" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 15, 2023

ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရန် အသင့်ဖြစ် ဟု အစ္စရေးပြော

DVB
November 15, 2023

အစ္စရေးက ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့အပေါ် စစ်ဆင်ရေးချဲ့ထွင်ဖို့ အသင့်ဖြစ်နေပြီလို့ အစ္စရေး အစိုးရဝန်ကြီးနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်က လက်ဘနွန်ကို နိုဝင်ဘာ ၁၄ ရက်မှာ သတိ ပေးခဲ့ပါတယ်။

အစ္စရေးက ခံစစ်နဲ့ ထိုးစစ်တွေကို လိုအပ်သလို ဆက်လုပ်သွားမယ်၊ လိုအပ်ရင် လက်ဘနွန်နဲ့ ဟစ်ဇ်ဘို လာတွေကို နာကျင်စေတဲ့ ထိုးစစ်တွေ ဆင်သွားမယ်လို့ အစ္စရေးမြောက်ပိုင်း ကိရိယတ် ရှမိုနာမြို့က သတင်းထောက်တွေကို ဂန့်ဇ်က ပြောပါတယ်။

ဒီမြို့ကို မကြာသေးမီ သီတင်းပတ်တွေအတွင်း ဟစ်ဇ်ဘိုလာတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

လက်ဘနွန်-အစ္စရေး နယ်စပ်တလွှားမှာ သီတင်းပတ်အများကြီး ကြာလာတာနဲ့အမျှ ပစ်ခတ်တိုက်ခိုက် တာ တွေ ပြင်းထန်လာပြီး နှစ်ဖက်စလုံးမှာ အသေအပျောက်တွေ တိုးလာနေပါတယ်။

အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်နိုင်ငံ ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခတွေ ကျယ် ပြန့်လာမှာကို စိုးရိမ်တာတွေ တိုးလာနေပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဟစ်ဇ်ဘို လာတွေရဲ့ မဟာမိတ်နဲ့ ပထမဆုံးတုံ့ပြန်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ အာမယ်လ် လှုပ်ရှားမှုအဖွဲ့က တနင်္လာ နေ့က ပြောခဲ့ပါတယ်။

အစ္စရေးဘက်ခြမ်းမှာ တနင်္ဂနွေနေ့က ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးလျှပ် စစ်ကုမ္ပဏီက အလုပ်သမား အများအပြား ဒဏ်ရာရခဲ့ပြီး တနင်္လာနေ့မှာတော့ ဒဏ်ရာတွေကြောင့် ဝန် ထမ်းတယောက် သေဆုံးခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ ပါလက်စတိုင်း မဟာမိတ် ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က အစ္စ ရေးနဲ့ စစ်ဖြစ်ချိန်ကစပြီး အစ္စရေးတပ်ဖွဲ့တွေနဲ့ စတင် ပစ်ခတ်ခဲ့ကြပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */