များ အသီးသီးတွင် နေထိုင်ကြသည်။ ယနေ့ တညီတညွတ်ထဲ သတ်မှတ်ထားသည့် ကရင်နှစ်သစ်ကူးကို ကိုလိုနီလွှတ် တော်က ၁၉၃၉ ခုနှစ်တွင်သာ ဥပဒေပြု သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး နှစ်ခြင်းခရစ်ယာန် မဟုတ်သည့် အခြားကရင်အသိုင်းအဝိုင်းတွင် ကရင်အဖြစ် တစုတဝေးထဲ သတ်မှတ်ရန် အကြောင်းရင်းရော အခွင့်အလမ်းရောမရှိခဲ့ပေ။ ဆိုလိုသည်မှာ မြောင်းမြတွင် “ကရင်နှင့် 05" လူမျိုးရေးပဋိပက္ခကို ပြင်ပမှ သခင်များက ရုတ်တရက် ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ယင်းနေရာတွင် လူများကို “ကရင်” ဟူ၍ ပြင်ပမှ သတ်မှတ် ထားသော်လည်း ၎င်းတို့ ကိုယ်တိုင်ကိုယ်၌မှာမူ လူမျိုးရေးနိုးကြားမှု မရှိခဲ့ချေ။ ၎င်းတို့ကို မည်သူကတော့ ကရင်၊ မည်သူကတော့ ဗမာဟူပြီး သတ်မှတ်လိုက်သည့် အချိန်မှသာ အချင်းချင်း သတ်ဖြတ်ခြင်း စတင်ခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူအနေဖြင့် မြောင်းမြအရေးအခင်းသည် ကရင်တို့ အတွက် အရေးပါပုံနှင့် ပိုးကရင်ဗုဒ္ဓဘာသာဝင် ရွှေထွန်းကြာသည် အချိန်တိုအတွင်း သူရဲကောင်းတစ်ဦး ကရင်လူမျိုးများ၏ ဖြစ်လာပုံကို ရေးသား တင်ပြထားပြီး ဖြစ်ပါသည် (Ikeda 2005, 2007, 2012c)။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရွှေထွန်း ကြာသည် အိမ်မဲမြို့နယ်တွင်ရှိသော ပိုးဗုဒ္ဓဘာသာဝင် တံခွန် တိုင်ရွာ၏ ရွာသူကြီး တဦးဖြစ်ပြီး မြောင်းမြဖြစ်ရပ် မဖြစ်ပွားမီ သူ့သမီးကို ဖြာယောင်း သည်ဟု စွပ်စွဲကာ ရွာနီးနားချင်း အိန္ဒိယ လူမျိုး လူငယ်တဦးကို သတ်လိုက်ပြီး ရွာမှ ထွက်ပြေးခဲ့သည်။ သူအား ထင်ရှားသော ပိုးကရင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးမှ ဂါထာတစ်ခုအား ဆေးမင်ကြောင်ထိုးပေးထားပြီး ထိုအချိန်က သူရဲကောင်းအဖြစ် သတ်မှတ်ကြသည့် သခင်တို့၏ လက်မောင်း တံဆိပ်ကို ဝတ်ဆင်ကာ ရွာသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ လူမျိုးရေး ကွဲပြားမှုများက ပိုးဗုဒ္ဓဘာသာဝင်များအတွက် အရေးမကြီးခဲ့သော်လည်း မြောင်းမြဖြစ်ရပ်အတွင်း ကရင်နှင့်ဗမာ တို့ကြား လူမျိုးရေးဆိုင်ရာ ကွဲပြားမှုများ အလျင်အမြန် ကြီးထွား လာခဲ့ပြီး ရွှေထွန်းကြာသည် ပိုးဗုဒ္ဓဘာသာဝင်များ၏ ခေါင်းဆောင် အဖြစ် ပေါ်ထွက်လာကာ ပဋိပက္ခတွင် ဦးဆောင်ခဲ့ပါသည်။ သူက ဗမာရွာ ၂ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး များမကြာမီတွင် သူ့ကို မှော်အစွမ်းတန်ခိုးရှိသည့်ကရင်သူရဲကောင်းတဦးအဖြစ် ချီးကျူး ထားသည့် သီချင်းတပုဒ်သည် လူထုကြားထဲတွင် ပြန့်နှံ့ခဲ့ပါသည် (စာရေးသူ၏ မေးမြန်းချက်များ)။ ပိုးကရင်ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်မှုကို ရရှိထားသူ ရွှေထွန်းကြာသည် အဆိုပါကာလအတွင်း နှစ်ခြင်းခရစ်ယာန်များနှင့် ဆက်သွယ်ခဲ့ဟန်ရှိပါသည်။ ရွှေဒဂုံ သတ်ဖြတ်မှု ဖြစ်ရပ်မဖြစ်မီတွင် မြောင်းမြနှစ်ခြင်း ခရစ်ယာန်များကို ဗမာများ ဝန်းရံဖမ်းဆီးခြင်းမှ ကယ်တင်ရန် ဆွေးနွေးမှုတခုတွင် ရှိခဲ့ပြီး၊ ယင်းဆွေးနွေးမှုတွင် ရွှေထွန်းကြာ: (Morrison 1947:192) ။ကို ဖြစ်ရပ်ပြီးနောက် သူ့ကို ဒေါက်တာဘမော် ဦးဆောင် ဖွဲ့စည်းခဲ့သော ကရင်-ဗမာ ပြန်လည်သင့်မြတ်ရေး ကော်မတီ အဖွဲ့ဝင် ၁၁ ဦးအနက် တစ်ဦးအဖြစ် ရွေးချယ်ခဲ့ပါသည် (NAD 10/1/34)။ သူသည် မဟာမိတ်တပ်များနှင့်လည်း လျှို့ဝှက်စွာ ပူးပေါင်းခဲ့ ပါသည်။ ၁၉၄၄ ခုနှစ် အလယ်ပိုင်းတွင် ဂျပန်စစ် ထောက်လှမ်းရေးက ဖမ်းဆီးကာ လျှို့ဝှက်သတ်ဖြတ်ခံခဲ့ရသည် (စာရေးသူ၏ မေးမြန်းချက်များ)။ သူသေပြီးနောက်ပိုင်း နှစ်ခြင်း ခရစ်ယာန်များက သူ့ကို ရှာဖွေခဲ့ကြသည်။ ကရင်လူငယ်အဖွဲ့ (KYO) ၏ လစဉ်မဂ္ဂဇင်းတွင် သူ့အကြောင်း ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့ပြီး ရွာများတွင် ကြော်ငြာကပ်ကာ ဆုကြေးငွေထုတ် ရှာဖွေခဲ့ကြပါသည် (DSMHRI DR3038)။ ကနဇိုကုန်း ခရစ်ယာန်ဘုရားကျောင်းကလည်း သူ့ကို ကရင်သူရဲကောင်းအဖြစ် သီချင်းတစ်ပုဒ်ဖန်တီးခဲ့ပြီး ယနေ့အချိန်ထိ သီဆိုနေဆဲဖြစ်ပါသည် (စာရေးသူ၏ မေးမြန်းချက်များ)။ မူလက ကရင်ဟု မိမိ ကိုယ်ကို မသူ့နားမှာရှိသော မသတ်မှတ်ခဲ့သော ရွှေထွန်းကြာသည် မြောင်းမြဖြစ်ရပ်မှတစ်ဆင့် ကရင်ခေါင်း ဆောင် တစ်ဦးဖြစ်လာခဲ့ပြီး သူများသည် သူ့ကို အားကျကြကာ သူမှတစ်ဆင့် ကရင်လူမျိုးရေး အသိစိတ်သည် ပိုမို နက်ရှိုင်းလာခဲ့ပါသည်။

ဒုတိယအချက်မှာ မြောင်းမြအရေးအခင်းသည် သခင်များ အနေနှင့် မြန်မာနိုင်ငံ၏ လူမျိုးရေး အဖြစ်မှန် အခြေ အနေကို ကရင်အရေးမှ ပထမဆုံး ကြုံတွေ့ရသော အချိန်ဖြစ်ခဲ့ပါသည်။ သို့သော် သခင်များသည် မြောင်းမြအရေး အခင်းအပေါ် မိမိတို့၏ တာဝန်ရှိမှုကို ယေဘုယျအားဖြင့် သိမြင်ခဲ့ကြသော်လည်း ယင်းဖြစ်ရပ်၏ သမိုင်းကြောင်းကို တစုံတရာ ဆက်မပြောရသော အကြောင်းအရာအဖြစ် ဖုံးဖိထားခဲ့ကြပါသည်။ မြောင်းမြ ဖြစ်ရပ် နှင့် သက်ဆိုင်သော ဗမာဖက်မှ မှတ်တမ်းများမှာ လွတ်လပ်ရေး ရရှိပြီးနောက်မှ ၁၉၆၀ ပြည့်နှစ်ကုန်ပိုင်းအထိ ရေးသားခဲ့ကြ ပါသည်။ ၎င်းစာအုပ်များ၏ အများစုမှာ "ကရင်-ဗမာ ချစ်ကြည်ရေး”ကို ဖော်ပြကာ မြောင်းမြအရေးအခင်းနောက်ပိုင်း လူမျိုးရေး ဆက်ဆံရေး ပြန်လည်ကောင်းမွန်မှုကို အလေးပေး (Than Tun 1945; Nu 1946; Tin Mya 1966, 1968; Tin 1967)။ သို့သော် သခင်များ၏ တာဝန်ရှိမှုကို အကျယ်ဖော်ပြထားသော ဗမာမှတ်တမ်းများနှင့် အသေးစိတ် အချက်အလက်များသည် ၁၉၆ဝ ပြည့်နှစ်ကုန်ပိုင်းတွင်သာ ပေါ်ထွက်လာခဲ့ပါသည်။ ဥပမာအားဖြင့် မောင်ထင်အောင် ၏ ဗမာ့သမိုင်း စာအုပ်တွင် သခင်များ၏ မြောင်းမြအရေးအခင်း၌ တာဝန်ရှိမှုကို ဖော်ပြထားပါသည် (1967:315)။ ဘမော်၏ မြောင်းမြ အရေးအခင်းနှင့် သက်ဆိုင်သော အသေးစိတ် ဖော်ပြချက်များသည်လည်း မှတ်တမ်း တန်ဖိုးရှိပါသည် (1968)။ ဘမော်၏ ဖော်ပြချက်တွင် သံလွင်မှ ကနဇိုကုန်းနှင့် သာယာကုန်း တို့ကို တိုက်ခိုက်မီးရှို့မှုနှင့် ရွှေဒဂုံရပ်ကွက်တွင် စောဖေသာကို သတ်ဖြတ်မှုကို အသေးစိတ် ဖော်ပြထားပါ သည်။ ဘမော်၏ ဖော်ပြချက်သည် လွတ်လပ်ရေး ရရှိပြီးနောက် သခင်များ၏ သူ့အပေါ် ဖိနှိပ်မှုကြောင့် တွန်းအားဖြစ်ပြီး သခင်များ၏ လုပ်ရပ်မှားများကို ဖော်ပြထားပါသည်။ သခင်လွင်၏ ဂျပန်ခေတ်ဗမာ့သမိုင်း စာအုပ်တွင် စောဖေသာအမှုအား သုံးမျက်နှာ ဖော်ပြထားပြီး ဘီအိုင်အေ ကို “အမျိုးသားရေး စိတ်ဓာတ်နောက်ကို လိုက်ပြီး လုပ် ဆောင်သည့် အပေါ်ယံ လုပ်ရပ်များ" ပြုလုပ်ကြောင်း အပြစ်တင်ထားပါသည်။ သခင်လွင်က “မူလက ကရင်နှင့် ဗမာတို့သည် သွေးသောက် ညီအကိုများ ဖြစ်ခဲ့ကြသော်လည်း ခရစ်ယာန်ပြုခံထားရသည့် ကရင်များသည် ဗြိတိသျှများကို သစ္စာစောင့်သိလာပြီး ဗြိတိသျှတို့က လူမျိုးနှစ်စုအကြား သွေးကွဲစေရန် ဖန်တီးခဲ့သည်” ဟုဆိုပါသည် (Lwin 1969)။ ထိုအချိန်တွင် ကရင်လူမျိုးရေးအမြင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်များတွင် နေဝင်းစစ်အုပ်ချုပ်ရေး၏ ထိန်းချုပ်မှု တင်းကြပ်လာမှုနှင့်အတူ မြောင်းမြအရေးအခင်းသည် တားမြစ် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ ပါသည်။

မြောင်းမြနှင့် မြန်မာပြည် အရှေ့ပိုင်းရှိ ဖာပွန်တို့တွင် ဖြစ်ပွားခဲ့သော ကရင်-ဗမာအဓိကရုဏ်း (ပဋိပက္ခ) ကြောင့် အောက်မြန်မာပြည် တဝိုက်တွင် ကရင်နှင့် ဗမာအကြား ဆက်ဆံရေး ပျက်စီးခဲ့သည်။ ဂျပန်အုပ်ချုပ်မှု အောက်ရှိ ဘမော် အစိုးရသည် လူမျိုးစု နှစ်စုအကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်စေရေး အစပြုဆောင်ရွက်ခဲ့ပြီး ကရင်-ဗမာ ပြန်လည် သင့်မြတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ Guyot ၏ ခန့်မှန်းချက်အရ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီမှ ဇွန်လအထိ လုပ်ကြံ သတ်ဖြတ်မှုများ၏ အရေအတွက်သည် ယခင်ကထက် ၇ဆ တိုးလာခဲ့ပြီး လုယက်မှု အရေအတွက်သည်  တိုးခဲ့ပါသည် (Guyot 1966:152)။ ၁၉၄၂ ခုနှစ် ဩဂုတ်လမှ ၁၉၄၃ ခုနှစ် ဧပြီလအထိ ခရိုင်အလိုက် ရရှိသည့် အစိုးရ အချက်အလက်များအရ လုပ်ကြံမှုများနှင့် လုယက်မှုများ၏ အများဆုံး အရေအတွက်သည် မြောင်းမြခရိုင် အပါအဝင် ဧရာဝတီတိုင်းရှိ ခရိုင်ငါးခုနှင့် ကရင်လူမျိုးများ အများဆုံး နေထိုင်ရာ အောက်မြန်မာပြည်ရှိ ပဲခူးနှင့် တနင်္သာရီခရိုင်တို့တွင် (Government of Burma 1943:51–52) ပဋိပက္ခပြီးနောက် ဖြေရှင်းဆောင်ရွက်မှုမှာ နောက်ဆုံးတွင် ရှုပ်ထွေးသော အခြေအနေတွင် မပြီးမပြတ် ပစ်ထားခဲ့ရသည်။ ဘမော်အစိုးရနှင့် သခင်များသည် ကရင်ပြဿနာထက် ဂျပန် စစ်တပ် အရေး ပိုမိုအာရုံစိုက် ဖြေရှင်းနေရခြင်းကြောင့် ဖြစ်ပါသည်။ ကရင်-ဗမာဆက်ဆံရေးကို ပြန်လည် မပြင်ဆင်နိုင်ခဲ့ဘဲ ၁၉၄၇ ခုနှစ် လူမျိုးရေးနိုင်ငံရေးတွင် ကရင် ဘက်မှ ဗမာအပေါ် အမြင်မှာ ယင်းကို အခြေခံခဲ့ပါသည်။

ဂျပန်ဆန့်ကျင်ရေး သခင်လှုပ်ရှားမှုအတွင်းက ကရင်များ

ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်မှုသည် သခင်များ၏ လွတ်လပ်ပြီးခေတ် အုပ်ချုပ်ရေး၏ ခိုင်မာသော တရားဝင်မှု အခြေခံ ဖြစ်ပါသည်။ ထို့ကြောင့် သခင်များရေးသည့် သမိုင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ၏ ဂျပန်ဆန့်ကျင်ရေး ထကြွမှုတွင် အရေးပါမှုမှာ ထင်ရှားပါသည်။ သခင်များကို လူမျိုးစုအားလုံး၏ ခေါင်းဆောင်အဖြစ် ပုံဖော် ထားခဲ့ပါသည်။ ၁၉၈၄ ခုနှစ် နေဝင်းခေတ် ကျောင်းသုံး ၈ တန်း သမိုင်းစာအုပ်တွင် "မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လူနည်းစုအားလုံးသည် တပ်မတော်တွင် စစ်သားအနေဖြင့် ဖြစ်စေ၊ ဒေသခံ ပြောက်ကျား စစ်သားများ အနေဖြင့်ဖြစ်စေ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေးစစ်တွင် ပါဝင်ခဲ့ကြသည်” ဟု ဖော်ပြထားပါသည် (၁၉၈၄:၂၀၀)။ သို့သော် မြေပြန့်ဒေသရှိ သခင်များနှင့် ဗိုလ်ချုပ် အောင်ဆန်းတို့၏ ဂျပန်ဆန့်ကျင်ရေး ထကြွမှုနှင့် တောင်တန်း ဒေသများရှိမဟာမိတ်တပ်များနှင့် ယူနစ် ၁၃၆ တို့က ဦးဆောင်ခဲ့သော ကချင်၊ ချင်း၊ ကရင်နီ၊ ရှမ်းနှင့် ကရင်တို့၏ ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နီးကပ်သည့် “မဟာမိတ်များ” မဟုတ်ခဲ့ကြပါ။

၁၉၄၅ ခုနှစ် မတ်လတွင် သခင်များ၏ တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသား မှာ ကရင်များသာ ဖြစ်ပါသည်။ သခင်သမိုင်းဆရာများ၏ နောက်ပိုင်း လိမ်လည်ဝါဒဖြန့်မှုများကို ကြည့်လျှင် ကရင်များ သခင်ထကြွမှုတွင် ပါဝင်ခဲ့သည်မှာ အတော်လေး အံ့အားသင့်ဖွယ် ဖြစ်ပါသည်။ မည်သည့်အတွက် ကြောင့် ကရင်များ သခင်များ၏ တော်လှန်ရေးတွင် ပါဝင်ခဲ့ပါ သနည်း။ ကရင်တပ်များသည် မြောင်းမြ ဖြစ်ရပ်လိုမျိုး ထပ်ဖြစ်ခြင်းကို တားဆီးရန် ဖဆပလ၏ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး တော်လှန်ရေးတွင် ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ဗမာတပ်မတော်က စုဆောင်းသည့် တပ်သားသစ် ၃၀၀၀တွင် ကရင်များ ပါဝင်ပြီး တစ်လတာ လေ့ကျင့်မှု အပြီးတွင် “လေ့ကျင့်ရေးတပ်မဟာ ၄" အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ဖက်ဆစ်တော်လှန်ရေးကို တိုင်း ၁၀ တိုင်း (အမှန်အားဖြင့် ၇ တိုင်း) အလိုက် ခွဲခြား ဖော်ဆောင်ခဲ့ပြီး ကရင်တပ်ဖွဲ့သည် တိုင်း ၃ (မြောင်းမြဖြစ်ရပ် ဖြစ်ပွားခဲ့ရာဒေသ) မြစ်ဝကျွန်းပေါ် အနောက်ပိုင်းကို တာဝန်ယူခဲ့ပါသည်။ ယင်းတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မှူးကြီးကြာဒိုးသည် တော်လှန်ရေး မစခင် ဝါးခယ်မတွင် ဂျပန် ဖမ်းဆီးခံရကာ သူ၏ လက်ထောက် ဗိုလ်မှူးထွန်းစိန်က အစားထိုး တာဝန်ယူခဲ့ပါသည်။ ထွန်းစိန်၏ မှတ်တမ်းများတွင် ကရင်တပ်ဖွဲ့၏ လှုပ်ရှားမှုများကို အသေးစိတ် ဖော်ပြထားပါသည်။ ယင်းတပ်ဖွဲ့သည် မြစ်ဝကျွန်းပေါ် အရှေ့ပိုင်း တိုင်း ၂ ဗိုလ်မှူးကြီး နေဝင်း၏ လက်အောက်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ဂျပန်တပ်နှင့် တိုက်ပွဲ အများအပြားတွင် ပါဝင်ခဲ့ပါသည်။ ဧပြီလတွင် ဗြိတိသျှစစ်တပ်၏ တပ်မ ၁၃၆ သည် မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်ခဲ့ကာ မေလတွင် အရပ်သား (Civil Affairs Service Burma, CAS-B) ဝင်ရောက်လာကာ အုပ်ချုပ်ရေး စတင်ခဲ့ပါသည်။ ဇွန်လမှ စ၍ စက်တင်ဘာလ အဆုံးတွင် ထိုလေ့ကျင့်ရေးတပ်မဟာ ၄သည် ကရင်နှင့် ဗမာတို့အကြား လူမျိုးရေးပဋိပက္ခများ ပြန်လည် ဖြစ်ပွားခြင်းကို တားဆီးရန် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ ပါသည်။ ၁၉၄၂ ခုနှစ် လူသတ်မှုများ ဖြစ်ခဲ့သော ကနဇိုကုန်းရွာတွင် ၎င်းတို့သည် “လက်နက်အပြည့် ပါသော လှေငယ် ၂၀၀" ကို သိမ်းဆည်းခဲ့ပါသည်။ ထွန်းစိန်နှင့် သူ့၏ ကရင်တပ်ဖွဲ့သည် မြောင်းမြ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်ခြင်းကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပါသည် (ထွန်းစိန် ၁၉၆၂)။ ထိုသို့ သခင် တော်လှန်ရေးတွင် ပါဝင်ခဲ့ကြခြင်းမှာ မည်သည့် အတွက်ကြောင့်နည်း။ ၎င်းတို့မှာ မည်သူများ ဖြစ်ပါသနည်း။

၎င်းတို့မှာ မြစ်ဝကျွန်းပေါ်နေ ခရစ်ယာန်ကရင်များဖြစ်ပြီး မြောင်းမြအရေးအခင်း ဖြစ်ပွားခဲ့သော်လည်း မြစ်ဝကျွန်းပေါ် ဒေသတွင် တကယ့်လက်တွေ့ဘဝမှာ ဗမာများနှင့် ပတ်သက်မှုကို သီးသန့်ခွဲထား၍ မရသည့်အတွက် သခင်များနှင့် လက်တွဲ ဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် မေလတွင် ဗြိတိသျှများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ လွတ်လပ်ရေး ချက်ချင်း ပေးလို့ မရကြောင်း စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီတွင် ကရင်ဗဟိုအဖွဲ့ (KCO) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းတွင် ထွန်းစိန်၊ ကြာဒိုးနှင့် စံပိုးတင်တို့ ပါဝင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (BKNA) သည် အားလုံးနီးပါး ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး မြောင်းမြ ဖြစ်ရပ်နောက်ပိုင်းတွင် လှုပ်ရှားမှု နည်းပါးနေခဲ့ပါသည်။ ထို အခြေအနေအောက်တွင် မြစ်ဝကျွန်းပေါ်ဒေသမှ ကရင်များသည် ကရင်လူငယ်အဖွဲ့ (KYO) ကို ဖွဲ့ စည်းခဲ့ကာ ဗမာအမျိုးသားရေး လှုပ်ရှားသူများနှင့် ပူးပေါင်းကာ KCO နှင့် BKNA နှစ်ခုလုံး မဟုတ်သည့် တတိယအုပ်စုအဖြစ် ရပ်တည်ခဲ့ပါသည်။ ယင်းအဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌမှာ အသက် ၂၂ နှစ်အရွယ် ထွန်းစိန် ဖြစ်ကာ သူ့ကို ပြင်ပမှ ထောက်ခံသူများမှာ ၃၉ နှစ်အရွယ် ကြာဒိုးနှင့် ၄၂ နှစ်အရွယ် စံပိုးတင်တို့ ဖြစ်ပါသည်။ သို့သော် ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် ထွန်းစိန်သည် စစ်တပ်သို့ ပြန်လည် ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီး သူ့နေရာကို မြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတမှ ပိုးကရင် မန်းဘခိုင်နှင့် ဒုဥက္ကဋ္ဌအဖြစ် မန်းဝင်းမောင်တို့ ဆက်ခံခဲ့ပါသည်။ မြောင်းမြအရေးအခင်းသည် ခရစ်ယာန် ကရင်များအကြား နိုင်ငံရေး ကွဲပြားမှုကို ထင်ရှားစွာ ဖော်ပြခဲ့ပါသည်။ အများစုသော ကရင်များသည် မြောင်းမြ အရေးအခင်းကြောင့် ဗမာ အမျိုးသားဝါဒီများနှင့် လက်တွဲရန် ငြင်းဆိုခဲ့ကြပါသည်။ အခြား ခရစ်ယာန်ကရင်များမှာမူ မြောင်းမြ အရေးအခင်းကြောင့် သခင်များနှင့် လက်တွဲ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည် (Ikeda 2012c)။

၁၉၄၇ နိုင်ငံရေး

သခင်များ၏ အရေးကြီးသော သမိုင်းကြောင်း သက်ရောက်မှု တစ်ခုမှာ ၁၉၄၇ ခုနှစ် နိုင်ငံရေး ဖြစ်ပါသည်။ ၎င်းတွင် ဇန်နဝါရီလတွင် လန်ဒန်သဘောတူစာချုပ်၊ ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံ၊ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၊ စက်တင်ဘာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားဝင်ပြဌာန်းခြင်း နှင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်ရေးရရှိခြင်းတို့ ပါဝင်ပါသည်။ ၁၉၄၇ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော ဇာတ်ကြောင်း များသည် အင်္ဂ လိပ်နှင့် မြန်မာဘာသာဖြင့် ရေးသား ထားသည့် ဂန္ထဝင် သမိုင်းစာအုပ်များတွင် ဆင်တူကြပါသည်။ ဥပမာအားဖြင့် Furnivall (1949) Cady (1958) Tinker (1959) | Trager (1966) Maung Htin Aung (1967) Kyaw Thet (1962) နှစ် Le Maung (1974) စာအုပ်တို့ ဖြစ်ပါသည်။ သခင်တို့ ရေးသားသည့် တရားဝင် သခင်သမိုင်းစာအုပ် (ဒို့ဗမာ ၁၉၇၆)၊ တပ်မတော် သမိုင်း (ဥပမာ စစ်သမိုင်းပြတိုက် ၁၉၉၅)၊ မကြာသေးမီက ထုတ်ဝေသော နိုင်ငံရေးသမိုင်း (ဥပမာ ဗန်းမော်တင်အောင် ၂၀၁၃) နှင့် ကျောင်းသုံးသမိုင်းစာအုပ်များတွင် ပိုပြီး အမျိုးသားရေး ဆန်ပါ သည်။

လွတ်လပ်ရေးဆိုင်ရာ ညှိနှိုင်းမှုကာလနှင့် သက်ဆိုင်သော သမိုင်း သုတေသန စာတမ်းများသည်လည်း သခင်ကို ဗဟိုပြုရေးသည့် သမိုင်းရေးရာအမြင်များနှင့် ကိုက်ညီပြီး ကရင်လှုပ်ရှားမှုများကို အခြေခံအားဖြင့် ခွဲထွက်ရေး လှုပ်ရှားမှုအဖြစ် ဖော်ပြပါသည်။ Silverstein ၏ သုတေသန စာတမ်းများမှာ ယင်းသို့ စာတမ်းများ ဖြစ်ပါသည် (1960, 1980)။ မောင်မောင်၏ သုတေသနစာတမ်း (၁၉၈၉) မှာ ဗြိတိသျှ အုပ်ချုပ်ရေးစာရွက်စာတမ်းများကို စနစ်တကျ အသုံးပြုထားပါသည်။ ၁၉၄၇ ခုနှစ် နိုင်ငံရေး အကြောင်းကို အသေးစိတ် အကျယ်တဝင့် လေ့လာမှုမှာမြန်မာသမိုင်းကော်မရှင်က ထုတ်ဝေသည့် အတွဲ ၂ တွဲဖြစ်သည့် " တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇အခြေ ခံဥပဒေ” ကို မူလ မြန်မာဘာသာဖြင့် ထုတ်ဝေပြီးနောက် (UHRC 1990) အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့သည် (UHRC 1999, 2000)။ အခန်း ၁၀ ခုအနက် ၂ ခုမှာ ကရင်နိုင်ငံရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးထားပါသည်။ စာရေးသူများသည် သမိုင်းရေးရာ အကဲဖြတ်မှုကို ရှောင်ကြဉ်ပြီး အခြေခံအချက်အလက်များ ဖော်ပြရန်သာ အာရုံစိုက် ထားပါသည်။

သို့သော် ကရင်ပြဿနာသည် ၁၉၄၇ ခုနှစ် နိုင်ငံရေး၏ ပင်မ အချက်ဖြစ်ခဲ့ပါသည်။ ယင်းက မြန်မာနိုင်ငံတွင် လူမျိုးရေး နိုင်ငံရေး၏ အစမှတ် ဖြစ်ခဲ့ပါသည်။ သခင်များသည် ကရင် အရေးကို ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်ကြောင့် အမျိုးမျိုးသော အင်အားစုများ၏ လက်နက်ကိုင် ပုန်ကန်မှုကို ဖြစ်ပေါ်စေကာ ၁၉၅၀ ပြည့်နှစ်များတွင် ပြည်တွင်းစစ် ဖြစ်ပွား စေခဲ့သည့်အပြင် ယနေ့ထိလည်း လူမျိုးရေးပြဿနာများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ၁၉၄၇ ခုနှစ် နိုင်ငံရေး (အထူးသဖြင့် ကရင် လှုပ်ရှားမှုများ)ကို ဗြိတိသျှတို့က အလွန်စိတ်ဝင်စားစွာ မှတ် တမ်း တင်ခဲ့ပါသည်။ စာရေးသူအနေဖြင့်လည်း ဤကာလအတွင်း ကရင်နိုင်ငံရေးသည် လွတ်လပ်သော မြန်မာ နိုင်ငံတွင် လူမျိုးစု ပိုင်နယ် တည်ထောင်ရန်ရည်ရွယ်သော “သီးခြားနိုင်ငံတော်” ပုံစံ လှုပ်ရှားမှုဟု ကောက်ချက်ချပါသည် (Ikeda 2000)။ အောက်တွင် ၁၉၄၇ ခုနှစ်ကာလရှိ ကရင်သီးခြားနိုင်ငံ ထူထောင်ရေး အကြောင်းကို ဤ အမြင်အရ အကျဉ်းဖော်ပြထားပါသည်။

ကရင်ပြည်ကို သီးခြားတည်ထောင်လိုကြသော ပထမဆုံး ဆန္ဒသဘောထားကို ၁၉၂၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဒေါက်တာ စံစီပိုး ၏ စာအုပ်တွင် စတင်တွေ့ရှိနိုင်ပါသည်။ သူသည် ကရင် ခရစ်ယာန်များ၏ ဖခင်ကြီးအဖြစ် ရိုသေ လေးစားခံရသူ တစ်ဦးဖြစ်ပြီး သန်းခေါင်စာရင်းအရ ကရင်လူဦးရေ အပေါ် အခြေခံကာ မြန်မာပြည်မ၏ ဒေသတစ်ခု သို့မဟုတ် တနင်္သာရီတိုင်းကို ကရင်တိုင်းဒေသ အဖြစ် အဆင့်မြှင့်ပေးရန် အဆိုပြုခဲ့ပါသည်။ ယင်းအဆို သည် စစ်ပြီးနောက် နိုင်ငံရေးပန်းတိုင် တစ်ခု ဖြစ်လာခဲ့ပါသည်။ ၁၉၄၆ စက်တင်ဘာတွင် ကရင် ချစ်ကြည်ရေးခရီးစဉ်တခုကို လန်ဒန်သို့ စေလွှတ်ခဲ့ပြီး ဗြိတိသျှတို့က အပျက်သဘော တုံ့ပြန်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ် အစောပိုင်းတွင် လန်ဒန်တွင် အောင်ဆန်း-အက်တလီ သဘောတူ စာချုပ် ရေးထိုးပြီးမှသာ ကရင်ပြည်ထူထောင်ရေး အကြံပြုချက်သည် ပိုမိုလက်တွေ့ကျသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။

ဇန်နဝါရီလ လန်ဒန်သဘောတူစာချုပ်နှင့် မတ်လ နယ်ခြားဒေသ စုံစမ်းရေးကော်မတီ (FACE) အကြားကာလတွင် ကရင် အဖွဲ့အစည်းနှစ်ခု အကြား ခေါင်းဆောင်မှုအရေးနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ကရင်အမည်ခံ အမျိုးမျိုးသော အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့သည်။ ဗြိတိသျှတို့က တစ်နှစ်အတွင်း လွတ်လပ်ရေး ရယူရန် ဖဆပလ၏ ရည်မှန်းချက်ကို ထောက်ခံ လိုက်သည်နှင့် ကရင်တို့အကြား အကွဲအပြဲများ စတင်ပေါ်ပေါက် လာခဲ့ပါသည်။ ဗြိတိသျှတို့၏ တိုက်တွန်းမှုဖြင့် မြန်မာပြည်မ အတွင်းရှိကရင်များသည် KCO၊ ဗုဒ္ဓဘာသာ ကရင်အစည်းအရုံး (BKNA) နှင့် သခင်များကို ထောက်ခံရန် ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သော ကရင်လူငယ်အဖွဲ့ KYO တို့ ပူးပေါင်းပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ကို တည်ထောင်ခဲ့ပါသည်။ KYO မှ စံပိုးတင်နှင့် ဗုဒ္ဓဘာသာ ပိုးကရင် လူမျိုး လှဖေတို့ကို ဖေဖော်ဝါရီလ ၅-၇ ရက်တွင် ကျင်းပခဲ့သည့် ကရင် ညီလာခံကြီးတွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါသည်။ မြန်မာပြည်မရှိ ကရင်များ အားလုံးကို ပေါင်းစည်းရန် တိုက်တွန်းခဲ့ပါသည်။ သို့သော် ဤပေါင်းစည်းမှုမှာ ကြာရှည် မခံခဲ့ပါ။ စံပိုးတင်နှင့် အခြား KYO အဖွဲ့ဝင်များသည် အောင်ဆန်း၏ ရပ်တည် ချက်ကို ကာကွယ်ရန် KNU ခေါင်းဆောင်ပိုင်းမှ နှုတ်ထွက်ခဲ့ပြီး မတ်လ ၄ ရက်တွင် ဘဦးကြီး၏ ခေါင်းဆောင်မှုအောက်တွင် အမှုဆောင် အဖွဲ့အသစ် ဖွဲ့စည်း ခဲ့ပါသည်။

နယ်ခြားဒေသရှိ ကရင်များသည် မြစ်ဝကျွန်းပေါ်တွင်ရှိသော ကရင်လှုပ်ရှားမှုများနှင့် ပူးပေါင်းခဲ့ပြီး ဤလှုပ်ရှားမှုများသည် ပင်လုံအရေးနှင့်အတူ စတင်ခဲ့ပါသည်။ မြန်မာပြည်မနှင့် နယ်ခြား ဒေသများ ပေါင်းစည်းမှုသည် အက်တလီ၏ သတ်မှတ် တောင်းဆိုချက် ဖြစ်ပါသည်။ အောင်ဆန်းသည် လန်ဒန် သဘောတူ စာချုပ် ရေးထိုးပြီး ၁၉၄၆ နောက်ပိုင်း ဒုတိယ ညီလာခံအဖြစ် ကျင်းပရန် ရှိသည့် ပင်လုံသို့ ချက်ချင်း သွားရောက်ကာ လွတ်လပ်သော မြန် မာနိုင်ငံသို့ ပူးပေါင်းပါဝင်ရန် ရှမ်း၊ ကချင်နှင့် ချင်းတို့၏ သဘောတူညီချက်ရရှိခဲ့ပါသည်။ နယ်ခြားဒေသ စုံစမ်းရေးကော်မတီ (FACE) သည် ပင်လုံ ညီလာခံတွင် ကိုယ်စားပြု တက်ရောက်ခြင်းမရှိသော တိုင်းရင်းသား အစုအဖွဲ့များ၏ အမြင်များကို ကြားနာရန် ဆောင်ရွက်ခဲ့ပါသည် (OIOC: M/4/2853, 2854)။ ပါဝင်ခဲ့သည့် အစုအဖွဲ့ ၄၀ အနက် ၄ အုပ်စုမှာ ကရင်အမည် ခံခဲ့ပါသည်။ ပထမအုပ်စုမှာ ကရင်လူဦးရေ အများစုဖြစ်သည့် သံလွင်ခရိုင်မှ အဖွဲ့နှစ်ဖွဲ့သည် ကရင်ပြည် ထူထောင်ရန် ရည်မှန်းချက်ကို ဖော်ပြခဲ့ကြပါသည်။ တစ်ဖွဲ့မှာ KNU ၏ မဟာမိတ်ဖြစ်ပြီး အခြားတစ်ဖွဲ့မှာ ဖဆပလနှင့် KYO ကို ထောက်ခံခဲ့ပါသည်။ ဒုတိယအုပ်စုအနေနှင့် နယ်ခြားဒေသ အပိုင်း ၂ အတွင်းရှိ ရွှေကျင်မှ မာရှယ်ရွှင်က KNU ကို ထောက်ခံသော အမြင်ကို ဖော်ပြခဲ့ပါသည်။ တတိယအုပ်စု အနေဖြင့် ကရင်နီနှင့် မုန်ပိုင်းအခြေခံပြည်နယ် ကိုယ်စားလှယ်များက ကရင်ပြည်၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သံလွင်ခရိုင် အရေးပိုင်က နယ်ခြားဒေသရှိ ကရင်များသည် ယခုအခါ “အငြင်းပွားစရာတခု” ဖြစ်လာကြောင်း မှတ်တမ်းတင်ခဲ့ပါသည် (OIOC: M/4/2851)။ နယ်ခြားဒေသ အုပ်ချုပ်ရေး ဒါရိုက်တာ စတီဗင်ဆန်က “ဖဆပလ အနေဖြင့် ကရင်နီ၏ လွတ်လပ်ရေးကို ကာကွယ်ခြင်းသည် ကရင်တို့ကို အုပ်စု ၄ အုပ်စုခွဲထားခြင်း ဖြစ်သည်" ဟု ပြောကြားခဲ့ပါသည် (OIOC: M/4/3025)။ မြန်မာပြည်မအတွင်းတွင် KNU နှင့် KYO အကြား အကွဲအပြဲ ဖြစ်ပွားပြီးနောက် နယ်ခြားဒေသရှိ ကရင် အဖွဲ့အစည်းအမျိုးမျိုး သည်လည်း KNU ကတစ်ဖက် KYO-ဖဆပလ ကတစ်ဖက် အပြိုင်ဖြစ်သည့်အချိန်တွင် အကွဲအပြဲများ ဖြစ်ခဲ့ပါသည်။

KNU သည် ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပသော တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် နည်းလမ်းကို အသုံးပြုခဲ့သောကြောင့် သူ့၏ ဩဇာလွှမ်းမိုးမှု ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ကရင်မဲဆန္ဒနယ် ၂၄ ခုမှ ရွေးချယ်တင်မြှောက်ခံခဲ့သော ကိုယ်စားလှယ် ၂၂ ဦးသည် KYO နှင့် ဖဆပလဘက်တွင်ရပ်တည်ခဲ့ပြီး တောင်ငူမှ Johnson D. Po Min အပါအဝင် ၂ ဦးသာ KNU ကို ထောက်ခံခဲ့ပါသည်။ ဘုရင်ခံချုပ်က ခန့်အပ်သော နယ်ခြားဒေသကိုယ်စားလှယ် ၄၅ ဦးအနက် ကရင်နီ ၂ ဦး၊ မုန်ပိုင်း ၁ ဦးနှင့် သံလွင်မှ ၂ ဦးတို့သာ ကရင် ကိုယ်စားလှယ်များအဖြစ် ရှိခဲ့ပြီး သံလွင် ကိုယ်စားလှယ်များသာ KNU ကို ထောက်ခံခဲ့ပါသည်။ အခြေအနေများအရ KYO သည် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးတွင် ကရင်ကိုယ်စားပြု အနေဖြင့် အကောင်းဆုံး ရှိခဲ့ပါသည် (OIOC: M/4/2605)။

ဖဆပလ၏ ဖွဲ့စည်းပုံရေးဆွဲရေး အစည်းအဝေးကို မေလ ကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး သခင်များ၏ လွတ်လပ်သော မြန်မာ နိုင်ငံအတွက် ရည်မှန်းချက်ကို ထုတ်ဖော်ပြသခဲ့ပါသည်။ အောင်ဆန်း၏ အဖွင့်မိန့်ခွန်းအရ ဖက်ဒရယ်စနစ်ကို လီနင်နှင့် စတာလင်တို့၏ လူမျိုးရေး သီအိုရီများအပေါ် အခြေခံပြီး မြန်မာနိုင်ငံ၏ လူမျိုးရေး စုဖွဲ့မှု လက်တွေ့အနေအထားကို များစွာ စဉ်းစားထားခြင်းမရှိကြောင်း တွေ့ရပါသည်။ ဖွဲ့စည်းပုံသစ် အောက်တွင် လူမျိုးရေး အုပ်စုများကို “အမျိုးသားလူမျိုးစု" နှင့် “အမျိုးသားလူနည်းစု” ဟူသော အခြေခံအုပ်စု နှစ်ခု ခွဲခြားခဲ့ပြီး ဗမာနှင့် ရှမ်းကိုသာ အမျိုးသားလူမျိုးစုအဖြစ် သတ်မှတ်ထားကာ မြန်မာပြည်ရှိ အများစုသော လူမျိုးစုများသည် အမျိုးသား လူနည်းစုအတွင်း ရောက်ရှိခဲ့ပါသည်။ အောင်ဆန်းက ကရင်တို့မှာ အုပ်စု ၁၂ စု ကွဲပြားနေပြီး အဓိက ဘာသာစကား ၂ မျိုး ပြောဆိုကြသော်လည်း “အမျိုးသားလူမျိုးစု” ဖြစ်ရန်အတွက် လိုအပ်သည့် “ဘုံဘာသာစကားမရှိ ကြောင်း၊ "မြန်မာဘာသာ စကားကို ဘုံအဖြစ် အသုံးပြုရကြောင်း" ဖော်ပြခဲ့ပါသည် (OIOC: M/4/2688)။

ဖဆပလ၏ နိုင်ငံသစ်အတွက် ရည်မှန်းချက်အပေါ် တုံ့ပြန်မှု အနေဖြင့် ကရင်အုပ်စုများအကြား ကွဲပြားမှုများကို ကျော်ဖြတ်ပြီး သမိုင်းတွင် မရှိခဲ့သည့် ပေါင်းစည်းမှုတစ်ခုကို ၁၉၄၇ ခုနှစ် ဇွန်လ အစပိုင်းတွင် အောင်မြင်စွာ ရရှိခဲ့ပါသည်။ ဤပေါင်းစည်းမှုတွင် KNU၊ KYO (စံဖိုးသင် နှင့် မန်းဘခိုင်ကလွဲ)၊ BKNA နှင့် နယ်ခြားဒေသများမှကရင် အုပ်စုများ ပါဝင်ခဲ့ပါသည်။ လွတ်လပ်သော မြန်မာနိုင်ငံအတွင်း သီးခြားပြည်နယ်တစ်ခု တည်ထောင်ရန် သဘော တူညီချက် ရခဲ့ပါသည်။ ဤသဘော တူညီချက်ကို KYO မှ မန်းဝင်းမောင်က ရေးသားခဲ့ပြီး “ကရင် ကိုယ် ပိုင်အုပ် ချုပ်ခွင့်ရပြည်” စဉ်းစားချက် အဖြစ် တိုင်းပြု ပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ကရင်ကိုယ်ခစားလှယ်များ (PRO: FO643/66/51GSO) ဗြိတိသျှတို့က ယင်းကို ကြိုဆိုခဲ့သော်လည်းဖဆပလ သတိဖြင့်သာ ချဉ်းကပ်ခဲ့ပါသည်။ သို့သော် သဘောတူညီချက်သည် ၁ လခန့်အကြာ အောင်ဆန်း လုပ်ကြံခံရမှု နှင့်အတူ ပြိုပျက် သွားခဲ့ပါသည်။ KYO မှ မန်းဘခိုင် သည် ဝန်ကြီးတစ်ပါး အဖြစ် လုပ်ကြံခံရခဲ့ပါသည်။ သဘောတူညီချက် ပျက်သွားရသည့် အကြောင်းရင်းကိုမူ မသိရပါ။

ကရင်ဆိုင်ရာ ပုဒ်မကို ၁၉၄၇ ခုနှစ် ဩဂုတ်လ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ၁၉၄၇ ခုနှစ် စက်တင်ဘာလ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖဆပလ၏ မေလ မူကြမ်းအပေါ် အခြေခံကာ အတည်ပြုခဲ့သည်။ KYO သည် ယဉ်ကျေးမှုနှင့် လူမှုရေး အခွင့်အရေးများကို အာမခံသည့် ကရင်ရေးရာကောင်စီ (KAC) တည်ထောင်ရန် အစီ အစဉ်ကို ထောက်ခံခဲ့ပြီး လူမျိုးရေး အခြေခံ ပြည်နယ်တည်ထောင်ရန် သီးခြားပြောဆိုနေသော နယ်ခြားဒေသ အဖွဲ့များနှင့် အငြင်းပွားမှု ရှိခဲ့သည်။ နောက်ဆုံးရက် ဩဂုတ် ၁၆ ရက်နေ့ နေ့ခင်း အစည်းအဝေးတွင် ကရင်ရေးရာ ကောင်စီကို အလေးပေးသည့် ကရင်ဆိုင်ရာပုဒ်မကို အတည်ပြု ခဲ့ပါသည် (OIOC: M/4/2693)။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုစဉ်အချိန်တွင် KNU သည် လွတ်လပ်သော မြန်မာနိုင်ငံနှင့်သီးခြား အချုပ်အခြာအာဏာပိုင် ကရင်နိုင်ငံ တည်ထောင်ရန် ကတိပြုခဲ့ပြီး ဖြစ်ပါသည်။ KYO သည် ကရင်ရေးရာကောင်စီ၏ အကျိုးကျေးဇူးများကို ဟောပြောရန် နိုင်ငံတဝှမ်း ခရီးနှင်ခဲ့သည်။ သို့သော် နယ်ခြားဒေသအဖွဲ့၏ Johnson D. Po Min နှင့် Thai Ba Han တို့သည် ကရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်တစ်ခု တည်ထောင်ရန် ဆက်လက် အဆိုပြုနေဆဲ ဖြစ်သည်။ သံလွင်ခရိုင်မှ ကိုယ်စားလှယ် ၂ ဦးကို ဖဆပလကို ထောက်ခံသောအဖွဲ့မှ ကိုယ်စား လှယ်ဖြင့် အစားထိုး ခဲ့ပါသည်။ ကရင်နီသည် တိုင်းပြုပြည်ပြုလွှတ်တော်တွင် နောက်ဆုံးအချိန်အထိ မပါဝင်ခဲ့သော်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရပြည်နယ်ကို ရရှိခဲ့ပါသည်။ သို့သော် ကရင်နီ၊ ပအို့ဝ်နှင့် ပဒေါင်တို့သည် KNU လိုလားသော “ကော်သူးလေ” ဟုခေါ်သည့် ကရင်အများစုပါဝင်သည့် သီးခြားပြည်နယ်တွင် မပါဝင်ခဲ့ကြပါ။ ယင်းနယ်သည်လည်း KNU ၏ မူလ ရည်မှန်းချက်ထက် သေးငယ်ပြီး လွတ်လပ်ရေးရသည့်အချိန်တွင် ဖွဲ့စည်းနိုင်ခြင်း မရှိပါ။ ကရင်တို့သည် အလွန်အမင်း ကွဲနေခဲ့ကြပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပါသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလတွင် KNU က လက်နက်ကိုင် ပုန်ကန်ထကြွ ခဲ့ပါတော့သည်။

၁၉၄၇ ခုနှစ် ကရင်နိုင်ငံရေးသည် မြန်မာနိုင်ငံ သမိုင်းတွင် အဘယ်ကြောင့် အရေးပါသနည်း။ ပထမ တစ်ချက်မှာ ၁၉၄၇ ခုနှစ် ကာလ၏ နိုင်ငံရေးအတွင်း ကရင်အရေးသည် အဓိက နိုင်ငံရေး ပဋိပက္ခတစ်ခု ဖြစ်ခဲ့ပါသည်။ လွတ် လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေးအတွက် လူမျိုးရေး ဖက်ဒရယ်စနစ်အပေါ် အခြေခံပြီး နယ်ခြားဒေသများနှင့် မြန်မာပြည်မကို ပေါင်းစည်းရန် မှာ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ကရင်လူမျိုးများသည် နယ်ခြားဒေသနှင့် မြန်မာပြည်မ နှစ်ခုလုံးတွင် နေထိုင်ကြသည့် တစ်ခုတည်းသော လူမျိုးအုပ်စု ဖြစ်ပါသည်။ ပင်လုံညီလာခံ ပြီးနောက် သခင်များ၏ ပူပန်မှုမှာ ကရင်နီနှင့် သံလွင်ဒေသများ ဖြစ်ခဲ့ပြီး ၎င်းဒေသများသည် မြေပြန့်တွင် အကြီးစား ကရင် လှုပ်ရှားမှု တစ်ခု၏ အစိတ်အပိုင်း ဖြစ်လာနိုင်ကြောင်း စဉ်းစားခဲ့ပါသည်။ သခင်များသည် ကရင်လူမျိုးများကို ခွဲထုတ်ရန် ကြိုးပမ်းခဲ့ပြီး ၁၉၄၇ ခုနှစ် ဇွန်လတွင် ရရှိခဲ့သော ကရင် ပေါင်း စည်းမှုမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် အောင်ဆန်း လုပ်ကြံခံရမှုကြောင့် ပျက်စီး သွားခဲ့ပါသည်။ သမိုင်းတွင် ဘယ်သောအခါမှ မပေါင်းစည်းဖူးသော ကရင်များသည် သူတို့၏ နိုင်ငံရေး ကိုယ်ပိုင်နယ် တစ်ခုတွင် ပါဝင်ရန် စိတ်ဝင်စားခဲ့ကြပါသည်။ သခင်များအတွက် စည်းလုံးသော အင်အားကြီးသော တစ်ခုတည်းသော ကရင်လူမျိုးစု ပေါ်ထွက်လာခြင်းမှာ စိုးရိမ်စရာ ဖြစ်ပြီး ကရင်အုပ်စုများ အချင်းချင်း စိတ်ဝမ်းကွဲနေခြင်းကို လိုလားပါသည်။ သခင်များသည် KYO နှင့် မိတ်ဖွဲ့ပြီး KNU က လက်နက်ကိုင် ပုန်ကန်ရေးကို စတင်ခဲ့ပါသည်။ ကရင်အုပ်စု အမျိုးမျိုးသည် သူတို့ကို တစ်ခုတည်းသော အမျိုးသားနိုင်ငံအဖြစ် ပေါင်းစည်းရန် ကြိုးစားမှုနှင့် သခင်များက လွတ်လပ်သော မြန်မာနိုင်ငံတွင် ကရင်လူမျိုးများကို အုပ်စုကွဲ အစုအဖွဲ့များအဖြစ် ထားရှိရန် ကြိုးစားမှုနှစ်ခု၏ အထက် အောက် ဆုံမှတ်မှာ ၁၉၄၇ ခုနှစ်တွင် “သီးခြားပြည်နယ်” ထားရှိရေး နိုင်ငံရေးနယ်ပယ်တွင် ဖြစ်ပါသည်။

ဒုတိယအချက်မှာ ၁၉၄၇ ခုနှစ်နိုင်ငံရေးမှာ ကရင်လူမျိုးများ အတွက် လူမျိုးရေး ဖြစ်လာခဲ့ပါသည်။ သမိုင်းတွင် မကြုံစဖူး အမျိုးမျိုးသော အဖွဲ့အစည်းများက “ကရင်” ဟူသော အမည်ဖြင့် နိုင်ငံရေးသို့ ဝင်ရောက်လာခဲ့ပါသည်။ သူတို့ကို သန်းခေါင် စာရင်းတွင် ပြင်ပမှ “ကရင်ဘာသာစကား ပြောဆိုသူများ” ဟု သတ်မှတ်ထားခဲ့သော်လည်း ယခင်က မိမိကိုယ်ကို ကရင်လူမျိုးဟု သတ်မှတ်ခဲ့ခြင်း မရှိခဲ့သော လူများနှင့် အဖွဲ့အစည်းများက လွတ်လပ်သော မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော အခွင့်အရေးများကို ရှာဖွေနေသည့် ကရင်လူမျိုး၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လာကြပါသည်။ ကရင်လှုပ်ရှားမှု၏ အဓိက ဗဟိုမှာ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များ ဖြစ်ခဲ့ပြီး ၎င်းတို့သည် KNU နှင့် သခင်များ၏ မဟာမိတ် KYO အကြား ကွဲပြား နေခဲ့ပါသည်။ တောင်ငူနှင့် ရွှေကျင်မှ ကရင်များသည် တုံ့ပြန်မှု ပြုလုပ်ခဲ့ပြီး သံလွင်ဒေသမှလည်း တက်ကြွစွာ ပါဝင်လာခဲ့ပါသည်။ ထို့ပြင် ကရင်နီ၊ ပအို့ဝ်နှင့် ပဒေါင်းတို့လည်း ကရင်၏ အုပ်စုခွဲများ အဖြစ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပါသည်။ သို့သော် ဤအချိန်တွင် ဗုဒ္ဓဘာ သာဝင် ကရင်များမှာ နိုင်ငံရေးအရ စုပေါင်းဖွဲ့စည်းမှု မရှိသေးပါ။ ကရင်ပိုင်မြေ တည်ထောင်ရေး လှုပ်ရှားမှုသည် သခင်များနှင့် ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ကွဲပြားနေကာ ယင်းကြောင့် ကရင်လူမျိုးများအတွက် အရေးပါသော လူမျိုးရေး ပေါင်းစည်းမှု မရရှိနိုင်ခဲ့ပါ။

တတိယအချက်မှာ 2092 ခုနှစ် နိုင်ငံရေးသည် မြန်မာ့သမိုင်းတွင် ပထမဆုံး လူမျိုးရေးနိုင်ငံရေး ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာ့သမိုင်းတွင် ပထမဆုံး နိုင်ငံတစ်နိုင်ငံကို လူမျိုးရေး အခြေခံပြီး တည်ထောင်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။ လူမျိုးရေးသတ်မှတ်ချက် မရှိလျှင် လူမျိုးတစ်စုသည် နိုင်ငံရေးအခွင့်အရေးများကို ရယူနိုင်ခြင်း မရှိနိုင်ခဲ့ပါ။ လွတ်လပ်သော မြန်မာနိုင်ငံတွင် နေရာတစ်ခု ရယူရန် ကြိုးပမ်းသော နိုင်ငံရေးအုပ်စုများ၏စိတ်တွင် လူမျိုးရေး လှုပ်ရှားမှုများ စတင် ကျရောက်ခဲ့ပါသည်။ ကိုလိုနီလွှတ်တော်တွင် လူမျိုးရေးအခွင့်အရေးများကို အင်စတီကျူးရှင်းဆိုင်ရာ အာမခံချက်ရခဲ့သော တိုင်းရင်းသားများမှာ ကရင်၊ အိန္ဒိယ၊ တရုတ်နှင့် ဥရောပကပြားများသာ ဖြစ်ကြသည်။ သန်းခေါင်စာရင်း နှင့် မူဝါဒများဖြင့် လူမျိုးရေးအုပ်စုခွဲခြင်းကို ဗြိတိသျှတို့က ချမှတ်ပြဌာန်း ဆောင်ရွက်ခဲ့သော်လည်း မြန်မာလူထုက ၁၉၃ဝ ပြည့်နှစ်များအထိ ယင်းစနစ်ကို စိတ်အားတက်ကြွစွာ လက်ခံမှု မရှိခဲ့ပါ။ သို့သော် ခရစ်ယာန်ကရင်များက ယင်းစနစ်ကို တုံ့ပြန်ကာ နိုင်ငံရေးအရ အသုံးပြုခဲ့ပါသည်။ ထို့အပြင် ၁၉၄၂ ခုနှစ် မြောင်းမြဖြစ်ရပ် နှင့် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတွင် ကရင်တပ်များ ပါဝင်မှုတို့သည် ၁၉၄၇ ခုနှစ်တွင် ကရင်များကို နိုင်ငံရေး ဗဟိုအနေအထားသို့ ရောက်ရှိစေခဲ့သော အဓိက အချက်များ ဖြစ်ပါသည်။ ထိုအချိန်တွင် လူမျိုးရေးနိုင်ငံရေးမှာ စတင် မွေးဖွားသည့်အဆင့်တွင်သာ ရှိနေခဲ့ပြီး လွတ်လပ် ရေး ရရှိပြီးနောက် မွန်၊ ရခိုင်နှင့် ရိုဟင်ဂျာ၊ ရှမ်းများအပါအဝင် အခြားလူမျိုးများသည် ဤကဲ့သို့ နိုင်ငံရေးပုံစံထဲသို့ ဝင်ရောက် လာခဲ့ကြပါသည်။ လူမျိုးရေး-နိုင်ငံရေး လုပ်ဆောင်မှုများ အပေါ် နားလည်မှုမရှိခြင်းသည် အထက်တွင် ဖော်ပြခဲ့သော အင်္ဂလိပ် အခြေပြုအမြင်နှင့် ဆက်လက်ဆွေးနွေးရန်ရှိသည့် သခင်အခြေပြု သမိုင်းရေးရာအမြင်တို့ကြောင့် ဖြစ်ပါသည်။

လွတ်လပ်ရေးအလွန်ကာလ လူမျိုးစုနိုင်ငံရေးနှင့် သခင်သမိုင်းပုံ

အဘယ်ကြောင့် ကရင် လူမျိုးရေးနိုင်ငံရေး သမိုင်းကို ဤသဘော သဘာဝအတိုင်း နားမလည် ရပါသနည်း။ အကြောင်းမှာ လွတ်လပ်ရေး ရပြီးနောက် အုပ်ချုပ်သူများနှင့် သုတေသနပြုသူ များက မြန်မာ့သမိုင်းကို လူမျိုးအခြေခံနှင့် ဗမာဗဟိုပြု ရှုထောင့်မှ ဖွင့်ဆိုရေးသားခဲ့ကြသောကြောင့် ဖြစ်သည်။

ဦးနုအစိုးရလက်ထက် လူမျိုးစုနိုင်ငံရေး

ဖဆပလ ဦးနုအစိုးရ (၁၉၄၈-၆၂) လက်ထက်ကို သမိုင်းတွင် ယေဘူယျ အားဖြင့် သူ့အရှိအောက်လျှော့၍ အကဲဖြတ်တတ်ကြသော်လည်း မြန်မာနိုင်ငံတွင် လူမျိုးရေး နိုင်ငံရေး စတင်အားကောင်းလာသည့် ကာလအဖြစ် ပြန် လည်သုံးသပ်အကဲဖြတ် သင့်ပါသည်။ မြန်မာ ဘာသာဖြင့် ရေးသားထားသည့် သုတေသနများတွင် ဦးနုခေတ် နိုင်ငံရေးကို သခင်များအပေါ် အဓိက အလေးပေးပြီး ဖော်ပြ ရေးသားလေ့ရှိသည်။ ထိုကာလတွင် ဖြစ်ပွားခဲ့သည့် ပထမဆုံး ထင်ရှားသော ဖြစ်စဉ်မှာ လွတ်လပ်ရေးရပြီး များမကြာမီ ၁၉၄၈ ခုနှစ် မတ်လ၌ (AFPFL) မှ ကွန်မြူနစ်ပါတီ ခွဲထွက်ခြင်းဖြစ်ပြီး မကြာခင်တွင် အောင်ဆန်း၏ ပုဂ္ဂလိကတပ် အဖြစ် ထူထောင်ခဲ့သည့် ပြည်သူ့ ရဲဘော်အဖွဲ့ (PVO) ကလည်း တောခိုသွားခဲ့ပါသည်။ ဖဆပလ နိုင်ငံရေးသမားများအတွက်မူ လက်ဝဲ ညီညွတ်ရေးမူ ပျက်ပြားသွားမှုသည် ပြည်တွင်းစစ်၏ အစဖြစ်ခဲ့သည်။ ဤကျရှုံးမှု၏ အကြောင်းရင်းမှာ ကွန်မြူနစ် ပါတီ၏ ဗဟိုကော်မတီ သုံးဦးအနက် တဦးဖြစ်သော ဂိုးရှယ် (Goshal) သို့မဟုတ် သခင်ဘတင်၏ တိုက်ပွဲ အယူအဆကြောင့် ဖြစ်သည်ဆိုသည့် ယူဆချက်ကို ဦးနုနှင့် ဝန်ကြီး အဖွဲ့ဝင် အခြားပုဂ္ဂိုလ်များက တောက်လျှောက်ယူဆခဲ့ကြသည်။ ထိုကြောင့် မြန်မာနိုင်ငံအတွင်း သုတေသနများ တွင်လည်း ပြည်တွင်း စစ်ဖြစ်စဉ် လေ့လာရာ၌ ဂိုရှယ်အယူအဆ၏ အခြေပြုမှန်ကန်မှုနှင့် စပ်လျဉ်းပြီး အများစုက အလေးထား ဆန်းစစ်သုံးသပ်နေသည်ကို 6 (Kyaw Thet 1962; Le Maung 1974; Sit Thamaing Pyadaik 1995)။ ဦးနုခေတ်ကာလ နိုင်ငံရေး အကြောင်း အများ ဖတ်ရှုနိုင်ရန် အသေးစိတ်ဖော်ပြသည့် သုတေသနစာတမ်း (UHRC 1991, 2013) မှာလည်း သမိုင်းအမြင်၊ မှတ်ချက်များမှ ကင်းကွာစွာ အကြောင်းအရာများကို အသေးစိတ် ဖော်ပြသည့် ပုံစံဖြင့် ကျဉ်းမြောင်းစွာ အကျဉ်းချုပ်ထားသည်။

မြန်မာနိုင်ငံပြင်ပတွင် ပြုလုပ်ခဲ့သော သုတေသနများတွင် Cady ၏ လေ့လာချက် (1958) တွင် တွေ့မြင်ရသည့်အတိုင်း ဂိုရှယ် သီအိုရီကို အလေးအနက်မထားသော သဘောထားကို အမြဲပြသ ခဲ့ကြသည်။ ၁၉၅၀ နှစ်များတွင် အရည်အချင်းများ တိုးတက်လာပြီး ၁၉၆၂ ခုနှစ်တွင် သိမ်းလိုက်သည့် အမျိုးသား တပ်မတော်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်သူတို့ အလွန် စိတ်ဝင်စား ခဲ့သည်။ ဥပမာအားဖြင့် Callahan က အာဏာ ဤအမျိုးသား တပ်မတော်သည် ဗမာဗဟိုပြုစဉ်းစားသော သခင်တပ်မတော်သို့ The Defence Services Institute (DSI) ကို တည်ထောင်ခြင်းဖြင့် စီးပွားရေး လွတ်လပ်မှု မည်သို့ ရရှိသွားသည်ဆိုသည်နှင့် မြန်မာနိုင်ငံ နိုင်ငံရေးအတွင်း ထိပ်တန်း ပါဝင်သူအဖြစ် မည်သို့ ဖြစ်လာခဲ့သည်ကို ဖော်ပြခဲ့သည် (Callahan 2003)။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းမှာ လူမျိုးအရ ဗမာများအပေါ် အဓိက အလေးထား ခဲ့သော်လည်း ၁၉၅ဝ ပြည့်နှစ်များ၏သမိုင်းတွင် လူနည်းစု လူမျိုးရေး နိုင်ငံရေးသည် အရေးကြီးသော အပိုင်းအဖြစ် တည်ရှိမနေခဲ့ပါ။

ပထမဆုံးအနေဖြင့် ၁၉၄၇ ခုနှစ် လူမျိုးရေး နိုင်ငံရေးတွင် အဓိက ပါဝင်သူများဖြစ်သည့် ကရင်များသည် ၁၉၅ဝ နှစ်များတွင် ဆက်လက် အငြင်းပွားရာ အကြောင်းအရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ကရင် အမျိုးသားအစည်း အရုံး (KNU) သည် မကျေနပ်သောကြောင့် လွတ်လပ်ရေးရပြီးများမကြာမီ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် လူ ၄ သိန်းပါဝင်သည့် နိုင်ငံအနှံ့ ဆန္ဒပြပွဲကျင်းပခဲ့သည်။ သခင်အစိုးရ၏ တုံ့ပြန်မှုမှာ မြန်ဆန်မှု မရှိဘဲ နှေးကွေးနေခဲ့သည်။ ၎င်းနောက် KNU ၏ စစ်ဘက်က စက်တင်ဘာတွင် သထုံနှင့် မော်လမြိုင်ကို သိမ်းပိုက်ခဲ့ကာ ၁၉၄၉ ခုနှစ် ဧပြီလ တွင် အင်းစိန်၌ လက်နက်ကိုင်ထိုးစစ် စတင်ခဲ့သည်။ KNU ၏ မိတ်ဖက် လူမျိုးစုများဖြစ်သည့် မွန်များက ကရင်-မွန် စုပေါင်းပြည်နယ် တည်ဆောက်ရန် ကြိုးပမ်းခဲ့ကာ မကြာခင်၌ ကိုယ်ပိုင် လက်နက်ကိုင်ပါတီ ဖွဲ့စည်းခဲ့သည်။ ယင်းနည်း အတိုင်းပင် လွတ်လပ်ရေးရပြီးနောက် ကရင်နီ၊ ပဒေါင်နှင့် ပအိုဝ်တို့သည်လည်း ၁၉၅၀ ပြည့်နှစ်များတွင် ကိုယ်ပိုင် လူမျိုးရေး အမှတ်လက္ခဏာများဖြင့် လက်နက်ကိုင်စစ် စတင်ခဲ့ကြသည်။ သို့သော် ၁၉၅ဝ ပြည့်နှစ်များတွင် ဗုဒ္ဓဘာသာ ကရင်များသည် သီးခြား အရေးပါသော နိုင်ငံရေးအင်အားအဖြစ် မရောက်ရှိသေးပေ။

ဒုတိယအနေဖြင့် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ အကြား လူမျိုးရေးနိုင်ငံရေး သည်လည်း ထူးထူးခြားခြား အလင်းပြမည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ကိုလိုနီခေတ်ကာလ မှစ၍ ဗမာ၊ ရှမ်း၊ နှင့် ခရစ်ယာန်ကရင်တို့နည်းတူ ရခိုင်များမှာလည်း ဤခေါင်းစဉ်ဖြင့် နိုင်ငံရေး လှုပ်ရှားမှု မှတ်တမ်းများ ရှိခဲ့ကြသည်။ ရခိုင်၏ လူမျိုးရေးသမိုင်းအမြင်က ၁၉၄၇ ခုနှစ်တွင် ရခိုင် လူမျိုးရေးနိုင်ငံရေး၏ အစပြုမှုကို မမြင်အောင် ဟန့်တား ထားပါသည်။ သို့သော် အထက်ဖော်ပြပါအတိုင်း ရခိုင် နိုင်ငံရေး သမားများနှင့် လှုပ်ရှားသူများသည် ကိုလိုနီခေတ်တွင် ကျယ်ပြန့် ပွင့်လင်းသော (ကော်စမိုပိုလီတန်) အင်္ဂလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ရှမ်းနှင့် ကရင်တို့သည် ၁၉၄၇ ခုနှစ်တွင် လူမျိုးရေးအစုအဖွဲ့အနေဖြင့် နိုင်ငံရေး အခွင့်အရေး ရရှိခဲ့သကဲ့သို့ ရခိုင်တွင်လည်း လူမျိုးရေးနှင့် နိုင်ငံ ရေး အိုင်ဒီယော်လိုဂျီဆိုင်ရာ နိုင်ငံရေးများ ၁၉၄၇ တွင် စတင်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များသည် ပထမဆုံး ရခိုင် လူမျိုးရေး အမျိုးသားရေး ဝါဒကို ဖွံ့ဖြိုးစေခဲ့သည်။ ၁၉၄၇ ခုနှစ် မတ်လတွင် ရခိုင်မြောက်ပိုင်း မြေပုံမြို့၌ အစုအဖွဲ့မျိုးစုံနှင့် အောင်ဆန်း ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မြောက်ပိုင်း ရခိုင်ဒေသ မြောက်ဦးမင်းဆက် ဘုရင် နန်းတည်ရာ နေရာသည် ရခိုင် လူမျိုးရေး အမျိုးသားရေးဝါဒ၏ ဗဟိုချက် ဖြစ်လာခဲ့ပြီး ၁၉၅၀ ခုနှစ်များတွင် ရခိုင်ပြည်နယ် တည်ထောင်ရေး လှုပ်ရှားမှုနှင့် အစိုးရဆန့်ကျင်သော လက် နက်ကိုင် ပုန်ကန်မှု အင်အားပြင်းလာသည်။ ဘုန်းတော်ကြီး ဦးစိန္တာက လက်နက်ကိုင်ရန် စတင်ခဲ့ပြီး သူ၏ မိတ်ဖက် ဘုံပေါက်သာကျော် ကလည်း လက်နက်ကိုင်လာခဲ့သည်။ ရခိုင်အလယ်ပိုင်း နှင့် တောင်ပိုင်း ဒေသများသည် တိုဗမာအစည်းအရုံး သခင်များနှင့် ပိုမို နီးစပ်၍ ကွန်မြူနစ် အယူဝါဒလိုက်သူများ ဖြစ်ပြီး ပြည်ထောင်စု စစ်ရဲတပ်ဖွဲ့ (UMP) နှင့် အလံနီ ကွန်မြူနစ် ပါတီတို့သည် လက်နက်ကိုင်ပုန်ကန်ရေးတွင် ပါဝင်ခဲ့သည်။

ရခိုင်မွတ်စလင်များသည်လည်း ၁၉၄၇ ခုနှစ်တွင် နိုင်ငံရေး လှုပ်ရှားမှုများ စတင်ခဲ့သည်။ ကရင်တို့နှင့် အလားတူ ၎င်းတို့သည် ၁၉၄၂ ခုနှစ်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များ၊ သခင်များနှင့် ပထမဆုံး အကြီးစား တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ရသည်။ ၁၉၃၀ ပြည့်နှစ်များအထိ ယင်းဒေသတွင် မွတ်စလင်များ၏ နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်း မရှိသလောက် ဖြစ်သည်။ သို့သော် ဂျပန်အုပ်ချုပ်ရေး အောက်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များသည် ဂျပန်များနှင့် မဟာမိတ် ချိတ် ဆက်ပြီး အင်္ဂလိပ်ဘက်မှ မွတ်စလင် အသိုင်းအဝိုင်းများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းအပြိုင်အဆိုင်မှုက အဆုံးအဖြတ် ပေးသည့်နေရာ အရေးပါလာသည်။ ၁၉၄၇ ခုနှစ် အစောပိုင်းတွင် မြောက်ပိုင်းရခိုင်မှ Jamiatul Ulama က ကိုလိုနီ အစိုးရထံ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန် တောင်းဆိုခဲ့သော်လည်း ကိုလိုနီအစိုးရက ငြင်းပယ်ခံသည် (NAD 1947)။ "ရိုဟင်ဂျာ" ဟူသော အမည်သည် ၁၉၄၈ ခုနှစ်နှောင်းပိုင်းတွင် မြောက်ပိုင်း ရခိုင်မှ မွတ်စလင် နိုင်ငံရေးသမား Abdul Gaffar ထုတ်ဝေခဲ့သည့် မြန်မာဘာသာ လက်ကမ်းစာစောင်ထဲတွင် ပထမဆုံး ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ထိုစာတွင် လွတ်လပ်သော မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ လူမျိုးအနေဖြင့် အခွင့်အရေးများကို တောင်းဆို ထားသည် (Gaffar 1948)။ နတ်မြစ်ကို နယ်နမိတ်အဖြစ်ထားသော အရှေ့ပါကစ္စတန် စတင်ဖွဲ့စည်းခြင်းနှင့်အတူ မွတ်စလင်များသည် ပါကစ္စတန်နှင့် ပူးပေါင်းလိုသော လက်နက်ကိုင် မူဂျာဟစ်ပါတီနှင့် လွတ်လပ်သော မြန်မာနိုင်ငံတွင် ပါဝင်လိုသည့် သဘောထား ပျော့ပျောင်းသည့် အဖွဲ့အပိုင်းဟူ၍ နှစ်ဖွဲ့ ကွဲသွားခဲ့သည်။

ဦးနုအစိုးရ ညှိုနှိုင်းချက်များနှင့် တပ်မတော်၏ ရည်ရွယ်ချက်များ ဆုံဆည်းနိုင်ခဲ့သဖြင့် ၁၉၆၁ ခုနှစ်တွင် မွတ်စလင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မေယုနယ်ခြားခရိုင်ကို စတင်တည်ထောင်ခဲ့သော်လည်း နေဝင်းစစ်အာဏာသိမ်း ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ယင်းနယ်မြေကို ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးတွင် ရှမ်း၊ ကချင်နှင့် ချင်းတို့၏ လူမျိုးရေး နိုင်ငံရေး တဖြည်းဖြည်း တိုးတက်လာမှုမှာ ပင်လုံစာချုပ်နှင့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပေးအပ်ထားသည့် အထူးဆက်ဆံမှု ကြောင့်ဟု ဆိုနိုင်သည်။ ဤအုပ်စုများသည် မြန်မာပြည်မ (Ministerial Burma) နှင့် ကွဲပြားသော တိုက်ရိုက် မဟုတ်သော တောင်တန်းဒေသ အုပ်ချုပ်မှုစနစ်အောက်တွင် ရှိနေခဲ့သည်။ ရခိုင်နှင့် တို့ဗမာအစည်းအရုံး သခင်လှုပ်ရှားမူ ဆက်စပ်သကဲ့သို့ပင် ရှမ်းများသည် သခင်လှုပ်ရှားမှုနှင့် ဆက်နွယ်မှု ရှိခဲ့သော်လည်း ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ရှမ်းကို လူမျိုးအဖြစ်မဟုတ်ပဲ ဒေသအဖြစ် အဓိကထားခဲ့သည်။ ခေါင်းဆောင်ဖြစ်သော လူငယ်ရှမ်းလှုပ်ရှားသူများ၏ အမြင်မှာ လူမျိုးရေးကို အခြေမခံဘဲ စော်ဘွားများကို ဆန့်ကျင်သော ပဒေသရာဇ် ဆန့်ကျင်ရေး နိုင်ငံရေး သဘောတရား ဖြစ်သည်။ ရှမ်းပြည်နယ် ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားခြင်း ကြောင့် ၁၉၅ဝ ပြည့်နှစ်များတွင် ရှမ်းများသည် တိုက်ရိုက် လူမျိုးရေး နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိခဲ့ချေ။ သို့ရာတွင် ခွဲထွက်ခွင့် သက်တမ်း သက်တမ်းကုန်ဆုံးစဉ် ကာလတွင်ပင် ရှမ်းများအကြား လူမျိုးရေး နိုင်ငံရေးသည် ဖက်ဒရယ် လှုပ်ရှားမှုအဖြစ် စတင်ခဲ့သည်။ ရှမ်း၊ ကချင်နှင့် ချင်း တို့၏ လက်နက်ကိုင် လှုပ်ရှားမှုများသည် ၁၉၆၀ နှစ်များတွင် စတင်ခဲ့သည်။

လူမျိုးစုအသီးသီး ပြည်တွင်းစစ်အတွင်း ဝင်ရောက်လာခြင်း၏ ဖြစ်စဉ်ကို သခင်၏ မူဝါဒများအပေါ် အပြစ်တင်ဝေ ဖန်ချက်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ပြည်တွင်းစစ်ဖြစ်စဉ်မှာ သခင်/ဗမာလူမျိုးများ နှင့် အနီးကပ်မှု အလိုက် ဖြစ်ပွားခဲ့သည်။ အလံဖြူ နှင့် အလံနီဟူ၍ ကွဲနေသော ကွန်မြူနစ်များသည် ၁၉၄၆ နှင့် ၁၉၄၈ ခုနှစ်များတွင် မြေအောက်သို့ ဝင်ရောက်ကာ ထို့နောက် ပြည်သူ့ရဲဘော်အဖွဲ့က လိုက်ပါတောခိုခဲ့သည်။ တနည်းအားဖြင့် ထိုသူများသည် ပုန်ကန်သူများအနက် သခင်များနှင့် အနီးစပ်ဆုံး ဝမ်းကွဲညီအစ်ကိုများဟု ဆိုနိုင်သည်။ ကရင်များနှင့် တပြိုင် နက် နည်းပါးလောက်ပင် ထကြွပုန်ကန်သော မွန်လူမျိုးများသည်လည်း ကရင်များနည်းတူ အောက်မြန်မာပြည်တွင် ဗမာများနှင့် မခွဲမခွာပင် အနီးကပ်နေထိုင်သော ပြည်သူများဖြစ်သည်။ မွန်ထေရဝါဒဗုဒ္ဓ သာသနာသည် သမိုင်း အားဖြင့် ဗုဒ္ဓသာသနာ၏ နောင်တော်ကြီးအဖြစ် အသိအမှတ်ပြု ခံရသည်။ ရခိုင်ဘာသာစကား ကိုလည်း ဗမာဘာ သာ၏ ဒေသိယစကားတခု အဖြစ် ယူဆကြသည်။ လက်နက်ကိုင် တိုက်ပွဲဝင်လာသည့် နောက်ဆုံးအုပ်စုများမှာ အနိမ့်ပိုင်း မြေပြန့်ဒေသ ဗမာများနှင့် ပထဝီအရ ကွာဟမှုရှိသည့် ရှမ်း၊ ကချင်၊ နှင့် ချင်းတို့ ဖြစ်သည်။ ၁၉၃၀ ခုနှစ်များနှောင်းပိုင်းတွင် သခင်များက အသုံးပြုခဲ့သော နှစ်ပိုင်းခွဲမူဝါဒ၏ ရလဒ်ကို သခင်များ ခန့်မှန်းနိုင်ခြင်း မရှိခဲ့ကြပေ။ သို့ဖြင့် လူမျိုးရေးနိုင်ငံရေးကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ခြင်းနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် ထားသည့် လူမျိုးစုံ ဖက်ဒရယ်စနစ်ကို ပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ခြင်းတို့ ဖြစ်ပေါ် လာသည်။

သခင်သမိုင်းပုံ

အထက်ဖော်ပြပါ လူမျိုးရေးနိုင်ငံရေး ဖြစ်စဉ်ကို သမိုင်းအနေနှင့် အသိအမှတ် မပြုနိုင်ခဲ့ရသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။ အကြောင်းရင်းမှာ သခင် သမိုင်းအမြင်နှင့် အစောပိုင်း အင်္ဂလိပ်ရင်းမြစ်များ၏ လူမျိုးရေးအမြင်တို့ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်းရေးသားမှု နည်းပုံ historiography ၏ အစောပိုင်း အင်္ဂလိပ်အမြင်များသည် လူမျိုးရေးအခြေပြု သက်သက်မက ဗမာဗဟိုပြုသော အမြင်ကိုလည်း ထင်ဟပ် နေသည်။ Boshier (2018) က Furnivallı Luce ş ဖေမောင်တင်တို့ ဦးဆောင်ခဲ့သော မြန်မာနိုင်ငံ သုတေသန အသင်း ၏ သုတေသနများသည် ဗမာအမျိုးသားရေးဝါဒီများကို အားပေးခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းကို Cady (1958), Tinker (1959) Hall (1955) သမိုင်းစာအုပ်များတွင်လည်း ထင်ရှားစွာ တွေ့ရှိနိုင်သည်။ သမိုင်းသုတေသနများသည် အာရှနှင့် အာဖရိက လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း အမျိုးသားရေးဝါဒီများကို အားပေးသော အနေအထား ရှိခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အစောပိုင်း အင်္ဂလိပ်ရင်းမြစ်ဖြင့် ရေးသားချက်များသည် သခင် သမိုင်းအမြင် မြင့်တက်လာစေ ခဲ့သည့် အခြေခံကို တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။

သခင်သမိုင်းပုံဟူသည် မြန်မာသမိုင်းတွင် သခင်များကို လူစွမ်းကောင်းများ အဖြစ် မြင်သောအမြင် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးချိန်မှစ၍ သခင်များ၏ လွှမ်းမိုးမှုက နိုင်ငံရေးမှ စ၍ သမိုင်းပညာ ကဏ္ဍအထိ လူ့အဖွဲ့အစည်း နေရာတိုင်းတွင် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ သခင်သမိုင်းရေး အမြင်သည် အခြားများစွာသော မြန်မာ့ လူမှုတန်ဖိုးများနှင့် တွဲဖက်၍ သခင်များ၏ မအောင်မြင်မှုများ၊ ကျရှုံးမှုများကို အစုလိုက် မေ့ပျောက်နိုင်စေရန် ကူညီပေးခဲ့သည်။ ယင်းဖြစ်စဉ်သည် အထူးသဖြင့် ရိုးဖြောင့်သောဂုဏ်ကြောင့် လူတိုင်းက ရိုသေ ရင်းနှီးချစ်ခင်သော ဗိုလ်ချုပ် အောင်ဆန်းကို လေးစား ရိုသေမှု နှင့်လည်း နက်ရှိုင်းစွာ ဆက်နွယ်နေသည်။ သို့ဖြစ်ရာ အထက်က ဖော်ပြခဲ့သော ၁၉၄၂ ခုနှစ် မြောင်းမြဖြစ်စဉ်အတွင်း ကရင်-ဗမာ ပဋိပက္ခ၊ ၁၉၄၇ ခုနှစ်တွင် ကရင်များ၏ လူမျိုးရေး နိုင်ငံ ရေးအတွင်း ကွဲလွဲမှု၊ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် လူမျိုးရေး ဆက်ဆံရေးများကို မစီမံနိုင်ခြင်းနှင့် ပြည်တွင်းစစ်ပွား လာခြင်းတို့နှင့် စပ်လျဉ်းလျှင် မည်သူ့တွင် တာဝန်ရှိသနည်း ဆိုသည့် မေးခွန်းမပေါ်ထွက်ခဲ့သလို သမိုင်းတွင်လည်း အမေ့လျော့ခံ ဖြစ်ခဲ့သည် (Ikeda 2017)

သခင်သမိုင်းရေးနည်း ၁၉၆၀ နှစ်များအလယ်ပိုင်းမှစ၍ အမြင်သည် စစ်အာဏာရှင်အစိုးရနှင့် ၎င်းကို ဆန့်ကျင်သော ဒီမိုကရေစီ အင်အားစုများ နှစ်ဘက်စလုံး၏ အားထုတ်မှုများနှင့် မြန်မာ့ လူ့အဖွဲ့အစည်း အပေါ် လွှမ်းမိုးသော သမိုင်းအမြင်တစ်ရပ် ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရပြီးပြီးချင်း ၁၉၅ဝ ပြည့်နှစ်များ၏ သမိုင်းအကြောင်းပြောချက်မှာ ပြောရိုးပြောစဉ် ဗမာဗဟိုပြု သမိုင်းအမြင်မှ ပြောင်းလဲမှု မရှိသေးပါ။ ၁၉၅၀ ပြည့်နှစ်များက တက္ကသိုလ်ဝင်သင်ရိုး သမိုင်းစာအုပ်တစ်အုပ်အဖြစ် ရည်ရွယ် ရေးသားခဲ့သော ဗိုလ်မှူး ဘရှင်၏ မြန်မာနိုင်ငံသမိုင်း စာအုပ်တွင် လည်း ထင်ရှားသော ပင်လုံစာချုပ်အကြောင်း အသေးစိတ် ရေးသားထားမှု မပါသေးပဲ သွေးခွဲအုပ်ချုပ်သည့်မူဝါဒကို ယခင် အတိုင်းသာ ဖော်ပြထားသည် (ဘရှင် ၁၉၅၂)။ သခင်များ၏ သမိုင်းဇာတ်လမ်းကို နိုင်ငံရေး ဘောင်သွင်းခြင်း မခံရသေးသည့် အကြောင်းမှာ အောင်ဆန်း၏ အာဇာနည် ခေါင်းဆောင်အဖြစ် ကျဆုံးရခြင်း လောလော လတ်လတ်သာ ရှိနေသေးခြင်းကြောင့် ဖြစ်ပြီး ဦးနု အစိုးရ၏ တရားဝင် အာဏာပိုင်ခွင့်အပေါ် မေးခွန်းထုတ်စရာ အကြောင်း မရှိသေးသောကြောင့် ဖြစ်သည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် နေဝင်း၏ တော်လှန်ရေးအစိုးရမှာ တရားဝင် အာဏာပိုင်ခွင့်မရှိခဲ့ချေ။ ထိုအာကို ဖြည့်ဆည်းရန် နေဝင်းအစိုးရသည် ၁၉၆ဝ ခုနှစ်နှောင်းပိုင်းမှစ၍ သခင်တို့၏ သမိုင်းရေး အောင်မြင်မှုများကို သူ့အစိုးရနှင့် တိုက်ရိုက် ချိတ်ဆက်ထားသော စာအုပ်များ၊ တရားဝင်စာတမ်းများ၊ မိန့်ခွန်းများနှင့် လှုပ်ရှားမှုများကို ထုတ်ဝေ စတင်ခဲ့သည်။

သမိုင်းကို နိုင်ငံရေးအရ အသုံးချခြင်းနှင့်စပ်လျဉ်းလျှင် စစ်အာဏာရှင်များအတွက် သာမက အစိုးရ ဆန့်ကျင်ဘက် အဖွဲ့များကလည်း ယေဘုယျ သုံးစွဲခဲ့သည်။ စစ်အာဏာရှင် ဆန့်ကျင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုများလည်း အောင်ဆန်းနှင့် သခင်များကို မကြာခဏ အသုံးပြုခဲ့ကြသည်။ ဒုတိယ စစ်အာဏာရှင် အစိုးရများဖြစ်သည့် နဝတ (နိုင်ငံ တော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးကောင်စီ ၁၉၈၈-၁၉၉၇) နှင့် နအဖ (နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင်စီ ၁၉၉၇-၂၀၁၁) ကာလများတွင် ကျောင်းသားများ၊ နိုင်ငံရေး သမားများနှင့် ပြည်သူများက စစ် တပ်ကို ဝေဖန်ရှုံ့ချခဲ့ပြီး အောင်ဆန်းနှင့် သခင်များကို ချီးမွမ်းခဲ့သည်။ 6 ၂၀၁၆ ခုနှစ်မှ စတင်သည့် အောင်ဆန်းစုကြည်၏ အစိုးရ ငါးနှစ်ကာလအတွင်း လူမျိုးရေး ပြဿနာများကို ဖြေရှင်းရန် ဒုတိယပင်လုံညီလာခံကို ကျင်းပ ခဲ့သည်။ သူမ၏ဖခင်အပေါ် သူမ၏ အကြွင်းမဲ့ ကြည်ညို လေးစားမှုသည် သခင်များ၏ သမိုင်းမှတ်တမ်းကိုလည်း ဝေဖန်မှု ကင်းစွာ မြင့်မားစေခဲ့သည်။ စစ်တပ်နှင့် ဒီမိုကရေစီ လှုပ်ရှားမှုတို့သည် မြန်မာ့လူအဖွဲ့အစည်းတွင် ၎င်းတို့၏ အာဏာခိုင်မြဲစေသည့် နိုင်ငံရေးရည်ရွယ်ချက်အတွက် သခင်နှင့် အောင်ဆန်းတို့၏ သမိုင်းကို နိုင်ငံရေးအရ တက်ကြွစွာ အသုံးချခဲ့သည်။

သခင်သမိုင်းပုံ၏ အဓိကအကြောင်းအရာမှာ လူမျိုးစုများ၏ ညီညွတ်မှုဖြစ်ပြီး စင်စစ် ၎င်းသည် သခင်များ၏ မအောင်မြင်ခဲ့မှုပင် ဖြစ်နေလေသည်။ ဥပမာအချို့ကို ကြည့်ပါ။ ပထမဦးဆုံး ပင်လုံညီလာခံ နှင့် ထိုနေရာတွင် လက်မှတ် ရေးထိုးခဲ့သော သဘောတူညီချက်သည် သခင်သမိုင်းအမြင်၏ အခြေခံ သမိုင်းဆိုင်ရာ အထောက် အထားဖြစ်သည်။ ဦးနုခေတ် ကာလအတွင်း ထိုသဘောတူညီချက်သည် အထူးချီးမွမ်းခံရခြင်း မရှိခဲ့သော်လည်း နေဝင်းအာဏာသိမ်းပြီးနောက် ယင်းကို နိုင်ငံရေးအရ အသုံးချခြင်း ပိုမိုထင်ရှားလာခဲ့သည်။ Cheesman နှင့် Kikuchi ၏ အဆိုအရ ထိုသမိုင်းအသုံးချမှု၏ အစောဆုံး ဥပမာမှာ ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခံခဲ့သည့် ဖက်ဒရယ်နေ့ အခမ်းအနားတွင် နေဝင်း ပြောကြားသော မိန့်ခွန်းတွင် ထင်ရှားစွာ 6 (Cheesman 2017; Kikuchi 2022) φοι သခင်များ၏ အခန်းကဏ္ဍကို အထူးပြောသွားသည့်အပြင် စော်ဘွားများ၏ ရှေးရိုးစွဲတုံပြန်မှု သဘောသဘာဝ နှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းတို့ကို ပြည်ထောင်စုမှ ခွဲထွက်ခွင့် ပြုခဲ့မှုကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။ ပင်လုံညီလာခံ အကြောင်းပထမ ဆုံးသော စာအုပ်ကို ပင်လုံ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မဆလပါတီ (BSPP) က ၁၉၇၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည် (မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ၁၉၇၂)။ ထိုစာအုပ်တွင် ကိုလိုနီနယ်ချဲ့ဝါဒကို ဝေဖန်ပြီး “တိုင်း ရင်းသား အား လုံးသည် ကွဲပြားမှုမရှိဘဲ ညီညွတ်၍ လွတ်လပ်ရေးရရန် သန္နိဋ္ဌာန် ဖြင့် ပင်လုံစာချုပ်ကို လက် မှတ်ရေးထိုးခဲ့ကြ သည်” ဟု ဖော်ပြ ထားသည် (Kikuchi 2022:296–97) ယနေ့တွင် ပင်လုံညီလာခံသမိုင်းကို ပုံဖော်ထားသည့် ပုံရိပ်သည် ထိုကာလ အတွင်း ထုတ်ဝေခဲ့သော စာအုပ်များမှ လာသည်။ အစိုးရ၊ ဒီမိုကရေစီလိုလားသည့် အတိုက် အခံများနှင့် လူနည်းစုလူမျိုးစု အုပ်စုများသည် ပင်လုံညီလာခံအပေါ် အမြင်ခြားနားမှုများ ရှိသကဲ့သို့ အနာဂတ် ဖက်ဒရယ်စနစ်နှင့် စပ်လျဉ်း၍လည်း မတူညီသော အမြင်များရှိသည် (Walton 2008)။ သို့သော် အများစုအမြင်များမှာ ဖော်ပြပါစာအုပ်များမှ ရရှိသော အချက်အလက်များကို အခြေခံနေသကဲ့သို့ တွေ့မြင်ရသည်။ ပင်လုံညီလာခံအကြောင်း နက်ရှိုင်းသည့် သမိုင်းသုတေသန လုပ်ရန် လိုအပ်နေပေသေးသည်။

ဒုတိယအနေဖြင့် " တိုင်းရင်းသား” ဟူသော အသုံးအနှုန်းသည် သခင်သမိုင်းပုံ က တိကျသောပုံစံနှင့် အကြောင်းအရာကို ရှင်းလင်း သေချာစွာ ချမှတ်ခဲ့သော စကားလုံးတစ်လုံး ဖြစ်လာခဲ့သည်။ ၁၉၁ဝ နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် Cheesman က ၁၉၁ဝ နှင့် ၁၉၂ဝ ပြည့်နှစ်များတွင် "တိုင်းရင်းသား” သည် ဘာသာစကားအုပ်စု သို့မဟုတ် ယဉ်ကျေးမှု ဆိုင်ရာလူအုပ်စု အဓိပ္ပာယ်အနေဖြင့်သာ အသုံးပြုခဲ့ပြီး နိုင်ငံရေး အသိုက်အဝန်းကို မဆိုလို သေး ကြောင်း မှတ်ချက်ပေးထားသည်။ သို့သော် ၁၉၄ဝ ပြည့်နှစ်များတွင် ဦးနုကဲ့သို့သော နိုင်ငံရေး သမားများ၏ မိန့်ခွန်းများတွင် သူ့အစိုးရ၏ အုပ်ချုပ်ရေး လွှမ်းမိုးခွင့် ကို ထိန်းသိမ်းရန် စကားရပ်အဖြစ် အသုံးပြုလာခဲ့သော်လည်း ထိုစကားရပ်သည် ထိုနှစ်များအတွင်း နိုင်ငံရေးစကားများ၏ အစွန်အဖျားမှာသာ ရှိနေသေးသည်။ ယေဘုယျအားဖြင့် ၁၉၆ဝ ပြည့်နှစ်များတွင်လည်း နိုင်ငံရေးနောက်ခံ အကြောင်းအရာများ မပါဘဲ အများဆိုင်နာမ်အဖြစ်သာ အသုံး များနေဆဲ ဖြစ်သည်။ သို့သော် ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလတွင် နေဝင်း၏ မိန့်ခွန်းတွင် "ထိုစကားလုံးကို အစိုးရ၏ ဝေါဟာရစကားရပ်များအနက် တစ်ခါဖူးမှ မရရှိသေးဘူးသော လွန်စွာ ထင်ရှားသော နေရာ ပေးခဲ့ပြီးနောက် နိုင်ငံတည်ထောင်ရေး အစီအစဉ်နှင့် အမျိုးသား ညီညွတ်ရေး အခမ်းအနားများတွင် တောက်လျှောက်အရေးပါ လာခဲ့သည်" ဟု Cheesman က ဖော်ပြထားသည် (Cheesman 2017:465)။ "တိုင်းရင်းသား” အယူအဆကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွင် မြန်မာနိုင်ငံသားဖြစ်မှု၏ အခြေခံ စံသတ်မှတ်ချက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး တိုင်းရင်းသား ၁၃၅ မျိုး စာရင်းလည်း ၁၈၂၃ မတိုင်မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် လူမျိုးစုများအဖြစ် သမိုင်း အရ အတည်ပြုခြင်းနှင့် တွဲဖက် ပါ လာခဲ့သည် (Cheesman:463–468)။

တတိယအနေဖြင့် သွေးခွဲအုပ်ချုပ်သည့်မူဝါဒ (divide and rule) သည် သခင်သမိုင်းပုံ၏ အခြားအရေးကြီးသော စေ့ဆော်ချက် အကြောင်းအရာ တစ်ရပ်ဖြစ်သည်။ ဤ ရေးသားချက်က ပြောဆို သည်မှာ မြန်မာနိုင်ငံမှာ မူလအ စက လူမျိုးစုများ စုပေါင်းနေထိုင်ကြသည့် ဘုရင်နိုင်ငံဖြစ်ပြီး နောက်ပိုင်းတွင် ဗြိတိသျှက သွေးခွဲအုပ်ချုပ်ခဲ့သည်။ ဤသည်ကို ပြန်လည် စုပေါင်းပြီး သခင်များက လွတ်လပ်ရေး ဆောင်ကြဉ်းခဲ့သည် ဟူ၍ဖြစ်သည်။ ထိုရေးသားချက်သည် အထက်ဖော်ပြထားသော နှစ်ချက်နှင့် ကွဲပြားသည်မှာ ဗြိတိသျှ၏ သွေးခွဲအုပ်ချုပ်မှုဆိုင်ရာ ပြောဆိုချက်ကို ဗြိတိသျှခေတ်ကပင် လက်ခံထားသည်ဖြစ်ပြီး ဂျပန်အုပ်ချုပ်စဉ် လွတ်လပ်ရေး ညှိနှိုင်းမှုများနှင့် ဦးနုခေတ် တ လျှောက်လုံးအထိ အချိန်နှင့် ပြောဆိုသူပေါ် မူတည်၍ ယင်းမူဝါဒ၏ နောက်ခံ အကြောင်းအရာနှင့် ဖွင့်ဆိုပုံများကို ပြောင်းလဲပြောကြ လေ့ရှိသည့် အချက် ဖြစ်သည်။ နေဝင်းကလည်း သူ့အမြင် သခင်သမိုင်း ဖြစ်စဉ်ကို ထောက်ခံရန် ယင်းကိုအထောက်အထား အဖြစ် ပေါင်းထည့်ခဲ့သည်။ မြန်မာပြည်သူများနှင့် ပြင်ပက လူတွေအဖို့မှာ ဤ ရှင်းလင်းချက်သည် အလွန် သဘာဝကျသဖြင့် မြန်မာနိုင်ငံ လူမျိုးရေး ပြဿနာများ၏ မူလအစသည် ဗြိတိသျှ၏ သွေး ခွဲအုပ်ချုပ် မူဝါဒပင် ဖြစ်သည်ဟု သေချာလက်ခံထားကြပြီး လူထုကြားအထိ ပျံ့နှံ့လာခဲ့သည်။ ဤရေးသားချက်က သခင်တို့၏ ၁၉၄ဝ ပြည့်နှစ်များက လူမျိုးရေးနိုင်ငံရေးကို နားမလည်ခဲ့ကြသည့် သမိုင်းဆိုင်ရာအမြင်ရှုထောင့်၊ သခင်များ၏ လူမျိုးရေး စီမံခန့်ခွဲမှု မအောင်မြင်ခြင်းကြောင့် လွတ်လပ်ရေးရပြီးနောက် လူမျိုးစုများ လက်နက်ကိုင်ပုန်ကန်ခဲ့ကြခြင်း၊ ၁၉၅၀ ပြည့်နှစ်များတွင် ဦးနု အစိုးရနှင့် လူမျိုးစုခေါင်းဆောင်များ အကြား မြေစမ်းခရမ်းပျိုး ညှိနှိုင်းစေ့စပ်ခြင်းများရှိခဲ့ခြင်း နှင့် ၁၉၆၂ ခုနှစ်တွင် နေဝင်း၏ စစ်အာဏာသိမ်းမှုကြောင့် အားလုံး အဆုံးသတ်ခဲ့ခြင်းတို့ကို ဖုံးကွယ်သွားစေခဲ့သည်။ နေဝင်းနှင့် ၎င်းအစိုးရကမူ ဤသို့ ရေးသားချက်၏ ဩဇာသက်ရောက်မှုရှိပုံကို အပြည့်အဝ အသုံးချပြီး အပြစ်များအားလုံးကို ဗြိတိသျှ ကိုလိုနီ မူဝါဒများအပေါ် အောင်မြင်စွာပင် ပုံချခဲ့ကြသည်။

နိဂုံး

မြန်မာနိုင်ငံတွင် လူမျိုးရေးနိုင်ငံရေးသည် ၁၉၄၇ ခုနှစ်တွင် စတင်ခဲ့ပြီး လူမျိုးအခြေပြု နိုင်ငံတော်နှင့် လူမှုအဖွဲ့အစည်းပုံစံကို ရွေးချယ်ခဲ့သည့် ယင်းအချိန်မှ စတင်ကာ လူမျိုးရေးသည် ပဋိပက္ခ ဖြစ်စရာ အချက်ဖြစ်လာခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ်က နိုင်ငံရေး အတွေ့အကြုံသည် လူမျိုးစုတစ်စုနှင့် တစ်စုအတွက် ကွာခြားနိုင်သည်။

ခရစ်ယာန်ကရင်များသည် ၁၉ ရာစုမှစ၍ လူမျိုးရေးနိုးကြားမှု ရှိသော လူမျိုးအုပ်စု အဖြစ်ထွက်ပေါ်လာခဲ့သည်။ သို့သော် ၁၉၃၀ ပြည့်နှစ်များအလယ်ပိုင်းအထိ နိုင်ငံရေး အဓိကပြဿနာမှာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုနှင့် ကော်စမိုပိုလီတန် (ကျယ်ပြော ပွင့်လင်းသော) မြန်မာ့အမျိုးသားရေး ဖြစ်သည်။ ဤအေန အထားတွင် လူမျိုးရေးသည် ပြဿနာတစ်ခု မဖြစ်သေးပေ။ ဤနိုင်ငံရေး ပတ်ဝန်းကျင်တွင် ခရစ်ယာန်ကရင်များသည် ဗြိတိသျှကို လိုလားကြောင်း ပြသခဲ့ကြသည်။ မြောင်းမြဖြစ်ရပ် သည် ကရင် လူမျိုးစုတစ်စုက သခင်နှင့် ဗမာတို့ကို ဘုံ ရန်သူအဖြစ် ရင်ဆိုင်ရသည့် ပထမဆုံး အတွေ့အကြုံဖြစ်သည်။ ဤအဖြစ်အပျက်က ခရစ်ယာန် အသိုင်းအဝိုင်းအတွင်း သခင် နှစ်သက်သူများ နှင့် ဆန့်ကျင်သူများ ဟူ၍ နိုင်ငံရေး ထောက်ခံမှု နှစ်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။ မြောင်းမြဖြစ်ရပ် သည် ကရင်များ အတွက် လူမျိုးရေး ပေါင်းစည်းမှုနှင့် နိုင်ငံရေးအရ ကွဲပြားမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဗုဒ္ဓဘာသာဝင် ကရင်များအဖို့မူ ၁၉၃၀ ပြည့်နှစ်များမှစ၍ မြို့ပြနေထိုင်သူများအနက် အနည်းငယ် လူမျိုးရေးကိုယ်စားပြုမှု ကိုယ်တိုင်ဆောင်ရွက်မှု ရှိလာသော်လည်း ၁၉၄၇ ခုနှစ် လူမျိုးရေး နိုင်ငံရေးတွင် မပါဝင်ခဲ့ကြပါ။ ခရစ်ယာန်များ၏ လှုံ့ဆော်မှုအပေါ် တုံ့ပြန်၍ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ၁၉၃၉ ခုနှစ်တွင် BKNA ကို တည်ထောင်ခဲ့သော်လည်း ၁၉၄၂ ခုနှစ် မြောင်းမြ ဖြစ်ရပ်နှင့် ၁၉၄၇ ခုနှစ် လူမျိုးရေးနိုင်ငံရေးတွင် ဗုဒ္ဓဘာသာ ကရင်များထံမှ အရေးပါသော ဝင်ရောက်ပါဝင်မှုမျိုး မတွေ့ရပါ။ ၁၉၆၀ နှင့် ၁၉၇ဝ ပြည့်နှစ်များတွင်မူ ဗုဒ္ဓဘာသာဆိုင်ရာ ကရင် စာအုပ်များ တိုးမြှင့် ထုတ်ဝေခဲ့ကြသည်။ ကရင်ပြည်နယ်တွင် KNU တပ်များ အခြေချနေရာများ အနီးအနားတွင် ပိုးကရင် ဗုဒ္ဓဘာသာဝင်များ တည်ရှိသည့်အတွက်ကြောင့် ယင်းတို့အဖို့ လူမျိုးရေး နိုင်ငံရေးအပေါ် ပိုမိုသိမြင်လာခဲ့ကြသည်။

ရခိုင်သည် မြန်မာနိုင်ငံတွင် လူမျိုးရေးအေဂျင်စီ၏ ထူးခြားသည့် ဥပမာတစ်ခု ဖြစ်သည်။ ၁၉၃၀ နှစ်များတွင် ရခိုင် နိုင်ငံရေး သမားများသည် ရှမ်းနှင့် မွန်တို့နှင့်အတူ မြန်မာပြည်မရှိမြန်မာ့အမျိုးသားရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ရခိုင်တွင် လူမျိုးရေးဆိုင်ရာ အဆိုပြုချက်များသည် တပေါင်းတစည်းထဲ ဖြစ်မလာခဲ့ပေ။ ရခိုင်ပြည်နယ် ထူထောင်လိုသည့် ANUO၊ လက်နက်ကိုင် ပုန်ကန်မှုကို ရွေးချယ်ခဲ့သော ဦးစိန္တာနှင့် အဖွဲ့များ၊ ကွန်မြူနစ်ဝါဒနှင့် UMP ၏ အယူအဆ၊ တို့ဗမာအစည်းအရုံး လိုလားသည့် မွတ်စလင်အုပ်စုနှင့် လက်နက်ကိုင် မွတ်စလင်အုပ်စု စသဖြင့် ထိုသူများအားလုံးသည် ၁၉၄၇ ခုနှစ်အပြီးမှ လူမျိုးရေး နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားလာခဲ့ပြီး ပြင်းထန်သော ကွဲပြားမှုများ နှင့် ပဋိပက္ခများကို တွေ့ရှိရပါသည်။

တို့ဗမာအစည်းအရုံး သခင်များသည် သူတို့၏ ဗမာလူမျိုးစုဝါဒ (Burman ethno-nationalism) နှင့် စတာလင်တို့ထံမှ (Burmese nationalism) ကို ရောထွေးခဲ့သည်ဟု ပြောဆိုကောင်း ပြောဆိုနိုင်သည်။ သူတို့မှာ ၎င်းတို့၏ ယခင် GCBA လို လူမျိုးရေး မျိုးစုံခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ နည်းပါးခဲ့ပြီး လူမျိုးစုံ လှုပ်ရှားမှုတွင် ပါဝင်မှု မရှိဘဲ မြန်မာပြည်မရှိ ဗမာအများစုကိုသာ လှုံဆော်ခဲ့သည်။ အောင်ဆန်းသည် လီနင်နှင့် စတာလင်တို့ထံမှ လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် လူမျိုးရေး ဆိုင်ရာဖွဲ့စည်းပုံ အယူအဆကို မှီငြိမ်းပြုခဲ့သည်။ ဤအချက်က မြန်မာနိုင်ငံ၏ ထူး ခြားသော လူမျိုးရေးကိစ္စများကို သခင်များက အလေးအနက် စဉ်းစားမထားရသေးကြောင်း ပြသည်။ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်သူများနှင့် ဂျပန်ဖက်ဆစ်များကို ဆန့်ကျင်ရန် တိုက်ပွဲများနှင့် အာရုံစိုက်နေရဖြင့် မြောင်းမြဖြစ်ရပ်၏ သင်ခန်းစာများကို သင်ယူခြင်းမရှိခဲ့ကြချေ။ စိတ်မကောင်းစရာမှာ အောင်ဆန်း လုပ်ကြံခံရပြီးနောက် သခင်များအဖို့ သူ့ကို ဘုရားတစ်ဆူ ဂူတစ်လုံးသဖွယ် ရိုသေကိုင်းညွတ်ကြရာမှ အောင်ဆန်း၏ ကတိကို အထွတ်အထိပ်ထား၍ အကြွင်းမဲ့ နိုင်ငံရေးမူအဖြစ် သတ်မှတ်လိုက်ကြသည်။ ဤသဘောထားက ၁၉၅၀ နှင့် ၁၉၆၀ နှစ်များတွင် လူမျိုးရေးအုံကြွမှုများနှင့် ယနေ့အထိ ကြာရှည်သည့် လူမျိုးရေးပြဿနာများကို ဖြစ်စေခဲ့သည်။ နေဝင်း၏ မတရားအုပ် ချုပ်မှု အောက်တွင် ဖွံ့ဖြိုးလာသော သခင်သမိုင်းရေးသားချက်က ဤအားနည်းချက် အပြစ်များကို ဖုံးကွယ်ထားသည်။ သို့သော် ကရင်၊ မွန်နှင့် ရခိုင်တို့နှင့် လူမျိုးရေးဆိုင်ရာ ညှိနှိုင်းမှုများတွင် ဦးနု၏ လက်တွေ့ကျသော ကြိုးပမ်းမှုများကို ပြန်လည်ထည့်သွင်း သုံးသပ်ရန် လိုအပ်သည်။

သမိုင်းကို လေ့လာရာတွင် သမိုင်းရေးနည်းပညာကိုပါ လေ့လာ ရမည်ဖြစ်ပြီး ဤအချက်သည် မြန်မာနိုင်ငံတွင် ပိုမိုထင်ရှားသည်။ ဗမာနှင့် ဗမာ့အမျိုးသားရေးဝါဒကို အဓိကအားဖြင့် သမိုင်းအရ လေ့လာသော်လည်း သမိုင်းရေးနည်းပညာအပေါ် အလေးမထား ကြသလောက်ပင်ဖြစ်သည်။ အထူးအားဖြင့် စစ်အာဏာပိုင်များ၏ သခင်သမိုင်းပုံနှင့် အများကြိုက် ဗမာလူမျိုး စုဝါဒတို့သည် နက်နဲစွာ ဆက်လက်စမ်းစစ်ရန် လိုအပ်သော နယ်ပယ် နှစ်ခုဖြစ်သည်။

Kazuto Ikeda

KAZUTO IKEDA သည် မြန်မာပြည် ခေတ်သစ်နှင့် ခေတ်သစ်မတိုင်မီ ကာလများကို လေ့လာသော သမိုင်းပညာရှင် တစ်ဦးဖြစ်သည်။ ၎င်း၏ သုတေသန စိတ်ဝင်စားမှုများတွင် မြန်မာ သမိုင်းအတွင်း ကရင်၊ ဗမာနှင့် ရခိုင်တို့၏ လူမျိုးရေးနှင့် သမိုင်းပုံတို့ ပါဝင်သည်။ လက်ရှိတွင် ဂျပန်နိုင်ငံ၊ အိုဆာကာတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်နေသည်။


IKEDA ကတို့ ikeda.kazuto@hotmail.com မှတစ်ဆင့် ဆက်သွယ်နိုင်သည်။

ေကျးဇူးစကား

တိုရန်တိုမြို့ ယော့ခ်တက္ကသိုလ်တွင် အံ့ချီးဖွယ် အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို ကျင်းပစီစဉ်ပေးခဲ့သည့် Alicia Turner နှင့် Hitomi Fujimura တို့ကို အထူးတလည် ကျေးဇူးတင်ရှိပါသည်။ အဖိုးတန်ပြီး အပြုသဘောဆောင်သော ဝေဖန်ချက်များ ပေးခဲ့သည့် အမည်မဖော်လိုသော သုံးသပ်စစ်ဆေးသူ သုံးဦးကိုလည်း အထူး ကျေးဇူးတင်ပါသည်။ ဤစာတမ်းအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးပါသော မူရင်း ဘာသာပြန်ဆိုသူ နှင့် ဘာသာပြန်မူအား ပြန်လည်စီစစ်ပေးပါသော ကိုဇော်လင်းအောင် အား အထူးကျေးဇူးတင်ရှိပါသည်။

Footnotes


1. ၁၆ဝ၂ ခုနှစ် မြောက်ဦးခေတ်ရေး မင်းရာဇာကြီးစာတန်း (Min Yazagri Sadan) မှလွဲ၍ ရခိုင်ရာဇဝင် အများစုတွင် “ရခိုင်” ဟူသော အမည်ခေါင်းစဉ် ပါရှိကြသည်။ အကြောင်းမှာ ထိုရာဇဝင်များကို ကုန်းဘောင်ခေတ်နှင့် နောင်ကာလများတွင် ရေးသားခဲ့ခြင်းကြောင့် ဖြစ်သည်။


2. ကိုလိုနီခေတ် လူမှုဗေဒပညာရှင်များ မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင် ကရင်များကို လျစ်လျူရှုခဲ့သည်ကို ခရစ်ယာန်သာသနာပြု လူမှုဗေဒပညာရှင် James L. Lewis က ရှင်းပြကောင်း ရှင်းပြနိုင်မည်။ Lewis အလိုအရ အစစ်အမှန်ဆုံးသော ကရင်များသည် တောင်တန်းဒေသရှိ နတ်ကိုးကွယ်သည့် ကရင်များဖြစ်ပြီး၊ မြေပြန့်ရှိ ဗုဒ္ဓဘာသာကို လက်ခံသော ကရင်များမှာမူ ဗမာပြုခြင်း ခံရကာ အစစ်အမှန်ဖြစ်မှု အနည်းဆုံး ကရင် ဖြစ်သည်ဟု ဆိုထားသည် (Lewis 1924; Ikeda 2012a)


3. အခြားတစ်အုပ်မှာ ဦးစော (၁၉၃၁) ရေးသားခဲ့သော ကရင် မဟာရာဇဝင်တော်ကြီး (Kuyin Maha Yazawin-dawgyi) ဖြစ်သည်။


4. Pu Paik San သည် ၁၉၂၈ ခုနှစ် San C. Po ၏ စာအုပ်တွင် ဖော်ပြထားသည့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တဦးဖြစ်ပြီး လူသိများသည့် ကရင်ပညာရှင်တဦး ဖြစ်သည်။ Smeaton ၏ ၁၈၈၇ ခုနှစ်စာအုပ်တွင် ဤစကားပုံကို “နိုင်ငံခြားသားသည် Sir ဖြစ်နိုင်သည်၊ ကရင်သည် သခင်တဦးဖြစ်နိုင်သည်၊ သို့သော် ဗမာသည် အသုံးမကျ (a-la-ga)" ဟု မှတ်တမ်းတင်ထားသည် (1887:215)။


5. သူသည် နောက်ပိုင်းတွင် အင်းစိန် အစိုးရ အင်ဂျင်နီယာ သင်တန်းကျောင်း (ယခုရန်ကုန်နည်းပညာတက္ကသိုလ်) ၏ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။


6. ဥပမာများမှာ ၁၉၆၀ နှစ်များမှ ကျောင်းသားလှုပ်ရှားမှုများ၊ ၁၉၇၄ ဦးသန့် ဈာပနအရေးအခင်း နှင့် ၁၉၇၆ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း ရာပြည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ကြသည်။

ကျမ်းကိုး

Anderson, Benedict R. O’G. Imagined Communities: Reflections on the Origin and Spread of Nationalism. Revised ed. London: Verso, 2016.
Aung Hla, Saw. Pgakanyaw ali’ tacisoteso. (The Karen History). Bassein: The Karen Magazine Press, 1939 (Sgaw Karen).
Ba Maw. Breakthrough in Burma: Memoirs of Revolution, 1939–1946. New Haven and London: Yale University Press, 1968.
Bamaw Tin Aung. 2013. ဗန်းမော်တင်အောင်၊ ၂ဝ၁၃၊ မြန်မာနိုင်ငံတော် သမိုင်း၊ ရန်ကုန်၊ ရွှေစည်စာပေ။
Ba Shin, Bohmu. 1952. ဗိုလ်မှူးဘရှင်၊ ၁၉၅၂၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သမိုင်း၊ ရန်ကုန်၊ ပြည်သူအလင်းပုံနှပ်တိုက်။
Boshier, Carol Ann. Mapping Cultural Nationalism: The Scholars of the Burma Research Society 1910–1935. Copenhagen: Nordic Institute of Asian Studies Press, 2018.
Brown, David. The State and Ethnic Politics in Southeast Asia. London and New York: Routledge, 1994.
Cady, John F. A History of Modern Burma. Ithaca and London: Cornell University Press, 1958.
Callahan, Mary P. Making Enemies: War and State Building in Burma, Ithaca, N.Y: Cornell University Press, 2003.
Candier, Aurore. “Mapping Ethnicity in Nineteenth-century Burma: When 'Categories of People' (lumyo) became 'Nation.” Journal of Southeast Asian Studies 50, no. 3 (2019): 1–18.
Charney, Michael W. Powerful Learning: Buddhist Literati and the Throne in Burma’s Last Dynasty, 1752–1885. Ann Arbor: Centers for South and Southeast Asian Studies, University of Michigan Press, 2006.
Cheesman, Nick. “How in Myanmar 'National Races' Came to Surpass Citizenship and Exclude Rohingya.” Journal of Contemporary Asia 47, no. 3 (2017): 461–83.
Defence Service Museum Historical Research Institute (DMHRI). DR3038 တပ်မတော်ပြတိုက် နှင့် သမိုင်းသုတေသန ၊ DR3038၊ ကျဆုံးသူခေါင်းဆောင်ကြီး မန်းဘခိုင် ကရင်လူငယ် အစည်းအရုံး ဥက္ကဌအဖြစ် ဆောင်ရွက်စဉ် ရေးသားခဲ့သော ကရင်နှစ်သစ်ကူးလက်ဆောင် ဆောင်းပါး ပါသော ၁-၁-၄၆ နေ့စွဲပါ တိုင်းရင်းသားမဂ္ဂဇင်း။
Do Bama Asiayoun Thamaing Pyusuye Ahpwe. 1976. တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့၊ ၁၉၇၆၊ တို့ဗမာအစည်းအရုံး သမိုင်း၊ ရန်ကုန်၊ စာပေဗိမာန်။
Fujimura, Hitomi. “Disentangling the Colonial Narrative of the Karen National Association of 1881: The Motive behind Karen Baptist Intellectuals' Claim for a Nation.” Journal of Burma Studies 24, no. 2 (2020): 275–314.
Furnivall, John Sydenham. “Twilight in Burma: Independence and After.” Pacific Affairs 22, no. 2 (1949): 155–72.
Gaffer, Abdul. 1948. အမ် 632 ဂဖါး။ ၁၉၄၈၊ ပါလီမန် езан ဂါဖါးက အမတ်လောင်းနှင့်အမတ်ဟောင်း မစ္စတာ အမ်၊ မြန်မာနိုင်ငံတော်အစိုးရ အတွင်းဝန်ချုပ်ထံ ဆက်သခဲ့သော သဝဏ်လွှာ၊ ရန်ကုန်မြို့ နေ့စွဲ ၁၉၄၈ ခုနှစ်။ နိုဝင်္ဘာလ ၂၀ ရက်နေ့။ အေ၊ ဂဖါးရ် ပါလီမန်အမတ်။
Government of Burma. Census of India, 1931 Volume XI Burma. Rangoon: Office of the Supdt., Government Printing and Stationery, Burma ("1931 Census"), 1933.
———. Financial and Economic Annual of Burma, July 1943. Rangoon: Bureau of State and Printing Press, Burma, 1943.
Government of Myanmar (Ministry of Education). 1984. ပြည်ထောင်စုမြန်မာအစိုးရ ပညာရေးဝန်ကြီးဌာန၊ ၁၉၈၄၊ အဌမတန်း သမိုင်း။
Gravers, Mikael. Nationalism as Political Paranoia in Burma. Richmond, Surrey: Curzon, 1999.
Guyot, Dorothy H. “Communal Conflict in the Burma Delta.” In Southeast Asian Traditions: Approaches through Social History, edited by Ruth T. McVey, New Haven: Yale University Press, 1978.
— — —. “The Political Impact of the Japanese Occupation of Burma.” PhD diss., Yale University, 1966.
Hall, D. G. E. A History of South-East Asia. Fourth Edition. London: Macmillan Press, 1981 (1955).
Harvey, G.E. History of Burma. London: Longmans, 1925.
— — —. 1981 (1955). A History of South-East Asia. Fourth Edition. London: Macmillan Press.
Hpoun Myint, U, 1975. ဦးဘုန်းမြင့်၊ ဗုဒ္ဓဘာသာ ပိုးကရင်ပေစာသမိုင်း၊ ရန်ကုန်၊ သပြေဦးစာပေတိုက်။
Htin Aung, Maung. A History of Burma. New York and London: Columbia University Press, 1967.
Ikeda, Kazuto. “"A Film and Kayin' Controversy in Colonial Burma: The Ethnic Claims of Buddhist Karen and Their Social Context.” Journal of Language and Culture Studies 40 (2014): 11–37. (Japanese).
— — —. “A Note on the Origin of the Karen Ethnic Problem and Thakin Historiography in Myanmar.” Ex Oriente 24 (2017): 27–61 (Japanese).
— — —. “An Outline of Knowledge Formation on the Karen People of Burma and Saw Aung Hla’s 'A History of Pgakanyaw' (1939)” The Bulletin of Institute of Advanced Studies on Asia 162 (2012a): 77–189 (Japanese).
— — —. Karen and Thakins under the Japanese Occupation in Burma, 1942–45: History and Historiography of the Myaunmya Incident and the Karen battalion in the Thakin-led Uprising (Monograph Series No.11). Tokyo: Institute of Asian Cultures, Sophia University, 2012c (Japanese).
— — —. “Myaungmya Incident and Karens under the Japanese Occupation in Burma: Karen’s Experience through Shwe Tun Kya.” Southeast Asia: History and Culture 34 (2005): 40–79 (Japanese).
— — —. “Myaungmya Incident during the Japanese Occupation of Burma: Karens and Shwe Tun Kya.” In Reconsidering the Japanese Military Occupation in Burma (1942–45), edited by Kei Nemoto, 59–93 (ILCAA Southeast Asian Studies No.7), 2007.
— — —. “The Karen Nationalist Movement in the Independence Period of Burma: The Politics of 'a Separate State'.” Journal of Asian and African Language and Culture 60 (2000): 37–111 (Japanese).
— — —. “Two Versions of Buddhist Karen History of the Late British Colonial Period in Burma; Kayin Chronicle and Kuyin Great Chronicle.” The Bulletin of Institute of Advanced Studies on Asia 156 (2009): 356–430 (Japanese).
— — —. “Two Versions of Buddhist Karen History of the Late British Colonial Period in Burma; Kayin Chronicle (1929) and Kuyin Great Chronicle (1931).” Southeast Asian Studies 1, no. 3 (2012b): 431–60.
Ito, Toshikastu. “Changes in Burmese Peasants' Consciousness.” In Southeast Asian History in Transition., edited by Setsuho Ikehata. Tokyo: Yamakawa Press, 1994 (Japanese).
— — —. “On '101 lumyo' in the Premodern Burmese World.” Bungaku Ronso 151 (2015): 1–33 (Japanese).
— — —. “U Thuriya’s Rebellion: The Anti-colonial Uprising in the Late 19th Century Lower Burma.” Journal of Southeast Asian Studies 23, no. 2 (1985): 155–72 (Japanese).
Kayin Pariyatti Kyaungtaik. ကရင်ပရိယတ္တိကျောင်းတိုက်၊ n.d.၊ သမတ္တဗုဒ္ဓဘာသာကရင်လူမျိုး စာကြည့်ပိဋကတ်တိုက် ဗုဒ္ဓဘာသာ ကရင်လူမျိုးအဖွဲ့ နှင့် ကရင် ပရိယတ္တိကျောင်း သမိုင်း အကျဉ်းချုပ်၊ ရန်ကုန်၊ n.pub, n.d.
Kikuchi, Taihei. “Creation of the History of the Panglong Conference Based on the "National Solidarity" Image: Myanmar Authority’s Arbitrary Reference to the Narrative by a Shan Activist: Htun Myint.” Journal of Southeast Asian Studies 59, no. 2 (2022): 290–320 (Japanese).
Kyaw Nyein, Than Lwin, and Tin Win. 2013. ကျော်စင်း၊ ယန်းတင်၊ တင်ဝင်း၊ ၂၀၁၃၊ ၁၉၄၅-၁၉၄၈ မြန်မာ့နိုင်ငံရေး၊ ရန်ကုန်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသန ဦးစီးဌာန။
Kyaw Thet. 1962. ကျော်သက်၊ ၁၉၆၂၊ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း၊ ရန်ကုန်၊ အင်းဝတိုက်။
Kyaw Win, Mya Han, and Thein Hlaing. 1990. ကျော်စင်း၊ ယန်းတင်၊ သိန်းလှိုင်၊ ၁၉၉၀၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံ ဥပဒေ ပထမတွဲ၊ ဒုတယတွဲ၊ ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တိုက်။
— — —. 1991. ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်၊ ၁၉၉၁၊ ၁၉၄၈-၁၉၆၂ မြန်မာနိုင်ငံရေး၊ ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တိုက်။
Le Maung, Thakin. 1974. သခင်လေးမောင်၊ ၁၉၇၄၊ မြန်မာ့နိုင်ငံရေးသမိုင်၊ ရန်ကုန်၊ စာပေဗိမာန်။
Lewis, James Lee. “The Burmanization of the Karen People: A Study in Racial Adaptability.” M.A. Thesis, The University of Chicago, 1924.
Lieberman, Victor. “Ethnic Politics in Eighteenth-Century Burma.” Modern Asian Studies 12, no. 3 (1978): 455–82.
— — —. Strange Parallels: Vol. 1; Integration of the Mainland Southeast Asia in Global Context C.800-1830. Cambridge: Cambridge University Press, 2003.
Lin Myat Kyaw, Mahn. 1970. သိမှတ်ဘွယ်ကရင်ရိုးရာ၊ ရန်ကုန်၊ ရွှေမိုးစာပေရိပ်သာ။
— — —. 1980. မန်းလင်းမြတ်ကျော်၊ ၁၉၈ဝ၊ ကရင်ရိုးရာ သုတပဒေသာ၊ ရန်ကုန်၊ စာပေလောက ပုံနှိပ်တိုက်။
Loung Khin, Mahn. 1965. မန်းလုံးခင်၊ ဇွဲကပင် စေတီသမိုင်၊ မော်လမြိုင်၊ n.pub.
Lwin, Thakin. 1969. သခင်လွင်၊ ၁၉၆၉၊ ဂျပန်ခေတ်ဗမာပြည်၊ ရန်ကုန်၊ ဥဒါန်းစာပေ။
Marshall, Harry Ignatius. The Karen People of Burma: A Study in Anthropology and Ethnology. Columbus: Ohio State University Press, 1922.
Mason, Francis. Burmah, its People and Natural Productions: Or, Notes on the Nations, Fauna, Flora, and Minerals of Tenasserim, Pegu, and Burmah, with Systematic Catalogues of the Known Mammals, Birds, Fish, Reptiles, Insects, Mollusks, Crustaceans, Annalids, Radiates, Plants and Minerals, with Vernacular Names. Rangoon: Thos. Stowe Ranny, 1860.
— — —. “Traditions of the Karens.” The Baptist Missionary Magazine 14 (1834): 328–93.
Maung Maung. Burma and General Ne Win. Rangoon: Religious Affairs Dept. Press, 1969.
— — —. Burmese Nationalist Movement. Edinburgh: Kiscadale Publications, 1989.
Maung Tin 1967. မောင်တင်၊ ၁၉၆၇၊ ရွှေမေတ္တာအရင်းခံပါဘဲရှင်၊ မြဝတီမဂ္ဂဇင်း၊ အတွဲ ၁၅၊ အမှတ် ၃၊ ၁၉၆၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ စာမျက်နာ ၁၇-၂၁။
McMahon, Alexander Ruxton. The Karens of the Golden Chersonese. London: Harrison, 1876.
Moo Khu, Saw. Pgasisgwi le ywa do pgakanyaw eow saw bu (The Holy man Whom God and the People love, Saw Bu). n.p.: n.pub., 1962 (Sgaw Karen).
Morrison, Ian. Grandfather Longlegs – The Life and Gallant Death of Major H.P. Seagrim, G.C., D.S.O., M.B.E. London: Faber and Faber Ltd., 1947.
Myanma Hsoshalit Lanzin Pati. 1972. မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ၁၉၇၂၊ ၂၅ကြိမ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု ထုတ်ဝေအပ်သော ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း၊ ရန်ကုန်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ။
Myitwakyunbo Dhadinzin မြစ်ဝကျွန်းပေါ်သတင်းစဉ်။
National Archives Department (NAD), Yangon. “10/1/34 'Deputation Relating to Unity and Fraternity among Burmans and Karens and Reports on the Working of Refugees Relief Committee, Myaungmya'.” Home Secretary’s Office, General Branch, 1942.
———. “Representation by the Muslims of North Arakan Claiming for an Autonomous State in the Buthidaung and Maungdaw Areas.” File No. 93HB4, 1947. Appointment Branch, Home Department, Govt. of Burma, 1947.
Nu, U. 1946. ဦးနု၊ ၁၉၄၆၊ ငါးနှစ်ရာသီ ဗမာပြည် ၁၉၄၁-၁၉၄၅၊ ရန်ကုန်၊ ယောဂီပုံနှပ်တိုက်။
Oriental and India Office Collection (OIOC), British Library. M/4/2605. Elections: Electoral Rules: Electoral Rolls: Timetable (18 October 1945–30 June 1947)..
— — —. M/4/2688. Government of Burma: Constituent Assembly: Draft AFPFL Constitution (21 May-23 December 1947).
— — —. M/4/2693. Government of Burma: Constituent Assembly: Report of Proceedings (5 June-30 October 1947).
— — —. M/4/2851. Frontier Areas: Karenni States: General Files (18 January-24 November 1947).
— — —. M/4/2853. Frontier Areas: Frontier Areas Committee of Enquiry: General Papers (24 January-24 April 1947).
— — —. M/4/2854. Frontier Areas: FACE: Report and Evidence (16 April 1943–10 June 1947).
— — —. M/4/3025. Karenni States: Future Of. (2 April 1937–18 December 1948).
P (Pu). Proceedings of Home (Public) Department, Burma, October, Nos. 326 to 329 (SIMLA RECORDS), 1888.
Phayre, Arthur P. History of Burma Including Burma Proper, Pegu, Taungu, Tenasserim, and Arakan, from the Earliest Time to the End of the First War with British India. London: Trubuner, 1883.
Prasse-Freeman, Elliot. “Reassessing Reification: Ethnicity amidst 'Failed' Governmentality in Burma and India.” Comparative Studies in Society and History 65, no.3 (2023): 670–701.
Public Record Office (PRO). FO643/66/51GSO. Future of Karens, with Daily Intelligence Summaries Relating to Their Affairs.
Pyinnya, U. 1929. ဦးပညာ၊ ၁၉၂၉၊ ကရင်ရာဇဝင်၊ ရန်ကုန်၊ သူရိယသတင်းစာတိုက်။
Rajah, Ananda. “Ethnicity, Nationalism, and the Nation-State: The Karen in Burma and Thailand.” in Ethnic Groups across National Boundary in Mainland Southeast Asia, edited by Gohan Wijeyewardene, 102–133. Singapore: Institute of Southeast Asian Studies, 1990.
San C. Po. Burma and the Karens. London: Elliot Stock, 1928.
Saw, U. 1931. ဦးစော၊ ၁၉၃၁၊ ကုရင်မဟာရာဇဝင်တော်ကြီး၊ ရန်ကုန်၊ အမျိုးသားစာပုံနှိပ်တိုက်။
Shwe Wa, Maung. Burma Baptist Chronicle. Rangoon: Board of Publications, Burma Baptist Convention, 1963.
Silverstein, Josef. “The Struggle for National Unity in the Union of Burma.” PhD diss, Cornell University, 1960.
— — —. 1980. Burmese Politics: The Dilemma of National Unity. New Brunswick, N.J.: Rutgers University Press.
Sit Thamaing Pyadaik Hnin Tatmadaw Mowguntaikhmu Youn. 1995. စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ ၁၉၉၅၊ တပ်မတော်သမိုင်း တတိယတွဲ ၁၉၄၅-၁၉၄၈၊ ရန်ကုန်၊ စစ်သမိုင်းပြတိုက်။
Smeaton, Donald Mackenzie. The Loyal Karens of Burma. London: K. Paul, Trench & Co, 1887.
Smith, Martin. Burma: Insurgency and the Politics of Ethnicity. Rev. and updated ed. London: Zed Books, 1999.
Steinberg, David I. Burma: A Socialist Nation of Southeast Asia. Colorado: Westview Press, 1982.
Taylor, Robert H. “Perceptions of Ethnicity in the Politics of Burma.” Southeast Asian Journal of Social Science 10, no. 1 (1982): 7–22.
Than Tun, Thakin. 1945. သခင်သန်းထွန်း၊ ၁၉၄၅၊ ကရင်တိုင်းရင်းသားတို့ အမျိုးသားရေးအတွက် ကရင်တို့စွန့်စားခဲ့(သည့်)အကြောင်းစုံ ကရင် တိုင်းရင်းသား၏ လိုလားချက်များ၊ ပြည်သူဂျာနယ်၊ ၂၃ အောက်တိုဘာ ၁၉၄၅။
Thant Myint-U. The Making of Modern Burma. New York: Cambridge University Press, 2001.
Thawnghmung, Ardeth Maung. The "Other" Karen in Myanmar: Ethnic Minorities and the Struggle without Arms. Lanham: Lexington Books, 2012.
Thin Naung, Mahn. 1978. မန်းသင့်နောင်၊ ၁၉၇၈၊ အရှေ့ပိုးကရင်၊ ရန်ကုန်၊ စိုးမိုးမိတ်ဆက်ပုံနှိပ်တိုက်။
— — —. 1981. မန်းသင့်နောင်၊ ၁၉၈၁၊ ကရင်ပြည်နယ်အလှ၊ ရန်ကုန်၊ စာပေလောက ပုံနှိပ်တိုက်။
— — —. 1984. မန်းသင့်နောင်၊ ၁၉၈၄၊ မြို့ဘားအံ၊ ဘားအံ၊ ကျော်ထွန်းနောင်စာပေ။
Thuriya Thadhinza သူရိယသတင်းစာ။
Tin Mya, Thakin. 1966. သခင်တင်မြ၊ ဘုံဘဝမှာဖြင့် တတိယပိုင်း၊ မြ၀တီမဂ္ဂဇင်း၊ အတွဲ ၁၄၊ အမှတ်-၇၊ ၁၉၆၆၊ မေလ။
— — —. 1968. သခင်တင်မြ၊ ၁၉၆၈၊ ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့် တိုင်း (၁ဝ)တိုင်း၊ ရန်ကုန်၊ n.pub.
Tinker, Hugh. The Union of Burma: A Study of the First Years of Independence. London: Oxford University Press, 1959.
Trager, Frank N. Burma: From Kingdom to Republic. New York: Frederick A. Praeger, 1966.
Tun Sein, Saw. 1962. စောထွန်းစိန်၊ ကရင်အမျိုးသားတဦး၏ တော်လှန်ရေးအတွေ့အကြုံများ၊ မြဝတီမဂ္ဂဇင်း၊ အတွဲ-၁၀၊ အမှတ်-၆၊ ၁၉၆၂ ခုနှစ်၊ ဧပြီလ၊ စာမျက်နှာ ၂၁ဝ-၂၁၆။
Turner, Alicia. Saving Buddhism: The Impermanence of Religion in Colonial Burma. Honolulu: University of Hawai’i Press, 2014.
Universities Historical Research Centre (UHRC). The 1947 Constitution and the Nationalities. vol.1 & vol.2 Yangon: Universities Historical Research Centre and Innwa Pub. House, 1999, 2000.
Wade, Jonathan, and Sau Kau-Too. Thesaurus of Karen Knowledge, Comprising Traditions, Legends or Fables, Poetry, Customs, Superstitions, Demonology, Therapeutics, etc.. Alphabetically Arranged and Forming a Complete Native Karen Dictionary, with Definitions and Examples, Illustrating the Usages of Every Word. Tavoy: Karen Mission Press, 1847–50.
Walton, Matthew J. “Ethnicity, Conflict, and History in Burma: The Myths of Panglong.” Asian Survey 68, no.6 (2008): 889–910.
Watanabe, Yoshinari. “Perceptions of the Dominant Territory in the Early Konbaung Dynasty: An Exploration of State Consciousness.” Priority Research Area Comprehensive Regional Research Report Series (Sogoteki Chiiki Kenkyu) 12 (1996): 40–66 (Japanese). http://hdl.handle.net/2433/187528
Womack, William Burgess. “Literate Networks and the Production of Sgaw and Pwo Karen Writing in Burma, c.1830-1930.” PhD diss., School of Oriental and African Studies, University of London, 2005.
Zagara, U. 1966. ဦးဇာဂရ၊ ၁၉၆၆၊ ဇွဲကပင်ဘုရားသမိုင်းသစ်၊ n.p.: n.pub.

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */