" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 4, 2023

MNDAA အကြောင်း

သမိုင်းအကျဉ်း

တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် မတ် ၁၁ ရက်။

ဌာနချုပ်                 – ဟုန်အိုင်တောင်ကြော၊ ကုန်းကြမ်းမြို့နယ်။

လှုပ်ရှားဒေသ            – ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ မုံးကိုး၊ ကွမ်းလုံ၊                                                ကွတ်ခိုင်နှင့် လားရှိုး စသည့် ဒေသများ။

ခန့်မှန်းအင်အား         – ၇,၀၀၀ နှင့်အထက်။


ခေါင်းဆောင်            – ဖုန်တာ့ရွှင်(ဥက္ကဋ္ဌ၊ ​စစ်ဦးစီးချုပ်)၊ ယန်ဝင်းရှန် (ဒုတိယ စစ်သေနာပတိချုပ်)၊    ဖုန်အားဒီ (ခ) ဦးထွန်းမြတ်လင်း(အတွင်းရေးမှူး)။

MNTJP/MNDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို ပထမဆုံး ပုန်ကန်ခွဲထွက်ကာ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ကို ထူထောင်ခဲ့သည့်တပ် ဖြစ်သည်။ ပထမဆုံး ကိုးကန့်တပ်ဖွဲ့၏ ခေါင်းဆောင်မှာ ဦးဖုန်ကြားရှင်ဖြစ်ပြီး လက်ရှိတွင် ၎င်း၏ သားကြီးဖြစ်သူ ဦးဖုန်တာ့ရွှင်က အဖွဲ့အစည်းကို ဦးဆောင် နေ သည်။

ဦးဖုန်ကြားရှင် လက်ထက်တွင် ဗကပမှ ခွဲထွက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) နှင့် အပစ်အခတ်ရပ်စဲရာ ကိုးကန့်ဒေသကို ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ်သတ် မှတ်ပေး ခဲ့ပြီး ဒေသ၏ အစိုးရတရပ်ထူထောင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သည်။

စစ်အစိုးရသည် အပစ်ရပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို၂၀၀၉ ခုနှစ်တွင်စစ်တပ် ၏ လက်အောက်ခံ နယ်ခြားစောင့် တပ်များအဖြစ် ပြောင်းလဲဖွဲ့စည်းခိုင်းရာ ဦးဖုန်ကြားရှင်တို့က လက်မခံခဲ့ပေ။

ထိုအချိန်တွင် တင်းမာမှုများ ရှိလာပြီး ကိုးကန့်တပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါးနှင့် လက်နက်စက်ရုံများ တည်ထောင်ထားသည်ဟူသည့်စွပ်စွဲချက်များနှင့်အတူစစ်တပ်သည် ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်တို့ အား ဖမ်းဆီးဖြုတ်ချနိုင်ရန် အင်အားအလုံးအရင်းဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ရာ ဦးဖုန်ကြားရှင်အပါ အ ဝင် မိသားစုနှင့် တပ်ဖွဲ့များမှာ ထွက်ပြေးခဲ့ကြရသည်။

၎င်းတို့ ထွက်ပြေးရချိန်တွင် ကိုးကန့်တပ်ဖွဲ့တွင်းရှိ အချို့တပ်မှူးများသည် စစ်အစိုးရနှင့် ပူးပေါင်းခဲ့ပြီး ကိုးကန့်ဒေသ၏ အကြီးအကဲများ ဖြစ်လာကြသည်။ ယနေ့ထိလည်း ကိုးကန်ံနယ်ခြားစောင့်တပ်၊ ပြည် သူ့စစ်တပ် တပ်ဖွဲ့တို့၏ ခေါင်းဆောင်များအဖြစ် ဆက်လက်ရှိနေကြဆဲ ဖြစ်သည်။

ဦးဖုန်ကြားရှင်သည် ၎င်း၏ သားမက်တော်စပ်သူ ဦးစိုင်းလင်း၏ မိုင်းလား(NDAA)ဒေသတွင်း ခိုလှုံ နေ ခဲ့ပြီး ၎င်း၏ သားများသည်လည်း ကိုးကန့်တပ်ကို ပြန်လည် ဖွဲ့စည်းကာ ကိုးကန့်ဒေသတွင်း ပြန်အခြေ စိုက်နိုင်ရန် လုပ်ဆောင် ခဲ့သည်။

မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် KIA ထံမှလည်း လက်နက်ခဲယမ်း အကူအညီအချို့ ယူခဲ့ပြီး ၂၀၁၄ ခုနှစ်ဒီဇင် ဘာတွင် ဦးဖုန်ကြားရှင်သည် ၎င်းတို့ ကိုးကန့်ဒေသကို ပြန်လာမည်ဖြစ်ကြောင်း တရုတ်မီဒီယာတခု၏ ရုပ်သံ အမေးအဖြေ ကဏ္ဍတွင် ပြောဆိုခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် MNDAA သည် ထိုးစစ်ဆင်မှုများ ပြုလုပ်ကာ​ ကိုးကန့် တောင်ကြောများပေါ်တွင် တဖန်ပြန်ပေါ်လာခဲ့သည်။ MNDAA သည် စစ်တပ်နှင့် ကိုးကန့်ဒေသရှိ တပ် များကို တိုက်ခိုက်သည့်အပြင် ၂၀၀၉ ခုနှစ်က စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည့် ကိုးကန့်တပ်မှူးများ၏ နေ အိမ်များ၊ စီးပွားရေးလုပ်ငန်းများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

MNDAA ကို ပြန်လည်တည်ထောင်ပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှတဆင့် ရှမ်းပြည် နယ်မြောက်ပိုင်းအတွင်းရှိ ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်တို့အထိ ၎င်း၏ မဟာမိတ်တပ် များ နှင့်အတူ ပူးတွဲ လှုပ်ရှားကာ KIA ၏ အကူအညီဖြင့် မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲအတွင်းထိတပ် ဖြန့်လှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။

MNDAA အခြေစိုက်လှုပ်ရှားသည့် နယ်မြေများသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လျာ ထားသည့် နယ်မြေများ၏ အစိတ်အပိုင်းများဖြစ်ပြီး လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသည့် နယ်မြေဖြစ်လျက်ရှိသည်။

MNDAA နောက်ဆုံး နယ်မြေချဲ့ထွင် လှုပ်ရှားနေသည့် မုံးကိုးဒေသသည် မြန်မာ-တရုတ်ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် ကြူကုတ်(ပန်ဆိုင်း)ဂိတ်နှင့် အနီးဆုံးတွင် တည်ရှိပြီး မူဆယ်မြို့၊ ၁၀၅ မိုင် ကုန် သွယ်ရေး ဇုန်နှင့်လည်း ၁၀ မိုင်ကျော်သာ ကွာဝေးသည်။

၂၀၂၁ ခုနှစ်မှစ၍ မုံးကိုးဒေသတွင် MNDAA သည် အုပ်ချုပ်ရေးယန္တရားများကိုပါ ထူထောင်မည်ဖြစ် ကြောင်း KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လထံ စာတစောင်ပေးပို့ခဲ့ပြီး မြေပြင်တွင်လည်း အုပ် ချုပ် ရေးလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။

ရည်ရွက်ချက် ရည်မှန်းချက်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား ပြန်လည် အုပ်ချုပ်ခွင့်ရရှိရေးကို ရည်ရွယ်သည်။

ကိုးကန့်တပ်ဖွဲ့ ပြန်လည်လှုပ်ရှားလာသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်၊ မူဝါဒများနှင့်ပတ်သက်၍ သီးခြားထုတ်ပြန်ခဲ့ခြင်း မရှိသေးပါ။

ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ

(၁)     ဖုန်တာ့ရွှင် ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်
(၂)​     ရန်ဝင်ကျုံး ဒုတိယ စစ်ဦးစီးချုပ်
(၃)​     ဦးထွန်းမြတ်လင်း အတွင်းရေးမှူး
(၄)     ဦးဖုန်းဝင်းနိုင် ပြင်ပဆက်ဆံရေးတာဝန်ခံ

အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

MNDAA သည် NCA တွင် လက်မှတ် ရေးထိုးနိုင်ရေးနှင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ပါဝင်ဆွေးနွေး နိုင်ရေးတို့ အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNFC) မှ တဆင့် ပါဝင်ရန်ကြိုး စားခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်အလွန် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင်မှ ပေါ်ပေါက်လာသည့် အဖွဲ့ငယ်များစာရင်းတွင် ပါဝင်သဖြင့် လက်နက်ဖြုတ်သိမ်းပေးမှသာ ဆွေးနွေးမည်ဖြစ်ကြောင်းစစ်တပ် နှင့် အစိုးရက ပြောဆိုခဲ့သည်။

ထို့ကြောင့် ဆက်လက်ဆွေးနွေးနိုင်ခြင်းမရှိဘဲ​ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သလို မြို့ပေါ်စစ်ဆင်ရေးများကိုပါ လုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ​စ၍ ကြားခံကိုယ်စားလှယ်ဖြင့် MNDAA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နှင့် အစိုးရ၊ စစ်တပ် တို့အကြား ဆွေးနွေးရန် ညှိနှိုင်းခဲ့ရာ ပြေလည်သဖြင့် ပဏာမအပစ်ရပ်စာ ချုပ် (Bilateral) တစောင်ချုပ်ဆိုရန် ညှိနှိုင်းနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားနေမှု၊ ထို့နောက် စစ် တပ်က အာဏာသိမ်း လိုက်မှု စသည့်အခြေအနေများကြောင့် ဆက်ဆွေးနွေးနိုင်ခြင်း မရှိတော့ပေ။

စုဖွဲ့မှု

MNTJP သည် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။

စစ်ရေးအရ စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့(MNDAA, AA, TNLA နှင့် KIA)၊ ညီနောင်မဟာမိတ် သုံးဖွဲ့(MNDAA, AA နှင့် TNLA) တို့တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်

MNDAA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ကြီးမား ကျယ်ပြန့် လာသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ မဟာမိတ်များနှင့်အတူ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်အနေဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူ နေများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နေခြင်းများအား ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလူမျိုး ပေါင်းစုံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုထားသည်။

MNDAA ပါဝင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ရက်မှစ၍လအလိုက် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု အပေါ် ဆန့်ကျင်သည့်လူထုကို စစ်တပ်အနေနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ၂၀၂၁ ခုနှစ် မတ်လမှစ၍ အပစ်အခတ်ရပ်စဲမှုကို ရုပ်သိမ်းခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့သစ်များ ဖွဲ့စည်းလိုသည့် လူငယ်များကိုMNDAAအနေနှင့်စစ်ပညာ သင်ပေးခြင်းများ ရှိသည်။ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ခရိုင်အတွင်း ၌ တပ်မဟာ ၆၁၁ ကို အသစ်ဖွဲ့စည်းခဲ့ပြီး ထိုတပ်မဟာထဲတွင် PDF တပ်ရင်းများ ပါဝင်သည်။ MNDAA က ၎င်းတို့ကို လက်နက်တပ်ဆင် ပေးထားသည်။

ဆက်ဆံရေးရုံးများ

မရှိပါ။​

တပ်မဟာများ

တပ်မဟာ ၂၁၁၊​ တပ်မဟာ ၃၁၁၊ တပ်မဟာ ၅၁၁ နှင့် တပ်မဟာ ၆၁၁ ဟူ၍​ တပ်မဟာ လေးခု ရှိသည်။

တပ်မဟာ ၂၁၁ သည် ဌာနချုပ်နယ်မြေတွင် အခြေစိုက်လှုပ်ရှားပြီး တပ်မဟာ ၃၁၁ သည် ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင် နှင့် လားရှိုးဒေသတကြောတွင် မဟာမိတ်တပ်များနှင့် ပူးတွဲ၍ တပ်ဖြန့်လှုပ်ရှားကာ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်း၌ တပ်မဟာ ၅၁၁ က လည်းကောင်း၊ ကွတ်ခိုင်ခရိုင်အတွင်းတွင် တပ်မဟာ ၆၁၁ က လည်းကောင်း ဖြန့်ကြက်လှုပ်ရှားသည်။ တပ်မဟာ ၆၁၁ ကို ၂၀၂၂ ခုနှစ်တွင်မှ အသစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်နိုင်သည့်လိပ်စာ

Website: http://www.kokang123.com
Email: zhengyikokang311@163.com

အခြားအကြောင်းအရာများ 


NCA လမ်းကြောင်း

NCA တွင် လက်မှတ်ထိုးမထားပါ။

တရားဝင်ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့

ဒုတိယစစ်ဦးစီးချုပ် ရန်ဝင်ကျုံး၊ ပြင်ပဆက်ဆံရေးဌာနမှူး ဦးဖုန်းဝင်းနိုင် တို့သည် မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ(MNTJP) ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များအဖြစ် အစိုးရနှင့် ပြုလုပ်သည့် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

တရားဝင်ခေါ်ဆိုသောအမည်

ကိုးကန့်တပ်ဖွဲ့

မဟာမိတ်

ဝ,ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP)။

လက်နက်ကိုင်တပ်

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)။

နိုင်ငံရေးအဖွဲ့အစည်း

မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ (MNTJP)။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */