" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 9, 2023

အီရန် ဦးဆောင်သည့် မိစ္ဆာဝင်ရိုးတန်းနိုင်ငံများကို တိုက်ခိုက် နေဟု အစ္စရေးပြော

DVB
November 8, 2023

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ့နိုင်ငံဟာ အီရန် ဦးဆောင်တဲ့ မိစ္ဆာဝင်ရိုးတန်းနိုင်ငံ တွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲမှာ ပါဝင်နေပြီလို့ နိုင်ငံခြားသံတမန် ၈၀ ကို နိုဝင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းပြိုလဲရင် ဥရောပရဲ့အလှည့်ပဲလို့လည်း နေတန်ယာဟုက တဲလ်အဗစ်မြို့ကတွေ့ဆုံပွဲ မှာ သတိပေးခဲ့ပါတယ်။

“အောင်ပွဲအတွက် အစားထိုးစရာ မရှိပါဘူး။ ဟားမတ်စ်တွေကို အနိုင်ယူမယ်။ ဟားမတ်စ်တွေကို ဖြို ခွင်း မယ်” လို့လည်း သူက ပြောပါတယ်။

လက်ဘနွန်က အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ စစ်တပ်ဟာ ထောက်လှမ်းရေး အချက်အလက်တွေကို အခြေခံလုပ်ဆောင်နေပြီး လက်ဘနွန်က ဖြစ်ရပ်တိုင်းကို သေသေချာချာ စစ် ဆေးနေတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။

အစ္စရေးစစ်ဦးစီးချုပ် ဟာဇီ ဟာလေဗီ ကလည်း ဟားမတ်စ်နဲ့ ဟားမတ်စ်ခေါင်းဆောင်တွေအပေါ် ဆိုး ဆိုးရွားရွား ထိခိုက်တာတွေ ရှိနေတယ်လို့ နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။

အစ္စရေးစစ်တပ်က ထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာ ဟာလေဗီကို အစ္စရေးတောင်ပိုင်း နာမည်မသိနေရာတခု မှာ အဒ်ဒီယာတပ်စုက အရာရှိတွေနဲ့အတူ ရှိနေတာကို တွေ့ရပါတယ်။

သူတို့တပ်ဖွဲ့တွေဟာ အရှေ့အလယ်ပိုင်းက ဘယ်နေရာကိုမဆို ဘယ်လိုရောက်ရမလဲဆိုတာ သိတယ် လို့ ဟာလေဗီက အရာရှိတွေကို ပြောနေတာကိုလည်း တွေ့ရပါတယ်။ ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက် စွဲကိုတော့ အတည်မပြုနိုင်ပါဘူး။

ဂါဇာကမ်း‌မြောင် မြောက်ပိုင်းက မြေအောက်ဥမင် လိုဏ်ခေါင်းတွေနဲ့ ကတုတ်ကျင်းတွေမှာ ပုန်းနေတဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက သူတို့နယ်မြေကို တပ်ဖွဲ့တွေ တင့်ကားတွေနဲ့ သီးခြားခွဲထား တယ်၊ အစ္စရေးတပ်ဖွဲ့တွေက စစ်သွေးကြွဝင်းတခုကို သိမ်းပိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါ တယ်။

ဗုံးကြဲထားတဲ့ လမ်းတွေပေါ်မှာ တင့်ကားတွေ ရွေ့လျားနေပြီး တပ်ဖွဲ့ဝင်အုပ်စုတွေက ခြေကျင်သွားနေ တဲ့ ရုပ်သံကိုလည်း ဖြန့်ချိခဲ့ပါတယ်။

၄၈ နာရီအတွင်း အစ္စရေး စစ်သုံးယာဉ် ၂၇ စီး ပျက်စီးခဲ့ပြီး အစ္စရေးတပ်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက် ဆံရာမှာ ဆုံးရှုံးတာတွေ သိသိသာသာ ရှိခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ အယ်လ်ကဆမ်တပ်ဖွဲ့က ပြောခဲ့ ပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */