ရခိုင်နှင့် မဂို နောက်ဆုံးတိုက်ပွဲ
ဘာသာပြန်သူ - နေထွန်းနီ
မင်းစောမွန်နန်းတက်ခြင်းသည် ရခိုင်ပြည်၏ အရေးကြီးသောအဖြစ်အပျက်များနှင့် ဆက်နွယ်လျက်ရှိသော သမိုင်းကာလအသစ်တစ်ခုကို ရှေ့ပြေးလက္ခဏာအဖြစ် ဖော်ပြသည်။ သူသည် သူ၏မြို့တော်နေရာကို ပြောင်းလဲပြီး လေးမြို့မြစ်ကမ်းတွင် မြောက်ဦးမြို့တော်ကို တည်ဆောက်သည်။ မြောက်ဦးမြို့တော်အား ရှေးရှေးတုန်းက အရှေ့ဗေနိစ်ဟု ခေါ်ဝေါ်သမုတ်ခဲ့ပြီး မျက်မှောက်ခေတ် ဘန်ကောက်မြို့တော်နှင့် နှိုင်းယှဉ်ခဲ့သည်။ မြို့တော်သည် ပင်လယ်မှ သောင်ခုံများခြားနားနေသော ပင်လယ်ရေပိုင်မြို့တော်ဖြစ်ပြီး ဒီရေရောက်မြစ်များမှတစ်ဆင့် တူးမြောင်းများဖြင့် ပင်လယ်နှင့် ဆက်သွယ်သည်။ ၎င်းပြင် မြောက်ဦးမြို့တော်သည် ထုံးတမ်းစဉ်လာပုံစံဖြစ်သော ပုဂံ၊ အင်းဝနှင့် မြောက်မြားစွာသော အာရှတိုက်ရှိ မြို့တော်ဟောင်းများ၏ ပုံစံကိုယူထားသည်။ ထို့ပြင် မြို့တော်၏ ပိုမို အရေးပါမှု ပေါ်လွင်ထင်ရှားစေသည်မှာ အေဒီ ၁၆၃၀ ခုနှစ်က ဘုန်းကြီးမနုရစ်ဦးဆောင်သော ပေါ်တူဂီခရစ်ယာန် သာသနာပြုအဖွဲ့ မြောက်ဦးမြို့တော်သို့ အလည်အပတ် လာရောက်ပြီး ထုထည်သော လူဦးရေ ၁၆၀၀၀ ရှိသော မြို့တော်အား မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။¹⁶ အရေးပါမှု မတူခြား၍ မြောက်ဦးမြို့တော် အထူးခမ်းနားသိုက်မြိုက်ခြင်းမှာ အေဒီ ၁၄၃၀ ခုနှစ်မှ ၁၇၈၄ ခုနှစ်အတွင်း ရခိုင်ဘုရင်များက အနုပညာစာပေနှင့် အစစအရာရာ တိုးတက်မှုအတွက် အရေးပါအရာရောက်လောက်အောင် လုပ်ဆောင်ခဲ့သည့်အတွက်ဖြစ်သည်။ ဤအချိန်ကာလကို ရခိုင်သမိုင်း၏ ရွှေခေတ်ဟု တင်စားခေါ်ဝေါ်ကြသည်။
ဘုရင်မင်းစောမွန်သည် အေဒီ ၁၄၃၃ ခုနှစ်...
15 Harvey, G.E., History of Burma London, 1925, p.39
16 Quoted by Harvey, Ge., ibid.
သက်တော် ၅၃ နှစ်တွင် နတ်ရွာစံပြီး သူ၏ညီ မင်းခရီအား သူ၏နိုင်ငံကို လွှဲအပ်ခဲ့သည်။ ပထဝီဆိုင်ရာ ဘင်္ဂလီ၏အရှေ့တောင်ဒေသနှင့် အနီးကပ်တည်ရှိခြင်းကြောင့် ရခိုင်ပြည်သည် နိုင်ငံရေးနှင့် ယဉ်ကျေးမှု နှစ်ခုစလုံးတွင် အိန္ဒိယနှင့်ဆက်နွယ်ပြီး တိုးတက်သည်။ နိုင်ငံရေးအခြေအနေမှာ နှစ်နိုင်ငံ၏ဩဇာအာဏာ အတက်အကျဖြစ်ခြင်းအပေါ်တွင် မူတည်သည်။ ဘင်္ဂလီဒေသမှ ဘုရင်များသည် သူတို့လက်နက်အင်အားနှင့် ပြည့်စုံသောအခါ ရခိုင်ပြည်ဘုရင်ထံမှ လက်ဆောင်ဘဏ္ဍာများ မျှော်လင့်မည်ဖြစ်ပြီး အခြားအချိန်၌ ရခိုင်ဘုရင်များသည် ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသမှ လက်ဆောင်ဘဏ္ဍာ ဆက်သရန် တောင်းဆိုခဲ့သည်။ တစ်နည်းနည်းဖြင့် မင်းခရီသည် သူ၏နိုင်ငံ လက်နက်အင်အားနှင့် ပြည့်စုံသည့်တစ်နေ့တွင် ဘင်္ဂလီ(ဂေါင်း)နယ်အပေါ် ရခိုင်ပြည်က ယခင်က သစ္စာစောင့်သိခြင်းကို ငြင်းပယ်နိုင်ပြီး လွတ်လပ်သော သက်ဦးဆံပိုင်ဘုရင်အဖြစ် ကြေညာနိုင်မည်ဟု ယူဆသည်။ သူအား သူ၏သားတော် ဘစောဖြူမင်း (အေဒီ ၁၄၅၉-၈၂) ဆက်ခံသည်။ ဘင်္ဂါဆူလတန်ဘားဘက်ရှား (Barbak Shah) ၏လက်နက်အင်အား နည်းခြင်းအပေါ် အခွင့်ကောင်းယူ၍ ဘစောဖြူမင်းသည် အေဒီ ၁၄၅၉ ခုနှစ်တွင် စစ်တကောင်းခရိုင်အား သိမ်းပိုက်သည်။ ၎င်းဒေသသည် အေဒီ ၁၆၆၆ ခုနှစ် ထိတိုင်အောင် မဂိုများ မသိမ်းပိုက်မီအချိန်ထိ ရခိုင်ပြည်၏လက်အောက်တွင် ရာစုနှစ်တစ်ခုအထိ ရှိနေခဲ့သည်။
ဘစောဖြူမင်းသည် အေဒီ ၁၄၈၂ ခုနှစ်တွင် လုပ်ကြံခံရပြီးနောက် သူ၏နိုင်ငံမှာ မငြိမ်မသက်နှင့် ဘေးအန္တရာယ်အတွင်း ကျရောက်ပြီး အကျည်းအကျုပ်တွေ့စေသည်။ ဘုရင် (၈)ပါးနန်းဆက်ခံကြပြီး ၎င်းအထဲမှ အများဆုံးမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ နောက်ဆုံး၌ အေဒီ ၁၅၃၁ ခုနှစ်တွင် စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်ဘုရင် မင်းဘမင်း ခေါ် မင်းဗာကြီး (အေဒီ ၁၅၃၁ - ၅၃) မြင်ကွင်းသို့ပေါ်လာပြီး သူနှင့်အတူ ရခိုင်ပြည်သည် ပြန်လည်တည်ငြိမ်အေးချမ်းလာသည်။ အာမက်ရှာင်း အုပ်ချုပ်ခြင်း (အေဒီ ၁၅၃၉ - ၄၅) ဘင်္ဂလီဒေသ၌ ကျဆုံးပြီးနောက် သူ၏လိုအင်ဆန္ဒဖြစ်သည့် စစ်တကောင်းဒေသအား မြဲမြံအောင် ထိန်းသိမ်းထားနိုင်သည့်အခွင့်အရေးကိုသာမက သူ၏နိုင်ငံရေးအာဏာကို တိုးချဲ့ရန် (Noakhali)ဒေသအချို့နှင့် အဆင်သင့်ရှိသော ကိုမီလားခရိုင်နှင့် မဂ္ဂနာမြစ်ဝ¹⁷ အထိ ရှေ့တိုးသိမ်းယူနိုင်သည့်အခွင့်အရေးကို ထောက်ပံ့သည်။ ဘုရင်သည် နှစ်စဉ်နှစ်တိုင်းနီးပါး အမြောက်လက် နက်၊ ခဲယမ်းမီးကျောက်၊ စစ်သားအပြည့်တင်ဆောင်ပြီး စစ်သင်္ဘော ၁၀၀ စီးခန့်ကို ကရာမီကာရီ(Karamikari) ခေါ် တပ်စုဗိုလ်တစ်ဦးနှင့်အတူ စစ်တကောင်းသို့ ပို့လေ့ရှိသည်။ ယုံကြည်စိတ်ချရသော အရာရှိအချို့အား စစ်တကောင်း၌ အုပ်ချုပ်သူအကြီးအကဲအဖြစ် နေရာချထားလေ့ရှိသည်။ ရခိုင်သမိုင်း၌ အရေးပါသောဖြစ်ရပ်များအနက် တစ်ခုမှာ မင်းဗာဘုရင်လက်ထက် အေဒီ ၁၅၃၇ ခုနှစ်တွင် ဒွန်ဂျာအိုဒီဆီးလ်ဗား (Don Jac de Silva) ဦးဆောင်မှုအောက်၌ ပေါ်တူဂီနှင့် ကုန်သွယ်ဆက်ဆံမှုကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဤအရာသည် စစ်တကောင်းမြို့၏အနောက်တောင်ဘက် ၁၈ ကီလိုမီတာဝေးသော ဒီယံဂါး (Dianga)၌ ပေါ်တူဂီ၏အခြေချမှုကို အကျိုးသက်ရောက်စေသည်။ ၎င်းပြင် ဧရာဝတီမြစ်ဝ၌ရှိသော သံလျင် (သံလျင်မှာ ပဲခူးမြစ်နှင့် ရန်ကုန်မြစ် ဆုံရာတွင် တည်ရှိသည်။ - ဘာသာပြန်သူ) စသည့် နှစ်နေရာလုံးသည် ပင်လယ်ဓားပြတို့၏ကာလတွင် ငွေအိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သက်ဦးဆံပိုင်ဘုရင်သစ် မင်းဘငျသည် မြောက်ဦးမြို့တော်အား စစ်အင်အားနှင့်ပြည့်စုံသော ခိုင်ခံ့သည့်ပင်လယ်တော်မြို့တော်အဖြစ်သို့ ပြောင်းလဲပြီး ကျုံးများ၊ ကျုံးများနှင့် ကာရံ၍ အမြောက်လက်နက်များဖြင့် ကင်းစောင့်ချထား၏။ မြင်းတပ်နှင့် ရေတပ်ကို အင်အားတိုးချဲ့ပြီး စွမ်းဆောင်ရည်ရှိသော ပေါ်တူဂီစစ်သားများကို ခန့်အပ်ထားသည်။ မင်းဘငျပူးပေါင်းထားသော သင်္ဘောအုပ်စုနှင့် လက်နက်ကိရိယာများနှင့် ကျေနပ်ဖွယ်ရာ တပ်ဆင်ထားသော စစ်တပ်မှာ သူ၏တိုင်းပြည်အတွက် ခုခံကာကွယ်ရန် ပြည့်စုံမှုရှိသော ကြီးမားသောအကူအညီကို ရရှိစေ သည်။ ၎င်းပြင်
¹⁷ Sarkar, J.N., Studies in Mughal India, Calcutta, 1919, p.122
အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ ဘင်္ဂါဒေသသို့ တိုးချဲ့စိုးမိုးအုပ်ချုပ်ရန်ဖြစ်သည့် သူ၏အစီအစဉ်ကို လွယ်ကူချောမွေ့စွာ ပြီးမြောက်စေသည်။ စစ်တကောင်းစော်ဘွား (၁၂)ပါးတို့ကဲ့သို့ များပြားသော နှစ်စဉ်အခွန်ဘဏ္ဍာကို ရခိုင်ပြည်ဘုရင်ထံသို့ ဆက်သလေ့ရှိခဲ့ရာ ၎င်းင်းဘုရင်ခံမှာ စစ်တကောင်း၌ တာဝန်ချထားသူဖြစ်ပြီး သူသည် အောင်နိုင်သူမဟာမိတ်များအား အဆက်မပြတ်သော အုပ်ချုပ်ခြင်းကိစ္စ၌ ထောက်ပံ့ကူညီဖြစ်သည်။
အေဒီ ၁၅၅၃ ခုနှစ်တွင် မင်းဗာ နတ်ရွာစံ၏။ ဘာသာ (၃)မျိုးနှင့် ရေးထားသော အနုရာဘဝတဝါရ (Anurabhavara) ၏ ဟိဂျ်ရီ (Hijri) ၉၁၁ ခုနှစ် (အေဒီ ၁၅၄၉)ထုတ် ငွေဒင်္ဂါးကို စဉ်းစားရန် တင်ပြသည်မှာ သူသည် ဘုရင်မင်းဗာ၏သားတစ်ဦး သို့မဟုတ် ဘုရင်အာဏာကို အတင်းအဓမ္မလုယူသိမ်းပိုက်သူဖြစ်ပြီး ရခိုင်ပြည် သို့မဟုတ် ရခိုင်ပြည်ဘုရင် တိုင်းနိုင်ငံ၏နိုင်ငံတော်အစိတ်အပိုင်းဖြစ်သည့် စစ်တကောင်းကို အခိုက်အတန့်မျှအုပ်ချုပ် စိုးမိုးခဲ့သည်။ သူသည် မင်းဗာ၏သားတစ်ဦးဖြစ်နိုင်ခြေအများဆုံးဖြစ်ပြီး သူဖခင်အား တော်လှန်ပုန်ကန်၍ လွတ် လပ်သူတစ်ဦးအဖြစ် စိတ်ကြီးဝင်ပြီး သူ၏အမည်ဖြင့် ငွေဒင်္ဂါးထုတ်လုပ်ခဲ့သည်။ သို့ရာတွင် မင်းဆက်များ၏ ထုံး တမ်းစဉ်လာအတိုင်း သူ၏ကိုယ်သူ ဘုရင် သို့မဟုတ် စော်ဘွားအဖြစ် ကြေညာခြင်းမရှိဘဲ ရှောင်လွှဲနေသည်။ သူ၏အကြောင်းကို ယခုထက်ပို၍ မသိနိုင်ပေ။¹⁸ သို့သော်လည်း မင်းဗာ နတ်ရွာစံပြီးနောက် မတည်ငြိမ်သောအချိန်ကာလမှာ ၁၈ နှစ်ခန့်ကြာပြီးမှ အဆုံးသတ်သွား၏။ မင်းဖလောင်း (အေဒီ ၁၅၇၁ - ၉၃)ဘုရင်ဖြစ်လာသည့် အေဒီ ၁၅၇၁ နှင့်အတွင်း ဥပဒေနှင့် အမိန့်အာဏာပြန်ရလာသည်။ စွမ်းရည်ရှိသော ဘုရင် မင်းဖလောင်းသည် စစ်တိုက် ရာတွင်လည်း ထူးကဲသာလွန်သည်။ သူသည် စစ်တကောင်းနှင့် နိုအာခါလီ၏ ကြီးမားသောဒေသကို သူ၏လက်အောက်ခံအဖြစ် စိုးမိုးအုပ်ချုပ်သည်။ တရိပုရဘုရင် အမရာမာနိကျ (Amtara Mininkya) (အေဒီ ၁၅၇၇-၈၆) သည် ရခိုင်လူမျိုးများအား တိုက်ထုတ်ရန် ရာဇဓရ-နာရယန (Rajadhar-Narayana)၏ စစ်တပ်ဦးဆောင်မှုရှိ ကြီးမားသောဝေပုံကျတပ်စုကို စေလွှတ်သည်။ တပ်မှူးနှင့်အတူ ကြီးမားသော ဝေပုံကျတပ် ရာမုသို့ ချီတက်သည်။ ထိုနေရာ၌ တိုက်ပွဲဖြစ်ပြီး တရိပုရတပ်မတော် ရှုံးနိမ့်၏။¹⁹ ရခိုင်ဘုရင်မင်းဖလောင်း (အေဒီ ၁၅၇၁ - ၉၃) က တရိပုရ တပ်မတော်အား အပြီးအပိုင်သုတ်သင်ဖယ်ရှားအောင်မြင်ပြီး ရာမုနှင့် စစ်တကောင်းကို သိမ်းပိုက်သည်။ မင်းဖလောင်း၏စစ်သည်တော်များသည် သူတို့၏နောက်မှ ထက်ချပ်မကွာ လိုက်လာပြီး တရိပုရမြို့တော် အူဒါပါရု (Udaipur)သို့ ရောက်ရှိသည်။ မြို့တော်ကို တိုက်ခိုက်လုယက်ပြီး ရခိုင်စစ်သည်များ ထိုနေရာမှ ဆုတ်ခွာခဲ့သည်။ မဂ္ဂနာအရှေ့ပိုင်းဒေသကို ရခိုင်လူမျိုးများ လက်ထဲမှ ပြန်လည်ရရှိရန် မဂိုလူမျိုးများ အကြိမ်ကြိမ်ကြိုးစားအားထုတ်ခဲ့သော်လည်း အကျိုးမြတ်ထွက်မှုမရှိချေ။ ထိုဒေသမှာ ရခိုင်လူမျိုးတို့၏ သိမ်းယူအုပ်ချုပ်မှုအောက်၌ ကျန်ရှိနေခဲ့သည်။
မင်းဖလောင်းပြီးနောက် မင်းရာဇာကြီး ဘုရင်ဖြစ်လာသည်။ မကြာမီက တွေ့ရှိသော တရိပုရ၏ ဓရ်မမာနိကျ (Dharama Manikya) (သက္ကရာဇ် ၁၅၂၂၊ အေဒီ ၁၆၀၁-၂) ဒင်္ဂါးတစ်ခုပြားပေါ်မှ အရေးပါသောအဆိပ် ရှိရှိရှိရှိ ရှာလိန်းရှာဟီး (Sri Sri Chalim...
¹⁸ Belonging to a privater collection of Chittagong this coin carries lagend in Burmese, Bengali and Arabic characters. On the obverse the legend is in Burmese which is as fowwows : man to ra krisa! to a no rhu bhavara! and he date, also in Burmese is 911 ; on the reverse the Bengali lengend is sri sri ano and partial kalima in Arabic. The Burmese legend means 'son of the great king of the lord, 'Anurabhavara' and the date 911 referred to in Hijri, when converted in the Christian era, becomes 1549 A.D. This Arakan coin, possibly issued from Arakan, if not from Chittagong, is the earliest known trilingual coin on record in the numismatic history of the Indian subcontinent before the advent of the British. See JNSI, XLVII, pts. 1-2 1986, p.153. Theis coin was first noticed in an earlier issue of this journal (ibid, XLV, 1983, pp. 72-74) by Shamsul Hossain who could not correctly decipher the legends and the date,
Shahi)မှာ မင်းရာဇာကြီး၏မူလလင်ဘွဲ့ဖြစ်ပြီး ဒင်္ဂါး၏ ပြောင်းပြန်ဘက်၌ ရခိုင်လူမျိုးများ တရိပုရကို²⁰ သက်ဦးဆုံပိုင်ဘုရင်၏ ဩဇာအာဏာထူထောင်ခဲ့ကြောင်း အထောက်အထားပြသကဲ့သို့ ထင်ရှားစေသည်။ သို့ရာတွင် မင်းရာဇာကြီး (အေဒီ ၁၅၉၃ - ၁၆၁၂) နန်းစံ အုပ်ချုပ်မှုနှင့်ပတ်သက်၍ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ ပေါ်တူဂီများ လူအင်အား တဖြည်းဖြည်းတိုးလာသည်နှင့် မင်းရာဇာကြီးအတွက် ဒုက္ခ အန္တရာယ်ဖြစ်လာနိုင်သည်။ ပေါ်တူဂီတို့သည် ရခိုင်ပြည် မြောက်ဦးမြို့တော်အား သိမ်းယူရန်ခြင်း အကြံအစည်နှင့်အတူ ဒတ်ချ်တို့နှင့် ရှင်းနှီးပြေလည်စွာ ဆက်ဆံလာကြသည်။ ဘုရင်မင်းရာဇာကြီးသည် ဤပူးပေါင်းကြံစည်မှုကို သိရှိနားလည်ပြီး အခါအခွင့် ထွက်ပေါ်လာပြီးနောက် အေဒီ ၁၆၀၇ ခုနှစ်တွင် ဒီယံဂါး (Dianga) သို့ စစ်သည်များအား ချီတက်စေပြီး လွယ်ကူချောမွေ့စွာ သိမ်းယူသည်။ ပေါ်တူဂီလူမျိုးအများစုမှာ တိုက်ထုတ်ခံရပြီး အချို့မှာ အသတ်ခံကြရသည်။ ဂျိုအာမြို့ လူသိများသော ဆီဘက်စတီယန်ဂွန်ဆာလစ် (Sebastian Gonzalas)သည် အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခံရခြင်းမှ လွတ်ကင်းကာ လွတ်မြောက်သွားပြီးနောက်ပိုင်း၌ စစ်တကောင်းနှင့် ဘာရီဆတ် (Barisal) ခရိုင်ကြား ဘင်္ဂလားပင်လယ်အောက်ရှိ သောင်းဇီးကျွန်း (Sandwip)၌ အငြင်းပွားစရာမရှိသော အကြီးအကဲဖြစ်လာခဲ့သည်။ ထိုအတောအတွင်း အနိုပိုရန် (Anoporan) ခေါ် စစ်တကောင်း၏ ရခိုင်ဘုရင်ခံသည် သူ၏အစ်ကို မင်းရာဇာကြီးနှင့် ခိုက်ရန်ဒေါသဖြစ်ပြီး သောင်းဇီးကျွန်းတွင် ခိုလှုံသည်။ ဆီဘက်စတီယန်သည် ဘုရင်ခံ၏ညီမကို လက်ထပ်ပြီး နောက်ဆုံး၌ ဘဏ္ဍာအားလုံးကိုသိမ်းပိုက်လျက် သူအား လုပ်ကြံသတ်ဖြတ်ပစ်သည်။ မကြာမီ မဂိုစစ်တပ်က သောင်းဇီးကျွန်းကို တိုက်ခိုက်သော်လည်း တစ်စုံတစ်ရာအကျိုးသက်ရောက်မှုမရှိချေ။ မဂိုများအား ယှဉ် ပြိုင်တိုက်ခိုက်ရန်အတွက် ဆီဘက်စတီယန်က အကူအညီတောင်းခံသော်လည်း သူ၏ မိတ်ဖက် ဘာသာတူ ဂိုအာနှင့် မြောက်ဦးမြို့တော်မှ အကူအညီမရရှိချေ။²¹
အေဒီ ၁၆၁၂ ခုနှစ်တွင် မင်းရာဇာကြီး နတ်ရွာစံပြီး သူ၏သားတော် မင်းခမောင်း (အေဒီ ၁၆၁၂ - ၂၂) နန်းစံကို ဆက်ခံသည်။ မင်းခမောင်းသည် ရခိုင်လူမျိုးတို့၏ အမျိုးသားသူရဲကောင်းတစ်ဦးဖြစ်သည်။ မကြာမီ တရိပုရဘုရင် ယာသိုမဏိကျ (Yaso-manikya) (အေဒီ ၁၆၀၀-၂၉)နှင့် စစ်တိုက်သည်။ သို့သော် ဤစစ်ပွဲ၏အဖြေကို မသိရှိကြပေ။ ဘုရင် မင်းခမောင်းသည် ဆီဘက်စတီယန်ဂွန်ဆာလစ်နှင့် သောင်းဇီးကျွန်းမှ ပင်လယ်ဓားပြများအား အပြီး သတ်သုတ်သင်ဖယ်ရှားရန် နှစ်နှစ်ကြာပြီးနောက် အေဒီ ၁၆၁၄ ခုနှစ်တွင် သုရှင်မင်းခမောင်း၏ရည်ရွယ်ချက် အထမြောက်အောင်မြင်သော်လည်း ဂွန်ဆာလစ်လွတ်မြောက်သွားသည်။ ထို့နောက်တွင် သူ မည်သည့်အရပ်ဒေသသို့ ရောက်နေသည်ကို တစ်ခါမျှမကြားသိတော့ပေ။ ဤထူးခြားသည့်အခြင်းအရာဖြစ်ပွားပြီးနောက် ပေါ်တူဂီလူမျိုးနှင့် ရခိုင်လူမျိုးအကြား ပိုင်းခြားနားလည်မှုရရှိပြီး ရခိုင်ဘုရင်က ဆုတ်ဆိုင်းခြင်းမရှိဘဲ ပေါ်တူဂီလူမျိုးများ သူ၏စစ်တပ်တွင် စစ်သားအင်အား ထပ်မံဖြည့်သွင်းမှုကို မျက်ခြေမပြတ်စောင့်ကြည့်သည်။
ပေါ်တူဂီလူမျိုးများနှင့် ရခိုင်လူမျိုးများ ပူးပေါင်းပြီး အရှေ့ဘင်္ဂါရှိ မြစ်နှင့် ချောင်းများ အနှံ့အပြား ချင်းနင်းဝင်ရောက်လုယက်တိုက်ခိုက်ခြင်းကို ဒေသဆိုင်ရာအာဏာပိုင်များက ပြိုင်ဆိုင်ခုခံတွန်းလှန်ခြင်း
¹⁰ Struck in silver and of a full-rupee denomination, this coin is unique and is now preserved in the collection of the Rajendra Kirttisala, Agartala, Tripura, For details, see Archarjee, Nahar, 'Dharma Manikya: An Unknown Khing of Tripura', JNSL, LII, 1-2, 1990, pp.24-28. The coin in extremely important, since while it shows the subjugation of Tripura by the Arakaneses, it reveals the existence of hitherto unknown king of Tripura named Dharma Manikya (II), who has now to be included in the royal lineage by correcting the list of rulers in the Tripura Chronicle, Rajamale.
²¹ Hall, D.G.E., History of South East Asia, New York, 1966, p.369. For details also see his paper, 'Studies in the Dutch Relations with Arakan', JBRS, 1936, pp. 1-34.
မရှိချေ။ ဤလူမျိုးနှစ်မျိုးအုပ်စု ပင်လယ်ဓားပြများမှာ စစ်တကောင်းမှ ဂျဂ်ဒီယာ(Jagdia)²² သို့ ငှက်တစ်ကောင်ကို လှောင်အိမ်၌ လွှတ်ပေးထားသလို သို့မဟုတ် သားရဲတိရစ္ဆာန်တစ်ကောင်ကို ခြေပြင်၌ လွှတ်ထားသကဲ့သို့ ကျွန်ုပ်တို့ထံဝင်ရောက်ပြီး ပြုမူကြသည်။ ခေတ်ပြိုင် သမိုင်းပညာရှင် ရှီဟာဘတ်ဒင်းတာလတ်ချ် (Shihabuddin Talish) အိန္ဒိယအရှေ့ပိုင်းဒေသသို့ သွားရောက်ကြည့်ရှုပြီး ထုတ်ဖော်ပြောဆိုသည်မှာ ရခိုင်ပင်လယ်ဓားပြများသည် လူများကို ဖမ်းဆီးခေါ်ဆောင်ရာ မျိုးရိုးအရ လူတန်းစားနှင့် အယူဝါဒကို ထည့်သွင်းမစဉ်းစားဘဲ သူတို့၏လက်ဝါးများကို ထိုးဖောက်ပြီး ဇွန်းထက်သေးငယ်သော ကြိုးများဖြင့် အပေါက်များကို ထုတ်ချင်းပေါက်ဖောက်၍ ချည်နှောင်ပြီး သူတို့၏ရွက်သင်္ဘောကုန်းပတ်ပေါ်သို့ လူချင်းထပ်၍ တင်ဆောင်သည်။ ထို့ပြင် ထပ်မံ၍ပြောပြသည်မှာ နံနက်တိုင်း ညနေတိုင်း ကြက်များကို စပါးစေ့များ ကြဲပစ်ပြီး အစာကျွေးသကဲ့သို့ ဆန်စေ့များကို ကုန်းပတ်ပေါ်မှအောက်သို့ပစ်ချပြီး သုံ့ပန်းများအား စားစေသည်။²³ ပင်လယ်ဓားပြများ မိမိ၏နေအိမ်သို့ ပြန်ရောက်သွားသောအခါ သုံ့ပန်းများအား သူတို့ကျွမ်းကျင်သည့်လယ်ယာလုပ်ငန်း၊ အိမ်တွင်းမှုအလုပ်၊ စေတီပုထိုးတည်ဆောက်ရေးလုပ်ငန်းများနှင့် အခကြေးငွေဖြင့် ငှားရမ်းချထားသည်။ သူတို့ထဲမှ တချို့ကို ဒက်ကန်း(Daccan) ဆိပ်ကမ်းရှိ ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ်ကုန်သည်များအား ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချကြ၏။
အေဒီ ၁၆၂၂ မှ အေဒီ ၁၆၈၄ ခုနှစ်အထိ ဘုရင်လေးပါး²⁴ ရခိုင်ဘုရင်နိုင်ငံတွင် နန်းစံသည်။ မဂိုလူမျိုးများမှာ ရန်သူဖြစ်၏ဟူသော တူညီသော မူဝါဒအတိုင်း ဘုရင်အားလုံးက လိုက်နာဆောင်ရွက်ကြ၏။ ပင်လယ်ဓားပြများသည် ဘင်္ဂါ၏အရှေ့တောင်ဘက်ဒေသတစ်ခုလုံးကို ၆၂ နှစ်ခန့်ကြာသောအချိန်အတွင်း လူသူကင်းမဲ့သောဒေသအဖြစ်နှင့် ပင်လယ်ဓားပြတို့၏အသိုက်အမြုံအဖြစ် ပြောင်းလဲပစ်သည်။ ထိုဒေသ၏ စစ်တကောင်းမှ ဒက္ကားအထိ မြစ် ကမ်းဘက်စလုံးတွင် လူဝင်ရောက်နေထိုင်သည့်အိမ်တစ်ဆောင်မှ မရှိချေ။ လူဝင်ရောက်နေထိုင်သည့်အိမ် သို့မဟုတ် မီးမွှေးသည့်အလင်းရောင် လုံးဝမရှိချေ။²⁵ အေဒီ ၁၇၇၄ ခုနှစ် ရမ်နယ် (Rennell) မြေပုံ၌ ဤဒေသမှာ လူဦးရေလျော့ပါးသောဒေသအဖြစ် ဖော်ပြသည်။ ပင်လယ်ဓားပြများသည် တိုက်ရိုက် ပစ္စည်းတစ်ဝက်ကို ရခိုင်ဘုရင်ထံ ဆက်သရပြီး ကျန်တစ်ဝက်ကို မိမိအတွက် ထိန်းသိမ်းထားသည်။ စားပြအုပ်စု (၂) စုလုံးအား အတူပေါင်းဖက်၍ ဟာမတ်(Harmad)ဟု သိကြသည်။ ဟာမတ်ဆိုသော စကားလုံးမှာ စပိန်ဘာသာစကား အာမေဒါ (Armada)မှ ဆင်းသက်လာခြင်းဖြစ်ဟန်ရှိသည်။
ဘုရင်အော်ရင်ဇက် (အေဒီ ၁၆၅−၁၇၀၇) လက်အောက်ရှိ ရှိုင်စတာခါန်း (Shaista Khan) မှာ ဘင်္ဂါနယ်ဘုရင်ခံ (အေဒီ ၁၆၆၃-၇၈)ဖြစ်သည်။ ဘုရင်ခံက ဖမ်းဆီးရရှိသော ပင်လယ်ဓားပြတစ်ဦးအား “ရခိုင်ဘုရင်ထံမှ လစာမည်မျှရရှိသလဲ”ဟုမေးမြန်းရာ “ကျွန်ုပ်တို့၏လစာမှာ မဂိုအင်ပါယာပင်ဖြစ်သည်။ ဘင်္ဂါတစ်ဝှမ်းလုံးအား ကျွန်ုပ်တို့၏ အခွန်ကောက်ခံရန် နယ်မြေတစ်ခုဟု ထင်မှတ်သည်”ဟု²⁶ ဖမ်းဆီးခံစားပြက ပြန်လည်ဖြေဆိုခဲ့သည်။ ယင်းသို့အားဖြင့် လုယက်ဖျက်ဆီးခြင်းကို ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရမြစ်တို့၏ကမ်းခြေ
²² A frontier outpost stood between the Arakanese and the Mughal kingdoms at the mouth of the Feni river. It is still in existence in Bangladesh.
²³ Quoted by Sarkar, J.N., in the Firinghee Pirates of Chittagong 1665 A.D., JASB, 1907. p.123.
²⁴ The Kings are:
Thiri Thudhamma (1622-38)
Narapadigri (1638-45)
Thadomintor (1645-52)
Tsanda Thudhamma (1562-82)
²⁵ Sarkar, J.N., History of Aurangzib, III Calcutta, 1919, p.130.
²⁶ Hunter, W.W., Statistical Account of Bangal, VI, 3. London, 1876, p.272
နှစ်ဖက်စလုံးတွင် ဆက်လက်လုပ်ဆောင်ပြီး ဆောင်းဦးပေါက်နှင့် ဆောင်းရာသီများမှာ တိုက်ခိုက်လုယက်ရန် အကောင်းဆုံးအချိန်အဖြစ် စားပြများ ရွေးချယ်ကြသည်။
ဘင်္ဂါအရှေ့တောင်ဒေသ၌ ပေါ်တူဂီ-ရခိုင်များ လုယက်ဖျက်ဆီးခြင်း၊ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရှိုက်စတာခါန်းက တချို့အသေးစိတ်အချက်များကို ဆွေးနွေးရန် အလိုရှိသည်။ အတိုချုပ်ပြောရလျှင် ပင်လယ်ဓားပြများအား နိုင်နင်းအောင် ဆောင်ရွက်ရန် ခုခံတိုက်ခိုက်နိုင်သော ရေတပ်တစ်ခုဖွဲ့စည်း တည်ဆောက်ရန် မှန်ကန်စွာ ဆုံးဖြတ်သည်။ သူသည် ဘုရင်နယ်ပယ်၏ဒေသအားလုံးရှိ ရွက်လှေများကို စုဆောင်းဖွဲ့စည်းပြီး စွမ်းရည်ထက်မြက်သော အရာရှိများအား အလုပ်ခန့်အပ်သည်။ သောင်းဇီးကျွန်းမှာ ရာစုနှစ်တစ်ခုထက်မက ပို၍ လုယက်တိုက်ခိုက်သည့်အတွက် ကစားကွင်းတစ်ခုဖြစ်သဖြင့် တိုက်ခိုက်ရန် သူ၏ပထမဆုံးပစ်မှတ်ဖြစ်သည်။ မဂိုရေတပ်ဗိုလ်ချုပ်ကြီး အဗုလ်ဟာဆန် (Abul Hasan)သည် သူ၏အင်အားကြီးသော စစ်သင်္ဘောစုနှင့်အတူ အေဒီ ၁၆၆၅ ခုနှစ် နိုဝင်ဘာ လတွင် ဤကျွန်းပေါ်သို့ ရုတ်တရက်ဝင်ရောက်၍ အမိအရ တိုက်ခိုက်သည်။ သောင်းဇီးကျွန်းကို အုပ်ချုပ်သူ အာဖဂန်လူမျိုး ဒိလဝါခါန်း (Dilwar Khan) ပင်လယ်ဓားပြများအား ရဲရဲဝံ့ဝံ့တိုက်ခိုက်သည်။ သို့သော် ရှုံးနိမ့်ပြီး နောက် ဆုံး၌ သူ၏မိသားစုနှင့်အတူ ဖမ်းဆီးခြင်း ခံရသည်။ ထိုအကြောင်းကြောင့် သောင်းဇီးကျွန်းကို မဂိုအုပ်စိုးရာနယ် မြေအဖြစ် သိမ်းယူပြီး စစ်တကောင်းအား အောင်မြင်ခြင်းအဖြစ် ၎င်းကျွန်း၌ ရေတပ်အခြေစိုက်စခန်းအဖြစ် တည် ဆောက်ထားသည်။ ထိုအတောအတွင်း၌ ရှိုက်စတာခါန်း ဒီပလိုမေစီအရ ရခိုင်-ပေါ်တူဂီ မဟာမိတ်အား ချိုးဖျက်ရန် ကြိုးစားသည်။ သူသည် သဘောထားကြီးမြတ်သည့်အဆိုပြုချက်တစ်ခုကို ရခိုင်ပြည်၌နေထိုင်သော ပေါ်တူဂီလူမျိုးများထံသို့ လျှို့ဝှက်စွာ ပို့ဆောင်သည်မှာ “ပေါ်တူဂီများအား နယ်မြေနှင့် အရောင်းအဝယ်လုပ်ငန်းအတွက် အခွင့်အရေးများ ပေးမည်။ ဘုရင်ဝန်ထမ်းအဖွဲ့နှင့်ဆက်သွယ်ရန်” ဟု ဖြစ်သည်။ ပေါ်တူဂီပင်လယ်ဓားပြများ ဤ အဆိုပြုချက်ကို အလျင်အမြန်တုံ့ပြန်ကြသည်။ မြောက်ဦးမြို့တော်မှ ထွက်ခွာလာပြီး သောင်းဇီးကျွန်းပတ်ဝန်းကျင် တစ်ဝိုက်သို့ ရောက်ရှိလာပြီးနောက် မဂိုများက လက်ခံတွေ့ဆုံသည်။ ဤနေရာတွင် စွမ်းဆောင်ရည်ရှိသော ပေါ်တူဂီများကိုရွေးချယ်၍ မဂိုစစ်တပ်တွင် တာဝန်ပေးပြီး ကျန်ပေါ်တူဂီများအား အတည်တကျနေထိုင်ရန် ဒက္ကားမြို့သို့ ပို့ဆောင်သည်။ ၎င်းနေရာကို နောက်တွင် ဖရင်ဂီဘဇား (Firinghee Bazar)ဟု သိကြသည်။ ဤအရာသည် မဂိုမင်းဒေဝ ဆောင်ရွက်ခြင်း၏အမှတ်လက္ခဏာဖြစ်သည်။
ပေါ်တူဂီစစ်သည်များသည် ရခိုင်ပြည်စစ်တပ်မှ ထွက်ပြေးကြရာ ရခိုင်စစ်တပ်၌ စစ်သည်အင်အား နည်းပါးပြီး ပြန်လည်အင်အားမဖြည့်တင်းမီ မဂိုများက တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ အေဒီ ၁၆၆၅ ခုနှစ် ဒီဇင်ဘာလတွင် ရှိုက်စတာခါန်း၏သားတစ်ဦးဖြစ်သူ ဘူဇာဂ်အူမဒ်ခါန်း (Buzurg Umed Khan)သည် စစ်သည်အင်အား ၆၅၀၀ ရှိ အင်အားကောင်းသော တပ်၊ မဂိုစစ်သင်္ဘော ၂၈၈ စီးခန့်ရှိ ရေတပ်နှင့် ပေါ်တူဂီစစ်သင်္ဘော ၄၀ စီးတို့နှင့်အတူ ဒက္ကားမှစစ်တကောင်း ဆိပ်ကမ်းကို တိုက်ခိုက်သိမ်းပိုက်ရန် ထွက်ခွာလာသည်။ အိုင်ဘန်ဟူဆိန် (Ibn Hussain) လက်အောက်ရှိ မဂိုစစ်သင်္ဘောစုက ကမ်းခြေတစ်ခုလျှောက်အဖျက်အဆီး တပ်က ရေတပ်နှင့်အပြိုင်လိုက်၍ ရှေ့သို့ချီတက်သည်။ အေဒီ ၁၆၆၆ ခုနှစ်က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တပ်မှူးဖာဟာခါန်း (Farhad Khan)သည် ကြည်းတပ်နှင့်အတူ ဂျဂ်ဒီယာ (Jagdia)သို့ရောက်ရှိပြီး ဖီနီး (Feni) မြစ်ကို ဖြတ်ကူးကာ ရခိုင်ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်လာသည်။ ထိုအတောအတွင်း သောင်းဇီးကျွန်းမှ ဟူစိန်ဘက်ဂ် (Hussain Beg) သူ၏ စစ်သင်္ဘောအစုနှင့်အတူ ပူးပေါင်း၍ မဟာမိတ်အဖွဲ့ ပုံစံပြုကာ ရခိုင်များအား ချေမှုန်းရန်ဖြစ်သည်။²⁷ ကူမီရာ (Kumira) ချောင်းဝန်း၊ ကတ်သလီယာ (Kathalia) ရေလက်ကြား၊ ပင်လယ်ပြင်၌ မဂိုများ ရခိုင်စစ်သင်္ဘောစုကို တိုက်ခိုက်ကြသည်။ ဤစစ်ပွဲ
²⁷ Sarkar, J.N., History of Auranzib, III, Calcutta, 1919, p.137
ရခိုင်လူမျိုးများ သူတို့၏စစ်သင်္ဘောအုပ်ကို ကာနာဖူလီ (Karnafuli) မြစ်ထဲသို့ ဆုတ်ခွာချီတက်ရန် အမိန့်ပေးပြီး မဂိုများအား အမြောက်များဖြင့် ဆက်လက်ပစ်ခတ်သည်။ ကာနာဖူလီမြစ်အတွင်း ပြင်းထန်သောစစ်ပွဲ ဖြစ်ပွားပြီးနောက် ရခိုင်လူမျိုးများ မျှော်လင့်ချက်များ ပျောက်ဆုံးပြီး ဒေသရှိ ခိုလှုံရာ ခံတပ်များမှာ မဂိုများ လက်ထဲသို့ အဆုံး စွန်ကျရောက်သွားသည်။ မြောက်မြားစွာသော အရွယ်အစားအမျိုးမျိုးရှိ အမြောက်များနှင့် အလွန်များပြားသော ဥစ္စာဓနစခန်းများမှာ သိမ်းယူခြင်းခံရသည်။ ၎င်းပြင် အေဒီ ၁၆၆၆ ခုနှစ်တွင် ၎င်းဒေသသည် မဂိုများ စိုးမိုးရာနယ် မြေအဖြစ်သို့ သိမ်းယူခြင်းခံရသည်။ အင်ပါယာရီ ဖာမင်း (Imperial Farman) အားဖြင့် ဘူဇာဂ်အူမဒ်ခါန်း (Buzerg Umed Khan) သည် စစ်တကောင်းမြို့အား အစ္စလာမ်မာဘတ် (Islamabad) အမည်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အစ္စလာမ်မာဘတ်၏အဓိပ္ပာယ်မှာ “အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့၏အမြဲနေထိုင်ရာနေရာ” (Residence of the Faithful) ဟု ဆိုလိုသည်။ အနာဂတ်ကာလတွင် ရခိုင်လူမျိုးများ တိုက်ခိုက်လာမည့်အန္တရာယ်မှကာကွယ်ရန် အမြောက်တပ်တစ်တပ်ကို စစ်သည်အင်အား အများအပြားနှင့်အတူ ချထားသည်။ စစ်တကောင်းကျဆုံးခြင်းမှာ ရခိုင်ဘုရင်နိုင်ငံ၏ကံကြမ္မာအပေါ် အရေးပါအရာရောက်သော အကျိုးသက်ရောက်မှုရှိပြီး အမှန်မှာ ထိုစဉ်ကစ တင်၍ ရခိုင်လူမျိုးများသည် သူတို့၏အာဏာနှင့် ဂုဏ်ကျက်သရေယုတ်လျော့ခြင်း မူလအခြေအနေကို ပြန်မရနိုင်တော့ပေ။
ဤခံတပ်ကျဆုံးပြီးနောက် ရခိုင်လူမျိုးအများစုမှာ စစ်တကောင်းမြို့ကို စွန့်ခွာပြီး တောတောင်များနှင့် တောတောသို့ ရှောင်သွားကြသည်။ ရာမူး (Rambu) ခံတပ်သည် ရခိုင်ပြည်နှင့် စစ်တကောင်းအကြား တည်ရှိသဖြင့် မဂိုတို့၏ဒုတိယပစ်မှတ်ဖြစ်လာသည်။²⁸ မဂိုဗိုလ်ချုပ်ကြီး မိုင်ရ်မုရ်တူဇာ (Mir Murtuza) အား ဤအရေးကိစ္စကို ဆောင် ရွက်ရန် တာဝန်အပ်နှင်းသည်။ ရခိုင်ဘုရင်၏ညီ ရောလစ် (Rawlis) ၏ဦးဆောင်မှုအောက်တွင် စစ်သည်အရေ အတွက်များပြားသော ရခိုင်စစ်သည်သည် မဂိုတို့၏တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားသော်လည်း ကြိုးပမ်းမှုမှာ အောင်မြင်မှုမရချေ။ ရာမူး၌ ရှုံးနိမ့်သော ရခိုင်လူမျိုးများမှာ စစ်တကောင်းရှိ သူတို့၏ညီအစ်ကိုတို့ကဲ့သို့ စစ်တကောင်းနှင့် ရာမူးအကြား များပြား၍ လူသူမသွားလာရလောက်အောင် ထူထပ်သော သစ်တောများထဲတွင် ခိုလှုံကြ၏။ ဘူဇာဂ်အူမဒ်ခါန်း (Buzurg Umed Khan) က မိုင်ရ်မုရ်တူဇာ (Mir Mutuza) အား ရုပ်သိမ်းရန် အမိန့်ပေးသော်လည်း ၎င်းမှာ မဂို၏အောက်၌ စိုးမိုးရာနယ်မြေအဖြစ် ကျန်နေခဲ့သည်။ အေဒီ ၁၆၆၆ ခုနှစ် ဖေဖော်ဝါရီလ အလယ်လောက်တွင် ရာမူးကျဆုံးခြင်းနှင့်အတူ ရခိုင်ပြည်နှင့် ဘင်္ဂါဒေသဆက်ဆံမှု၏အဓိကတိုးတက်မှုဖြစ်ပေါ်မှုအစဉ် အဆုံးသတ်စေသည်။
အေဒီ ၁၆၆၆ ခုနှစ် စစ်တကောင်း ကျဆုံးပြီးနောက် အမှန်တကယ်မှာ ရခိုင်ပြည်၏အုပ်စိုးရာ နယ်မြေပိုင်နက်သမိုင်း၌ အနည်းကွက်စွန်းစေသည်။ ဤနှစ်မှစ၍ အေဒီ ၁၇၁၀ ခုနှစ် စန္ဒဝိဇယနန်းတက်သည့်နှစ်ထိ ဘုရင် ၁၀ ပါးမှာ (၂)နှစ်ခွဲခန့်စီ အသီးသီး နန်းစံကြ၏။ ဘုရင် ၃ ပါးမှာ နန်းသက် ၁ နှစ်စီခန့်...
ကြာပြီး ဆက်လက်ပြီး ဘုရင်နှစ်ပါးမှာ နန်းသက် တစ်လစီထက် ပိုမကြာလိုက်ချေ။ သို့သော်လည်း ဝမ်းနည်းပူဆွေးသည့်အခြေအနေမှာ စွမ်းရည်ရှိသော သက်ဦးဆံပိုင် ဘုရင်စန္ဒဝိဇယ (အေဒီ ၁၇၁၀-၃၁) နန်းစံကာလအနီး၌ ယာယီအဆုံးသတ်သွားသော်လည်း ဘုရင်၏ထူးခြားသောစွမ်းမှာ သူသည် သူ၏ဘုရင်နိုင်ငံကို ပြည့်စုံသည့်အခြေအ နေ အတွက် ပို၍ မလုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်သည် လုပ်ကြံခံရ၍ သူ၏ဘဝကို တိုတိုနှင့် ဖြတ်ပစ်ခံရ၍ဖြစ်သည်။ အေဒီ ၁၇၃၁ ခုနှစ်မှ အေဒီ ၁၇၈၄ ခုနှစ်အထိ ဘုရင် ၁၃ ပါး ရခိုင်ပြည်၌ နန်းစံသည်။ ပထမဘုရင် ၇ ပါးမှာ ဘုရင်တစ်ပါးစီ၏နန်းစံနှစ်မှာ ပျမ်းမျှ ၅ နှစ်ထက် မပိုချေ။ နောက်ဆုံးဘုရင် ၆ ပါးမှာ ပျမ်းမျှ နန်းစံနှစ် ၃ နှစ်စီခန့်ရှိသည်။ စင်ကူးမင်း (အေဒီ ၁၇၇၆-၈၂) ဗမာပြည်၌ ဘုရင်ဖြစ်လာသောအခါ ရခိုင်လူမျိုးများက ရခိုင်ပြည်အရေးကိစ္စကို ကြားဝင်ဖျန်ဖြေရန် ချဉ်းကပ်၍ တောင်းဆိုကြသည်။ သို့သော် သူတို့၏ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဘုရင်က လျစ်လျူရှုခဲ့သည်။ နောက်ဆုံး၌ သဗ္ဗတမင်း ဘုရင်ဖြစ်လာပြီး သုံးနှစ်နန်းစံပြီးနောက် ဘိုးတော်ဘုရား (အေဒီ ၁၇၈၂ - ၁၈၁၉)က အေဒီ ၁၇၈၄ ခုနှစ်တွင် ရခိုင်ဘုရင်အား နန်းချပြီး ရခိုင်ပြည်ကို ဗမာဘုရင်ပိုင်နက်နယ်မြေအဖြစ် သိမ်းယူအုပ်ချုပ်သည်။ အေဒီ ၁၈၂၆ ခုနှစ်တွင် ရခိုင်ပြည်သည် အင်္ဂလိပ်ပိုင်နက်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။ ချွင်းချက်အနေဖြင့် ဂျပန်ယာယီအုပ်ချုပ်မှုအောက် အေဒီ ၁၉၄၂ မှ ၁၉၄၅ ထိမှလွဲ၍ အေဒီ ၁၉၄၇ ခုနှစ်ထိတိုင်အောင် အင်္ဂလိပ်လက်အောက်၌ ဆက်လက်တည်ရှိခဲ့သည်။ ဗမာပြည်သည် အေဒီ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိခဲ့သည်။
နေထွန်းနီ
ရည်ညွှန်း:
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Abdul Mabud Khan ၏ ဘွဲ့ယူကျမ်းဖြစ်သော The Maghs, A Buddhist Community in Bangladesh မှ အခန်း ၂ History of Arakan အပိုင်း III ကို ဘာသာပြန်ဆိုသည်။
No comments:
Post a Comment