VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဖေဖော်ဝါရီ၊ 2022
FILE - The building of the International Court of Justice (ICJ) is seen in The Hague, Netherlands, Dec. 9, 2019
ICJ နိုင်ငံတကာတရာရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ အမှုအတွက် နိုင်ငံတကာ ရှေ့နေအသစ်ငှားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကို ပြောပါတယ်။ ရှေ့နေအသစ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မပြောပေမယ့် အရင်ရှေ့နေအဖွဲ့ က နုတ်ထွက်သွားသူအ စား ရှေ့နေသစ်နဲ့ အရင်ရှေ့နေအဖွဲ့ထဲက ၂ ယောက်တို့ အတူခုခံချေပသွားမယ်လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်စတင်မယ့် တရားရုံးကြားနာပွဲအတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦး ဆောင် တဲ့အဖွဲ့လည်း Netherlands နိုင်ငံ The Hague မြို့ကို ထွက်ခွာသွားပြီလို့ပြောပါတယ်။ ရန်ကုန်က လာ တဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ နိုင်ငံတကာတရားရုံး မှာ တရားစွဲထားတဲ့အမှုကို ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ပြန်လည်ကြားနာစစ်ဆေးမှာဖြစ် ပါတယ်။ ဒီအမှုကို မြန်မာနိုင်ငံဘက်က ခုခံချေပဖို့ နိုင်ငံတကာ ရှေ့နေအသစ်တယောက် ငှားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ပြောပါတယ်။ NLD အစိုးရလက်ထက်က ငှားရမ်း ထားတဲ့ နိုင်ငံတကာဥပဒေအဖွဲ့ထဲက ရှေ့နေ ၁ ယောက်နုတ်ထွက်သွားလို့ အသစ်ငှားထားတယ်လို့ ခုလို ပြောပါတယ်။
“တယောက်ပဲ နုတ်ထွက်တယ်။ အရင်အဖွဲ့ကနှစ်ယောက်ကျန်ခဲ့တယ်။ ၃ ယောက်ပါ။ နောက်ထပ် တ ယောက်ငှားထားတယ်။”
အသစ်ငှားထားတဲ့ ရှေ့နေက ဘယ်နိုင်ငံက ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ လောလောဆယ် သူ မသိသေး ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ NLD အစိုးရလက်ထက်တုန်းက ICJ တရားရုံးမှာ မြန်မာနိုင်ငံအထွက် ကနေဒါနိုင်ငံက ရှေ့နေ William Schabas က ဦးဆောင်ချေပခဲ့တာဖြစ်ပါတယ်။ သူနုတ်ထွက်တယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ အခုပြန်လည်စတင်မယ့် ကြားနာပွဲမှာ စစ်ကောင်စီကိုယ်စား အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီးနဲ့ ရှေ့နေချုပ် ဦးဆောင်တဲ့ အဖွဲ့ လည်း ဒီနေ့ ဖေဖောဝါရီ ၁၈ ရက်မှာပဲ The Hague ကိုထွက်ခွာသွားပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ပါတယ်။
“အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်ရယ်။ ဥပဒေရေးရာဝန်ကြီး ရှေ့နေချုပ်ဒေါက်တာသီတာ ဦး ဦးစီးတဲ့ ၁၅ ယောက် ဒီနေ့မနက်ပဲ တရားရင်ဆိုင်ဖို့အတွက် မြန်မာနိုင်ငံကနေထွက်ခွာပါတယ်။ ကျန်တဲ့နိုင်ငံခြား vရေးဝန်ကြီးဌာနက ဒီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ကျနော်တို့ မြန်မာနိုင်ငံထဲမှာ အဖွဲ့တ ဖွဲ့ ကတော့ အွန်လိုင်းနဲ့တက်ပါမယ်။ ကျနော်တို့အနေနဲ့ကတော့ အရင်ကတည်းက ရပ်တည်ချက် အတိုင်းပဲ။ ဒီ တ ဘက်နိုင်ငံကစွပ်စွဲထားတာတွေရှိတယ်။ စွပ်စွဲထားချက်တွေသည် မဟုတ်မမှန်တဲ့အကြောင်းတွေ ဒီထဲ မှာလည်း လုပ်ပြီးသားဖြစ်ပါတယ်။ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွေ၊ ရခိုင်မှာ သမ္မတကြီး ဦး သိန်းစိန်လက်ထက်က စုံစမ်းစစ်ဆေးရေးလုပ်ထားတာ ရှိတယ်။ အစိုးရပိုင်းအနေနဲ့ စုံစမ်းစစ်ဆေးရေး လုပ် ထားတာတွေရှိတယ်။ တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ထားတာရှိတယ်။ ပြီးရင်ဒေသခံပြည် သူ လူ ထုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံပြီး မေးမြန်းထားတာရှိတယ်။ ဒါတွေနဲ့ တကွ ကျနော်တို့အနေနဲ့က စွပ်စွဲ ချက်တွေကမမှန်ကန်တဲ့အကြောင်း ဒါတွေကိုကျယ်ကျယ်ပြန့်ပြန့်တင်ပြသွားပါမယ်ခင်ဗျ။”
စစ်တပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာမရှိဘူးဆိုတာ အချက်အလက်တွေနဲ့ ခုခံချေပသွားမှာဖြစ် တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ် စွဲချက်တရားစွဲထားတဲ့အမှုအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း နိုင်ငံတကာ ရှေ့နေတွေပါ တဲ့ ဥပဒေပညာရှင်အဖွဲ့ဖွဲ့ထားပြီး မြန်မာနိုင်ငံကိုယ်စား ခုခံချေပဖို့ ပြင်ဆင်နေပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု ဖြေရှင်းခွင့်အတွက် NUG လည်း ICJ တရားရုံးကို တင်ပြလျှောက်ထားပေမယ့် တရား ရုံးဘက်က တစုံတရာ တုံ့ပြန်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ NUG ဘက်က ပြင်ဆင်နေတာနဲ့ပတ် သက် လို့ စစ်ကောင်စီကတော့ ခုလိုပြောပါတယ်။
“သူတို့အနေနဲ့ ကျနော်တို့လည်း သတင်းတွေထဲမှာ တွေ့နေရပါတယ်။ သူတို့ဘက်က စေလွှတ်မယ်ဆိုတဲ့အကြောင်း လည်း တွေ့နေရပါတယ်။ ဒီမှာတော့ ကျနော်တို့အနေနဲ့က ICJ ဘက်ကနေတရားဝင်ပေါ့နော်။ ကျနော်တို့ရဲ့ ကိုယ် စားလှယ်ရယ်၊ နောက်ဒုတိယကိုယ်စားလှယ်ရယ်ကို တရားဝင်လက်ခံတဲ့ အကြောင်း ကြားစာရပြီးဖြစ်ပါတယ်။ အကြောင်းကြားစာရလို့ ဒီမနက်စေလွှတ်ခြင်းဖြစ်ပါတယ်။”
နယူးယောက်ခ်မြို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နိုင်ငံတကာက လက်ခံအသိအမှတ်ပြုထားတဲ့အတွက် သူသာ မြန်မာကိုယ်စား တရားရုံးကြားနာပွဲ တရားဝင်တက်ရောက် ခွင့်ရှိသင့်တယ်လို့ NUG ကပြောဆိုထားပါတယ်။ အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို တရားရုံးက ချေပခွင့်ပြုရင် တရားဝင် အသိအမှတ်ပြုရာလိမ့်မယ်ဆိုပြီး ထောက်ပြ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
အခုလို မြန်မာအစိုးရအပေါ် တရားစွဲထားတဲ့အမှုအတွက် စစ်ကောင်စီဘက်ကရော NUG ဘက်ကပါ ကိုယ် စားပြုချေပဖို့ ပြင်ဆင်နေတဲ့အပေါ် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ခုလိုသုံးသပ်ပါတယ်။
“အခုကတော့ နစကကိုယ်စားလှယ်ကပဲ တက်ခွင့်ရမှာဆိုတော့ တရားဝင်စွပ်စွဲချက်တွေကတော့ ထုံးစံ အ တိုင်း နစကဘက်ကငြင်းမယ်။ ဟိုဘက်ကစွပ်စွဲချက်တွေကိုထပ်စွပ်စွဲမယ်။ ဆိုတဲ့ အခါကျတော့ နစက အစိုး ရနဲ့ပဲ တရားခွင်မှာ စွပ်စွဲတာ၊ ဆုံးဖြတ်ချက်ချတာ ဖြစ်လာလိမ့်မယ်လို့ထင်တယ်။ ဆိုတော့ NUG ရဲ့ထွက် ဆို ချက်တွေဘာတွေက တော့ စွပ်စွဲချက်တွေအတွက်တော့ ပံ့ပိုးတဲ့ အချက်အလက်တွေ သက်သေတွေဖြစ် မှာ ပေါ့နော်။ အဲလိုဖြစ်သွားသက်ရောက်သွားမယ်ထင်တယ်။ အခုကသိတဲ့အတိုင်းပဲ။ စွပ်စွဲထားတဲ့ တပ်အရာရှိ တွေ က တပ်မတော်ဦးစီးချုပ်ကိုယ်တိုင်က အစိုးရဖြစ်နေတော့ ဒီဘက်ကတော့ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဒီဟာတွေကို ထပ်ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်လိမ့်မယ်တော့ မထင်ဘူး။”
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ကဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခအတွင်း စစ်တပ်ရဲ့ နယ်မြေ ရှင်း လင်းမှုတွေအတွင်း ဆိုးဝါးတဲ့လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ် မှုမြောက် တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော်လည်း ဘင်္ဂ လားဒေရှ့်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရ တယ်ဆိုတဲ့စွပ် စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်က တရားစွဲခဲ့တာဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment