" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 9, 2023

အစ္စရေးတိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေး ၁ ဦး သေဆုံးနေ

DVB
November 8, 2023


အစ္စရေး တိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေးတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိနေ တယ်လို့ ဟားမတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရပ်ဖ် အယ်လ်ကူဒရာက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။

အခုချိန်ထိ အစ္စရေးကြောင့် သေဆုံးရတဲ့ ကလေးငယ် ၄,၂၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၀၀၀၀ကျော်ရှိ တယ်လို့လည်း ဆိုပါတယ်။

ပါလက်စတိုင်းမှာ အကြီးဆုံးဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံမှာ အခုဆို လူတွေပြည့်ကျပ်နေပြီး ဒုက္ခသည် တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ဖျားနာသူတွေနဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၁ သိန်းကျော် ရှိနေတယ်လို့လည်း ကူဒရာက ပြောပါတယ်။

အစ္စရေး ကင်းထောက်လေယာဉ်တွေဟာ ဒီအဆောက်အဦကို စက္ကန့်မပြတ် ထောက်လှမ်းကြည့် ရှုနေ ကြတာဖြစ်ပြီး ဂါဇာမှာ ဒီအဆောက်အဦကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြကြောင်းနဲ့ ကုလ သမဂ္ဂ၊ ICRC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ဆေးရုံတွေကို ပစ်မှတ်မထား အောင် ကျန်းမာရေးစနစ်ကို ကာကွယ်ပေးဖို့၊ အယ်လ်ရှီဖာဆေးရုံကို ကာကွယ်ပေးဖို့၊ ဆေးရုံထဲမှာ ရှိနေတဲ့သူ တွေ ကို ကာကွယ်ပေးဖို့ လိုအပ်နေပါပြီလို့လည်း ကူဒရာက ပြောပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တာ ကြောင့် ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသဟာ ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ သင်္ချိုင်းနေရာစစ်စစ် ဖြစ်လာနေပြီလို့လည်း ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖွဲ့စလုံးဟာ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ တိုးမြင့်တောင်းဆိုမှုတွေကို ငြင်းဆို ထားပါတယ်။

အစ္စရေးက ဓားစာခံတွေကို အရင်လွှတ်ပေးသင့်တယ်လို့ ပြောထားပါတယ်။ ဟားမတ်စ်အဖွဲ့ကလည်း ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေချိန်အတွင်း သူတို့ကို လွှတ်ပေးမှာမဟုတ်သလို တိုက်ပွဲတွေကို လည်း ရပ်တန့်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */