" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 3, 2023

အစ္စရေး ဓားစာခံများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရဟု ဟားမတ်စ် ခြိမ်းခြောက်

DVB
November 2, 2023

ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံတွေဟာ ပါလက်စတိုင်းတွေကြုံတွေ့ နေရတဲ့ တူညီတဲ့ သေဆုံးမှုနဲ့ ပျက်စီးခြင်း ဘေးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါလက်စတိုင်း ဟားမတ်စ်ခေါင်း ဆောင် အစ္စမေးလ် ဟာနီယာက နိုဝင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လိုအပ်တယ်လို့ ဖျန်ဖြေသူ တွေကို ပြောထားတယ်လို့လည်း အစ္စမေးလ် ဟာနီယာက ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးဖို့၊ ဓားစာခံ သဘောတူညီ ချက်ကနေ အစပြုပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဂျေရုဆလင်ကို သူ့ရဲ့မြို့တော်အဖြစ် သတ်မှတ်ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံကို ထူထောင်ရေး နိုင်ငံရေးလမ်းကြောင်းနဲ့ အဆုံးသတ်ထားတဲ့ အဆိုပြုချက် အပြည့်အစုံကို တင်ပြထားကြောင်းလည်း သူကပြောပါတယ်။

နေတန်ယာဟုက သူ့လူတွေကို မှားယွင်းတဲ့ကတိတွေပေးပြီးတော့ လှည့်ဖြားနေတာဖြစ်ပြီး သူတို့ကို ကယ်တင်ဖို့ လည်း ခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ သူတို့ရဲ့ အစိုးရအဆက်ဆက်က ဒီကတိတွေအားလုံးကို အကောင်အထည် ဖော်ဖို့ ပျက်ကွက်ခဲ့ကြောင်းလည်း သူကဆိုပါတယ်။

အစ္စရေးနိုင်ငံကို ထောက်ခံအားပေး အကာအကွယ်ပြုနေပြီး ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေကို ဒီအစု လိုက်အပြုံ လိုက် သတ်ဖြတ်မှုတွေ ကြုံရအောင် လုပ်ဆောင်နေတဲ့ နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပြည် ထောင်စုကို သတိပေးထားကြောင်း၊ ခေတ်မမီတော့တဲ့ ကိုလိုနီခေတ် မူဝါဒတွေကို အလောတကြီးကျောထောက် နောက်ခံ ပြုနေတာတွေနဲ့ ဒီဖက်ဆစ် အစ္စရေးအစိုးရကို စစ်ရေးအရ ထောက်ခံနေတာကို ရပ်တန့်ဖို့ တောင်းဆို ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် နိုင်ငံတကာ ကြိုးပမ်းမှုတွေကို ဟန့်တားနေတာတွေကို ရပ်တန့်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ဖွင့်ပေးဖို့ တောင်းဆိုကြောင်း ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ပြောပါတယ်။

ဒါ့အပြင် အာရပ်နဲ့ အစ္စလမ္မစ်နိုင်ငံတွေအပြင် လွတ်လပ်တဲ့ ကမ္ဘာ့ပြည်သူတွေအနေနဲ့ ကမ္ဘာအနှံ့ လမ်းမတွေပေါ် မှာ ပါလက်စတိုင်းတွေအတွက် ကြွေးကြော်လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ပြီး ဆက်လက်ဆန္ဒပြပေး ကြ ဖို့လည်း တောင်းဆိုကြောင်း အစ္စမေးလ် ဟာနီယာက ပြောသွားပါတယ်။

Source/Photo-Reuters

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */