" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 24, 2023

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အ ခတ် ရပ်စဲရေး စတင်မည့်ရက်ကြေညာ

Myanmar Digital News
Nov 24,2023

ဂါဇာကမ်းမြောင်ဒေသတွင် လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကို ဒေသစံတော်ချိန် ယနေ့မနက် ၇ နာရီက စတင်မည်ဖြစ်ပြီး ယနေ့မှာပင် ဟားမတ်စ်တို့က ဂါဇာတွင်ဓားစာခံအဖြစ်ဖမ်း ဆီးထားသူအချို့ ကို လွှတ်ပေးမည်ဖြစ်ကြောင်း ကာတာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာယီအပစ်အခတ်ရပ်စဲရေးကြေညာချက်သည် အစ္စရေးနှင့်ဟားမတ်စ်တို့အကြားသဘောတူ ချက်အရဖြစ်သည်။ ကာတာနိုင်ငံသည် အစ္စရေးနှင့်ဟားမတ်စ်တို့အကြား ကြားဝင်စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဟားမတ်စ်တို့သည် ဂါဇာတွင် ဓားစာခံအဖြစ်ဖမ်းဆီးထားသော အမျိုးသမီးများနှင့်ကလေးငယ်ပေါင်း ၁၃ ဦးကို ယနေ့ညနေ ၄နာရီတွင် လွှတ်ပေးမည်ဟု ကာတာနိုင်ငံ၏ပြောရေးဆိုခွင့်ရှိ သူတစ်ဦးကဆို သည်။ သဘောတူညီချက်အရ ဓားစာခံ ၅၀ လွှတ်ပေးရန်ပြောဆိုထားသည်။

ဓားစာခံများအားလွှတ်ပေးချိန်တွင် ထိခိုက်ဒဏ်ရာရမှုမရှိစေရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့မှုကြောင့် သဘောတူညီချက် ရရှိမှုနှောင့်နှေးခဲ့ခြင်းဖြစ်သည်ဟု၎င်းကဆိုသည်။

ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းနှင့်ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော ကုန်တင် ကားအစီးရေ ၂၀၀နှင့် လောင်စာဆီကားလေးစီးတို့သည်လည်း အပစ်အခတ်ရပ်စဲရေးပြု လုပ်နေ စဉ် အတွင်း ဂါဇာဒေသသို့ နေ့စဉ်ဝင်ရောက်မည်ဟု ဟားမတ်စ်တို့ကပြောကြားသည်။ လွှတ်ပေးမည့် ဓား စာခံများ၏ကနဦးအမည်စာရင်းကို အစ္စရေးဝန်ကြီးချုပ်ရုံးက လက်ခံရရှိပြီးကြောင်း အတည်ပြု ပြော ကြားသည်။ ထိုဓားစာခံစာရင်း၏အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက စစ်ဆေးကြည့် ရှုပြီး မိသားစုဝင်များနှင့်ဆက်သွယ်ပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */