" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 28, 2023

အစ္စရေးနှင့်ဟားမတ်စ် လေးရက်ကြာအပစ်အခတ်ရပ်စဲရေး သက်တမ်း နှစ်ရက် ထပ်တိုး

Myanmar Digital News
Nov 28,2023 

အစ္စရေးနှင့်ဟားမတ်စ်တို့၏လေးရက်ကြာအပစ်အခတ်ရပ်စဲရေးသည် ယနေ့တွင် အဆုံးသတ်မည်ဖြစ် သော်လည်း အပစ်အခတ်ရပ်စဲရေး သက်တမ်းနှစ်ရပ်ထပ်မံတိုးမြှင့်လိုက်သည်ဟုကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါအပစ်အခတ်ရပ်စဲရေးသက်တမ်းထပ်တိုးခြင်း သဘောတူညီချက်ကို လူမှုမီဒီယာတွင် ၎င်းက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ကာတာနိုင်ငံသည် နှစ်နိုင်ငံအကြား ကြားဝင်စေ့စပ်ပေးနေသော နိုင်ငံဖြစ်သည်။

အစ္စရေးဓားစာခံတစ်ဦးလွှတ်ပေးလျှင် ပါလက်စတိုင်းအကျဉ်းသားသုံးဦးလွှတ်ပေးပါက အပစ်အခတ် ရပ်စဲ ရေး သက်တမ်းနှစ်ရက်တိုးခြင်းကို လက်ခံသည်ဟုဟားမတ်စ်တို့က အတည်ပြုပြောကြားသည်။

အစ္စရေးစစ်သားများလွတ်မြောက်ရေးညှိနှိုင်းရန်အသင့်ရှိသည်ဟုလည်း ဟားမတ်စ်တို့ကဆိုသည်။

လွန်ခဲ့သောလေးရက်အတွင်း ပါလက်စတိုင်းအမျိုးသမီးနှင့်ကလေး ၁၅၀ ကိုအစ္စရေးအကျဉ်းထောင်မှ လွှတ်ပေးခဲ့ရာ အပြန်အလှန်အားဖြင့် နိုင်ငံခြားသားများအပါအဝင် ဓားစာခံ ၆၉ ဦးကို ဟားမတ်စ်တို့က လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေးအာဏာပိုင်များက အသက် ၅၉ နှစ်အရွယ်ပါလက်စတိုင်းအမျိုးသမီးတစ်ဦးကို စက်တင်ဘာ လကဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီးနောက် လွှတ်ပေးခဲ့သည်။ ထိုအမျိုသမီးသည် ဟားမတ်စ်တို့နှင့် အ ဆက်အသွယ်ရှိသည်ဆိုကာ အစွပ်စွဲခံထားပြီး ၎င်း၏သားလေးဦးသည်အခြားပါလက်စတိုင်းနိုင်ငံသား များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးမကောင်းသော အသက် ၈၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ဟားမတ်စ်တို့ကလွှတ်ပေးခဲ့ ကြောင်း အစ္စရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား NHK
ဘာသာပြန်-မြင့်မြင့်ချို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */