" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

ဓားစာခံများ လွတ်မြောက်ရေး အစ္စရေးအစိုးရ ဆွေးနွေး

DVB
November 22, 2023

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဘန်နီဂန့်ထ်ဇ်တို့ဟာ နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံပြီး ဟားမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၆ ပတ်ကျော်က ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်က ခေါ်သွားတဲ့ ဓားစာခံတွေ ပြန်လွတ်မြောက် လာရေးအတွက် လမ်းကြောင်း ရှင်းလင်းရေး သဘောတူညီချက် ရအောင်လုပ်ဖို့ ၀န်ကြီးချုပ် ဘန်ဂျမင် နေတန် ယာဟုက သူ့အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အစ္စရေးက ဟားမတ်စ်ကို ဆက်လက် တိုက်ခိုက်မှာဖြစ်ပြီး အစ္စရေးရဲ့ ရည်မှန်းချက်အားလုံး အောင်မြင်တဲ့အထိ စစ်ပွဲက ဆက်ဖြစ်နေဦးမှာပဲလို့ နေတန်ယာဟုဟာ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်ထဲမှာ ဂါဇာကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု ၆ ပတ်အတွင်း ပထမဆုံးအနေနဲ့ ၄ ရက်၊ ၅ ရက် လောက် ယာယီ အပစ်အခတ်ရပ်စဲရေး ပါဝင်မှာဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောပါတယ်။

အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ၁၅၀ ကို လွှတ်ပေးမှာဖြစ်ပြီး ဟားမတ်စ် အပါအဝင် အမျိုးသမီးနဲ့ က လေး ငယ် ၅၀ ဦးကို လွှတ်ပေးဖို့လည်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ဆွေးနွေးချက်တွေကို အမျိုးသား လုံခြုံ ရေး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီကတော့ ဓားစာခံတွေ ပြန်လွတ် မြောက်လာရေးက တိုးတက်မှု ရှိလာပေမဲ့ အသေးစိတ် အချက်အလက်တွေ အပြီးသတ်တဲ့အထိ စောင့်ဆိုင်းပေး ကြဖို့ အကြံပြုကြောင်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပြုလုပ်တဲ့ စစ်တပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဓားစာခံတွေရဲ့ သဘောတူညီချက်ဟာ နိုင်ငံရေးအဆင့်မှာ ဆွေးနွေးနေပြီ ဖြစ်ပေမဲ့ အဆင်ပြေ အောင်မြင်နိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

Source/Photo - Reuters

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */