" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 23, 2024

အစ္စရေးအထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ရှိကြောင်း အီရန်ပစ်ခတ်မှုက ပြသနေ

DMG
ဇန်နဝါရီ ၂၀ ၂၀၂၄

ပြီးခဲ့သောရက်ပိုင်းက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများသည် နိုင်ငံ၏ တာဝေးပစ်လက်နက်အင်အားကို ပထမ ဆုံး ပြသလိုက်ခြင်း ဖြစ်ပြီး အစ္စရေးအထိ ရောက်အောင် ပစ်ခတ်နိုင်ခြေရှိသည့် စွမ်းရည်ကိုပါ ပြသနေခြင်းဟု ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တီဟရန်၏ ထိပ်တန်းသံတမန်တစ်ဦးက ဇန်နဝါရီလ ၁၇ ရက်နေ့က ပြောကြားရာတွင် မိမိတို့၏ စစ်တပ်သည် ရှေ့တစ်ရက်က ပါကစ္စတန်နိုင်ငံရှိ အီရန်အကြမ်းဖက်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ပါကစ္စ တန်ကမူ အဆိုပါ တိုက်ခိုက်မှုအတွင်း ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားထားသည်။“မိတ်ဆွေနဲ့  ညီအစ်ကိုရင်းချာနိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်ရဲ့ ဘယ်နိုင်ငံသားကိုမှ အီရန်ဒုံးကျည်နဲ့ ဒရုန်းတွေက ပစ်မှတ်ထားခဲ့ တာ မရှိပါဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီယာ အဗ္ဗဒိုလာဟင်က ဆွစ်ဇာလန်တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အလွတ်တွေ့ဆုံပွဲ တစ်ခု၌ ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထား သည်။
 
ပါကစ္စတန်ကို တိုက်ခိုက်ရာတွင် မည်သည့်ဒုံးကျည် အမျိုးအစားကို သုံးခဲ့သည်ကို တိတိပပ မသိရပေ။ သို့သော် လည်း အီရန်သည် ယခုသီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရာတွင်ပစ်မှတ် ကို အတိအကျ လမ်းကြောင်းဖော် တိုက်ခိုက်နိုင်သည့် Khaiber-Shekan သို့မဟုတ် Khaiber-Breaker ဒုံးကျည် အမျိုးအစားကို အသုံးပြုခဲ့သည်။ ဤဒုံးကျည်သည် ၁၃၀၀ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိခဲ့ပြီး အီရန် တော်လှန်ရေး အစောင့်တပ် (IRGC) ၏သမိုင်းတွင် အဝေးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။ဆိုခဲ့ပါ အကွာအဝေး သည် အီရန်မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်သို့ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် ကွက်တိဖြစ်နေသလို အီရန်၏ မ ဟာရန်ဘက် အစ္စရေးကို တိုက်ခိုက်ရန် ဒုံးကျည်အမျိုးအစား ထုတ်လုပ်နေမှုနှင့် ဆက်စပ်လျက်ရှိသည်။ 
 
Khaibar-Shekan ဒုံးကျည်သည် အဝေးဆုံး ၁၄၅၀ ကီလိုမီတာအထိ ရောက်ရှိနိုင်ပြီး အစ္စရေး၏ ဒုံးကျည်ဖျက် စနစ်များကိုပါ ကျော်ဖြတ်နိုင်စွမ်း ရှိသည်ဟု တီဟရန်က ပြောကြားထားသည်။အီရန်သည် ပုံမှန် အားဖြင့်အစ္စရေး နှင့် တိုက်ရိုက်တိုက်ခိုက်မှုမျိုး မရှိဘဲ ဟားမားစ်တို့ကဲ့သို့ ကြားခံအဖွဲ့အစည်းများဖြင့်သာ တိုက်ခိုက်မှုများ ပြုလုပ် လေ့ရှိသည်။
 
အီရန်သည် အမျိုးအစားစုံ ဒုံးကျည်စုစုပေါင်း ၃၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး ၎င်းတို့အနက် အချို့ဒုံးကျည်များ သည် အစ္စရေးအထိ ရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း အမေရိကန်က ခန့်မှန်းထားသည်။
 
ပုံစာ - အီရန်နိုင်ငံ တီဟရန်မြို့တော်ရှိ ဘာဟာရီစတန်ရင်ပြင်တွင် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီခါမေနီ၏ ရုပ်ပုံနှင့်အတူ ခင်းကျင်းပြသထားသည့် ဒုံးကျည်များအား ၂၀၁၇ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */