" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 12, 2023

ဂါဇာလုံခြုံရေး အချိန်အကန့်အသတ်မရှိ ထိန်းချုပ်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

DVB
November 12, 2023

ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ ရည်ရွယ်ထား ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၁၁ ရက်မှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ လိုအပ်တဲ့အချိန်တိုင်း ကမ်းမြောင်ဒေသကို ပြန်ဝင်ရောက်လိုကြောင်းလည်း ပြောဆိုပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ကနေ ၂၀၀၅ ခုနှစ်မှာ ဆုတ်ခွာခဲ့တာ ဖြစ်ပေမဲ့ နယ်မြေ လုံခြုံရေးကို ဘယ်လိုထိန်းသိမ်းမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလန့် နဲ့ စစ်ပွဲကာလ အစိုးရအဖွဲ့ဝန်ကြီး ဘန်နီ ဂန့်ထ်ဇ် တို့နဲ့အတူ ပြုလုပ်တဲ့ သ တင်းစာရှင်းလင်းပွဲမှာ နေတန်ယာဟုက အစ္စရေးက လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး အစ္စရေးနဲ့ နိုင်ငံ ခြားသား ၂၀၀ ကျော်ကို သုံ့ပန်းအဖြစ် ဆွဲခေါ်သွားတာကို မြင်တွေ့ခဲ့ရတဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှု ကို စတင်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးချေမှုန်းပစ်ရမယ် လို့ အလေးပေးပြောကြားခဲ့ပါတယ်။

နေတန်ယာဟုဟာ နိုဝင်ဘာ ၁၀ ရက်တုန်းက ဂါဇာကမ်းမြောင်နယ်စပ်အနီးမှာ နေထိုင်တဲ့ ရပ်ရွာခေါင်းဆောင် တွေနဲ့ တွေ့ဆုံချိန်မှာလည်း ဂါဇာအနီးရှိ အစ္စရေးအသိုင်းအဝိုင်း ဒေသခံတွေရဲ့ ဘဝတွေ တိုးတက်ကောင်းမွန် လာစေရေးကို ကတိပြုခဲ့ပါတယ်။

အစ္စရေးမီဒီယာတွေရဲ့ အဆိုအရ စီမံကိန်းနဲ့ တည်ဆောက်ရေး တာဝန်ခံကောင်စီဟာ အကြမ်းဖျင်းအားဖြင့် နယ် စပ်မှ ၇ ကီလိုမီတာ အကွာအဝေးမှာ တည်ဆောက်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့အပတ်မှာ အတည်ပြုခဲ့ပြီးပါပြီ။

ဂါဇန်နယ်စပ်နားက အစ္စရေးအသိုင်းအ၀ိုင်းကို အောက်တိုဘာ ၇ တိုက်ခိုက်မှုမတိုင်ခင်ကထက် ပိုကောင်းအောင် အစိုးရအနေနဲ့ ပြန်လည်ထူထောင်၊ တည်ဆောက်၊ ဖွံ့ဖြိုးလာစေဖို့ အလွန် ကြီးကျယ်တဲ့ သန္နိဋ္ဌာန်တခု ရှိထားပြီး သားဖြစ်ကြောင်းနဲ့ ဟားမတ်စ်တွေ မရှိဖို့နဲ့ ဟားမတ်စ်တွေ လုံးဝပြန်မလာနိုင်အောင် ပထမဆုံးအနေနဲ့ လုံခြုံရေး ကို ပြန်လည်ထိန်းသိမ်းသွားရမှာဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */