Thursday, November 30, 2023

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ရေး ၇ ရက်မြောက်သဘော တူခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။

ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစာခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ် ဓါးစားခံ ၆ ဦးလည်း လွတ်လာတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးယူထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေး နိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။

အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၀ ထက်မနည်း ပြန်လွှတ် ပေးခဲ့ပါတယ်။ အခုလို အကျဉ်းသားတွေနဲ့ ဓားစာခံတွေပြန်လွတ်လာရေးအတွက် ၇ရက်မြောက်အပစ် အခတ်ရပ်စဲရေးရဖို့ နှစ်ဘက်ကြား နောက်ဆုံးအချိန်အထိ ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာပါ။ 

ဖမ်းဆီးထားသူတွေပြန်လွတ်ရေး ညှိနှိုင်းကြိုးပမ်းနေတာနဲ့အမျှ အပစ်အခတ်ရပ်စဲရေး ဆက်ရှိနေမှာ ဖြစ် တယ်လို့ အစ္စရေးစစ်တပ်က လူမှုကွန်ယက်မှာ ဟီဘရူးဘာသာစကားနဲ့ ထုတ်ပြန်ရေးသားခဲ့ပါ တယ်။ ၆ ရက်မြောက် အပစ်အခတ်ရပ်စဲရေးအဆုံးမသတ်ခင်လေး ၁၅ မိနစ်မှာ ဒီ ထုတ်ပြန်ချက်ထွက် လာခဲ့တာပါ။

အခုအချိန်အထိဆိုရင် ဟားမတ်စ်ကဖမ်းထားတဲ့ အမျိုးသမီးနဲ့ကလေးငယ်အများစု ပြန်လွတ် လာခဲ့ ပါပြီ။ နောက်တဆင့်ဖြစ်တဲ့ ဟားမတ်စ်ကဖမ်းထားတဲ့ အစ္စရေးအမျိုးသားစစ်သားတွေနဲ့ အရပ်သား တွေကိုပြန်လွှတ်ဖို့၊ အစ္စရေးကဖမ်းထားတဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေ ပြန်လွှတ်ဖို့ ညှိနှိုင်း မှုကတော့ ပိုပြီး ခက်ခဲလာမယ့်သဘောတော့ရှိနေပါတယ်။

အခုလို အကျဉ်းသားအပြန်အလှန်လွှတ်ဖို့နဲ့ ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ညှိ နှိုင်းမှုမှာ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က အဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ ၆ ရက်တာ အပစ်ရပ် ကာ အတွင်းမှာ ဟားမတ်စ်တို့ဘက်က ဓါးစာခံ ၉၇ ဦး လွှတ်ပေးခဲ့ပြီး အဲဒီအထဲ ၇၀ က အစ္စရေးအမျိုး သမီး နဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် လွတ်လာတဲ့ ဓါးစာခံတဦးချင်းစီအတွက် အစ္စ ရေးဘက်က ပါလက်စတိုင်းအမျိုးသမီးနဲ့ဆယ်ကျော်သက် သုံးဦးစီ လွှတ်ပေးပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */