" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 28, 2023

အစ္စရေးနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် အရ ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၇ ဦးကို တတိယ သုတ်အဖြစ် ယနေ့လွှတ်ပေးခဲ့ကြောင်း သိရသည်။

Myanmar Digital News
Nov 28,2023 

ဂျေရုဆလင်၊ နိုဝင်ဘာ ၂၇


ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၇ ဦးကို တတိယသုတ်အဖြစ် လွှတ်ပေး

လွှဲပြောင်းပေးအပ်

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်အတွင်း အစ္စရေးနိုင်ငံသား ၁၃ ဦး၊ ထိုင်း သုံးဦး၊ ရုရှားတစ်ဦးတို့ကို ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အစ္စရေးတပ်မတော်သည် အမျိုးသမီးလေးဦးနှင့် ကလေးကိုးဦးအပါအဝင် ဓားစာခံ ၁၃ ဦးကို အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီထံမှ လက်ခံရရှိခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် အသက်အ ငယ်ဆုံးမှာ လေးနှစ်အရွယ် ကလေးငယ် ဖြစ်သည်။

ကျန်းမာရေးမကောင်းသည့် အသက် ၈၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အစ္စရေးနိုင်ငံတောင်ပိုင်း ဘီယာရှီဗာမြို့ရှိ ဆိုရိုကာဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။

ထုတ်ပြန်ကြေညာ

အလားတူ အစ္စရေး အကျဉ်းဦးစီးဌာနသည် ဂျေရုဆလင်မှ ၂၁ ဦး၊ ဂါဇာကမ်းမြောင်မှတစ်ဦးနှင့် အ နောက်ဘက်ကမ်းမှ ကျန်တစ်ဦး အပါအဝင် ပါလက်စတိုင်း အကျဉ်းသား ၃၉ ဦး၏စာရင်းကို နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်ရှိအပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုးရန် ကြိုးပမ်းမှုများ လုပ် ဆောင်လျက် ရှိကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ဆိုသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */