Monday, September 22, 2025

မောင်တောမြို့နယ်မှာ AA နှင့် ARSA တိုက်ပွဲပြင်းထန်နေ၊ AA တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားဟု ARSA ထုတ်ပြန်

Western News
စက်တင်ဘာ ၂၃ 

ရခိုင်ပြည်၊ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ အာရက္ခတပ်တော် AA နှင့် ARSA လက်နက်ကိုင်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း နှစ်ဖက်စလုံးထုတ်ပြန်ချက်အရ သိရ သည်။ 

 ARSA တပ်ဖွဲ့ဝင်များက Facebook၊ X လူမှုကွန်ရက်စာမျက်နှာများတွင် AA နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရုပ်သံဖိုင်များကို ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ က လွှင့်တင်ထားကြပြီး AA တပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီဟုလည်း ပြောဆိုထားသည်။ 

 

သို့သော်လည်း မောင်တောမြို့နယ် မည်သည့်နေရာတွင် AA တပ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း နေရာ တိတိကျကျကိုမူ ARSA တပ်ဖွဲ့ဝင်များက ဖော်ပြထားခြင်းမရှိပေ။ 

ARSA ၏ ဗီဒီယိုဖိုင်အရ AA တပ်စခန်းအား သိမ်းပိုက်သည်ဟုရုပ်သံထဲတွင် ကင်းစခန်းပုံစံမျိုးမဟုတ်ဘဲ အခိုင်အမာ တပ်စွဲထားနိုင်သည့် အဆောက်အဦး အများအပြားနှင့် နေရာအကျယ်အဝန်းရှိသည်ကို တွေ့ရရှိသည်။
ARSA ၏ တိုက်ပွဲရုပ်သံဖိုင်၌ ဆက်လက်တွေ့ရှိရသည်မှာ AA တပ်သားဟု ယူဆရသော လက်နက်များနှင့်အတူ တပ်သား ၅ ဦးထက်မနည်း သေဆုံးနေသည်ကို တွေ့ရှိရသည်။ 

 သို့သော်လည်း အာရက္ခတပ်တော် AA ဖက်က မောင်တောမြို့နယ်မှာ ARSA နှင့် တိုက်ပွဲဖြစ်နေကြောင်းကို အတည်ပြုပေးထားသော်လည်း တပ်စခန်း လက်လွှတ်ဆုံးရခြင်း ရှိမရှိကိုမူ တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးပေ။ 

 ပြီးခဲ့သည့် ၃ ရက်လောက်စ၍ မောင်တောမြို့နယ် တောင်ပြိုဒေသတစ်ဝိုက်တွင် အာရက္ခတပ်တော် AA စခန်းများကို ARSA လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်နေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ARSA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိအချို့၏ ဖိအားပေးမှုဖြင့် AA တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နေသည်ဟု ပြောဆိုထားသည်။ 

မောင်တောမြို့နယ်က ARSA နှင့် တိုက်ပွဲနှင့်ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခကို Western News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး လတ်တလောတွင် တုန့်ပြန်ချက်များ မရရှိသေးပေ။ 

 







Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */