" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 26, 2021

ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီကြိုးပမ်း

Radio Free Asia ( RFA )
လွတ်လပ်တဲ့အာရှအသံ
2021-05-25 

 နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို အစားထိုးဖို့ မြန် မာစစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ် သံမှူး ဗိုလ်မှူးကြီး ဦးအောင်သူရိန်ကို ဦးကျော်မိုးထွန်း ရဲ့ နေရာမှာ အစားထိုးတာဝန်ပေးခန့်အပ်တဲ့ စာတစောင် ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဝါရှင်တန်ဒီစီသံရုံးကို ပြီးခဲ့တဲ့အပတ်အတွင်းက ပေးပို့ခဲ့ တယ်လို့ ဝါရှင်တန်သံရုံးကနေ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် အလုပ်ထုတ် ပယ်ခံရတဲ့ တတိယအတွင်းဝန်ဟောင်း ဦးကျော်စွာထွန်း က RFA ကိုပြောပါတယ်။

“ဝါရှင်တန်မှာရှိတဲ့ စစ်သံရုံးက စစ်သံမှူးကြီး ဦးအောင်သူရိန်ကို နယူးယောက်မှာရှိတဲ့ ဦးကျော်မိုးထွန်းနေရာကို အစားထိုးလဲလှယ်ဖို့ စီစဉ်နေတယ်လို့ ကျနော်တို့ သတင်းအတိအကျရပါတယ်။ အမိန့်ကတော့ နိုင်ငံခြားရေး ဝန် ကြီးဌာနက လာတာပါ၊ ကြာတော့ မကြာသေးဘူး ဒီတပတ်အတွင်းမှာပဲ။ ဒီဘက်က မြန်မာသံရုံးအနေနဲ့ သံ အ မတ်ကြီး ဦးအောင်လင်း ပါဝင်ပတ်သက်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။”

ဝါရှင်တန်ဒီစီမှာရှိတဲ့ သံအမတ်ကြီး ဦးအောင်လင်းကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီ သတင်းမှန်ကန်ကြောင်း နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တင်ပြထားကြောင်းပြောပါတယ်။

“အဲဒါ ဟုတ်ပါတယ်။ ဒီဟာကို အစိုးရက ကုလသမဂ္ဂဌာနချုပ်က အတွင်းရေးမှုးချုပ်ဆီ စာပို့ထားပါတယ်။ကုလ သမဂ္ဂဘက်က သူတို့ ဆုံးဖြတ်မှာပါ။ ကုလသမဂ္ဂမှာ Credential Committee ဆိုတာ ရှိပါတယ်။ သူတို့ကဆုံး  ဖြတ်မှာပါ။”

ဒါပေမယ့် လက်ရှိမှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက စက်တင်ဘာလအထိ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ် စားလှယ်အဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အတွက် အဲဒီကာလကို ကျော်လွန်မှသာ ဒီကိစ္စကို ကုလ သမဂ္ဂက ဆုံးဖြတ်မှာဖြစ်တယ်လို့ ဦးကျော်စွာထွန်း ကပြောပါတယ်။

“တကယ့်တကယ် လုပ်ထုံးလုပ်နည်းအရဆိုရင် လတ်တလောမှာ ဘောင်မဝင်သေးပါဘူး။ သံအမတ်ကြီး ဦးကျော် မိုးထွန်းက လက်ရှိမှာ UN က အသိအမှတ်ပြုထားပါတယ်။ သူ့ရဲ့ Credential ကလဲ ၉ လပိုင်းမှ သက်တမ်း ကုန် ဆုံးမှာပါ။ အဲဒါကတော့ ကျနော်တို့ Credential Challenge ကတော့ ပြန်လုပ်ရပါလိမ့်မယ်။ ကုလ သမဂ္ဂအနေနဲ့ ဘယ်သူ့ကို အမြဲတမ်းကိုယ်စားလှယ်အနေနဲ့ လက်ခံမှာလဲဆိုတာ။ ဒီဘက် NUG အစိုးရရယ် ဟိုဘက်စစ်ကောင်စီဘက်က ခန့်အပ်တဲ့လူရယ် အဲဒီ နှစ်ယောက်ကြားမှာ Challenge လုပ်ရမှာပါ။ ဒီကြားထဲမှာ နောက်ထပ်သံအ မတ် ကြီးတယောက်ကို ခန့်အပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းအရလည်း ဘောင်မဝင်ပါ ဘူး။”

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်းကို စစ်ကောင်စီက ပြုမူခဲ့တဲ့နည်းတူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း နယူးယောက်မြို့ရှိ သံရုံး ခေါ် အမြဲတမ်းကိုယ်စားလှယ်ရုံး အဆောက် အဦးအတွင်း ဝင်ရောက်လို့ မရအောင် ကြိုးစားမယ်လို့ ယူဆကြောင်း ဦးကျော်စွာထွန်းက ပြောပါတယ်။

“နယူးယောက်မှာရှိတဲ့ မြန်မာအဖွဲ့ရုံးမှာ အရင်တုန်းက သံရုံးမှာနေတဲ့ ဝန်ထမ်းမိသားစု တစု ရှိပါတယ်။ သူတို့ ညအိပ် အဲဒီမှာပဲနေ အဲဒီမှာပဲစားတာပါ။ အခု အဲဒီနယူးယောက်က အဖွဲ့ရုံးမှာကိုပဲ မြန်မာဝန်ထမ်း နှစ်ယောက် ကို ထပ်တိုးပြီးတော့ အဲဒီမှာနေဖို့ စေခိုင်းထားပါတယ်။ မြင်ရတာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ လုပ် ပိုင် ခွင့် ပါဝါကို လျှော့ချဖို့နဲ့ ဒီသံရုံးကို အပိုင်စီးဖို့ ကြံစည်နေတယ်လို့ ကျနော်မြင်တယ်။ ပြောမယ်ဆိုရင် ဦး ကျော်မိုးထွန်းအနေနဲ့ သံရုံးတရုံးလုံးကို သိမ်းပိုက်တယ်ဆိုတဲ့ ပုံစံမဖြစ်အောင် နောက်တချက်က အခုဒီ ဘက် က အောင်သူရိန်တို့ဘက်က ပြန်စီးချင်တဲ့သဘောပါပဲ။ လက်တွေ့အားဖြင့်တော့ အင်္ဂလန်မှာရှိတဲ့ မြန်မာသံရုံးကို ဝင်စီးသ လို သူတို့ဝင်စီးဖို့ပဲ ကြံပါလိမ့်မယ်၊ ကျန်တာတော့ သူတို့ လုပ်ဆောင်လို့ မရပါဘူး။”

ဦးကျော်မိုးထွန်းရဲ့ နေရာကို အစားထိုးခန့်အပ်ခံရတဲ့ ဗိုလ်မှူးကြီး အောင်သူရိန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝါ ရှင်တန်ကနေ နယူးယောက်မြို့ကို သွားရောက်ပြီး နယူးယောက်မြို့ရှိသံရုံးဝန်ထမ်းတွေကို သံရုံးပြင်ပတနေရာ မှာ တွေ့ဆုံစကားပြောခဲ့တယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ မသိရပါဘူး။ အဲဒီညကစပြီး ပထမ အ တွင်းဝန် ဦးကျော်ဇေယျနဲ့ ဦးဇော်ဇော်အောင် ဆိုသူ နှစ်ဦးဟာ မြန်မာကိုယ်စားလှယ်ရုံးမှာ ညဘက်သွားရောက်အိပ် စက်နေကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ နယူးယောက်ရှိ ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှား သူတွေထဲက ၄ ဦးဟာ မြန်မာသံရုံးမှာ အချိန်ပြည့်နေထိုင်ပြီး သံအမတ်ကြီး ဦကျော်မိုးထွန်းကို ကာကွယ် စောင့် ရှောက်ပေးနေကြပါတယ်။

ဒီအတောအတွင်း ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်း ၆ ဦးထဲက မြန်မာပြည်ကို ပြန်သွားခဲ့တဲ့ ဒုတိယ အတွင်းဝန် ဦးဇင်ဖုန်းတင့်ကို စစ်ကောင်စီက အခုစစ်ဆေးနေကြောင်း သတင်း ကြားရတယ်လို့ ဦးကျော်စွာထွန်းက ပြောပါတယ်။ ဝါရှင်တန်မှာ ကျန်နေတဲ့ သူတို့ ၅ ဦးအနက် တဦးက CDM မလုပ်တော့ပဲ သံရုံးမှာ အလုပ်ပြန်ဝင်နေပြီး သူတို့ ၄ ဦးကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ အလုပ်က ထုတ်ပယ်လိုက်ပါတယ်။ သံအမတ်ကြီး ဦးအောင်လင်းက အဲဒီကိစ္စနဲ့ပတ်သက်ပြီး RFA ကို တစုံတ ရာဝေဖန်ပြောကြားဖို့ ငြင်းဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */