24 November 2023
Photo-AFPအစ္စရေးနှင့် ဟားမတ်စ် အကြား လေးရက် အပစ်အခတ်ရပ်စဲမှုကို သောကြာနေ့ (နိုဝင်ဘာ ၂၄) မနက် တွင် စတင်ပြီး ယင်းနေ့တွင် ဓားစာခံ အစ္စရေးအမျိုးသမီးများနှင့် ကလေးများ ပါဝင်သည့် လူ ၁၃ ဦး ပါ ပထမအုပ်စုတစုကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးမည် ဖြစ်သည်။ ယင်းသည်ပိတ်ဆို့ဝိုင်းရံခံဂါဇာကမ်း မြှောင်ဒေသကို အကြီးအကျယ် ထိခိုက်ပျက်စီးထားစေခဲ့သည့် စစ်ပွဲတွင် ပထမဆုံးအကြိမ် ခေတ္တအ ပစ် ရပ်နားခြင်းလည်း ဖြစ်သည်။ အပစ်ရပ်မှုက ဒေသစံတော်ချိန် မနက် ၇ နာရီတွင် စတင်မည် ဖြစ်ပြီး ဂါဇာ မြောက်ပိုင်းနှင့် တောင်ပိုင်း တွင် ပြည့်စုံကျယ်ပြန့်သည့် အပစ်ရပ်စဲမှုတရပ် ပါဝင်မည် ဖြစ်သည်။
ထို့နောက်တွင် အီရန် ကျောထောက်နောက်ခံပြု ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင် ငံ တွင်း တိုက်ခိုက်မှုအတွင်း ဓားစာခံဖမ်းဆီးခဲ့သူ ၂၀၀ ကျော်အနက် တချို့ကို ပြန်လွှတ်ပေးမည် ဖြစ် ကြောင်း ကာတာရှိ ဖျန်ဖြေရေးအဖွဲ့က ပြောသည်။
သို့သော် အပစ်ရပ်စဲမှု မတိုင်မီ နာရီများတွင် တိုက်ခိုက်မှုများ အရှိန်မြင့်ခဲ့ပြီး ဗုံးကြဲခံရသည့်ပစ်မှတ်များ ထဲတွင် ဂါဇာမြို့ရှိ ဆေးရုံတရုံလည်း ပါဝင်ကြောင်း ဟားမတ်စ် အုပ်ချုပ်သည့် ဂါဇာကမ်းမြှောင်တွင်းရှိ တာဝန်ရှိသူများက ပြောသည်။ ယခု အပစ်ရပ်မှုက တိုက်ခိုက်မှုများ ပြန်မစမီ ယာယီအပစ်ရပ်မှုသာ ဖြစ်လိမ့်မည်ဟု နှစ်ဖက်စလုံးက အရိပ်အမြွက်ပြထားသည်။
နောက်ထပ် အကူအညီများလည်း ဂါဇာဒေသထဲသို့ စတင်ဝင်ရောက်မည်ဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် သက်ကြီးအမျိုးသမီးများအပါအဝင် ဓားစာခံဖမ်းခံထားရသည့် ပထမဆုံးအသုတ် ပြန်လည်လွတ် မြောက်မည် ဖြစ်ပြီး လေးရက်အတွင်း ပြန်လွတ်မည့် ဓားစာခံအရေအတွက်က ၅၀ အထိ ရှိလိမ့်မည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက်ဒ် အယ်လ်-အန်ဆာရီက ဒိုဟာတွင် ပြောသည်။
အပစ်ရပ်မှု စတင်ချိန်တွင် ဒီဇယ် လီတာ ၁၃၀,၀၀၀ နှင့် ဓာတ်ငွေ့တင် ထရပ်ကားလေးစီးကို ဂါဇာသို့ နေ့စဉ် ပို့ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အကူအညီ ထရပ်ကား ၂၀၀ သည် နေ့စဉ် ဂါဇာသို့ ဝင် ရောက် လိမ့်မည် ဖြစ်ကြောင်း အီဂျစ်က ပြောသည်။
အစ္စရေး အကျဉ်းထောင်များမှ ပါလက်စတိုင်းများလည်း ပြန်လည်လွတ်မြောက်ဖွယ် ရှိသည်ဟုကာတာ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောသည်။
“ဒီ အပစ်ရပ်စဲမှုက အမြဲတမ်း အပစ်ရပ်စဲမှုကို ရရှိအောင်မြင်စေဖို့ ပိုမို ကျယ်ပြန့်တဲ့ လုပ်ဆောင် ချက် တွေ စတင်နိုင်မယ့် အခွင့်အလမ်းတခုဆီ ဦးတည်စေလိမ့်မယ်လို့ မိမိတို့ အားလုံး မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။
Link : Here

No comments:
Post a Comment