" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

အစ္စရေးနှင့် ဟားမက်စ်တို့ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲမှု ကနဦးသဘောတူညီ ချက်ရရှိ

ဆင်ဟွာသတင်း
ဂါဇာ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဂါဇာမြို့ရှိ လူနေတာဝါတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း မီးလုံးများ ထွက်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 
 
အစ္စရေးနှင့် ဟားမက်စ်တို့သည် နိုင်ငံတကာနှင့် အာရပ်နိုင်ငံ၏ ပံ့ပိုးမှုအရ ယာယီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်ရန် ကနဦး သဘောတူညီချက် ရရှိခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ယင်းကိစ္စအား ခွင့်ပြုရေးအတွက် နှစ်ဘက် အဆင့်မြင့်တာဝန်ရှိသူများထံ ကိုယ်စားလှယ်များက အစီ ရင်ခံလျက်ရှိကြောင်းနှင့် သဘောတူညီချက်အား “ဆောလျင်စွာ အကောင်အထည်” ဖော်နိုင်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆင်ဟွာကို ပြောခဲ့သည်။

အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် သတင်းရင်းမြစ်က ငြင်းဆိုထား ကြောင်း၊ သို့ရာတွင် “သဘောတူညီချက်ကို အဆင့်လိုက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း” သတင်းရင်းမြစ်က ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို မကြာမီကြေညာဖွယ်ရှိကြောင်း၊ ထိုအ စီအစဉ်အရ ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်စ်က ဖမ်းဆီးထားသော အရပ်သားဓားစာခံများကို အစ္စရေးက ထိန်းသိမ်းထားသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် လဲလှယ်မည်ဖြစ်ကြောင်း ၎င်း က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
 
 
 Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */