Monday, December 4, 2023

ULA/AA အကြောင်း

 


သမိုင်းအကျဉ်း

တည်ထောင်သည့်ခုနှစ် – ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်။

ဌာနချုပ်                – ယာယီဌာနချုပ်အား KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဖွင့်လှစ်ထားသည်။

လှုပ်ရှားဒေသ           – ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပေါက်တော ၊ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော ၊ကျောက်ဖြူ၊ အမ်းမြို့နယ်များနှင့် မြန်မာ- အိန္ဒိယ နယ်စပ်၊ မြန်မာ- ဘဂ်လားဒေ့ရှ်နယ်စပ်၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း။

ခန့်မှန်းအင်အား         – ၃၀,၀၀၀ နှင့်အထက်။

(မှတ်ချက်။ ။ စစ်သင်တန်းတက်ထားပြီးသူများအနက် အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် နေ သူ ဦးရေ ၃၀,၀၀၀ ခန့်ရှိသည်ဟု ULA/AA ထိပ်သီးခေါင်းဆောင်များက တရားဝင် ထုတ်ဖော်ပြော ဆိုထားသည်။ ထို အမြဲတမ်းတပ်ဖွဲ့ဝင် ၃၀,၀၀၀ ခန့်ထဲတွင် အခြေခံစစ်သင်တန်းတက်ပြီး နောက် ပြည် သူ့စစ်အသွင် သို့မဟုတ် ရခိုင်ပြည်နယ်တွင်း ULA/AA ၏ အခြားယန္တရားများတွင် ပါဝင်လျက်ရှိသူများ ကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပါ။)

ခေါင်းဆောင်         – ဗိုလ်ချုပ် ထွန်းမြတ်နိုင်(ULA ၏ ဥက္ကဋ္ဌ၊ AA ၏ စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်(ULA ၏ အထွေထွေအတွင်းရေးမှူး၊ AA ၏ ဒုတိယ စစ်ဦးစီးချုပ်)။

AA ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးလက်တံဖြစ်သည့် ULA ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ပထမညီလာခံ ကျင်းပပြီး ဗဟိုကော်မတီဝင် ၂၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

KIA နယ်မြေအတွင်း စစ်သင်တန်း တက်နေသည့် AA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်တွင်း၌ KIA နှင့် ပူးတွဲလှုပ်ရှားခြင်း၊ ကိုးကန့်ဒေသတွင်း MNDAA တပ်များနှင့် ပူးတွဲလှုပ်ရှားခြင်းများဖြင့် စစ်ရေး အ တွေ့ အကြုံယူကာ ၂၀၁၄ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ထိုစဥ်ကရခိုင် ပြည်နယ်တွင်း AA နှင့် စစ်တပ်ကြား ရံဖန်ရံခါသာ တိုက်ပွဲရှိခဲ့သည်။

ကနဦးတွင် AA သည် NCA ၌ပါဝင်လက်မှတ်ရေးထိုးကာနိုင်ငံရေးစားပွဲဝိုင်းတွင်ပါဝင်နိုင်ရေးကိုယ်စား လှယ်များ စေလွှတ်ခဲ့သော်လည်း အစိုးရသစ်လက်ထက်မှ ပေါ်ပေါက်လာသည့် သက်တမ်းနုနယ်သေး သော အဖွဲ့ဖြစ်သဖြင့် လက်နက်ဖြုတ်သိမ်းပြီးမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ခွင့်ရမည်ဟု စစ်တပ်ဘက်က ဆိုခဲ့သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ စ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတခုလုံး နေ့စဥ် စစ်ရေးတင်းမာလာရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် AA က ဘူးသီးတောင် ၊မောင်တော၊ ​ကျောက်တော်နှင့် ရသေ့တောင် မြို့နယ်များရှိ နယ်ခြားစောင့်တပ်စခန်း လေးခုကို ဝင်တိုက်ရာ စစ်ရေးအခြေအနေ ပိုတင်းမာလာခဲ့ သည်။

၂၀၁၉ ခုနှစ်မှစ၍ AA နှင့် အစိုးရ၊​ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် ပြန်လည်ဆွေးနွေး ခဲ့ သည်။ သို့သော်တိုက်ပွဲများ ဆက်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ ၎င်း၏ မဟာမိတ် များ နှင့် ပူးပေါင်းကာ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊​ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်များနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းများကို ဝင်တိုက်ခိုက်ခြင်း၊ လမ်းတံတား များ ချိုးဖျက်ခြင်း များကို ၂၀၁၉ ခုနှစ်၊​ သြဂုတ်လတွင် ပြုလုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် AA ကို မတရားအသင်း ကြေညာခဲ့သလို အ ကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ် ၂၃ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့ အစည်း အဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရည်ရွက်ချက် ရည်မှန်းချက်

ULA/AA ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ရခိုင်အမျိုးသားများ လွတ်မြောက်ရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ရရှိရေး၊ ရခိုင်လူမျိုးတို့၏ သဘာဝသယံဇာတ ရပိုင် ခွင့်၊ ဆုံးရှုံးသွားသည့် ရခိုင်လူမျိုးများ၏ ကံကြမ္မာကို မိမိလက်အတွင်း ထားရှိနိုင်ရေး၊ ရခိုင်စစ်ဘေး ရှောင်ဒုက္ခသည်များ၏ အခွင့်အရေးနှင့် အမျိုးသားရေးဆုံးရှုံးမှုများကို ပြန်လည်ရရှိရေး တို့ကို လုပ် ဆောင် ရန် ဖြစ်သည်။

ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
(၁)     ဗိုလ်ချုပ် ထွန်းမြတ်နိုင် ULA ၏ ဥက္ကဋ္ဌ၊AA ၏ စစ်ဦးစီးချုပ်
(၂)     ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် ULA ၏ အထွေထွေအတွင်းရေးမှူး၊


AA၏ ဒုတိယ စစ်ဦးစီးချုပ်
(၃)​     ဗိုလ်မှူးကြီး ကျော်ဟန် အတွင်းရေးမှူး (၁)
(၄)     ဦးခိုင်သုခ ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ

ULA ဖွဲ့စည်းပုံ 
(၁) ဥက္ကဋ္ဌ
(၂) အထွေထွေအတွင်းရေးမှူး
(၃) အတွင်းရေးမှူး (၁)
(၄) အတွင်းရေးမှူး (၂)
(၅) အတွင်းရေးမှူး (၃)
(၆) အထူးအကြံပေးအဖွဲ့
(၇) နိုင်ငံတကာဆက်ဆံရေး
(၈) မဟာမိတ်ဆက်ဆံရေး
(၉) တရားစီရင်ရေးကော်မတီ
(၁၀) အဖွဲ့အစည်းနှင့်လူထုဆက်ဆံရေး
(၁၁) စာပေရေးရာ
(၁၂) သမိုင်းနှင့်ယဥ်ကျေးမှု
(၁၃) အမျိုးသမီးရေးရာ
(၁၄) အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရေးကော်မတီ
(၁၅) ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် အလုပ်သမားရေးရာ
(၁၆) အခြားကဏ္ဍများ

အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

တရားဝင်လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲမှုမရှိသေးပါ။​

စစ်တပ်နှင့် AA အကြား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှ စတင်ခဲ့သည့် တိုက်ပွဲများသည် ၂၀၁၉ ခုနှစ်တိုင် ပြင်း ပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာတွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာ ကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းကြောင့် အပစ်ရပ်စာချုပ် တစုံတရာ ချုပ်ဆိုခဲ့ခြင်း မရှိသော် လည်း အပစ်ရပ်ဆိုင်းခဲ့ကြသည်။

ပဏာမအပစ်ရပ်စာချုပ်(Bilateral) တစောင်ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေသော်လည်း စစ်တပ်က အာ ဏာသိမ်းပြီးနောက် ထိုဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ခြင်း မတွေ့ရပါ။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်အတွင်း မောင်တောမြို့နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံရေးမှူး ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ခဲ့သည်။

ဇူလိုင်မှစ၍ စစ်ရေးပြန်တင်းမာလာခဲ့ပြီး မြန်မာ-ဘဂ်လာဒေ့ရှ်နယ်စပ်တကြော၊ ရသေ့တောင်မြို့နယ်၊ မောင်တောင်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်စစ်ကောင်စီဘက်မှစားနပ် ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် AA ကြား လူသားချင်းစာနာ ထောက်ထားမှု ဆိုင် ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို ထပ်မံသဘောတူခဲ့ကြသည်။ ထိုအပစ် ရပ်တန့်ခြင်း သဘောတူညီမှုတွင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ အထူးကိုယ်စား လှယ် မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းပေးမှု​လည်း ပါဝင်ခဲ့သည်။

စုဖွဲ့မှု

ULA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNC – Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့တွင်လည်း AA သည် မဟာမိတ်အဖွဲ့ဝင် ဖြစ်သည်။

အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်

စစ်တပ်က အာဏာသိမ်းသည့်အချိန်တွင် ULA/AA သည် စစ်တပ်နှင့် တိုက်ခိုက်မှုများ ပြန်မဖြစ်စေရန် ထိန်းသိမ်းခဲ့ပြီး ၎င်း၏ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားများကို ရခိုင်ပြည်နယ်တွင်း ပိုမိုချဲ့ ထွင်ခဲ့သည်။

AA ခေါင်းဆောင်များသည် နိုင်ငံရေးလှုပ်ရှားမှုတွင် ရခိုင်တို့သည် ဗမာနိုင်ငံရေးသမားများ၏ နောက် လိုက် မဖြစ်ရေးဟူသည့် မူဝါဒပေါ်တွင် ရပ်တည်ပြီး မိမိဒေသတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားကဏ္ဍများကို ဆက်လက်တိုးချဲ့လုပ်ကိုင်ရန်၊ ရက္ခိတလမ်းစဥ်အတိုင်း တော်လှန်ရေး ဆောင် ရွက် မှုများကိုသာ ဆက်လက်လုပ်ဆောင်ရန် ဦးတည်ခဲ့သည်။

စစ်ကောင်စီ၏ အာဏာကို ဖီဆန်သည့်အနေဖြင့် ရုံးမတတ်ရေးလှုပ်ရှားမှု(CDM)များ၊ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများဖြင့် ရခိုင်ပြည်နယ်တွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာအောင် မလုပ်ရန်နှင့် မိမိတို့၏ ရခိုင် အမျိုးသားရေး ရည်မှန်းချက်ကိုသာ ဆက်လုပ်ဆောင်ရန်လည်း ၁၂ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားသို့ ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပေးပို့သည့် သဝဏ်လွှာ တွင် ထည့်သွင်း ရေးသားထားသည်။

ULA/AA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်သည်ဟု ကြေညာထားခြင်း မရှိသော်လည်း NUG ၏ ကာကွယ်ရေးဝန်းကြီးဌာန အောက်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်(PDF)များ၊ ပြည်မမှ ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဖွဲ့ စည်းသည့် ကျောင်းသားတပ်များကိုလည်း စစ်သင်တန်းပေးရာတွင် ကူညီပေးမှုများ ရှိသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် NUG ၏ ထိပ်သီးခေါင်းဆောင်များနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နှစ်ဖက်လုံးက တစုံတရာ ထုတ်ပြန် ခြင်း မရှိခဲ့ပေ။

ဆက်ဆံရေးရုံးများ

မရနိုင်သေးပါ

တပ်မဟာများ

တပ်မဟာများကို တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါ။ ရခိုင်ပြည်နယ်တွင် အာလဇာ၊ နိုဗာနှင့် ဗီတာဟူသည့် စစ်ဒေသများ ဖွဲ့စည်းထားသော်လည်း နယ်မြေပိုင်းခြား သတ်မှတ်မှုများကို အတိအကျ မသိရပါ။

ဆက်သွယ်နိုင်သည့်လိပ်စာ

Website : https://www.arakanarmy.net

Email :  arakanarmy@protonmail.com , ulahq.office@protonmail.com

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */